← Chapters

အခန်း (၉၄)

Vol. 7 Ch. 94

အခန်း (၉၄)

Vol. 7 Ch. 94

ချမ်းဘော့ဒ်မြို့ ဘုရင့်နန်းတော်ဆောင်တွင်ဖြစ်သည်။

ဖှေး ပလ္လင်အထက်တွက်ထိုင်နေရင်း သူ၏လယ်ဗယ်မြင့်တင်ရာတွင် လက်ရှိအသုံးပြုနေသည့်ဗျူဟာကို ပြန်လည်သုံးသပ်ကြည့်နေသည်။

၄နာရီအကြာတွင် လူရိုင်းဇာတ်ကောင်သည် ဖြည်းညင်းစွာဖြင့် လယ်ဗယ်၂၁သို့ရောက်ရှိလာခဲ့သည်။ ဖှေး ကျွမ်းကျင်မှုဆိုင်ရာအမှတ်၁မှတ်ကို ရက်စက်သောရိုက်ချက်တွင် အသုံးပြုခဲ့ပြီး သူ၏ခွန်အားများမှာ ထက်မံ၍တိုးမြင့်သွားပြန်ပြီဖြစ်သည်။

လယ်ဗယ်မြင့်လာသည်နှင့်အမျှ လယ်ဗယ်တစ်ခုမှတစ်ခုသို့ တိုးမြှင့်ရန်လိုအပ်သည့်အတွေ့ကြုံအမှတ်(exp)များလည်း ပိုများလာသောကြောင့် လယ်ဗယ်တတ်နှုန်းမှာလဲ ပို၍နှေးကွေးလာတော့သည်။ ယခင်က ၄နာရီဟူသောအချိန်တွင် အဆင့်၃ခု ၄ခုခန့်တတ်ရန်အချိန်လုံလောက်သော်လည်း ယခုအချိန်တွင်လယ်ဗယ်တစ်ခုတတ်ရန်ပင် မလုံလောက်ချင်တော့ပေ။ သူ၏လယ်ဗယ်မြှင့်တင်နှုန်းမှာ သိသိသာသာလျှော့ကျသွားသဖြင့် အပြင်လောကတွင်သူ၏ခွန်အားများတိုးတတ်လာသည့်နှုန်းမှာ ပို၍နှေးလာတော့သည်။

"ငါလူရိုင်းဇာတ်ကောင်ကို ခနထားပြီးတစ်ခြားဇာတ်ကောင်၆ကောင်ကိုအာရုံစိုက်ပြီး လယ်ဗယ်မြှင့်ရင်ကောင်းမလားမသိဘူး.... "

ဖှေးခေါင်းထဲတွင် အကြံတစ်ခုပေါ်လာသည်။

ဒိုင်ယာဘလိုကမ္ဘာတွင် ဇာတ်ကောင်တစ်ခုခြင်းစီတိုင်းတွင် ထူးခြားသောအစွမ်းအမျိုးမျိုးကိုပိုင်ဆိုင်ထားသည်။ ဖှေးသူ၏ ဇာတ်ကောင်တစ်ခုခြင်းစီတိုင်းကို သူပုန်စခန်စမြေပုံအား အောင်မြင်အောင်ဆော့ကစားနိုင်ပြီး ဇာတ်ကောင်တစ်ကောင်ခြင်းစီတိုင်း၏အစွမ်း၇မျိုးကိုရရှိပါက သူ၏စွမ်းရည်များသည် လူရိုင်းဇာတ်ကောင်တစ်ကောင်တည်းကို အာရုံစိုက်ခြင်းထက်ပို၍တိုးတတက်လာနိုင်သည်။ ချမ်းဘော့ဒ်၏ကျောက်တံတားပေါ်တွင် ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် ဖှေး မှော်ဆရာဇာတ်ကောင်နှင့် လူရိုင်းဇာတ်ကောင်တို့၏အစွမ်းများကိုပေါင်းစပ်အသုံးပြုပြီး ကြယ်သုံးလုံးအဆင့် စစ်သည် လမ်ဒီအား အနိုင်ယူလိုက်သကဲ့သို့ပင်။

ဖှေး ဇာတ်ကောင်၇မျိုးလုံးဖြင့် [သူပုန်စခန်း]မြေပုံအား အနိုင်ယူနိုင်ပါက လျို့ဝှက်ထူးဆန်းသော အေးစက်စက်အသံကြီးသည် သူ့အား နောက်ထပ်ဆုတစ်ခု ထပ်ပေးလျှင်ပေးလိမ့်မည်ဟု သူတွေးမိသည်။

ဖှေး တခြားနည်းလမ်းများကိုလည်း စဥ်းစားမိသည်။

ဒိုင်ယာဘလို ကမ္ဘာမှဇာတ်ကောင်များ၏အစွမ်းငည် သူတို့၏ လယ်ဗယ်အပေါ်တွင်သာ မူတည်သည်မဟုတ်ပေ။ စွမ်းအားမြင့်သော ပစ္စည်းများတပ်ဆင်ခြင်းသည်လည်း ဇာတ်ကောင်၏အစွမ်းကို သိသိသာသာတိုးမြှင့်ပေးသည်။ ပစ္စည်းကောင်းကောင်းလိုချင်ပါက မကောင်းဆိုးဝါးများကိုသတ်ဖြတ်၍ရှာဖွေခြင်းပင် ကွန်ပျူတာဇာတ်ကောင်များထံမှလဲ ကိုယ်​ကြိုက်နှစ်သက်သည့်ပစ္စည်းများကို ရွေးချယ်ဝယ်ယူနိုင်သည်။

သို့သော် သူ့စိတ်ထဲတွင်ရှိသော မေးခွန်းမှာ ထိုသို့ဝယ်ယူရန်အတွက် ရွှေဒင်္ဂါးအများအပြားကိုဘယ်ကရရှိနိုင်သနည်းဟူသောအချက်ပင်။

ထို့အချိန်တွင် ဖှေး [ဟိုရာဒရစ်ကုဗတုံး]နှင့် မှော်တလင်းကျောက်များကို စဥ်းစားမိသည်။ ယခုအချိန်တွင် ဖှေးသူ၏အကြံစည်အလုပ်ဖြစ်မဖြစ် သေချာနိုင်ရန်အတွက် အချက်အလတ်များစွာရရှိရန်လိုအပ်သေးသည်။ ဖှေးတွေးထားသည့်အတိုင်းဆိုပါက သူသည်အဆုံးဆမဲ့သော ရွှေဒင်္ဂါးပြားများရရှိနိုင်မည်ဖြစ်သည်။

အချိန်များကုန်ဆုံးသွားသည်မှာ မြန်ဆန်လှသည်။

ပုံမှန်အားဖြင့် တိတ်ဆိတ်ငြိမ်သက်နေသော ချမ်းဘော့ဒ်မြို့ကြီးမှာ တဖြည်းဖြည်းစည်စည်ကားကားဖြစ်လာ၏။

လာမည့်လေးရက်တွင် ငယ်ရွယ်သည့် ဘုရင်အလတ်ဇန္ဒားသည် ၁၈နှစ်ပြည့်တော့မည်ဖြစ်ပြီး ဇီးနစ်အင်ပါယာမှ သံတမန်များက တရားဝင်ထီးနန်းတင်မြှောက်ပေးကာ ချမ်းဘော့ဒ်၏ ၈ယောက်မြောက်ဘုရင်တစ်ပါးဖြစ်လာတော့သည်။

လွန်ခဲ့သည့် နှစ်ပတ်ခန့်အချိန်တွင် ချမ်းဘော့ဒ်တွင်ထူးဆန်းသည့်ကိစ္စများ အများအပြားဖြစ်ပျက်ခဲ့သည်။ ယခင်က လှောင်ပြောင်ခြင်းခံရသည့် ကျပ်မပြည့်သည့် အလတ်ဇန္ဒားသည် ချမ်းဘော့ဒ်မြို့သူမြို့သားများနှလုံးသားထဲမှလေးစားရသည့် ဘုရင်တစ်ပါးဖြစ်လာခဲ့သည်။ ထို့​ကြောင့်ပင် တိုင်းပြည်ကြီးတစ်ခုလုံးသည် ယနေ့သို့ရောက်ရှိရန် မျှော်မှန်းနေကြခြင်းဖြစ်သည်။

အချိန်နီးကပ်လာသည်နှင့် အမျှလူတိုင်းသည် ဘုရင်၏တော်ဝင်ထီးနန်းတက်ပွဲအတွက် ပျော်ရွှင်စွာပြင်ဆင်နေကြသည်။ သက်ဆိုင်ရာတာဝန်များဖြင့် အလုပ်များနေကြသော ချမ်းဘော့ဒ်၏ အကြီးကဲနှစ်ယောက်ဖြစ်သည့် ဘရွတ်နှင့် ဘတ်စ်တို့ပင် လက်ရှိအလုပ်များကို အာရုံမရမိပဲ အလတ်ဇန္ဒား၏ ထီးနန်းတက်ပွဲကိုသာအောင်မြင်စွာပြီးဆုံးရေးအတွက် စိတ်အားထက်သန်စွာဝိုင်းဝန်းလုံးပန်းနေကြသည်။

ချမ်းဘော့ဒ်တိုင်းပြည်၏ ထုံးတမ်းစဥ်လာများအရ အခမ်းနားကျင်းပမည့်နေရာမှာ ချမ်းဘော့ဒ်မြို့အတွင်းရှိ အရှေ့ဘက်တောင်တန်းများပေါ်တွက်ဖြစ်သည်။ လာမည့်၄ရက်တွင် ရွှေနေရောင်ခြည်သည် ချမ်းဘော့ဒ်တောင်တန်းများထံသို့ကျရောက်ရောက်ခြင်းအချိန်သည် အလတ်ဇန္ဒားထီးနန်းတတ်မည့်အချိန်ဖြစ်တော့သည်။

အခမ်းနားကို အရိုးရှင်းဆုံးသာပြင်ဆင်ရန်ဖှေး အကြိမ်ကြိမ်တောင်းဆိုသော်လည်း အခမ်းနားအတွက်ပစ္စည်းများစွာ အသုံးပြုခဲ့ကြသည်။ လုပ်အားပေးသူများ တစီတတန်းကြီးသည် အရှေ့ဘက်တောင်တန်းပေါ်သို့ ပစ္စည်းများတက်ကြွစွာသယ်ဆောင်နေကြသည်ကိုတွေ့နိုင်သည်။ လူတိုင်းတက်ကြွစွာလုပ်အားပေးနေကြသည်။ သူတို့အားလုံးဤအခမ်းနားကိုချမ်းဘော့ဒ်တိုင်းပြည်တွင် အကြီးကျယ်ဆုံးအခမ်းနားကြီးတစ်ခုအဖြစ်အောင်မြင်စွာ ပြီးမြောက်လိုကြသည်။ အလတ်ဇန္ဒား၏ အပြုမူများကြောင့် လူအများ၏ ယုံကြည်မှုကိုရရှိခဲ့သည့်အတွက် လူအများစုသည် ဤကဲ့သို့ကြင်နာတတ်သည့်ဘုရင်မှ အုပ်ချုပ်မည်ကိုနှလုံးသားထဲမှလိုလား ထောက်ခံကြသည်။ ယောက်ျားလေးများ၊ မိန်းကလေးများ၊ သက်ကြီးရွယ်အိုများ၊ ငယ်ရွယ်သူများ လုပ်အားပေးရန်အပြိုင်အဆိုင်ဖြစ်နေကြသည်။ ချမ်းသာသူများက ငွေကြေးဖြင့် ထောက်ပံ့ကြသည်။ ခွန်အားဗလရှိသူများက ခွန်အားဖြင့်လုပ်အားပေးကြသည်။ ကုန်သည်များက လိုအပ်သည့်ပစ္စည်းများ ကူညီကြသည်။ လူတန်းစားအမျိုးမျိုးမှာ ဤကဲ့သို့အခမ်းနားဖြစ်မြောက်ရေး အဖွဲ့စည်းကြီးတစ်ခုကဲ့သို့လှုပ်ရှားနေကြသည်။

လူအများအား အံ့သြစေသည်မှာ မဟာဘုရားကျောင်းမှ သူတော်စဥ် ဇိုလာနှင့် မြင့်မြတ်သောသူရဲကောင်း လူစီယာနိုတို့ပင် အခမ်းနားဖြစ်မြောက်ရေးအဖွဲစည်းကြီးတွင် ပါဝင်ကူညီလုပ်အားပေးနေကြခြင်းပင်။ ပညာသင်သူတော်စဥ်များနှင့် မဟာဘုရားကျောင်းမှအခြွေရံများသည် တစ်ခါမှမကြုံဖူးသည့် တက်ကြွမှုမျိုးဖြင့် ကူညီနေကြပြီး၊ ငွေအကူညီများစွာလဲထောက်ပံ့ထားသည်။ မနက်တိုင်းမနက်တိုင်းတွင် ဇိုလာနှင့် လူစီယာနိုတို့ကိုယ်တိုင်ဦးဆောင်ပြီး အခမ်းနားလုပ်မည့်နေရာတွင် အလေးနက်ဆုတောင်းသန့်စဥ်ခြင်းပြုလုပ်နေကြသည်။ ထီးနန်းတက်မည့်သူမှာ ဘုရင်အလတ်ဇန္ဒားမဟုတ်ပဲ သူတို့၏ပုပ်ရဟန်းမင်းကြီး ဆာဂီများလားဟုပင်ထင်မိကြ၏။

တစ်ချိန်ထဲမှာပင် ချမ်းဘော့ဒ်တိုင်းပြည်သို့ အဝေးမှရောက်ရှိလာသော ဧည့်သည်များလဲရှိသည်။

အလတ်ဇန္ဒား အသက်ပြည့်အရွယ်ရောက်ပြီး ထီးနန်းတက်တော့မည်ဟူသည့်သတင်းကြားသဖြင့် အနီးပတ်ဝန်းကျင်ရှိ ဇီးနစ်အင်ပါယာအဖွဲ့ဝင်နိုင်ငံများကလဲ ဂုဏ်ပြုစကားပြောရန်အတွက်သံတမန်များစေလွှတ်ထားခြင်းဖြစ်သည်။ ဇီးနစ်အင်ပါယာတွင် အဖွဲ့ဝင်နိုင်ငံပေါင်း၂၅၀ရှိသည်။ ချမ်းဘော့ဒ်အား ဂုဏ်ပြုစကားပြောသည့်တိုင်းပြည်များမှာ အစိတ်ပိုင်းသေးသေးလေးမျှသာဖြစ်သည်။ ချမ်းဘော့ဒ်သည်လည်း အနိမ့်ဆုံးအဆင့်၆ အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး နောက်လာမည့်စစ်ဘက်ဆိုင်ရာလေ့ကျင့်ရေးပြိုင်ပွဲတွင် အဆင့်၆နေရာ၌ပင်ရှိနေဦးမလား မသေချာသေးပေ။ အားနည်းသူမှ အခွင့်ရေးလုံးဝရှိမည်မဟုတ်ပေ။ ဤသည်မှာ အေဇာရုတိုက်ကြီး၏ ဥပဒေစည်းမျဥ်းဖြစ်သည်။

...........

မနက်ခင်းအချိန်ခါ ပန်းရနှံ့များကြားတွင် ကျေးငှက်များသီဆိုနေကြသည်။

ဘုရင့် အုပ်ချုပ်ရေးခန်းမဆောင်ထဲတွင်ဖြစ်သည်။

ခန်းမဆောင်အလယ်ရှိ ရေကန်လေးထဲတွင် ရေများတသွင်သွင်စီးဆင်းလျှက်ရှိပြီး ရောင်စုံငါးများကူးခတ်နေကြသည်။ရေကန်၏ ဘေးနှစ်ဘက်ရှိခုံတန်းများတွင် ချမ်းဘော့ဒ်၏ခေါင်းဆောင်များထိုင်နေကြသည်။ လာမည့်ဘုရင်အလတ်ဇန္ဒား၏ ထီးနန်းတင်ပွဲအတွက် ဆွေးနွေးတိုင်ပင်နေကြခြင်းဖြစ်သည်။

ဤအစည်းဝေးတွင် စစ်ဘက်ဆိုင်ရာအရာရှိများနှင့် ဆွေကြီးမျိုးကြီးများသာမက နိုင်ငံအတွင်းမှလူလေးစားခံပုဂ္ဂိုလ်များကိုလည်း ဖိတ်ကြားထားသည်။

ပလ္လင်အောက် ဘယ်ဘက်အခြမ်းထိုင်ခုံတန်း၏ ပထမဆုံးထိုင်ခုံတွင်ထိုင်နေသော အဖိုးကြီးဘတ်စ်မှာ သူယူဆောင်လာသည့်အချက်လက်များကို ပြန်လည်စစ်ဆေးနေသည်။

"ရေကန်မြို့တော်ရဲ့ မင်းသားမိုဒရစ်၊ ရှန်ဟွာမြို့တော်ရဲ့မင်းသား....." လူဖြောင့်အဖိုးကြီးဘတ်မှာ နာမည်ပေါင်းအခုနှစ်ဆယ်ကို ရွတ်ဖတ်လိုက်သည်။ ထို့နောက်တွင် ကျောက်ထိုင်ခုံတွင်ထိုင်နေသောလူများအားလုံးကိုကြည့်ပြီး ဆက်ပြောသည်။ "ဒါတွေက အလတ်ဇန္ဒားထီးနန်းတက်တာကို ဂုဏ်ပြုစကားလာပြောတဲ့ နိုင်ငံပေါင်း၂၀က သံတမန်တွေပါ...."

"အဆင့်၃အဖွဲ့ဝင်နိုင်ငံ စီရစ်ဒ်ကလဲ သံတမန်တစ်ယောက်ပို့လိုက်တယ် ဟုတ်လား...." ညာဘက်ခြမ်းခုံတန်း၏ ပထမဆုံးခုံတွင်ထိုင်နေသော ဘရွတ်က နားထောင်ပြီး မျက်မှောင်ကြုံ့လိုက်သည်။ ထို့နောက်တွင် တစ်စုံတစ်ခုကိုတွေးလိုက်မိပြီး ပြောလိုက်သည်။ "သူတို့ကမဟူရာတိုင်းပြည်နဲ့မဟာမိတ်တွေ မဟုတ်ဘူးလား....နောက်ပြီး အဖွဲ့ဝင်နိုင်ငံ ၂၅၀နိုင်ငံရဲ့ [သိမ်းငှက်၅ကောင်]လို့တင်စားကြတဲ့ မင်းသား၅ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ မင်းသားအိုဘီနာကိုရော ဒီကိုရောက်လာတယ်ဟုတ်လား....."

"သိမ်းငှက်ငါးကောင်ဟုတ်လား.... "

ဖှေး ထိုစကားလုံးကိိုစိတ်ဝင်စားသွားသည်။

"ဟုတ်ပါတယ်အရှင်မင်းကြီး ဇီးနစ်တိုင်းပြည်ရဲ့အဖွဲ့ဝင်နိုင်ငံ ၂၅၀နိုင်ငံတွေထဲမှာ တော်ဝင်မိသားစုတွေကနေ ကျွမ်းကျင်တဲ့ လူငယ်တွေပေါ်ထွက်လာခဲ့ပါတယ်...သူတို့တွေအကုန်လုံးဟ အလွန်ပါရမီအရည်ချင်းတွေရှိကြပြီး တော်ဝင်မိသားစုကလဲကောင်းကောင်းလေ့ကျင့်ပေးထားကြတဲ့လူငယ်တွေပါ။ သူတို့အဖွဲ့တွေခွဲ နာမည်ပေးပြီးခေါ်ကြပါတယ်။ [ကျွမ်းကျင်၁၀ယောက်] [စစ်သည် ကိုးဦး] [ဆရာ ၈ပါး] [ဝံပုလွေ၇ကောင်] [လူစွမ်းကောင်း၆ယောက်] [သိမ်းငှက်၅ကောင်] [ဓားသွား၄စင်း] [အရူးသုံးယောက်] [ပုံးကွယ်နေသူ ၂ဦး] [ဓားတစ်လက်] အဲ့လိုတွေများစွာရှိပါတယ်။ စီရစ်ဒ်တိုင်းပြည်ရဲ့ မင်းသားငယ် အိုဘီနာက [သိမ်းငှက်ငါးကောင်]ထဲက [သိမ်းငှက်တောင်ပံ]ပါ။ ကြယ်လေးလုံးအဆင့် အစွမ်းရှိတယ်လို့ ကျော်ကြားပါတယ်....နောက်ပြီးစီရစ်ဒ်တိုင်းပြည်က အဆင့်၃အဖွဲ့ဝင်နိုင်ငံဖြစ်ပြီးတော့ ကျွန်တော်တို့ရဲ့ရန်သူဖြစ်တဲ့ မဟူရာတိုင်းပြည်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိပါတယ်....အဲ့အတွက် စီရစ်ဒ်တိုင်းပြည်ကလဲ ကျွန်တော်တို့ ရန်ဘက်တိုင်းပြည်ဖြစ်လာဖို့အလားလာရှိတဲ့ တိုင်းပြည်လို့ပြောလို့ရပါတယ်။ ဒါကြောင့်မို့ သူတို့တိုင်းပြည်ရဲ့ အရေးကြီးမင်းသားငယ်ကို ပို့လိုက်တာ သွေးရိုးသားရိုးဂုဏ်ပြုစကားပြောဖို့ပဲမဖြစ်နိုင်ပါဘူးလို့ ကျွန်တော်သံသယရှိပါတယ်...."

All Chapters