← Chapters

အခန်း (၉၃)

Vol. 7 Ch. 93

အခန်း (၉၃)

Vol. 7 Ch. 93

ကြွားဝါတတ်သောလူတစ်ယောက်အနေဖြင့် ဖှေးချယ်စီကဲ့သို့ အလှပဂေးတစ်ယောက်သည် သူ့အားအထင်ကြီးအားကျသွားခြင်းကို အလွန်ကျေနပ်မိနေသည်။

"ဟီးဟီး ဟားဟား...ဟုတ်တယ်လေ အဲ့တာနင်လေကျင့်ဖို့ပဲ..ကိစ္စမရှိပါဘူးတကယ်လို့နင်မကျွမ်းကျင်သေးလို့ အဲ့တာတွေကိုဖြုန်းတီးမိခဲ့ရင်တောင် ငါ့မှာအများကြီးကျန်ပါသေးတယ်....ဒါကြောင့်မို့လို့ နင်လေ့ကျင့်ပြီးပြီး မှော်စွမ်းအင်သုံးလက်နက်ချပ်ဝတ်တွေထုလုပ်တာကိုသေချာလေ့ကျင့်ထားလိုက်......ငါကျွမ်းကျင်ပန်းပဲဆရာမ ချယ်စီစီမှာ မှော်ပစ္စည်းတွေအပ်ဖို့မစောင့်နိုင်တော့ဘူး....."

"ဒါဆို အင်း....ကျွန်မဘာပြောမှန်းတောင်မသိတော့ဘူး. ကျေးဇူးတင်ပါတယ် ဆရာဖှေး....ဒီနေ့ကစပြီး ​ဆရာ့အတွက် လက်နက်ပြုပြင်တာတွေ ထုလုပ်တာတွေအတွက် လက်ခတစ်ပြားမှမယူပဲ အခမဲ့လုပ်ဆောင်ပေးပါမယ်....." ချယ်စီမှာ ဖှေး၏ရက်ရောမှုကြောင့် ကျေးဇူးတင်ပျော်ရွှင်သွားသည်။ "ဒီဆိုင်မှာ ဆရာကြိုက်တဲ့ပစ္စည်းတစ်ခုခုကိုလဲ ယူသွားနိုင်ပါတယ်......"

ဖှေး အလွန်ပျော်ရွှင်သွားသည်။

အရိုးသားဆုံး​ပြောပါက သူဒိုင်ယာဘလိုကမ္ဘာ၏ ဒုတိယမြေပုံကြီးဖြစ်သော လူ့တ်ဂိုလိမ်မြို့ကို ဝင်နိုင်သည့်အချိန်ကတည်းက ချာစီ၏ဆိုင်မှပစ္စည်းများသည် သူ့အတွက်အနည်းငယ်အဆင့်နှိမ့်သွားပြီဖြစ်သည်။ ဖှေး ချယ်စီအပေါ်တွင်ကောင်းရခြင်းမှာ သူမအားလူပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ဂရုစိုက်သောကြောင့်ပင်။ အတိအကျဆိုပါက ချယ်စီ၏ ပန်းပဲဆရာမဟူသော အချက်အလက်ကြောင့်ပင်။

ယခင်ကသူကြိုစားခဲ့သည့်အရာအားလုံးမှာ မည်သည့်နေရာတွင်မဆို ဒိုင်ယာဘလိုကမ္ဘာတွင်ဖြစ်စေ၊ အေဇာရုတိုက်၏ ချမ်းဘော့ဒ်တွင်ဖြစ်စေ မှော်ပစ္စည်းများထုလုပ်နိုင်သော ချောမောသည့်ပန်းပဲဆရာမချယ်စီနှင့် ရင်းနှီးလို၍ဖြစ်သည်။ ဤသည်မှာ လျစ်လျှူရှု၍မရသော ရတနာတစ်ပါးပင်။ ချယ်စီသည် ယခုအချိန်တွင် သာမန်ပန်းပဲဆရာမတစ်ဦးသာဖြစ်သေးသော်လ​ည်း သူမသည် လျို့ဝှက်ထူးဆန်းသည့် သံမဏိမှော်တူတစ်ချောင်းကိုပိုင်ဆိုင်ထားပြီး၊ အရည်အချင်းလဲအလွန်ရှိသည်။ ထို့ကြောင့်အနာဂတ်တွင် အကန့်သက်မဲ့သော အလားအလာများစွာရှိ၏။ ယခုအချိန်တွင် သူမသည် ဖှေး၏ ထောက်ပံ့မှုကိုပါ ရရှိထားပြီဖြစ်သဖြင့် သာမန်ပန်းပဲဆရာမတစ်​ယောက်အဆင့်မှ တီထွင်ဖန်တီးသူအဆင့်သို့ရောက်ရန်မှာ ဖြစ်နိုင်သွားပြီဖြစ်သည်။ ဤနည်းဖြင့် သူမသည်လည်း ဖှေး၏အနာဂတ်အစီစဥ်များတွင် ပါဝင်ရန် အရေးပါသည့်လူတစ်ယောက်ဖြစ်သည်။

ဤသည်မှာ အနာဂတ်အတွက် ရင်းနှီးမြုပ်နှံထားခြင်းဖြစ်သည်။

ဒိုင်ယာဘလို ကမ္ဘာတွင် မှော်စွမ်းအင်ပါရှိသည့် ကျောက်မြတ်ရတနာများမှာ အလွန်ရှားပါးတန်ဖိုးကြီးလှသဖြင့် ဒဏ္ဍာရီလာပစ္စည်းများကဲ့သို့ပင်။ သို့ရာတွင် အေဇာရုတိုက်တွင် ထိုမျှလောက်မရှားသည်ကို ဇိုလာနှင့်လူစီယာနိုတို့ အလုံးရေ၃၀၀ ၄၀၀ခန့်လာဆက်သည်ကိုကြည့်ခြင်းဖြင့် သိရှိနိုင်သည်။

သူတို့နှစ်ယောက်ပြုံးရွှင်စွာဖြင့် စကားပြောနေဆဲမှာပင် အယ်လီနာမှာ အထုပ်ပိုးများပြင်ပြီးသဖြင့် အဝေးမှလက်လှမ်းပြနေသည်ကိုဖှေးတွေ့လိုက်ရသည်။ ထို့ကြောင့် ဖှေးချယ်စီအား နှုတ်ဆက်ပြီး အယ်လီနာထံသို့ ထွက်လာခဲ့တော့သည်။

သို့သော် သူအယ်လီနာထံသို့ရောက်သောအခါ ထိတ်လန့်အံ့သြသွားသည်။

လှပသည့်အမျိုးသမီးသူပုန် အယ်လီနာမှာ လက်နက်နှင့် တိုက်ခိုက်ရေးပစ္စည်းများကိုသာ ပြင်ဆင်လာခဲ့ခြင်းမဟုတ်ပေ။ ကျန်တစ်ခြားပစ္စည်းများကိုလဲ အိတ်ကြီးအိတ်ငယ်များဖြင့် ထုတ်ပိုးလာသည်ကိုတွေ့ရသည်။ ထမင်းချက်ရန်အတွက် အမဲရောင်အိုးအသေးလေးတစ်ခု၊ မီးဖိုရန်ထင်းများ၊ အသီးအရွက်များ၊ အသားခြောက်များနှင့် တဲထိုးရန်ရွက်ဖျင်စများယူဆောင်လာသည်ကို ဖှေးတွေ့လိုက်ရသည်။ အထုပ်ပိုးများကိုသယ်ဆောင်ရလွယ်ကူစေရန်အတွက် နွားတစ်ကောင်ဆွဲထားသော လှည်းအလတ်စားတစ်လုံးပါပါသေးသည်။

ငယ်ရွယ်လှပသော အမျိုးသမီးဆယ်ယောက်ကျော်ခန့် လှည်းဘေးတွင်ဝိုင်းကာ မျက်ရည်ဝဲနေကြပြီး အယ်လီနာအား နှုတ်ဆက်စကားပြောနေကြသည်။

"ဟမ် နင်တို့ဘာလုပ်နေကြတာလဲ........"ဖှေး ရုတ်တရက်အံ့သြသွားပြီးမေးလိုက်သည်။

"ဒီပစ္စည်းတွေက လူ့တ်ဂိုလိမ်ကိုသွားတဲ့ခရီးမှာ အသုံးဝင်လာနိုင်တဲ့ပစ္စည်းတွေလေ...." လှပသည့်မိန်းကလေးမှာ ဖှေးအား ငပိန်းတစ်ယောက်အားကြည့်သည့်အကြည့်မျိုးဖြင့်ကြည့်ကာ ရှင်းပြလိုပ်သည်။ "ခရီးက မက်စောက်တဲ့တောင်တန်းတွေရော သေစေနိုင်တဲ့ကန္တရာရတွေရောကိုဖြတ်ကျော်ပြီး မိုင်နှစ်ထောင်လောက်သွားရမှာလေ အနည်းဆုံး၂လ၃လလောက်တော့သွားရမယ်ထင်တယ်....ရိက္ခာပစ္စည်းတွေ လုံလုံလောက်လောက်ယူသွားရမယ်...."

"ဟုတ်တယ် ဆရာဖှေး ဆရာညီအမအယ်လီနာကိုလဲ သေချာဂရုစိုက်ပေးမှရမယ်......" ကျန်ရှိသည့် မိန်းမငယ်လေးများကလည်း စိုးရိမ်ပြီးဝင်ပြောသည်။ "ဟုတ်တာပေါ့ ဆရာ့ကိုယ်ဆရာလဲဂရုစိုက်ရမှာပဲ...ဒိုင်ယာဘလိုက လမ်းတစ်လျှောက်မှာလဲ မကောင်းဆိုးဝါးတွေအများကြီးစေလွှတ်ထားတယ်လို့လဲပြောကြတယ်...."

"........"

ဖှေး ရှင်းပြနေရန်အတွက် အချိန်အများကြီးမရှိပေ။ သူ အယ်လီနာ၏ သေးသွယ်သောလက်များကိုဆွဲယူပြီး အရှေ့ဘက်ရှိ ဝါးရစ်ထံသို့ခေါ်သွားပြီး [အရှေ့သို့သွားမည်]ဟူသော အချက်ကိုရွေးချယ်လိုက်သည်။ ထို့နောက်တွင် အလင်းတန်းတစ်ခုတောက်ပသွားပြီး အပြာရောင်ဝတ်စုံနှင့် ဝါးရစ်လဲလူအများမြင်ကွင်းမှပျောက်ကွယ်သွားတော့သည်။

ကျန်သည့်လူများ ကြက်သေသေသွားကြတော့သည်။

"ဒါဆို အန်ဒါဆန်ကို သတ်ပြီးတဲ့နောက်မှာ စခန်းက အသုံးမကျဆုံးလူ ဝါးရစ်က အဲ့လိုအံ့သြစရာအစွမ်းရရှိခဲ့တယ်ဆိုတာ အမှန်ပဲပေါ့....ငါတို့ကိုရော သူလူ့တ်ဂိုလိမ်မြို့ကို ပို့ပေးနိုင်မလားမသိဘူး....."

...........

...........

လူ့တ်ဂိုလိမ် မြို့တော်တွင်ဖြစ်သည်။ အယ်လီနာ သူပန်စခန်းတွင်ကြားရုံသာ ကြားဖူးခဲ့သည့်မြို့တော်ကြီးကို အံ့သြစွာဖြင့်အသေးစိတ်ကြည်ရှုနေသည်။

သို့သော် သူမအား စိတ်ပျက်စေသည်မှာ လူ့တ်ဂိုလိမ်မြို့သည် စာအုပ်များထဲတွင်ဘဖတ်ခဲ့ရငကဲ့သို့ စည်စည်ကားကားမရှိပေ။ ထိုအစားညှိမှိုင်းသော လေထုဖြင့်ပြည့်နှက်နေသည်။ လေပြင်းသည် အဝါရောင်ဝဲများကိုသယ်ဆောင်သွားပြီး မြို့ကြီး၏ခမ်းနားသောလမ်းပေါ်တွင် သဲများဖြင့်ဖုံးလွှမ်းနေ၏။ လမ်းသွားလမ်းလာဦးရေမှာ အလွန်ပင်နည်းပါးလှသည်။ တွေ့ရသောလူများ၏ မျက်လုံးများမှာ တုံးအအဖြင့် အသက်ဝိဉာဥ် ကင်းမဲ့နေကြသည်။ [သူပုန်စခန်း]မှ လူများလောက်ပင် ရွှင်ရွှင်ပြပြမရှိချေ။

သို့သော် ဖှေး၏ဒိုင်ယာဘလိုကမ္ဘာတွင်ရှိနေနိုင်သောအချိန်မှာအကန့်သက်နှင့်ဖြစ်သဖြင့် အယ်လီနာ ကန္တာရမြို့တော်ကြီးကိုအသေချာလှည့်ပတ်ကြည့်ရှုရန်အတွက် အချိန်မရှိချေ။ ထို့ကြောင့် ဖှေးနှင့် အတူမြို့ထဲမှနေ၍တောထဲသို့သာ လိုက်ပါသွားရတော့သည်။ [ကျောက်တုံးထူသော စွန့်ပစ်​မြေ]ကို ဖြတ်ကျော်ပြီး မြောက်ဘက်သို့ခရီးနှင်လာရာ မကြာမှီအချိန်တွင် [ခြောက်တွေ့သော တောင်တန်းများ]တွင်တည်ရှိသည့် [သေခြင်း၏ ခန်းမဆောင်]သို့ရောက်ရှိလာခဲ့တော့သည်။ ထို့နောက်တွင် အဆုံးမဲ့သတ်ဖြတ်ခြင်းတို့ စတင်တော့သည်။

ယခုတစ်ကြိမ်အလုပ်မှာ [သေခြင်းတရား၏ ခန်းမဆောင်] မြေအောက်လိုဏ်ဂူတွင်တည်ရှိနေသည့် [ဟိုရာဒရစ် ကုဗတုံး]ကို ရှာဖွေရန်ဖြစ်သည်။

ထိုမယုံနိုင်စရာကောင်းသည့် ကုဗပုံသေတ္တာမှာတစ်ခြားအလုပ်များပြီးမြောက်ရန်အတွက် မရှိမဖြစ်လိုအပ်သည့်ပစ္စည်းတစ်ခုဖြစ်သည်။ ထို့အပြင်ဖှေး ထိုသေတ္တာကိုအသုံးပြုရန်တစ်ခြားရည်ရွယ်ချက်များလဲရှိသေးသည်။ သူတွင်ရှိသော မှော်တလင်းကျောက်များကို ဓာတ်ပေါင်းရန်နှင့် တစ်ခြားသောအရေးကြီးပစ္စည်းများတွင်အသုံးချရန်တို့ဖြစ်သည်။

[သေခြင်း ခန်းမဆောင်]၏မြေအောက်လိုဏ်ဂူများထဲတွင် မရေတွက်နိုင်သော မကောင်းဆိုးဝါးများစွာလှည့်လည်သွားလာနေကြသည်။

ထိုမကောင်းဆိုးဝါးများသည် သူပုန်တိုက်ရှိမကောင်းဆိုးဝါးများထက် တိုက်ခိုက်ခြင်းစွမ်းရည်နှင့် ခုခံခြင်းစွမ်းရည်တို့များစွာသာလွန်ကြသည်။ မကောင်းဆိုးဝါးအများစုမှာ တစ်ခါမှမမြင်ဖူးသေးပေ။ အရိုးခြောက်များနှင့်တူသော [ပြန်လည်နိုးထလာသော ဝိညင်]များ၊ သေဆုံးပြီးချိန်တွက် အဆိပ်ငွေ့များ ထုတ်လွှတ်တတ်သည့် ဖုတ်ကောင်များ၊ ရှေးခေတ်အီဂျစ်နတ်ဆိုးများနှင်အတူသော မကောင်းဆိုးဝါးအမျိုစားသစ်များစွာကိုတွေ့ရသည်။

အဆုံးဆမဲ့သတ်ဖြတ်မှုများ ဆက်လက်ဖြစ်ပွားသည်။

အဆုံးဆမဲ့ နာကြင်စွာအော်ဟစ်သံများ၊ ပန်းထွက်နေသောသွေးများ၊ လွှင်စင်လာသောအရိုးစများနှင့်အတူ အချိန်မှာတရွေ့ရွေ့ကုန်ဆုံးလာသည်။

ဖှေး၏ အချိန်အကန့်သက်ဖြစ်သော ၄နာရီပြည့်ခါနီးတွင်ပင် သူတို့နှစ်ယောက်လုံးမြေအောက်လိုဏ်ဂူ၏ တတိယထက်သို့ရောက်လာခဲ့ကြသည်။ [ဟိုရာဒရစ် ကုဗတုံး]အားသိမ်းဆည်းထားသည့် ခေါင်းဆောင်ကြီး[သွေးမှော်ကဝေ]ထံသို့ရောက်ရှိရန် အခန်းအနည်းငယ်သာဖြတ်ကျော်ရတော့မည်ဖြစ်သည်။

ဖှေးတွက်ချက်ကြည့်လိုက်ရာသူသည် အချိန်အကန့်သက်မပြည့်မှီ ခေါင်းဆောင်ကြီးအားသတ်ဖြတ်မည်မဟုတ်ဟုခန့်မှန်းမိသည်။ ထို့ကြောင့် လက်ရှိနေရာတွင် ရပ်နားထားလိုက်ပြီး မြို့ပြောင်းစာလိပ်ကိုအသုံးပြုကာ လူ့တ်ဂိုလိမ့်မြို့ထဲသို့ပြန်လာခဲ့သည်။ ထို့နောက်တွင် အပြာရောင်ဝတ်စုံနှင့် ဝါးရစ်ထံသို့သွားကာ [အနောက်သို့သွားရန်]ကိုရွေးချယ်ပြီး [သူပုန်စခန်း]သို့ပြန်လာခဲ့တော့သည်။

ဖှေး သတ်ဖြတ်ရမှရရှိလာသောပစ္စည်းများကိုအယ်လီနာအား စီစဥ်ဆောင်ရွက်ရန်လွှဲအပ်လိုက်သည်။ ထို့နောက်တွင်တိတ်ဆိတ်သောနေရာတစ်ခုကိုရှာပြီး အေးစက်စက်အသံနှင့်အဆက်သွယ်ရရန်ကြိုးစားပြီး ဆေးပုလင်းတချို့ရွှေ့ပြောင်းလိုက်သည်။ ထို့နောက်တွင် အချိန်ပြည့်သွားခဲ့သဖြင့် ပေါ်တယ်တစ်ခုဖွင့်ပြီး ဒိုင်ယာဘလိုကမ္ဘာမှတိုက်ရိုက်ထွက်ခွာလာခဲ့တော့သည်။

All Chapters