ဇာမဏီဦးချို၊ ကြယ်ရောင်ပျက်စီးခြင်း
Vol. 51 Ch. 1018
“ငါ မင်းကိုမုန်းတယ်” ထိုအိုက်အတန့်တွင် ချီလန်သည် မိခင်ဖြစ်သူ၏ အဆူခံလိုက်ရသလို ခံစားလိုက်ရသည်။ ဤလူသည် မည်သူနည်း။ ၃၃ ကောင်းကင်ဘုံမှ ဆင်းသက်လာသူ လူအနည်းငယ်သာရှိသည်။ ဤလူသည် မည်သူနည်း။ သူသည် နတ်ဘုရားအဆင့်မဟုတ်ပေ။ သို့သော် သူသည် နတ် ဘုရားအဆင့်၏အရှိန်ကို ဖိနှိပ်နိုင်သည်။
ချီလန်၏လက်ထဲမှဓားရှည်သည် အရိပ်မည်းဆီသို့ ခုတ်လိုက်သည်။ သို့သော် ဤအခိုက်အတန့်တွင် အရိပ်မည်းသည် မျောက်ဝံ၏ကိုယ်ထည်ပေါ်သို့ ခုန်အုပ်လိုက်သည်။ လရောင်တစ်ခုတည်းရှိသည့်နေရာတွင် တောက်ပသော လက်တစ်ဖက်သည် သွေးမျောက်ဝံ၏ဦးခေါင်းကို အုပ်လိုက်၏။
ထိုလူသည် သားရဲထိန်းဖြစ်သည်။ မည်သူနည်း။ သူသည် ရှီရှောင်မိုကို ကူညီနေခြင်းပင်။
ရှီရှောင်မို၏ဝိညာဉ်သည် ရုတ်တရက် လှုပ်ခါသွားသည်။ ထိုအချိန်တွင် သူမ မတ်တတ်ရပ်ကာ ညာဘက်လက်ကိုဆုန့်ထုတ်လိုက်သည်။ သူမ၏ လက်ချောင်းငါးချောင်းအထက်တွင် အလွန်ချွန်ထက်သောလက်သည်းသည် အေးစက်သောအလင်းနှင့်အတူ လင်းလက်လာသည်။ ထိုအခိုက်အတန့်တွင် ရှီရှောင်မို၏ခန္ဓာကိုယ်ပေါ်မှ အနီရဲရဲချပ်ဝတ်တန်ဆာသည် မီးတောက်မည်း ကဲ့သို့ တောက်လောင်လာပုံပင်။ လှိုင်းသံရောက်လာပြီး သူမ၏ပတ်ပတ်လည် မှ ရောင်ဝါသည် အရှိန်ပြင်းပြင်းနှင့် လက်ကိုရစ်ပတ်ပြီး တဖြည်းဖြည်းနှင့် နောက်ဆုတ်သွားသည်။ သူမ၏ ခန္ဓာကိုယ်အနည်းငယ် ညွှန့်သွားပြီး တိုက်ခိုက် ခံနေရသည်ကိုမြင်လိုက်သည်။
သူမ၏ လက်သည်းများထဲတွင် နတ်အလင်း လင်းလက်လာသည်။ သို့သော် ထိုအခိုက်အတန့်တွင် ထိုနတ်အလင်းကို တောက်ပသည်ဟု မည်သူမှ မတွေးမိကြပေ။ နတ်အလင်းတစ်ခုချင်းစီသည် လူသားအသက်များကို ရိတ်သိမ်းမည့် သေမင်း၏လက်ဟုသာ မြင်ကြလေသည်။ သူမ အော်သံကို ကြားသောအခါ အနက်ရောင်အရိပ်တစ်ခု ထွက်ပေါ်လာသည်။
“ဇာမဏီဦးချို ကြယ်ရောင်ဖျက်ဆီး”
သူမသည် လက်ကိုခပ်ကြမ်းကြမ်းဝေ့ယမ်းလိုက်သည်။ လက်သည်းများ အထက်တွင် နတ်အလင်းများ တစ်ခုပြီးတစ်ခုထွက်လာကာ ကြယ်ပျံအဖြစ် ပြောင်းလေသည်။ သူမ လက်သည်းများချန်ထားချိန်တွင် ဥက္ကာပျံများသည် လနောက်ကို လိုက်သကဲ့သို့ အသံလှိုင်းကို ခပ်ကြမ်းကြမ်းတိုက်ခိုက်လေသည်။
ဖူး ဒုန်း ဘုန်း
ဥက္ကာပျံလောင်သည့်နေရာတိုင်းတွင် အသံလှိုင်းများ၊ မီးပွားများ ပွင့်ထွက် လာသည်။ အကြီးဆုံးဥက္ကာပျံသည် သားရဲလက်ဖဝါးဆီမှထွက်လာသည်။ ထို ဥက္ကာပျံသည် ကြီးကြီးလာပြီး တောက်ပသောလရောင်အောက်တွင် မိုးကြိုးသွားကဲ့သို့ ကောင်းကင်ကိုဖြတ်ကာ အသံလှိုင်းပေါ်လာသည့်ဘက်ဆီသို့ ပေါက်ကွဲထွက်လေသည်။
ထိုအသံလုပ်ငန်းစဉ်သည် အလွန်ရှည်လျားသည်။ သို့သော် တကယ်မှာ အနည်းငယ်မျှသာကြာမြင့်သည်။ အသက်တစ်ရှိုက်အတွင်းတွင် ပေထင်းဟွမ် သည် ကြယ် ၇ ပွင့်သားရဲကို ထိန်းကျောင်းပြီးဖြစ်လေသည်။ သူမ၏ လက်စွပ် ထဲမှ ရွှေရောင်အသက်လှောင်အိမ်တစ်ခုထွက်လာပြီး ကြယ် ၇ ပွင့်သားရဲကို လွှမ်းမိုးလေသည်။ သူမသည် မတ်တတ်ရပ်ပြီး သူမအနားမှ မီးများကို ကြည့် လိုက်သည်။ အနီရောင်ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသော လူငယ်လေးသည် ဤကဲ့သို့ ကြမ်းတမ်းသော ထိုးစစ်ကို ပြသသွားသည်။
“မောင်လေး ငါ့နောက်မှာရပ်နေ” ရှီရှောင်မိုနှင့် ပေထင်းဟွမ်တို့သည် အရိပ်မတိမ်းမယိမ်းပင်။ သူမသည် လက်သည်းမရှိသည့်လက်နောက်တစ်ဖက် ကို သုံးပြီး ပေထင်းဟွမ်၏ဝတ်ရုံကိုဆွဲကာ သူမအနောက်သို့ ပို့လိုက်သည်။
သူမအနောက်တွင်ရပ်ပြီး ပေထင်းဟွမ်သည် သူမ၏လက်မှ လက်သည်းကိုကြည့်လိုက်သည်။ သူမသာ ၃၃ ကောင်းကင်ဘုံမှ ဆင်းသက်လာ ခြင်းမဟုတ်လျှင် သူမသည် ၂၁ ရာစု စစ်နယ်ပယ်မှရောက်လာခြင်းဖြစ်မည်ဟု ပေထင်းဟွမ် အမှန်တကယ်ထင်တော့မည်။ ထိုလက်သည်းကို အမည်မသိ ကုန်ကြမ်းပစ္စည်းဖြင့်ပြုလုပ်ထားကာ ထွင်းထုထားသည်မှာ သပ်ရပ်သည်။ အဆက်များမှာလည်း အလွန်လိုက်လျောညီထွေရှိသည်။ လက်ချောင်းများပေါ် မှ ဆူးထစ်သည် သားရဲများ၏ခြေချောင်းများကဲ့သို့ဖြစ်ပြီး အလွန်ချောမွေ့စွာ ပွတ်တိုက်ထားသည်။
“လှတယ်မလား ငါ့အဖေက ငါ့အတွက်လုပ်ပေးထားတာလေ၊ ဒါက ကမ္ဘာမြေပေါ်က ကြေးစားတချို့သုံးတဲ့လက်နက်တဲ့၊ အရမ်းကိုအဆင်ပြေတာ အသုံးဝင်ပြီး သယ်ရလည်းလွယ်တယ်” ရှီရှောင်မို၏ ထိုးထွင်းဉာဏ်သည် အလွန်သန်မာသည်။ ပေထင်းဟွမ်သည် သူမ၏လက်သည်းကိုကြည့်နေချိန်မှာ ပင် ဂုဏ်ယူစွာဖြင့်မြှောက်ပြပြီး ပြုံးကာပြောလေသည် “ခဏလေးစောင့် ငါ ဒီကောင်ကိုရှင်းလိုက်ဦးမယ် အတူသောက်ကြတာပေါ့”
“အင်း” သူမ၏နှလုံးသားတွင် လှိုင်းများဖြင့်ပြည့်လာသည်။ သို့သော် ပေထင်းဟွမ်၏မျက်နှာသည် တည်ငြိမ်နေဆဲပင် “ကမ္ဘာမြေ” ကွေ့ရှိုမိုယွိ၏ ဧကရာဇ်သည် အမှန်တကယ်ပင် ကမ္ဘာမြေမှလာလျှင် ၃၃ ကောင်းကင်ဘုံသို့ လိုက်သွားရတော့မည်။