← Chapters

ကံမကောင်းစွာနဲ့ပဲ ငါက ရှေးဟောင်းသားရဲထိန်းပဲ

Vol. 51 Ch. 1020

ကံမကောင်းစွာနဲ့ပဲ ငါက ရှေးဟောင်းသားရဲထိန်းပဲ

Vol. 51 Ch. 1020

သူမ ပေထင်းဟွမ်နှင့် စာချုပ်တည်ထောင်ရမည်ဟု ကြားသည်နှင့် မိန်းကလေးသည် ထိတ်လန့်သွားကာ ပေထင်းဟွမ်အား မော့ကြည့်လေသည်။ သူမသည် ဓား ၁ လက်ဝိညာဉ်ဂိုဏ်းသာရှိသေးသာ အားနည်းလွန်းသည်။ သို့သော် သူမ သဘောမတူလျှင် ရှီရှောင်မိုသည် သူမကို သေချာပေါက် သတ် တောမ့်ကို ကောင်းကောင်းကြီးသိသည်။ သူမကို သတ်လိုက်လျှင် သူမ၏ ဝိညာဉ်ပင်လျှင် ပြိုကွဲနိုင်သည်။

၃၃ ကောင်းကင်ဘုံတွင် ရှီရှောင်မို၏ နာမည်ဆိုးနှင့်ကျော်ကြားပုံကို မသိ သူမရှိကြပေ။ သူမသည် ကွေ့ရှိုမှ မိုယွိမင်းသမီးဖြစ်သည်။ သို့သော် သူမသည် ယောက်ျားလေးပုံစံဝတ်စားရသည်ကို ကြိုက်သည်။ အဆင့်မြင့်ဆုံး ဧကရာဇ်မို ၏ခွန်အားကြောင့်သာမဟုတ်လျှင် အတင်းပြောကြလိမ့်မည်။ သို့မဟုတ် ၃၃ ကောင်းကင်ဘုံတစ်ခုလုံးသည် သူမကို အထင်သေးလိမ့်မည်။ ဧကရာဇ်မို၏ ဘဝတွင် ဇနီးနှင့်သမီးကို ချစ်သည့်ကိစ္စနှစ်ခုသာလုပ်သည်ဟုပြောကြသည်။ “”

သူမသည် အဆင့်မြင့်ဆုံးဧကရာဇ်ရှီချန်းမို၏ ပခုံးပေါ်တွင် ကြီးပြင်းခဲ့ သည်ကို အားလုံးသိကြသည်။ သူမ ငယ်စဉ်က ဧကရာဇ်ထီးနန်းနေရာတွင် ထိုင်သည့် ရှီချန်းမို၏ လည်ပင်းပေါ်တွင် တစ်ခါတရံ တက်ထိုင်တတ်သည်။ သခင်တစ်ယောက်ကို သတ်ရန်မှာ သူမအတွက် ဘာမှမဟုတ်ပေ။ သူမသည် ရှီရှောင်မို၏ လက်ထဲတွင် သေသွားသည်ဟု မြူဖုံးသိပါက သူမအတွက် လက်စားချေပေးမည်မဟုတ်ဘဲ ဧကရာဇ်မိုကို တောင်းပန်မည်ဖြစ်သည်။

အမှန်တကယ်ပင် နားမလည်တော့ပေ။ ထိုအချိန်တွင် လေဟာနယ်ထဲမှ အက်ကြောင်းကြီးလာကာ ၃၃ ကောင်းကင်ဘုံသည် ပင်မတိုက်ကြီးသို့ အားကြီး သူများကို လွှတ်လိုက်ခြင်းပင်။ ဧကရာဇ်မိုသည် မည်သို့များ ဤနေရာသို့ မင်းသမီးအား ပို့လိုက်သနည်း။ သေလုနီးပါးပင် ဖြစ်သွားခဲ့သည်။

သေရေးရှင်ရေးကိစ္စဖြစ်သဖြင့် ပေပင်းသည် ငြင်းချင်လျှင်တောင် သဘောတူရမည် “ဒါပေမဲ့ ဒီမှာ ရှေးသားရဲထိန်းမရှိဘူးလေ”

၃၃ ကောင်းကင်ဘုံတွင်လည်း သားရဲထိန်းများရှိကြသည်။ တစ်ယောက် မှာ မျက်စိရှေ့တွင်ရှိနေသည်။ ရှီရှောင်မိုသည် ၃၃ ကောင်းကင်ဘုံတွင် ကျော်ကြားသော သားရဲထိန်းသခင်ဖြစ်သည်။ ၃၃ ကောင်းကင်ဘုံတွင် သားရဲထိန်းသခင်သည် ပိုပြီးရှားပါးသည်။ ပြောဖို့ရန်မလိုပေ၊ သန့်စင်သော သားရဲအဆင့် သားရဲများကို ထိန်းကျောင်းနိုင်သည့် ရှေးသားရဲထိန်းဆိုသည်မှာ မကြားဖူး သလောက်ပင်။ မိသားစုကြီးလေးခုမှ တိုက်ရိုက်ဆက်ခံသူများသည် ဖန်ဆင်း ရေးနတ်ဘုရား၏ သွေးသားဆက်ခံသူများဖြစ်ကြသည်။ သူတို့၏ သွေးသားထဲတွင် သားရဲကိုထိန်းကျောင်းနိုင်သည့်စွမ်းအားကို အမွေဆက်ခံ ထားသော်လည်း အနည်းဆုံးအဆင့်တူသူ သို့မဟုတ် သူတို့၏ခွန်အားထက် နိမ့်သော သားရဲများကိုသာ ထိန်းကျောင်းနိုင်သည်။

ပင်မတိုက်ကြီးမှ သန့်စင်သောသားရဲအဆင့် သားရဲကို ထိန်းကျောင်းရန် လူရှာနိုင်မည်လား။ ပေပင်းသည် မိုးပေါ်မှ သွေးမိုးများရွာချလိုက်သလိုခံစားရ လေသည်။

ရှီရှောင်မိုသည် ရုတ်တရက် ထိုမေးခွန်းကိုတွေးမိသဖြင့် ခေါင်းကို ကုတ်လိုက်သည်။ ထို့နောက် ပေထင်းဟွမ်အား အားနာနာနှင့်ပြောလေသည် “မောင်လေး မင်းက မိသားစုကြီးလေးခုကဆိုပေမဲ့ ခုနက ငါ အဖေနဲ့အမေကို ပြန်မတွေ့နိုင်တော့မလိုဖြစ်သွားတာ မင်းလည်းမြင်တာပဲ၊ ငါက စွမ်းအင်ကို ကာလိုက်ရုံတင်ပဲ၊ ငါသာ ဒီမှာသေသွားရင် ငါ့ရဲ့ခန္ဓာကိုယ်အစစ်ကလည်း ၃၃ ကောင်းကင်ဘုံမှာ သေသွားနိုင်တယ်၊ ငါ့မိဘတွေ ဘယ်လောက်ဝမ်းနည်းမလဲ ဆိုတာ တွေးလို့တောင်မတတ်ဘူး”

ရှီရှောင်မိုသည် ယောက်ျားလေးတစ်ယောက်လို ဝတ်စားထားသည်။ သူမသည် သူမကိုယ်သူမ သမီးတစ်ယောက်လို ပြုမူသလားဆိုသည်ကိုပင် ပေထင်းဟွမ်မသိပေ။ သို့သော် ပေထင်းဟွမ်သည် ထိုမိန်းကလေး၏ ပွင့်လင်း သောစိတ်သဘောထားကို သဘောကျသည်။

ပေထင်းဟွမ်သည် သူမ၏စကားကိုနားလည်သည်။ သူမ၏ ဖြူဖျော့ သောမျက်လုံးများသည် မြေပေါ်တွင် ပျော့ခွေနေသောပေပင်းကို ကြည့်လိုက် သည် “သေသွားရင်နှမြောစရာပဲ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ငါက ရှေးသားရဲ ထိန်းဖြစ်နေတယ် ပြီးတော့ အခု ငါက သစ္စာရှိမယ့်သားရဲလိုနေတာ”

ပေထင်းဟွမ်သည် သူမထက် ပိုသန်မာသည့် သားရဲထိန်းဖြစ်သည်ကို သေချာပေါက် ရှီရှောင်မိုသိသည်။ သို့သော် သူမသည် ရှေးသားရဲထိန်းဖြစ်နေ လိမ့်မည်ဟု ထင်မထားပေ။ ထိုအချိန်တွင် ပါးစပ်ထဲ ကြက်ဥနင်သွားသလို ခံစား ရလေသည်။

“မောင်လေး တကယ်ကြီးပြောနေတာလား အမှန်ပဲလား” ရှီရှောင်မိုသည် ပေထင်းဟွမ်၏ ပခုံးကို လှုပ်ယမ်းလေသည်။ ရှေးသားရဲထိန်း.. တကယ်ကို မိုက်လွန်းတဲ့ တည်ရှိမှုပဲ။

မြေပေါ်မှပေပင်းသည် ထိုအချိန်တွင် သူမ၏ကံကြမ္မာကို ဂရုမစိုက်နိုင် တော့ဘဲ ပေထင်းဟွမ်အား ကြောက်လန့်သောမျက်လုံးများနှင့် စိုက်ကြည့်လေ သည်။ ပင်မတိုက်ကြီးကဲ့သို့ နေရာမျိုးတွင် ရှေးသားရဲထိန်းနှင့်တွေ့ရလိမ့်မည် ဟု ထင်မထားပေ။

ကံဆိုးသွားသည်လား။ သို့မဟုတ် ရှေးသားရဲထိန်းဆိုသည်ကို ဤလူငယ် လေးမသိလေသလား။

All Chapters