Chapters

နတ်ဘုရားဘုရင်

Vol. 51 Ch. 1014

နတ်ဘုရားဘုရင်

Vol. 51 Ch. 1014

သူတို့သည် ဓားသခင်များဖြစ်ကြသည်။ သူတို့၏လက်ထဲမှဓားများသည် ရွှေရောင်အလင်းတန်း ထုတ်လွှတ်လျက်ရှိသည်။ အလင်းတစ်ခုချင်းစီတွင် ကမ္ဘာကို ဖွင့်လှစ်မည့်ရောင်ဝါမျိုးရှိသည်။ ၎င်းဖြတ်သွားသည့်နေရာတိုင်းတွင် တောင်ပြို၊ မြေပြိုပြီး လေဟာနယ်သည် တွန့်သွားနိုင်သည်။ ၎င်းသည် လည်ပင်းအညှစ်ခံရ၍ သေခါနီးတွင် နတ်အလင်းကိုမြင်သည့်ခံစားချက်မျိုး ပေး နိုင်သည်။

“ဒါ ဒါက.. ဒါက နတ်ဘုရားအဆင့်မလား”

ထိုဓားသခင်နှစ်ယောက်သည် နတ်ဘုရားအဆင့်ဖြစ်နေကြသည်ကို ကြည့်ပြီး ပေထင်းဟွမ်ပင်လျှင် ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ ဤကဲ့သို့ နတ်ဘုရားအဆင့်သည် သူမအရင်ကတွေ့ဖူးသည့် ၃၃ ကောင်းကင်နတ်ဘုရား မျိုးနွယ်မှ ဆင်းသက်လာသည့် တမန်တော်များနှင့် ယှဉ်နိုင်သည်ဟုဆိုလျှင် လည်းမမှားပေ။ အခုမှပေါ်လာသော နတ်ဘုရားအဆင့် ၂ နှစ်ယောက် မဆိုထားနှင့် တမန်တော်ဆိုလျှင်တောင် ထိုလူသည် ယန်ယဲ့၏နတ်အာရုံ မရှိဘဲနှင့် အနိုင်ရလိမ့်မည်ဟု ပေထင်းဟွမ် အပြည့်အဝမသေချာပေ။

ထိုနတ်ဘုရားအဆင့်နှစ်ယောက်၏ လှုပ်ရှားမှုကို ကြည့်ခြင်းအားဖြင့် သတို့သည် ငွေလမြို့မှ တမန်တော်ထက် တစ်ဆင့်မြင့်သည်ကို ပေထင်းဟွမ် မြင်နိုင်သည်။

“နတ်ဘုရားဘုရင်” ပေထင်းဟွမ်၏ အသံနေအသံထားသည် မာသော် လည်း သူမ၏ နှလုံးသည် နွေးထွေးသလိုပင်။ ထိုလူသည် ၃၃ ကောင်းကင်ဘုံမှ ဆင်းသက်လာသောသူပင်။

“အဘိုးကြီး အားကောင်းတဲ့သူတွေစုထား အောက်ကကြေးစားတွေကို နောက်ဆုတ်ခိုင်းပါ” ပေထင်းဟွမ်သည် အံ့ဩ၍ငေးကြောင်နေသော အိုက်လန် ဘက်သို့လှည့်လိုက်သည်။

အိုက်လန်သည် ခေါင်းပေါ်မှ ဆံထိုးကို ပေထင်းဟွမ်အားပေးပြီးနောက် ဆံပင်ကို ချည်နှောင်သည့်အရာမရှိတော့ပေ။ သူ့ဆံပင်သည် ဖားလျားကျနေရာ သရဲတစ်ကောင်လိုဖြစ်နေသည်။ “အင်း အားကောင်းတဲ့သူဆိုတာ ဘာအဓိပ္ပာယ်လဲ”

ပေထင်းဟွမ်သည် သူ့အား စိုက်ကြည့်လိုက်သည်။ သို့သော် ဘာမှမပြော ဘဲ သူနှင့်မျက်နှာချင်းဆိုင်တွင်ရှိနေသော နတ်ဘုရားအဆင့်နှစ်ယောက်ကို ကြည့်နေသည့် သူ့မျက်လုံးများကိုသာ ကြည့်နေသည်။ ကြယ် ၇ ပွင့်သားရဲသည် နတ်ဘုရားအဆင့်အတွက် လက်တစ်ချောင်းလှုပ်လိုက်သည်နှင့် သေအောင် ချေမွလိုက်နိုင်သည်။ ဘာကြောင့်များ နတ်ဘုရားအဆင့်နှစ်ယောက် လိုအပ်နေ သနည်း။

ပေထင်းဟွမ် ထိုသို့တွေးနေချိန်တွင် မိုးပေါ်မှ အနီရောင်ပုံရိပ်တစ်ခု ဆင်းသက်လာပြီး နတ်ဘုရားနှစ်ယောက်အား တားလေသည် “ဟေး ဟေး မင်းတို့တွေ ဘာအရူးထနေတာလဲ၊ သူမကို သတ်ဖို့ပြောလိုက်လို့လား၊ ငါ အရှင် လိုချင်တယ်လို့ မပြောဘူးလား သေသွားရင် ငါက ဘာလုပ်ရတော့မှာလဲ”

ထိုအသံသည် မိန်းကလေးအသံနှင့်တူသည်။ ထိုလူအားလုံး၏မြင်ကွင်းသို့ ရောက်လာချိန်တွင် ထိုလူသည် ညတွင် ထွန်းထောက်နေသည့် နေလုံးကဲ့သို့ အနီရောင်ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသည်။ သူရဲကောင်းဆန်သော အမူအရာနှင့် လပြည့်ကဲ့သို့မျက်နှာ၊ တောက်ပသောမျက်လုံးတစ်စုံသည် မိုင် ၂၀ အကွာမှပင် ရှင်းလင်းစွာမြင်နိုင်လေသည်။ ပေထင်းဟွမ်သည် စိတ်ထဲမှ ပြောမိသည်။ တော်တော်မျက်စိနောက်စရာကောင်မလေးပဲ။

သူမ၏ဘေးတွင်ရှိနေသော ချင်းယွိပင်လျှင် အော်မိသည်။ ထိုမိန်းမငယ် လေး၏ အမူအရာသည် ပေထင်းဟွမ်ထက်မလျော့သည်ကို ဝန်ခံရမည်။ သူမ၏ ခွန်အားသည် ယောက်ျားတစ်ယောက်၏ တိုက်ခိုက်မှုစွမ်းအားကို ပိတ်ပင်လိုက် နိုင်သည်။ နတ်စွမ်းအားနှင့်အတူ သူမသည် ထိုယောက်ျားသားနှစ်ယောက် ထက်မလျော့သည်ကို တွေ့နိုင်သည်။

သူမ၏တားမြစ်မှုကိုကြားသောအခါ အနည်းငယ်အရပ်မြင့်သော တခြား ယောက်ျားတစ်ယောက်သည် လက်ထဲမှ ခုတ်လုဆဲဆဲဖြစ်သော ဓားကိုရုတ် လိုက်ရာ မျောက်ဝံသည် လွတ်မြောက်သွားလေသည်။

“မို့လေး ငါတို့က လက်လွတ်စပယ် အပြစ်မရှိတဲ့လူတွေကို သတ်မယ့်လူ လို့ထင်နေတာလား၊ ဒီကောင်ကို ထိန်းကျောင်းရင် မင်းကို စွမ်းအားနည်းနည်းပဲ သုံးစေချင်လို့မဟုတ်ဘူးလား” အရပ်ရှည်သောလူသည် လက်ထဲမှဓားရှည်ကို သိမ်းလိုက်သည်။ သူ၏ ဖြူဖွေးသောသွားများသည် တောက်ပြောင်နေသည်။

သူ့လက်ထဲမှ ဓားသည် သွေးသောက်ထားသည့်ဓားဖြစ်ရာ ဓားဖျားပေါ် ရောက်သည်နှင့် သွေးစုပ်ပြီး ရှင်းလင်းပြီးသားဖြစ်သည်။ သွေးဆာနေသော အရည်အချင်းသည် ပေထင်းဟွမ်၏ စွဲလမ်းမှုနှင့်ပင် ယှဉ်နိုင်လေသည်။

ထိုလူသုံးယောက်သည် ၃၃ ကောင်းကင်ဘုံမှဖြစ်ကြသည်ကို သံသယဝင် ဖွယ်ရာမရှိပေ။ အရပ်မြင့်မြင့်နှင့်လူ၏လက်ထဲမှ လက်နက်များသည် ဤနယ် တွင်မရနိုင်သပေ။ ၃၃ ကောင်းကင်ဘုံမှ ပစ္စည်းကို ယူလာလျှင် ပင်မတိုက်ကြီး တွင် အားကောင်းသော အင်အားစုဖြစ်လာနိုင်သည်။