← Chapters

"ငါတို့၏အနာဂတ်များတွင် ရင်နှီးမြုပ်နှံခြင်း"

Vol. 7 Ch. 92

"ငါတို့၏အနာဂတ်များတွင် ရင်နှီးမြုပ်နှံခြင်း"

Vol. 7 Ch. 92

ဇိုလာ လူစီယာနိုကို နီးကပ်စွာစိုက်ကြည့်ပြီး သူ၏ဦးခေါင်းကိုတည်ငြိမ်စွာခါရမ်းကာ ပြောလိုက်သည်။ "ငါတို့တွေအလတ်ဇန္ဒားက မဟာဘုရားကျောင်းက ရာထူးမြင့်တစ်ယောက်ဟုတ်မဟုတ်မသေချာသေးဘူး....ဒါပေမယ့် သူက ရွှေရောက်တိုက်ပွဲစက်ကွင်း ပိုင်ဆိုင်တဲ့ [ဘုရားသခင်ရဲ့အနှစ်သက်ဆုံး ကလေးငယ်]ဆိုတာကတော့ မျက်မြင်ပဲလေ....အဲ့တာရဲ့အဓိပ္ပါယ်က သူက မဟာဘုရားကျောင်းကိုအဖွဲ့ဝင်ဖြစ်လာနိုင်တယ်ဆိုတာပဲ....အဲ့အချိန်ရောက်ရင်လဲ ဌာနချုပ်က ဆရာတွေရဲ့ နှစ်သက်သဘောကျခြင်းခံရမှာပဲ....ပုပ်ရဟန်းမင်းကြီး ဆာဂီကိုယ်တိုင်ကကို သူ့ကိုအလေးပေးလာနိုင်တယ်....မှော်တလင်းကျောက်နဲ့ မှော်စာလိပ်တွေက ဘယ်အချိန်ပြန်ရှာရှာရပါတယ်...ဒါပေမယ့် ဒီလိုအလားအလာအများကြီးရှိတဲ့လူနဲ့ ရင်းနှီးကျွမ်းဝင်ဖို့ဆိုတာက ငါတို့လိုသာမန်အဆင့်သူတော်စဥ်တွေအတွက်က အင်မတန်ခဲယဥ်းလှတဲ့အခွင့်ရေးပဲကွ....."

လူစီယာနိုမှာ အနည်းငယ်ကြာစဥ်းစားကြည့်လိုက်ပြီး နားလည်သဘောတူသွားတော့သည်။

"ဒါဆို ငါတို့တွေဘာဆက်လုပ်ရမှာလဲ....." သူမေးလိုက်သည်။

"မမေ့လိုက်နဲ့ ငါတို့တွေအလတ်ဇန္ဒားရဲ့အမိန့်မှန်သမျှကို နာခံရမယ်..." ဇိုလာ၏ မျက်လုံးများတောက်ပသွားသည်။ "ဒါက လောင်းကစားလုပ်နေသလိုဆိုပေမယ့်...ငါတို့ဘက်မှာ အားသာချက်တွေအများကြီးရှိတယ်....တကယ်လို့ငါတို့နိုင်သွားပြီဆိုရင် ငါတို့ရဲ့အနာဂတ်တွေလုံးဝမြင့်မားသွားလိမ့်မယ်...ငါတို့တွေ မဟာဘုရားကျောင်းဌာနချုပ်မှာပါ နေရာရလာနိုင်တယ်....ဟီးဟီး...တစ်ဖက်မှာလဲ ငါတို့ရှုံးသွားရင်လဲ ဘာစိုးရိမ်စရာရှိလဲကွာ မှော်တလင်းကျောက်အနည်းငယ်နဲ့ မှော်စာလိပ်တွေပဲရှိတယ် ဒါတွေကမပြောပလောက်ပါဘူး....."

"ဒါဆို ငါတို့ဒီကိစ္စကို ပုပ်ရဟန်းမင်းကြီး ဆာဂီစီသတင်းပို့ဖို့လူတစ်ယောက်လွှတ်လိုက်ရမလား....."

"မလုပ်နဲ့...." ဇိုလာ ထိုအရာကိုကြားသော် ထိတ်လန့်သွားပြီး ခြက်ခြင်းငြင်းဆိုလိုက်သည်။ "အဖိုးကြီးခင်ဗျား မတွေးတတ်ဘူးလားဗျ....အဲ့လိုလုပ်မယ့်အကြံကို ချက်ချင်းခေါင်းထဲကထုတ်ပစ်လိုက်တော့....ခင်ဗျား ဒီကပြန်သွားတာနဲ့ခင်ဗျားရဲ့နောက်လိုက်တွေကို သေချာမှာကြားရမယ်...ဒီအချက်အလက်က လုံးဝအပြင်ကိုပေါက်ကြားလို့မဖြစ်ဘူး....ဒီအချက်လက်ပေါက်ကြားသွားတာနဲ့ ဒီချမ်းဘော့ဒ်ဆိုတဲ့နိုင်ငံငယ်လေးက ချက်ချင်းနာမည်ကြီးလာလိမ့်မယ်....အဲ့ကျရင် ရာထူးကြီးလူတွေရော နာမည်ကြီးလူတွေရော ချမ်းဘော့ဒ်ကို လာရောက်ကြမှာ အဲ့အချိန်ဆိုမင်းရယ်ငါရယ်လို သာမန်သူတော်စဥ်အဆင့်လောက်က ချမ်းဘော့ဒ် ဘုရားကျောင်းမှာဆက်ပြီးနေခွင့်ရှိမှာမဟုတ်တော့ဘူး။ အဲ့လို ဖြစ်သွားပြီဆို အလတ်ဇန္ဒားနဲ့ရင်းနီးဖို့က ပိုပြီးခက်ခဲသွားလိမ့်မယ်....."

လူစီယာနို ထိုစကားများကိုကြားသော် အလွန်အံ့သွားသည်။ အမြန်ခေါင်းငြိမ့်ပြီး သဘောတူလိုက်ရတော့သည်။

ဇိုလာနှင့် သူနှင့်တွဲဖတ်ပုံမှာ မြေခွေးနှင့် ဝံပုလွေကဲ့သို့ပင်။ တစ်ဦးမှာ ဦးနှောက်ရှိပြီးတစ်ဦးမှာခွန်အားရှိသည်ဖြစ်သည်။ ကိစ္စတော်တော်များများတွင် ဇိုလာကသာဆုံးဖြတ်ချက်ချသည်။ ဇိုလာသည် ပို၍အမြင်ကျယ်ပြီး မျှော်မြင်ရှိသောကြောင့်ဖြစ်သည်။ လူစီယာနိုလဲ ဇိုလာ၏ဆုံးဖြတ်ချက်များကို ယုံကြည်ဆောင်ရွက်ခဲ့သောကြောင့် အတိတ်တွင်အောင်မြင်ခဲ့သည့်ကိစ္စများစွာလဲရှိသောကြောင့်ပင်။

ဘုရားကျောင်း၏လျို့ဝှက်အခန်းအတွင်းတွင် သူတို့နှစ်ယောက်လုံးသဘောတူညီချက်တစ်ခုချမှတ်လိုက်ကြသည်။ သူတို့နှစ်ယောက် လုံးအလတ်ဇန္ဒားသည် [ဘုရားသခင်၏ အနှစ်သက်ဆုံးကလေးငယ်]ဖြစ်သည်ဟူသည့်အချက်ကို လက်ခံလိုက်ကြသည်။ ထို့နောက်တွင် အလတ်ဇန္ဒား ပုံမှန်ပြန်ဖြစ်လာပြီးနောက်တွင် ကြိုက်နှစ်သက်သောအရာများကို ဆွေးနွေးညှိနှိုင်းကာ အလတ်ဇန္ဒားနှင့် ဆက်ဆံရေးတိုးတက်လာစေရန် စီစဥ်နေကြ၏။

..........

ဘုရင့်ခန်းမဆောင်ထဲတွင်ဖြစ်သည်။

ဖှေး သေတ္တာနှစ်လုံးကို ဘေးသို့ကပ်ထားလိုက်ပြီး ထောင်မှူးအိုလတ်ဂ်ကိုခေါ်ကာ အမိန့်အနည်းငယ်ညွှန်ကြားလိုက်သည်။ ထို့နောက်တွင် ပေါ်တယ်တစ်ခုဖွင့်ပြီး ဒိုင်ယာဘလိုကမ္ဘာသို့ ဝင်လာခဲ့တော့သည်။

[သူပုန် စခန်း]တွင် လှပသောအမျိုးသမီးသူပုန်အယ်လီနာနှင့် တွေ့ဆုံလိုက်ရသည်။

"ချမ်းဘော့ဒ်က မြေအောက်လိုဏ်ဂူမှာ ဘာတွေရှာဖွေတွေ့ရှိခဲ့သေးလဲ...."

စခန်း၏ မဟာခေါင်းဆောင်အတွက် ယာယီဆောက်လုပ်ထားသောတဲအတွင်းတွင်ဖြစ်သည်။ ဖှေးတဲအတွင်းတွင် ရှိသောပစ္စည်းများကို စိတ်ဝင်စားစွာလိုက်ကြည့်ရင်းမေးလိုက်သည်။

"ဟုတ်တယ်ဆရာ အဲ့တာအံ့သြစရာကောင်းလွန်းတယ်....ချမ်းဘော့ဒ်ရဲ့အနောက်က တောင်တန်းတွေထဲမှာ မြေအောက်မြို့ပျက်ကြီးတစ်ခုရှိနေခဲ့တာပဲ...." အယ်လီနာမြေအောက်လိုဏ်ဂူများအကြောင်းပြောသောအခါတွင် သူမ၏မျက်နှာမှာတောက်ပလာသည်။ "အဲ့တာက တော်တော်ခမ်းနားတဲ့အဆောက်ဦးကြီးတစ်ခုပဲ ကျွန်မ မစ်စတာအိုလတ်ဂ်နောက်ကိုလိုက်သွားပြီး မြေအောက်လိုဏ်ဂူရဲ့ နေရာတိုင်းကိုအသေးစိတ်လေ့လာကြည့်ခဲ့တယ်....လျှောက်လမ်းတိုင်း၊ အခန်းတစ်ခုခြင်းစီကိုရောပဲ...ဘာလို့လဲတော့မသိဘူး ကျောက်လိုဏ်ဂူကြီးတစ်ခုလုံးက ထူးဆန်းပြီးရင်းနှီးသလိုလိုခံစားချက်ကို ပေးနေတယ်...."

"ထူးဆန်းတဲ့ခံစားချက်လား.... "

"ဟုတ်ပါတယ်ဆရာ အရမ်းထူးဆန်းတဲ့ခံစားချက်ပါ တစ်ချိန်ထဲမှာပဲ ရင်းနှီးသလိုနဲ့ မရင်းနီးသလိုခံစားနေရပါတယ်....ကျွန်မအဲ့ အဆောက်ဦးကြီးတစ်ခုလုံးကို တစ်နေရာရာမှာမြင်ဖူးသလိုခံစားနေရတယ်..ဒါပေမယ့် သေချာစဥ်းစားကြည့်ရင်လဲ သဲလွန်စတစ်ခုမှမတွေ့ရဘူး....."အယ်လီနာ အနည်းငယ်ရှက်ရွံ့မိသလိုဖြင့် ခေါင်းငုံ့ကာပြောလိုက်သည်။ "တောင်းပန်ပါတယ်ဆရာ..ကျွန်မအကူညီမပေးနိုင်ခဲ့ဘူး....."

ဖှေး ပြုံးပြီးသူ၏ခေါင်းကိုခါရမ်းကာပြောလိုက်ငည်။ "မစိုးရိမ်ပါနဲ့ အယ်လီနာ...ငါနင့်ကိုသွားစုံစမ်းခိုင်းရတဲ့အကြောင်းရင်က ငါလဲနင့်လိုပဲ ရင်းနှီးသလိုလိုမရင်းနှီးသလိုလိုခံစားချက်ခံစားနေရလို့ပါ.....အဲ့ကိစ္စကိုထားလိုက်တော့ ငါနင့်ကိုကြည့်ခိုင်းစရာတစ်ခုရှိသေးတယ်...ဒီကျောက် မြတ်ရတာနှစ်လုံး ရဲ့ကွဲပြားမှုကိုရှာလို့ရလား...."

မီးစွမ်းအင်တို့ဖြင့် ပြည့်ဝနေသော ကျောက်မြတ်ရတာနှစ်လုံးသည် ဖှေး၏လက်ပေါ်တွင် ပေါ်ပေါက်လာသည်။

"ဘုရားရေ ဒါတွေကမှော်စွမ်းအင်ပါတဲ့ ပတ္တမြားတွေပါလား....."

ကျယ်လောင်သည့် အော်ဟစ်သံနှင့်အတူ အံ့သြသည့်အမူယာသည်အယ်လီနာ၏ မျက်နှာပေါ်တွင်ပေါ်ပေါက်လာသည်။

အယ်လီနာ မှော်ကျောက်တုံးနှစ်ခုကို ဂရုတစိုက်ယူပြီးစစ်ဆေးကြည့်နေသည်။ [မှော်စွမ်းအင်ပါသည့် ပတ္တမြား]များသည် ဒိုင်ယာဘလိုကမ္ဘာတွင် ရှားပါးသည့်ပစ္စည်းများဖြစ်သည်။ အကယ်၍ရှာဖွေတွေ့ရှိပါက ပန်းပဲဆရာသည်ထိုပစ္စည်းကိုအသုံးပြုပြီး မှော်စွမ်းအင်သုံးပစ္စည်းများစွာထုလုပ်နိုင်သည်။ ဤကဲ့သို့ကျောက်မျက်ရတနာကိုအယ်လီနာ ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည်။

သူမ အံ့သြမှုကိုထိန်းချုပ်ပြီး ဂရုတစိုက်လေ့လာကြည့်နေသည်။

သို့သော် ထိုကျောက်တုံးနှစ်ခုတွက် ကွာခြားချက်အနည်းငယ်ကိုပင် သူမရှာမတွေ့ချေ။ အယ်လီနာမှာ အလျှင်စလိုဖြင့် ကောက်ချက်မချသေးပေ။ သူမ ဂရုတစိုက်ဖြင့် ထက်မံစစ်ဆေးကြည့်သည်။

သို့သော် နောက်ဆုံးတွင်သူမတစ်စုံတစ်ခုမှရှာမတွေ့ချေ။ သူမ၏ လှပသောမျက်နှာတွက် မိမိကိုယ်မိမိအားမရသောအမူအယာဖြင့် "တောင်းပန်ပါတယ် ဆရာဖှေး ကျွန်မအမြင်အရဆိုရင် ဒီ[မှော်စွမ်းအင်ပါသော ပတ္တမြားနှစ်လုံး]မှာ ကွဲပြားမှုလုံးဝမရှိပါဘူး။ တူညီတဲ့ပစ္စည်းနှစ်ခုလို့ပဲထင်ပါတယ်....အရွယ်အစားအရရောအထဲမှာသိုလှောင်ထားတဲ့ မှော်စွမ်းအင်အရရောကွာခြားချက်မရှိပါဘူး...."

ဖှေး နားထောင်ပြီးခေါင်းငြိမ့်လိုက်သည်။

သူမှော်ကျောက်တုံးနှစ်တုံးကို သူ၏ထားသိုရာနေရာအတွင်းသို့ပြန်ထားလိုက်ပြီး ဘာမှပြန်မပြောတော့ချေ။

သို့သော် သူ၏ခေါင်းထဲတွင် ပဟေဠိများစွာပေါ်ပေါက်နေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ထိုကျောက်တုံးနှစ်တုံးမှာ တစ်လုံးသည် သူတော်စဥ်ဇိုလာပေးသော လက်ဆောင်သေတ္တာထဲမှဖြစ်ပြီး တစ်လုံးမှာဒိုင်ယာဘလိုကမ္ဘာမှခေါင်းဆောင်တစ်ဦးကို သတ်ဖြတ်ရာမှ ရရှိလာခြင်းဖြစ်သောကြောင့်ပင်။ မူလက ဇိုလာလာဆက်သည့် မှော်တလင်းကျောက်များကိုမြင်လျှင်မြင်ခြင်း ဒိုင်ယာဘလိုကမ္ဘာမှ ကျောက်များဖြစ်သည်ဟုခံစားလိုက်ရသည်။ သို့သော် ထိုအချိန်တွင် သူမသေချာသေးပေ။ သို့သော် ယခုအချိန်တွင် အယ်လီနာပြောသည့်ပုံအရ ဖှေးသည် အေဇာရုတိုက်မှ မှော်တလင်းကျောက်များနှင့်် ဒိုင်ယာဘလိုကမ္ဘာမှ မှော်စွမ်းအင် ကျောက်တုံးများသည်တူညီသောပစ္စည်းများဖြစ်သည်ကို ၁၀၀% သေချာသွားပြီဖြစ်သည်။

ဤရှာဖွေတွေ့ရှိမှုမှာ ဖှေးအားအစီစဥ်အသစ်တစ်ခုရရှိစေသည်။

ဇိုလာဆက်သသော သေတ္တာထဲတွင် မှော်တလင်းကျောက်၄၀၀ ၅၀၀ခန့်ပါဝင်သည်။ ရှားပါးသောကြွယ်ဝမှုကိုလဲ ပြသနေ၏။ အကယ်၍ လုဂိုလိမ်မြို့တော်တွင် အလုပ်များပြီးပြီး လက်မှုသေတ္တာ[ဟိုရာဒရစ်ကုဗတုံး]ကိုရရှိပါက ထိုကျောက်တုံးများကိုအသုံးပြုပြီး သန့်စဥ်သောမှော်စွမ်းအင်များကိုထုတ်လုပ်ကာ မှော်စွမ်းအင်သုံးကိရိယာများထုတ်လုပ်နိုင်လိမ့်မည်ဖြစ်သည်။

ယခုအချိန်တွင်ဖှေး၏ သံသယများမှာ ကွယ်ပျောက်သွားပြီဖြစ်သည်။ ထို့ကြောင့် လူ့တ်ဂိုလိမ့်မြို့သို့သွားပြီး လယ်ဗယ်မြှင့်တင်ရန် ပြင်ဆင်တော့သည်။

"အယ်လီနာ နင်အရင်သွားပြီးပြင်ဆင်ထားလိုက် ချပ်ဝတ်တွေနဲ့ လက်နက်တွေကိုအဆင်သင့်လုပ်ထားတော့ ငါနင့်ကို သူပုန်စခန်းကနေ အရှေ့ဘက်မှာရှိတဲ့မြို့တော် လူ့တ်ဂိုလိမ်ကို လေ့လာဖို့ခေါ်သွားမယ်လေ...ဟီးဟီး..လမ်းမှာတွေ့တဲ့ အဆင့်မြင့်မကောင်းဆိုးဝါးတွေကိုလဲသတ်ကြတာပေါ့...." ဖှေးပြုံးပြီးပြောလိုက်သည်။

"ကန္တာရမြို့တော် လူ့တ်ဂိုလိမ်ကိုလား........"

အယ်လီနာပျော်ရွှင်သွားသည်။ သူမ၏မျက်နှာတွင် အံ့သြနေသောအမူအယာကိုလုံးဝကွယ်ဝှက်ထားခြင်းမရှိပေ။ သူမသည် အသက်၂၀အရွယ်သာရှိသေးသော လူငယ်တစ်ယောက်ပင်။ သူမမွေးလာစဥ်ကတည်းက သူပုန်တိုက်တွင်သာကြီးပြင်းခဲ့ရသည်။ ထို့ကြောင့် မြို့တော်လူ့တ်ဂိုလိမ်ကို သွားရောက်လည်ပတ်ရန်အမြဲမျှော်လင့်နေခဲ့သူဖြစ်သည်။ ဖှေး သူမကို လူ့တ်ဂိုလိမ်မြို့တော်သို့ခေါ်သွားမည်ပြောသည်ကို ကြားလျှင်ကြားချင်းခုန်ပေါက်ပျော်ရွှင်ကာ သွားရောက်ပြင်ဆင်တော့သည်။

ဖှေးလည်း ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် အယ်လီနာ၏ပျော်ရွှင်မှုများကူးစက်သွားတော့သည်။

အယ်လီနာပစ္စ​ည်းများနှင့် လက်နက်များကိုပြင်ဆင်နေချိန်တွင် ဖှေးစစ်ဆေးခိုင်းထားသောပစ္စည်းများ၏အဖြေကိုသိရှိရရန်အတွက် အဖိုးကြီးကိန်းစီသို့သွားသည်။

သို့သော် အဝေးမှကြည့်သည့်အချိန်တွင် အဖိုးကြီးကိန်းသည် သူ၏ပစ္စည်းများကို သွားရေတမြားမြားဖြင့် စစ်ဆေးနေဆဲပင်ရှိသေးသည်ကိုတွေ့ရသည်။ ဖှေးအနားသို့ရောက်ရှိလာသည်အထိ ဖှေးကို မော့ကြည့်ချင်းမရှိသေးပေ။ ပစ္စည်းများကိုစိတ်ဝင်တစားကြည့်ရှုရင်းသူ့ကိုယ်သူသာ​ပြောနေသည်။ "ဒါတော်တော်မယုံနိုင်စရာကောင်းတာပဲ....ဒါမှော်ပညာအမျိုးအစားအသစ်တစ်ခုပဲဟ....ဘာတွေဖြစ်ကုန်တာလဲ....."

ဖှေးကြည့်ပြီး အဖိုးကြီးမှာ အဖြေမရသေးပဲခက်ခဲများတွေ့နေကြောင်းကိုသိလိုက်ရသည်။ ထို့ကြောင့် သူ့အားမေးခွန်းများစွာမေးနေမည်ကို စိုးရိမ်သဖြင့် တစ်ဖက်သို့လှည်ကာ ထွက်ခဲ့တော့သည်။

ထို့နောက်တွင် အမျိုးသမီးပန်းပဲဆရာမ ချယ်စီထံမှ အပ်နှံထားသော သံမဏိမှော်တူကိုသွားရောက်ယူဆောင်သည်။ ချယ်စီသည်လည်းဖှေးအပေါ်တွင် အရင်လိုပင်တရင်းတနှီးပင်ဆက်ဆံ၏။ ချယ်စီ၏ မယုံကြည်နိုင်သောအကြည့်များအောက်တွင် သူ၏ထားသိုရာနေရာအတွင်းမှ မှော်တလင်းကျောက်တစ်ချို့ကိုထုတ်ပြီး ချယ်စီကိုပေးလိုက်သည်။ "ဟေးချယ်စီ ဒီကျောက်တုံးတွေက နင့်ကိုမှော်ပစ္စည်းတွေထုလုပ်တဲ့နေရာမှာ အထောက်ကူဖြစ်စေမယ်ထင်တယ်...."

"ဟမ်...ဒါတွေက မှော်စွမ်းအင်ပါတဲ့ကျောက်မြတ်ရတနာတွေပါလား.....ဒါပေမယ့် ဆရာဖှေး ကျွန်မက မှော်ကျောက်တုံးတွေကိုအသုံးပြုပြီး မှော်ပစ္စည်းတွေထုလုပ်တာမကျွမ်းကျင်သေးဘူးလေ...ကျွန်မကြောင့် ဒီကျောက်တုံးတွေအလကားဖြစ်သွားနိုင်တယ်...."

"ဟားဟား ရပါတယ်...ဒီကျောက်တုံးတွေနဲ့ လေ့ကျင့်ကြည့်ဖို့သုံးပေါ့....ဒါတွေက နင်လေ့ကျင့်ဖို့ယူလာတာ...."

"ဟမ်...ဒီလောက်တန်ဖိုးကြီးရှားပါးတဲ့ ကျောက်မြတ်တွေကို လေ့....လေ့ကျင့်ဖို့သုံးရမှာလား...." ချယ်စီမှာ သူမကိုယ်သူမ နားကြားမှားလေသလားဟုပင် ထင်လိုက်မိသည်။

All Chapters