← Chapters

"နောက်ကွယ်မှ ဆွေးနွေးပွဲတစ်ခု"

Vol. 7 Ch. 91

"နောက်ကွယ်မှ ဆွေးနွေးပွဲတစ်ခု"

Vol. 7 Ch. 91

နောက်ထပ် အမဲရောင်ဝတ်ရုံနဲ့လျို့ဝှက်ထူးဆန်းတဲ့လူတစ်ယောက်လား။

ဖှေး ထိုစကားလုံးများကိုကြားသော် အလွန်ထိတ်လန့်အံ့သြသွားသည်။

ဇိုလာပြောသော လျို့ဝှက်ထူးဆန်းသော အမဲရောင်ဝတ်ရုံနှင့်လူကြောင့် ဖှေးကြယ်လေးလုံးအဆင့်မှော်ဆရာအီဗန်ကို ချက်ချင်းပြန်သတိရသွားသည်။ အီဗန်သည်လဲ ထိုကဲ့သို့အမဲရောင်ဝတ်ရုံနှင့်ပင်ဖြစ်သည်။ အကယ်၍ထိုသူသည်လည်း အီဗန်ကဲ့သို့ အီဗန်၏အပေါင်းအပါမှော်ဆရာများဖြစ်နေမလား ဖှေးစိုးရိမ်မိသည်။

ဖှေး စိတ်ထဲမှ ကြိတ်ဆုတောင်းရုံသာတက်နိုင်တော့သည်။ အကယ်၍ ထိုသူသည်သာ အီဗန်၏အပေါင်းအပါတစ်ယောက်ဖြစ်နေပါက ဒဏ္ဍာရီလာမြေနေရာများအကြောင်းကိုပင် သိရှိနေကောင်းနေနိုင်သောကြောင့်ဖြစ်သည်။ ထို့အပြင် သူအန်ဟိုဗင်အင်ပါယာ၏ မင်းသားတစ်ပါးကိုသတ်လိုက်သည့်အချက်အလက်ပင် ပေါက်ကြားသွားနိုင်သည်။

"ဖြစ်ခဲ့သမျှအသေးစိတ်ကို ငါ့ကိုထပ်ပြီးသေချာအောင်ပြောပြစမ်းပါ...." ဖှေး၏ မျက်လုံးများမှာ စူးရှသည်။ "တစ်ချက်မှဖုံးကွယ်ထားဖို့မကြိုးစားနဲ့ နို့မဟုတ်ရင်တော့ မင်းဖြစ်လာမယ့်အကျိုးဆက်တွေကိုသိရလိမ့်မယ်...."

"ဟုတ်ဟုတ် ကျွန်တော်ဆရာ့စီကနေ ဘာကိုမှမဖုံးကွယ်ထားရဲပါဘူး....."

ဇိုလာမှာ အဆက်မပြတ်ခေါင်းငြိမ့်နေသည်။ထို့နောက်တွင် ဖြစ်ခဲ့သမျှဇာတ်လမ်းအပြည့်စုံကိုရှင်းပြတော့သည်။

သူနှင့် လူစီယာနိုတို့မှာ မြို့တော်စိန့်ပီတာစဘာ့တွင်အချိန်အနည်းငယ်ကြာ ပုန်းအောင်းနေခဲ့သည်။ ထို့နောက်တွင် အမဲရောင်ချပ်ဝတ်နှင့် စစ်သည်များဆုတ်ခွာသွားပြီဟု ကြားလျှင်ကြားချင်း သူတို့နှစ်ယောက် ချမ်းဘော့ဒ်သို့ပြန်လာကြတော့သည်။ အဘယ်ကြောင့်ဆိုသော် ချမ်းဘော့ဒ် တွင် သူတို့နှစ်ယောက်သည် ဘုရင်နှစ်ပါးကဲ့သို့ပင်ဖြစ်နေသောကြောင့်ပင်။ သူတို့မိုးလိုကမိုး၊ ရေလိုကရေဖြစ်သည်။ သို့သော် မြို့တော်စိန့်ပီတာစဘာ့တွင်မူ အင်ပါယာအရှင်သခင်ယရှင်းနှင့် မဟာဘုရားကျောင်း ဇီးနစ်အင်ပါယာ ဂိုဏ်းအုပ်တို့၏လွှမ်းမို့မှုအောက်တွင် သူတို့နှစ်ယောက်မှာ မထင်မရှား သာမန်လူတန်းစားများသာဖြစ်သည်။

သို့သော် ချမ်းဘော့ဒ်သို့အပြန်လမ်းခရီးတွင် သူတို့လမ်းတွင် အမဲရောင်ဝတ်ရုံနှင့်ထူးဆန်းသည့်လူတစ်ဦး၏ ဟန့်တားခြင်းကိုခံလိုက်ရသည်။ ထိုလူထံမှ ကြီးမားသောစွမ်းအင်များကိုခံစားနေရသောကြောင့် ကြယ်သုံးလုံးအဆင့် သူတော်စဥ် ဇိုလာနှင့် ကြယ်သုံလုံးအဆင့်သူရဲကောင်း လူစီယာနိုတို့မှာ ထိုသူအားမယှဥ်နိုင်ကြောင်းသိလိုက်ရသည်။ ကံကောင်းထောက်မစွာပင် ထိုလူသည် သူတို့နှစ်ယောက်အားတိုက်ခိုက်လိုခြင်းမရှိပေ။ ထိုအစား သူတို့နှစ်ယောက်အား အလွန်အရေးကြီးသည့် သတင်းအချက်အလက်တစ်ခုပေးခဲ့သည်။ ချမ်းဘော့ဒ်တွင် ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် အားနည်းသည့် အောက်လမ်းပညာရပ်တစ်ခုကို အသုံးပြုခဲ့သည်ဟုဆိုသော သတင်းပင်။

အမဲရောင်ဝတ်ရုံနှင့်လူပြောသွားသောစကားများမှ "အားနည်းသည့်" ဟူသောစကားကြောင့် ချက်ချင်းပင် ဇိုလာနှင့် လူစီယာနိုတို့ဝမ်းသာသွားကြသည်။ အဘယ်ကြောင့်ဆိုသော် မဟာဘုရားကျောင်းမှာ အောက်လမ်းပညာအားလုံးဝမသည်းခံ ခွင့်မလွှတ်ချေ။ အကယ်၍ သူတို့နှစ်ယောက်သာ ထိုအောက်လမ်းအသုံးပြုခဲ့သည့်သူကိုဖော်ထုတ်ဖမ်းဆီးနိုင်ပါက အထက်လူကြီးသူတော်စဥ်များက သူတို့နှစ်ယောက်အား အကြီးအကျယ်ဆုချမည်ဖြစ်ပြီး မဟာဘုရားကျောင်းအဖွဲ့အစည်းကြီးတွင် သူတို့နှစ်ယောက်၏ရာထူးအဆင့်သည်လည်း မြင့်တတ်သွားမည်ဖြစ်သည်။

မြို့ထဲရောက်ရောက်ခြင်းဖမ်းဆီးမှုများမှာ ဇိုလာပုံကြီးချဲ့နေခြင်းသာဖြစ်သည်။ အမဲရောင်စစ်သည်များလာရောက်တိုက်ခိုက်စဥ်က ချမ်းဘော့ဒ်မနိုင်တော့ဘူးထင်သဖြင့် သူတို့နှစ်ယောက်မှာထွက်ပြေးတိမ်းရှောင်သွားသဖြင့် ချမ်းဘော့ဒ် တွင် မဟာဘုရားကျောင်း၏ဂုဏ်သရေမှာ နှိမ့်ကျသွားခဲ့သည်။ ထို့ကြောင့်ဇိုလာပြန်ရောက်ရောက်ခြင်း ဟိန်းလားဟောက်လား ဖမ်းလားဆီးလားလုပ်ပြီး အရင်အာဏာအရှိန်အဝါပြန်ရရန်ကြိုးစားနေခြင်းဖြစ်သည်။

"ဒါ​ဆို မင်းတို့နှစ်ယောက်ကရော အဲ့အမဲရောင်ဝတ်ရုံနဲ့လူဘယ်သူဆိုတဲ့ သရုပ်မှန်ကိုမမြင်လိုက်ရဘူးလား....သူ့မျက်နှာကို မမြင်ခဲ့ရဘူးပေါ့ဟုတ်လား...." ခလောက်ဆံမြွေ ဇိုလာ၏ အမှန်တိုင်းတင်ပြသည်ကို နားထောင်ပြီးသော် ဖှေးမျက်မှောင်ကြုံဲ့ပြီးမေးလိုက်သည်။

"ဟုတ်ပါတယ် ဆရာ အဲ့လူက အလွန်အစွမ်းထက်ပါတယ် အနည်းဆုံးကြယ်လေးလုံးအဆင့်လောက်တော့ရှိမယ်...ကျွန်တော်ရော လူစိယာနိုရောသူ့ကိုဖမ်းပြီး အသေးစိတ်မေးမြန်းလိုခဲ့ပါတယ်...ဒါပေမယ့် ကျွန်တော်တို့နှစ်ယောက်ပေါင်းတောင်သူ့ကိုယှဥ်နိုင်မှာမဟုတ်ပါဘူး....."

ဇိုလာပြောနေရင်း အနည်းငယ်ရှက်ရွံ့သည့်ပုံပေါက်လာသည်။ လူစီယာနိုမှာလဲ ဘေးမှလိုက်ပါခေါင်းငြိမ့်နေသည်။

ဖှေး သူ၏ခေါင်းကိုငုံ့လိုက်ပြီး အတွေးထဲတွင်နစ်မြောသွား၏။

မသိရှိရသေးသောအတိတ်နှင့် ဘယ်ကလာမှန်းမသိသည့် ကြယ်လေးလုံးအဆင့် ပညာရှင်ဆရာတစ်ယောက်။ ဇာတ်လမ်းကိုနားထောင်ကြည့်ရပုံအရ ထိုသူသည် မြေအောက်ရေသံမဏိ အကျဥ်းထောင်ထဲတွင်သေဆုံးသွားသော ကြယ်လေးလုံးအဆင့်မှော်ဆရာ အီဗန်နှင့် ဆက်နွယ်မှုရှိသည်ဟု ခံစားနေရသည်။ ဤသည်မှာ ဖှေးအားထိတ်လန့်စေသည်။ ဖှေး ​ပျားအုံအားတုတ်နှင့်ထိုးရန်စလိုက်မိသကဲ့သို့ ဖြစ်နေမည်က်ို ကြောက်လန့်နေသည်။ သို့သော် သူ တစ်စုံတစ်ခု သို့မဟုတ် တစ်စုံတစ်ယောက်ကိုလဲ လစ်လျှူရှုထားမိသကဲ့သို့ခံစားနေရသည်။

ဖှေးအောက်လမ်းဆရာဇာတ်ကောင်အဖြစ်သို့ ပြောင်းလဲလိုက်စဥ်က အစွမ်းနှစ်မျိုးကိုသာအသုံးပြုခဲ့သည်။ [သေခြင်းအစွယ်များ]နှင့် [ပေါက်ကွဲစေတတ်သောအလောင်း]ပင်။ သို့သော် ထိုအစွမ်းများကိုအသုံးပြုခဲ့သည်မှာ ၄စက္ကန့်မျှသာကြာခဲ့သည်။ ထို့နောက်တွင် တံတားကိုဖြိုချပစ်ခဲ့သည်။ သဲလွန်စများသည်လည်း ဇူလီမြစ်ထဲသို့ကျကုန်ပြီဖြစ်သည်။ ထို့ကြောင့် သီအိုရီအရဆိုပါက မည်သူမျှသိရှိနိုင်တော့မည်မဟုတ်ပေ။ သိရှိသူသည် ကျောက်တံတားပေါ်မှတိုက်ပွဲကိုလေ့လာနေသည့် ပညာရှင်တစ်ယောက်သာဖြစ်ရမည်။ ဤသို့ဆိုပါက ထိုသူသည်လည်း ကျောက်တံတားပေါ်တွင်ရှိနေခဲ့မည်ဖြစ်သည်။ သို့ဖြစ်ပါက ဖှေး ကြယ်လေးလုံးမှော်ဆရာအီဗန်ကို ဖမ်းဆီးခဲ့စဥ်က အဘယ်ကြောင့် မတားခဲ့သနည်း။ သူ၏ ကြယ်လေးလုံး အစွမ်းများဖြင့်ဆိုပါက ဖှေးအား ချက်ချင်းပင်အနိုင်ယူလိုက်နိုင်မည်မှာ အသေအချာပင်။ ထိုသူသည် အီဗန်ဘတ်မှလူမဟုတ်သောကြောင့်ဟုလဲ ယူဆနိုင်သည်။

ဒါဆို သူကဘယ်သူလဲ။

"မင်းတို့တွေပြန်လို့ရပြီ...."

ဖှေး အနည်းငယ်ကြာတွေးနေသော်လည်း သဲလွန်စတစ်ခုမှရှာ၍မရချေ။ သူ၏လက်ကိုဝှေ့ရမ်းပြီး ဇိုလာနှင့် လူစီယာနိုတို့ကိုပြန်လွှတ်လိုက်သည်။ ထို့နောက်တွင် အနည်းငယ်တွံ့ဆုတ်ပြီး ထက်မံပြောလိုက်သည်။

"အောက်လမ်းဆရာနဲ့ ပတ်သက်တဲ့ကိစ္စကို မင်းတို့ဆက်မလိုက်နဲ့တော့...ဒီကိစ္စမှာပါဝင်တဲ့ဟာတွေက မင်းတို့စိတ်ကူးနိုင်မှာတောင်မဟုတ်ဘူး...အဲ့ကိစ္စကို ငါကိုယ်တိုင်ကိုင်တွယ်လိုက်မယ်...မင်းတို့ကောင်တွေအလောတကြီးလျှောက်လုပ်လို့ ရန်သူကသတိထားမိသွားပြီး ငါ့အစီစဥ်ပြတ်ကုန်ရင်တော့ မြင့်မြတ်တောသော ဝါလုပေါ်က မီးရှို့ကွပ်မျက်တဲ့နေရာမှာ မင်းတို့အတွက် နှစ်နေရာချန်ထားပေးမယ်....."

ယခုအချိန်တွက် ဖှေးသူ၏အယောင်ဆောင်ပုံရိပ်ကို အားကိုးပြီးအခွင့်ကောင်းယူလိုက်သည်။

ဇိုလာနှင့် လူစီယာနိုတို့မှာ သူ့အားယခင်ကပင် မဟာဘုရားကျောင်းမှ အကောင်ကြီးတစ်ယောက်ဟုထင်နေခြင်းကို လက်ခံဟန်ဆောင်လိုက်ချင်းပင်ဖြစ်သည်။ ဖှေး၏ ယခင်အကြံစည်မှာ ထိုနှစ်ယောက်အားလျို့ဝှက်စွာရှင်းလင်းသုတ်သင်နိုင်မည့် အခွင့်ကောင်းကိုစောင့်ဆိုင်းရန်ဖြစ်သည်။ သို့သော်ယခုအချိန်တွင်မူ ထိုနှစ်ယောက်အား ကောင်းမွန်စွာလှည့်ဖျားအသုံးချပါပ အံ့သြဖွယ်ရလဒ်များရရှိနိုင်သည်ဟု အကြံတစ်ခုပေါ်လာတော့သည်။

ဖှေး၏ စကားကိုကြားသော် ဇိုလာခေါင်းငြိမ့်ပြီးချက်ချင်းပင် သဘောတူလိုက်သည်။ "စိတ်ချပါအရှင်မင်းကြီး ကျွန်တော်နဲ့ လူစီယာနိုဒီကိစ္စမှာလုံးဝဝင်ပါမှာမဟုတ်တော့ပါဘူး....အနာဂတ်မှာ အရှင်မင်းကြီးခိုင်းစရာရှိရင် ကျွန်တော်တို့ကိုစိတ်တိုင်းကျခိုင်းပါ ချမ်းဘော့ဒ်ဘုရားကျောင်းက ကူညီဖို့အမြဲစိတ်အားထက်သန်နေမှာပါ....."

"​ကောင်းပြီ။ မင်းတို့နှစ်ယောက် ကောင်းကောင်းလုပ်ခဲ့ပါတယ်....အောက်လမ်းဆရာကို ဖမ်းမိရင် မင်းတို့စွမ်းဆောင်ချက်တွေလဲ ပါတယ်လို့ငါအသိမှတ်ပြုမယ်...ငါဒီမှာရှိတဲ့ကိစ္စတွေပြီးလို့ မြင့်မြတ်သောတောင် ဝါလုကိုပြန်ရင် မင်းတို့တွေကိုဆုချဖို့ မေ့မှာမဟုတ်ပါဘူး..." ဖှေး ရုပ်တည်ဖြင့်ဖိန့်လိုက်သည်။

ဇိုလာနှင့် လူစီယာနိုတို့မှာ ထိုစကားကိုကြားသော်အလွန်ပျော်ရွှင်သွားသည်။ သူတို့၏ အနာဂတ်များထွန်လင်းနေသည်ကို မြင်နေရ၏။ သူတို့နှစ်ယောက်လုံး အရိုအသေပေးပြီး နန်းဆောင်အတွင်းမှ ထွက်ခွာသွားကြတော့၏။

ဖှေး ပုလ္လင်ပေါ်တွင် ပြန်ထိုင်ခါတွေးနေ၏။ အမဲရောက်ဝတ်ရုံနှင့် ထူးဆန်းသောလူ၏ သရုပ်မှန်နှင့် ပတ်သက်သည့်သဲလွန်စတစ်စုံတစ်ရာမစဥ်းစားမိချေ။ ထို့နောက်တွင် အကျဥ်းထောင်အရာရှိအား ဆင့်ခေါ်ပြီး အမိန့်အနည်းငယ် ပေးလိုက်သည်။

...........

...........

ဘုရားကျောင်းသို့ ပြန်အရောက်တွင် ဇိုလာနှင့် လူစီယာနိုတို့ နောက်လိုက်အခြွေရံများကို ပြန်ခိုင်းလိုက်ပြီး နှစ်ယောက်သား ဘုရားကျောင်းအနောက်ဘက်ရှိ လျို့ဝှက်ခန်းအတွင်းသို့တိတ်တဆိတ်ဝင်လာကြသည်။

ဤနေရာမှာ ဇိုလာနှင့် လူစီယာနိုတို့အရေးကြီးကိစ္စများဆွေးနွေးသည့်နေရာဖြစ်သည်။

"သူတော်စဥ် ဇိုလာ ဒီအရင်က ကျပ်မပြည့်တဲ့ အလတ်ဇန္ဒားဆိုတဲ့လူက ဌာနချုပ်က အကောင်ကြီးတစ်ယောက်ဆိုတာ ခင်ဗျားသေချာရဲ့လား။ " လူစီယာနိုမှာ အဖိုးတန်မှော်တလင်းကျောက်များနှင့် မှော်စာလိပ်များပေးလိုက်ရသည့်ကိစ္စနှင့် ပတ်သက်ပြီး နှမြောသလိုဖြစ်နေ၏။ ထို့​ကြောင့် မျက်မှောင်ကြုံ့ကာ မေးလိုက်သည်။ လက်ဆောင်ဆက်သမည့်အကြံမှာ ဇိုလာ၏အကြံဖြစ်သည်။ လူစီယာနိုမှာ သဘောမတူချင်တူချင်ဖြင့် တူခဲ့ရသည်။

"ဒါတော့...ငါလည်း ၁၀၀ ရာခိုင်နှုန်းတော့မသေချာဘူးကွ...."

ဇိုလာမှာ လျို့ဝှက်ခန်းအတွင်းရှိ နတ်ဘုရားရုပ်တုတစ်ခု၏အောက်တွင် လူစီယာနိုအား ကျောခိုင်းကာရပ်နေရင်းပြောလိုက်သည်။ ထို့နောက်တွင် တစ်ဖက်သို့လှည့်လာပြီး "ဒါပေမယ့် အလတ်ဇန္ဒားဒီနေ့သုံးလိုက်တဲ့ ရွှေရောက်တိုက်ပွဲစက်ကွင်းနှစ်ကွင်းကိုတော့ သံသယဖြစ်လို့မရဘူးကွ.....မင်းလဲ အဲ့စက်ကွင်းတွေစီကနေ ကြောက်စရာကောင်းလောက်အောင် မြင့်မြတ်သန့်စဥ်တဲ့စွမ်းအားတွေကိုခံစားလိုက်ရတယ်မဟုတ်လား...ဇီးနစ်အင်ပါယာ ဂိုဏ်းအုပ်ရဲ့သရဖူမှာတောင် အဲ့လောက်မြင့်မြတ်သန့်စဥ်တဲ့စွမ်းအင်တွေမရှိဘူးလေ...."

"အဲ့တာလဲမှန်တာပဲ...ဒါပေမယ့် လွန်ခဲ့တဲ့၁၇နှစ်လုံးမှာ အလတ်ဇန္ဒားက မွေးကတည်းက ဉာဏ်ရည်မှီတဲ့သူမဟုတ်ဘူးဆိုတာကို မင်းရောငါရောသေချာသိတာပဲလေ...သူ၁၇နှစ်လောက်တုံးအနေခဲ့တာကို ဘာလို့ [ဘုရားသခင်ရဲ့အနှစ်သက်ဆုူံကလေးငယ်]ဖြစ်နေနိုင်မှာလဲ။"

လူစီယာနို မှာ သိပ်ပြီးမသေချာသေးပေ။

"ငါမသင်္ကါတာလည်းအဲ့တာပဲ ဒါပေမယ့် နံပါတ်၁မြင့်မြတ်သော သူရဲကောင်း ချာရင်းကိုသိတယ်မလား...သူနာမည်ကြီးမလာခင်တုန်းကလဲ အောက်တစ်ပိုင်းသေနေပြီးတော့ သူ့ကိုလူတိုင်းက ငတုံးငအလို့သတ်မှတ်ထားခဲ့ကြတာလေ....ငါတို့ပုပ်ရဟန်းမင်းကြီးကတောင် အနည်းငယ်လေးစားရတဲ့ သိုင်းပညာနတ်ဘုရား မာရာဒိုနာဆိုလဲအရင်က သူ့ရဲ့ထူးဆန်းတဲ့အပြုမူတွေကြောင့် လူတွေကရူးနေတယ်ပြောခဲ့ကြတာပဲလေ...အေဇာရုတိုက်ကြီးမှာ လျို့ဝှက်ဆန်းကျယ်မှုတွေက များလွန်းလှပါတယ်ကွာ.....အလတ်ဇန္ဒားကအရင်က ကျပ်မပြည့်ချင်ယောင်ဆောင်နေခဲ့တာများလားကွ....."

ထို့နောက်တွင် ထိတ်လန့်မှုများမှာ ဇိုလာ၏မျက်လုံးများတွင် ပေါ်ပေါက်လာသည်။ "လူစီယာနိုရေ ငါတော့တော်တော်ဆိုးတဲ့ အရာတစ်ခုကိုတွေးလိုက်မိတယ်......ချမ်းဘော့ဒ်မှာ ငါတို့မသိသေးတဲ့ လျို့ဝှက်ချက်တစ်ခုကို ဖုံးကွယ်ထားပုံရတယ်...ငါတို့တွေ ဝင်မပါသင့်တဲ့အရာတစ်ခုကို ဝင်ပါမိသွားပြီလားမသိဘူး...အလတ်ဇန္ဒားပြောသလို သူက ပုပ်ရဟန်းမင်းကြီးရဲ့လျို့ဝှက်တာဝန်တစ်ခုကို ထမ်းဆောင်နေတယ်ဆိုတာဖြစ်နိုင်လောက်တယ်....."

ဇိုလာမှာအနည်းငယ်စိုးရိမ်သွား၏။

"ဒီလောက် စကားပြောပြီးတာတောင် ခင်ဗျားလဲ အလတ်ဇန္ဒားရဲ့သရုပ်မှန်ကိုသေချာမသိသေးဘူးလား...ဒါဆို ကျွန်တော်တို့တွေ နည်းနည်းလောက်ကြာကြာမလေ့လာသင့်ခဲ့ဘူးလားဗျ...ခင်ဗျားကလက်ဆောင်တွေချက်ချင်းသွားဆက်ဖို့ ဆုံဖြတ်လိုက်တာကိုး....မှော်တလင်းကျောက်တွေနဲ့ မှော်စာလိပ်သေတ္တာတွေကို နှမြောမိတယ်ဗျာ။ လျို့ဝှက် နက်နဲပြီးဘယ်ကမှန်းမသိတဲ့ အမဲရောင်မှော်စာလိပ်တစ်ခုတောင်ပါသွားသေးတယ်....အဲ့ကောင်က ရှားပါးပစ္စည်းတစ်ခုဖြစ်ရင်ဖြစ်နေမှာဗျ...."လူစီယာနို မှာ နှမြောမိနေ၏။

" ဒီနေရာမှာတော့မှားသွားပြီ။ အချိန်ကိုစောင့်လို့ရပေမယ့်ခင်ဗျား ဖြစ်လာမယ့်အရာတွေကိုတော့ တောင်းဆိုလို့၊မျှော်လင့်လို့မရဘူး။ ခင်ဗျားအခွင့်ရေးတစ်ခုနဲ့လွဲသွားပြီဆို ခင်ဗျားတစ်ဘဝလုံးနောင်တရနေရတော့မယ်...."

All Chapters