ရှောင်မို ၃၃ ကွေ့ရှိုရဲ့မင်းသမီး
Vol. 51 Ch. 1016
အဘိုးကြီးသာမသွားလျှင် ပေထင်းဟွမ်တို့လည်း အရင်သွားနှင့်မည် မဟုတ်ပေ။ သူ တစ်ခုခုဖြစ်သွားလျှင် ပြောရန်မလိုအောင်ပင် ချင်းယွိသည် ကျန်သည့်ဘဝတွင် ထိုအထုံးကိုဖြည်နိုင်တော့မည်မဟုတ်ပေ။ သည်လိုနှင့် သူ၏ ကျင့်ကြံရေးလမ်းကြောင်းကို ဖြတ်တောက်လုနီးပါးဖြစ်သွားနိုင်သည်။
ပေထင်းဟွမ်တို့သည် မတတ်သာတော့ဘဲ သူနှင့်အတူ ဤနေရာတွင် အချိန်ဖြုန်းရတော့သည်။ ထိုအားကောင်းသောအဖွဲ့နှစ်ဖွဲ့ ထွက်သွားမလားဆို သည်ကို စောင့်ကြည့်ရမည်။ ပြီးမှ မီးအမျိုးအစားသားရဲများကို ဆက်ရှာဖွေရ မည်။ အကြောင်းပြချက်မှာ ထိုလူနှစ်စုသည် စကားပြောရလွန်ကူရန်ဖြစ်သည်။ သူတို့သာ ဘာမှမလုပ်လျှင် အသက်ကို ကယ်ပြီးသားဖြစ်မည်။
“ချီဖေး မင်းက အသက်မရှင်ချင်တော့ဘူးလား ငါ့အဖေကို ဘာလို့ လာ ကျိန်ဆဲနေတာလဲ” ဖခင်ဖြစ်သူသည် မကောင်းဆိုးဝါးဖြစ်လျှင်တောင် သားရဲပါ ဆိုသည့် စကားကို မည်သူကမှမကြားချင်ပေ။ ကွမ်ယန်းသည် ဒေါသထွက်လွန်း သဖြင့် နဂိုကကျောက်စိမ်းရောင်မေးစေ့သည် စိမ်းညိုရာင်ဖြစ်သည့် တိရစ္ဆာန် အသားရောင်ပြောင်းသွားရာ ကြည့်ရသည်မှာ အလွန်ပင်ကြောက်ဖို့ကောင်း လေသည်။
“ကွမ်ယန်း မင်းက ငါတို့နောက်လိုက်လာတာလေ ဒီရောက်တာနဲ့ ငါတို့ ကို ကြိမ်းမောင်းတာပဲမဟုတ်ဘူးလား ငါတို့က မင်းကိုဘာလုပ်ပေးရမှာလဲ” ငွေရောင်ချပ်ဝတ်တန်ဆာဝတ်စစ်သည်နှစ်ယောက်ထဲတွင် အရပ်ရှည်ရှည်နှင့် တစ်ယောက်သည် အစ်ကိုကြီးဖြစ်နိုင်သည်။ ကွမ်ယန်းအလွန် ဒေါသထွက်သွား သည်ကိုကြည့်ပြီး သူသည် ညီဖြစ်သူရှေ့သို့ထွက်ကာ သူနှင့်ကွမ်ယန်းအကြား တွင်ရပ်လိုက်သည်။
“ချီလန် ကြည့်ရတာ မင်းတို့ညီအစ်ကိုနှစ်ယောက်က ငါနဲ့တိုက်ခိုက်တော့ မှာလား”
ကွမ်ယန်းသည် ညီအစ်ကိုနှစ်ယောက်အနောက်မှ အနီရောင်ဝတ်ထား သော ချပ်ဝတ်တန်ဆာဝတ်ထားသည့် ကောင်မလေးကိုကြည့်ကာ နှာမှုတ်လေ သည် “မင်း သားရဲတွေကိုထိန်းတဲ့အချိန် သူများတွေ နှောင့်ယှက်တာမျိုး မလို ချင်ဘူးလို့ကြားတယ်၊ ငါမသိဘူး ကွေ့ရှိုက မိုယွိမင်းသမီးလေး လိုက်လာမယ်လို့ထင်မထာဘူး၊ ပင်မတိုက်ကြီးကို မင်းတို့နှစ်ယောက်ရောက် လာတာနဲ့ တုံးသွားကြတာလား၊ ဧကရာဇ်မိုက ဓားနဲ့ဝေ့လိုက်တာလား”
ကွမ်ယန်း၏စကားများထွက်လာသည်နှင့် ချီဖေးနှင့် ချီလန်တို့ညီအစ်ကို ၏ မျက်နှာထားများသည် အပြင်းအထန်ပြောင်းလဲသွားသည်။ ထင်ရှားစွာပင် သူတို့လည်း နောက်ဆက်တွဲကို တွေးမိကြသည်။ သူတို့နှစ်ယောက်သည် နတ် ဘုရားအဆင့်ဖြစ်လျှင်တောင် နောက်နတ်ဘုရားအဆင့်နှင့် ထိပ်တိုက်တွေ့ လျှင် အနိုင်ရရန်သေချာသည်။ သို့သော် စွမ်းအားမရှိသည့်လူတိုက်ခိုက်သည်မှ တားနိုင်မည်လားဆိုသည်မှာ မသေချာပေ။
ထိုအချက်တွင် ရှီရှောင်မိုကိုမသတ်နိုင်လျှင်တောင် ရှီရှောင်မို၏ စိတ် စွမ်းအားကို ထိသွားနိုင်သည်။ ကြယ် ၇ ပွင့်သားရဲနှင့် စိတ်စွမ်းအင်ချင်း ပြိုင်ရ မည့် ရှီရှောင်မိုသည် ရူးသွားနိုင်သည်။
ဧကရာဇ်မိုနှင့် ဧကရီမိုယွိတို့တွင် ကလေးနှစ်ယောက်သာရှိသည်။ တစ် ယောက်သည် သူတို့နှင့်အတူမရှိပေ။ ကမ္ဘာမြေဟုခေါ်သည့်နေရာတွင် မင်းသမီးရှောင်မိုတစ်ယောက်သာရှိသည်။ ၃၃ ကောင်းကင်ဘုံအတွင်းတွင် ဧကရာဇ်မိုသည် သူ၏မင်းသမီးလေးကို မည်မျှချစ်မြတ်နိုးသည်ကို သူ သိသည်။ သူမသာ တစ်စုံတစ်ခုဖြစ်ပါက သူ၏ဖခင် ချီရှောင်ပင်လျှင် သူတို့နှစ်ယောက် အတွက် လျှောက်လဲချက်တင်နိုင်မည်မဟုတ်ပေ။
“ရှီရှောင်မိုက မိုယွိရဲ့မင်းသမီးလေးဖြစ်တာကိုသိမှတော့ သူမကို တစ်ခုခု ဖြစ်အောင်လုပ်ရဲရင် မင်းက တော်တော်ရူးနေတာပဲ၊ ဟင်း ကွေ့ရှိုနဲ့ ရှောင်ဖုန်း ထျန်းယွိက အားအကောင်းဆုံး မဟာမိတ်တွေဆိုတာကို မသိဘူး လား၊ မင်း ရှောင်မိုကို တိုက်ခိုက်ရဲရင် နယ်ပယ်ကြီးနှစ်ခုနဲ့ သခင်ကြီး သုံးယောက်တို့က မင်းကို အကြိမ်ပေါင်းထောင်ချီ ရိုက်လိမ့်မယ်” ချီဖေးသည် သူတို့သေသွား လျှင်တောင် ရှီရှောင်မိုကို ဘာမှအဖြစ်မခံနိုင်ပေ။ သို့သော် သူ ပြောသည်မှာ မှန်ကန်သည်။
“ဟင်း ကလေးဆန်လိုက်တာ” ကွမ်ယန်းသည် နှာမှုတ်လေသည် “သူမက ပင်မတိုက်ကြီးမှာ ရူးသွပ်နေတာပဲ၊ အဲဒါငါနဲ့ဘာဆိုင်လို့လဲ၊ သူမက သားရဲကို ကိုယ့်ဘာသာထိန်းကျောင်းတာလေ ပြီးတော့ ဒီကြယ် ၇ ပွင့်သားရဲရဲ့ ဝိညာဉ်စွမ်းအားကြောင့် ရူးသွားတာလေီ၊ ပြီးတော့ မင်းတို့နှစ်ယောက်က ဘေး မှာရှိနေတာ၊ မင်းတို့သာ သူမကို ကောင်းကောင်းဂရုမစိုက်ရင် ဧကရာဇ်မိုက ဒေါသဖြေမယ်ဆိုရင် မင်းတို့ညီအစ်ကိုကိုပဲ အပြစ်တင်မှာပဲ”
ထိုအချိန်တွင် ချီဖေးနှင့် ချီလန်တို့၏မျက်နှာများသည် ပိုပိုပြီးအကျည်း တန်လာကြသည်။ ကွမ်ယန်းသည် တမင်လုပ်နေခြင်းပင်။ သူသည် သူတို့ နောက်သို့ တမင်လိုက်ခဲ့ကြသည်။ သူသည် ရှန့်ကျန်းလင်နှင့် ၃၃ ကောင်းကင် ဘုံတို့အကြားမှ ဆက်ဆံရေးကို ရန်ဆွချင်နေသည်။ ထိုအင်အားစုနှစ်ခုသည် တစ်ခုနှင့်တစ်ခု ထိပ်တိုက်တွေ့အောင်လုပ်နေခြင်းပင်။
“ကွမ်ယန်း ငါတို့က မင်းကို အဲဒီအခွင့်အရေးပေးမယ်လို့ထင်နေတာလား” ချီဖေးသည် လက်ထဲမှဓားရှည်ကို မြင့်မြင့်မြှောက်လိုက်သည်။ ညီအစ်ကိုနှစ် ယောက်သည် ကွမ်ယန်းကို နောက်ဆုတ်ရန် ဖိအားပေးနေသည်။ ၎င်းသည် ရှောင်မိုအား နည်းနည်းမှ မသက်ရောက်ပေ။
ကွမ်ယန်းသည်လည်း ကောင်းစွာ ပူးပေါင်းသည့်ပုံပင်။ သူသည် ခန္ဓာကိုယ်မှ ဝတ်ရုံကိုချွတ်ကာ လက်ချောင်းကို လက်စွပ်စွပ်လိုက်ပြီး တိုက်ခိုက် ရန်ပြင်ဆင်လေသည်။