← Chapters

ဆက်ခံသူ

Vol. 51 Ch. 1015

ဆက်ခံသူ

Vol. 51 Ch. 1015

အနီးအနားတွင် သူတို့၏လှုပ်ရှားမှုများကို စောင့်ကြည့်နေသူများရှိနေ သည်ကို ထိုလူသုံးယောက်သိလိမ့်မည်ဟု ပေထင်းဟွမ်ယုံကြည်သည်။ ဖြစ်နိုင် သည်မှာ သူတို့သုံးယောက်သည် စကားများနေရန်မလိုဟု ခံစားရခြင်းကြောင့် ဖြစ်မည်။ သူတို့သုံးယောက်၏ မျက်လုံးထဲတွင် ပေထင်းဟွမ်တို့သည် ပုရွက်ဆိတ်များကဲ့သို့ဖြစ်နေ၍ ဂရုမစိုက်ကြပေ။

ပေထင်းဟွမ်၏ ထိုးထွင်းသိစိတ်မှ ဤနေရာသို့ ချဉ်းကပ်လာသော လူ တစ်စုရှိနေသည်ကို သတိထားမိနေဆဲဖြစ်သည်။ ထိုအချိန်တွင် အနီရောင်ဝတ် ထားသော မိန်းမငယ်လေးသည် ကြယ် ၇ ပွင့်သားရဲကို စတင်ထိန်းကျောင်းလေ သည်။ ပေထင်းဟွမ်သည် သူမ၏ သားရဲထိန်းကျောင်းခြင်းနည်းလမ်းကို သေချာစောင့်ကြည့်သည်။ သူမ၏နည်းလမ်းနှင့် သိပ်မကွာလှပေ။ သို့သော် အရှိန်သည် ပေထင်းဟွမ်ထက် များစွာနှေးလေသည်။

“ဟား ဟား ငါမင်းကိုပြောမယ် မင်းတို့သုံးယောက်က အလောကြီးနေ တာ၊ ဘာတွေများအလောကြီးနေတာပါလိမ့်လို့ ထင်နေတာ၊ ဒီတိရစ္ဆာန်ကြောင့် ဖြစ်နေတာကိုး၊ ကြယ် ၇ ပွင့်သားရဲ မင်းတို့မျက်စိကျလည်းကျလောက်စရာပဲ၊ ရှန့်ကျန်းလင်ရဲ့ မျက်နှာပျက်ရမှာကိုမကြောက်ဘူးလား” အနက်ရောင်ဝတ်ရုံ နှင့် ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသောလူသည် ညကောင်းကင်တွင် ပုန်းအောင်းနေပုံရသည်။ လပြည့်အောက်တွင် သူ၏ကျောက်စိမ်းကဲ့သို့ဖြစ်နေ သော မေးစေ့ကိုရှင်းလင်းစွာမြင်နိုင်သည်။ သို့သော် သူ၏မျက်လုံးများသည် စူးရှပြီး ကွဲပြားနေသည်။ ဝတ်ရုံချွတ်လိုက်သည်နှင့် သူ၏အကြည့်သည် သူမတို့ ရှိရာဘက်သို့ ရောက်လာသည်ကို ပေထင်းဟွမ် ခံစားမိလေသည်။

ငွေရောင်ချပ်ဝတ်တန်ဆာဝတ်စစ်သည်နှင့် အနီရောင်ချပ်ဝတ်တန်ဆာ ဝတ် ရှောင်မိုဟုခေါ်သည့် မိန်းမငယ်လေးတို့သည် ပေထင်းဟွမတို့၏ ခွန်အား ကို ခံစားမိပုံပေါ်သည်။ ပေထင်းဟွမ်တို့သည် သူတို့အာရုံစိုက်လောက်အောင် မဟုတ်သဖြင့် အကြည့်ကို လျင်မြန်စွာပင် ပြန်ရုတ်သိမ်းသွားကြသည်။

“တိရစ္ဆာန်တဲ့လား ကွမ်ယန်း ကြယ် ၇ ပွင့်သားရဲမျောက်ဝံအမက တိရစ္ဆာန်ဆိုရင် မင်းအဖေကရော သူလည်း တိရစ္ဆာန်ပဲမဟုတ်ဘူးလား” ငွေ ရောင်ချပ်ဝတ်တန်ဆာဝတ် အရပ်ပုပုနှင့်လူသည် ရယ်မောပြီးပြောလေသည်။

အနက်ရောင်ဝတ်ရုံနှင့် ကွမ်ယန်းဟုခေါ်သည့်လူသည် လူသားနှင့်သားရဲ တို့၏ သားဖြစ်နေသည်လား။ ပေထင်းဟွမ်သည် ထိုလူ့ကို နောက်တစ်ခေါက် ပြန်ကြည့်မိသည်။

အသိစိတ်ပင်လယ်ထဲတွင် အေးစက်သော်လည်း နူးညံ့သည့်အသံသည် ရုတ်တရက်ထွက်ပေါ်လာသည် “ဟွမ် လူသားနဲ့သားရဲတွေရဲ့ ကလေးကို အထင်မသေးလိုက်နဲ့၊ မတူတဲ့မျိုးနွယ်စုနှစ်ခုက မွေးလာတဲ့ကလေးတွေက ပုံမှန်အားဖြင့် အရမ်းအရည်အချင်းရှိကြတယ်၊ ငါ အရွယ်ရောက်ရင် မင်းကို အနိုင်ယူမှာ၊ နတ်မိစ္ဆာဧကရာဇ်လည်း ငါတို့ရဲ့ အားကောင်းတဲ့သားသမီးကို သဘောတူဖို့မျှော်လင့်ထားတယ်”

“ဖူး အဟွတ် အဟွတ်” ပေထင်းဟွမ်သည် အလန့်တကြားဖြစ်သွားရာ တံတွေးသီး၍သေလုနီးပါးပင်။

သူမဘေးတွင်ရပ်နေသော ချင်းယွိသည် အကြောင်းအရင်းကိုမသိပေ။ သူသည် သူမ၏ကျောပြင်ကို ပုတ်ပေးပြီး စိုးရိမ်တကြီးမေးလေသည် “ဘာဖြစ် တာလဲ၊ ရှောင်ကျို့ ငါတို့ဘာလို့ပြန်မသွားရမှာလဲ”

ဤနေရာသည် အမှန်တကယ်ပင် အန္တရာယ်များလှသည်။ ထိုနတ်ဘုရား အဆင့်များ ပေါ်လာပြီဖြစ်သည်။ အနက်ဝတ်ရုံနှင့်လူ ရုတ်တရက်ပေါ်လာပြီး ထိုလူသုံးယောက်နှင့် အချေအတင်ပြောနေသည်မှာ အနည်းဆုံးတော့ နတ်ဘုရားအဆင့်ရှိသည်မှာ ထင်ရှားနေသည်။

ဤကဲ့သို့နေရာမျိုးတွင် မနေသင့်သည်ကို ပေထင်းဟွမ်လည်းသိသည်။ ရွှံ့နွံတောသည် ပြည်မကြီးတွင် အန္တရာယ်အများဆုံးဖြစ်လျှင် နတ်ဘုရားအဆင့် လေးယောက် တစ်ပြိုင်နက်ပေါ်လာသည့် ဤနေရာသည် ရွှံ့နွံချောက်ထက်ပင် အဆပေါင်းများစွာ ပိုအန္တရာယ်များသည်။

သေချာပေါက်ပင် ပေထင်းဟွမ်သည် သူမ၏အသက်ကိုရင်းပြီး ဤနေရာ တွင် မနေနိုင်ပေ။ သူမ သဘောတူတော့မည်အလုပ်တွင် သူမဘေးမှ အရူး အဘိုးကြီးသည် အမှန်တကယ်ပင် ရူးသွားသည်နှင့်တူသည်။ သူသည် လေပေါ် ခုန်တက်ပြီး ကန့်ကွက်လေသည် “မဟုတ်ဘူး မဟုတ်ဘူးလေ မင်း ငါ့အတွက် မီးသားရဲဖမ်းပေးမယ်လို့ ပြောထားတယ်လေ”

“မီးသားရဲလား ခင်ဗျားက ဆက်အသက်မရှင်ချင်တော့ဘူးထင်တယ်၊ ဒီလောက်အားကောင်းတဲ့လူတွေကို မမြင်ဘူးလား၊ လက်ချောင်းတစ်ချောင်းနဲ့ တင် ခင်ဗျားကို သေအောင်လုပ်လိုက်နိုင်တယ်” ချင်းသွမ့်သည် ဒေါသထွက် လွန်းသဖြင့် ထိုအရူးအဘိုးကြီး၏ တင်ပါးကို ကန်လိုက်ချင်တော့သည်။

အရူးအဘိုးကြီးသည် အမှန်တကယ် ရူးသွပ်နေသည်။ ဤအခိုက်အတန့် ကိုပင် ဂရုမစိုက်ပေ။ တောင်၏တခြားတစ်ဖက်မှလူများသည် စစ်ဖြစ်နေပြီဖြစ် သည်။ မိုင် ၂၀ အကွာမှပင် လေလှိုင်းများရိုတ်ခက်လာသည်ကို ခံစားမိသည်။ သူတို့သည် ဤဘက်တွင်ရှိသော လူတစ်စုကိုပင် သတ်လိုက်နိုင်သည်။ မြို့သည် ပျက်တော့မည်ဖြစ်သည်။ ဤနေရာတွင် နေရန်ခေါင်းမာနေပါက မီးသားရဲပင် ရလိုက်မည်မဟုတ်ပေ။

All Chapters