Chapters

ဒီနေ့က တကယ်သွားပြီ

Vol. 51 Ch. 1017

ဒီနေ့က တကယ်သွားပြီ

Vol. 51 Ch. 1017

ထိုခိုက်အတန့်တွင် ကောင်းကင်နှင့်မြေကြီးအကြား၌ ရှည်လျားသော အူသံတစ်ခုထွက်ပေါ်လာသည်။ ထိုအသံတွင် ကြီးမားသောစွမ်းအားပါနေရာ ထိတ်လန့်စရာကောင်းသော လှိုင်းများသည် လူတစ်ယောက်ဆီသို့ တိုက်ရိုက် သွားလေသည်။ အဓိကအားဖြင့် ညအချိန်တွင်ပင် လှိုင်းကဲ့သို့စွမ်းအင်ကို ရှင်းလင်းစွာမြင်နေရသည်။ အသံလှိုင်းတစ်ခုစီသည် ချွန်ထက်သည့် ဓားကဲ့သို့ အားကောင်းသော ဝိညာဉ်တိုက်ခိုက်မှုနှင့် အနီရောင်ဝတ်ဆင်ထားသော မိန်းမငယ်လေးဆီသို့ ကြမ်းတမ်းစွာရိုက်ချလေသည်။

ကွေ့ရှိုဆိုသည့်စကားသည် ပေထင်းဟွမ်၏ ရင်ဘတ်ကို အမိအရထိရိုက် လိုက်သလိုဖြစ်နိုင်သည်။ ထိုနေရာသည် သူမ၏ မွေးရပ်မြေဖြစ်ခဲ့ပုံပင်။ ဤ မိန်းမငယ်လေးသည် ထိုနေရာနှင့် ဆက်ဆံရေး မည်သို့ပင်ရှိခဲ့စေကာမူ ထိုအသံ လှိုင်း ရောက်လာသည်နှင့် သူမ၏ပုံရိပ်လည်း လှုပ်ရှားလေသည်။

ချီဖေးနှင့် ချီလန်တို့ညီအစ်ကိုသည် ရှည်လျားသောအူသံကိုကြားသော အခါ ရင်ထဲမှ စိတ်ပျက်မှုများ ဖြတ်ခနဲလက်လာသည်။ သူတို့လှည့်ထွက်ပြီး အမျိုးသမီးငယ်ဆီသို့ ပြေးလေသည်။ သို့သော် ကွမ်ယန်းသည် သူတို့၏ လမ်း ကို ပိတ်ထားလေသည်။

“ဟား ဟား နောက်ကျလွန်းသွားပြီ ဘယ်သူမှ သူမကို မကယ်နိုင်တော့ ဘူး” ကွမ်ယန်းသည် လက်ထဲတွင် ရေခဲတမျှအေးစက်သောဓားဖြူကို ကိုင် ဆောင်ထားပြီး နှင်းဖြူရောင်ဓားအလင်းသည် ပိုက်ကွန်ကြီးတစ်ခုအလား သူတို့ နှစ်ယောက်ကို ဖုံးအုပ်လေသည်။

ချီဖေးနှင့် ချီလန်တို့နှစ်ယောက်လုံး ဓားရှည်မြှောက်ပြီး ခုခံချိန်တွင် ဓားရှည်သည် ကောင်းကင်ကိုမွှေနှောက်လိုက်ပြီး လေမုန်တိုင်းတစ်ခုကို ဖန် တီးကာ ထိုကြီးမားသောပိုက်ကွန်ဆီသို့ ရိုက်ချလေသည်။ လေပွေ၏ ထိပ်ပိုင်းမှ အဖြူရောင်အလင်းတန်း ထွက်ပေါ်လာသည်။ 'ချက်' ဆိုသည့် ကျယ်လောင် သောအသံနှင့်အတူ ဓားပိုက်ကွန်သည် လိပ်ခွံအက်ကွဲသကဲ့သို့ အက်လေ၏။ စွမ်းအင်အပိုင်းအစများသည် ကျဲပြန့်သွားပြီး တောက်ပသောအလင်းနှင့်အတူ ထွန်းလင်းလေသည်။

အလွန်အားကောင်းသော စွမ်းအင်ပင်။ စွမ်းအင်အပိုင်းအစတိုင်းသည် မြေကြီးနှင့်ထိတိုင်းတွင် ကျယ်လောင်သောအသံများအဖြစ် ကွဲထွက်ကာ မြေ ပေါ်တွင် တဒင်္ဂအတွင်းမှာပင် ဗုံးများပေါ်လာသလိုဖြစ်လေသည်။

ရှီရှောင်မိုသည် တောင်ထိပ်တွင် တင်ပျဉ်ခွေထိုင်ပြီး သူမဘေးမှ သွေးလ မျောက်ဝံသည် အသက်ငင်နေပြီဖြစ်သည်။ သွေးမျောက်ဝံသာ ထိုအချိန်တွင် သေဆုံးသွားပါက ရှီရှောင်မိုသည် ပြင်းထန်သောတိုက်ခိုက်မှုမှ လွတ်မြောက် အောင်လုပ်ရမည်ဖြစ်သည်။ အကူအညီမဲ့လွန်းသည်။ သူ သေသွားလျှင်တောင် သွေးမျောက်ဝံသည် သူ မည်သို့ကျင့်ကြံခဲ့သည်၊ စိတ်စွမ်းအားမည်မျှသန်မာ သည်ကိုပင် မသိလိုက်ဘဲ အသေခံမည်မဟုတ်ပေ။

“ပြီးသွားပြီ ဒီနေ့တော့ ပြီးသွားပြီ” ရှီရှောင်မိုသည် အသိစိတ်ထဲတွင် သတိ ရှိရှိနေနေသည်။ ထိုအခိုက်အတန့်တွင် အသံလှိုင်းသည် ပိုပိုပြီးနီးလာသည်ကို သူမ ခံစားမိသည်။ ၎င်းသည် သူမအား အနည်းငယ်ပင်သက်ရောက်ပါက ရှီရှောင်မိုသည် ရူးသွားနိုင်သည်။

“မိုးနတ်မင်းရေ ငါ ငါ့အဖေစကားကိုနားမထောင်လိုက်တာ ဒီနေ့တော့ သွားပါပြီ” ရှီရှောင်မို နေလာခဲ့သည်မှာ နှစ် ၂၀၀၀ ပ်မပြည့်သေးပေ။ သူမ မသေ ချင်သေးပေ။ သူမ၏ရွှေရောင်အသက်အရွယ်သည် စောင့်ဆိုင်းနေတုန်းပင်။ သို့သော် ထိုအခိုက်အတန့်တွင် သူမသည် လက်မှိုင်ချပြီး မျက်လုံးမှိတ်လိုက် သည်။ ထိုအချိန်တွင် သူမ၏စိတ်စွမ်းအင်ကို ရုတ်သိမ်းလိုက်လျှင်တောင် သွေး မျောက်ဝံ၏စိတ်စွမ်းအားတိုက်ခိုက်မှုကို သူမ ရှောင်ရှားနိုင်မည်မဟုတ်ပေ။

ရှီ‌ရှောင်မိုသည် အမှန်တကယ်ပင် အကျပ်ရိုက်သွားသည်။

ချီဖေးနှင့်ချီလန်တို့ညီအစ်ကိုသည် ကွမ်ယန်း၏ ဓားပိုက်ကွန်တိုက်ခိုက်မှု ကိုခံရပြီးနေက် အားကောင်းသော ဓားအစွန်းနှင့် ဓားပိုက်ကွန်ကိုဖြတ်ပြီး ကွမ်ယန်းအား အားပြင်းပြင်းနှင့် ထိုးနှက်လေသည်။ ချီဖေး၏တိုက်ခိုက်မှုသည် ပိုပိုပြီးပြင်းထန်လာရာ ကွမ်ယန်းကို နောက်သို့တစ်လှမ်းချင်းဆုတ်စေသည်။ ထိုအချိန်တွင် ချီလန်သည် နောက်ဆုတ်ပြီး ရှီရှောင်မိုအား ကယ်တင်ရန် တာဝန်ယူလေသည်။

နောက်ကျသွားလေပြီ။ ချီလန်ပြန်သွားချိန်တွင် အနက်ရောင်အရိပ်တစ်ခု ကိုမြင်လိုက်ရသည်။ ညကောင်းကင်တွင် တံလျှပ်ပုံရိပ်ကိုချန်ထားကာ ရှီရှောင်မိုဆီသို့ သူ့ထက်အရင် ပုံရိပ်တစ်ခုသည် အပြေးသွားလေသည်။