အခန်း (၉၅)
Vol. 7 Ch. 95
ဘရွတ် ဖှေး၏မေးခွန်းကို ကြားလျှင်ကြားချင်း ချက်ချင်းမက်တပ်ရပ်လိုက်ပြီး [သိမ်းငှက်ငါးကောင်]၏နောက်ခံဇာတ်လမ်းနှင့် ချမ်းဘော့ဒ်နှင့် စီရစ်ဒ်တိုင်းပြည်တို့၏ ဆက်ဆံရေးအခြေအနေကို အကျဥ်းခြုံးရှင်းပြလိုက်သည်။
ဖှေးကိစ္စများကိုနားလည်သွားပြီး ခေါင်းငြိမ့်ပြလိုက်သည်။
အဆင့်၃အဖွဲ့ဝင်နိုင်ငံတစ်ခုတွင် ကြယ်လေးလုံးအဆင့်အစွမ်းရှိသည့် မင်းသားတစ်ဦးရှိသည်ဟူသောအချက်မှာ ဖှေးအားအနည်းငယ်အံ့သြစေသည်။ သိမ်းငှက်ငါးကောင်အပြင် ကျွမ်းကျင်ဆယ်ယောက်၊ စစ်သည်ကိုးဦး၊ ဆရာရှစ်ပါး၊ ဝံပုလွေ၇ကောင် စသည်ဖြင့် ကျန်အဖွဲ့များလဲရှိသေးသည်။ ထိုသူများသည် သာမန်မထင်မရှားလူများမဖြစ်နိုင်ပေ။ သူတို့တစ်ယောက်ခြင်းစီတိုင်းတွင် ကြောက်မက်ဖွယ်အစွမ်းများရှိနေမည်မှာ အသေချာပင်ဖြစ်သည်။
ဤကဲ့သို့သိရှိလိုက်ရခြင်းကြောင့် ဖှေးမိမိကိုယ်မိမိရေအိုင်ထဲမှ ဖားသူငယ်ကဲ့သို့ခံစားလိုက်ရသည်။ သူယခင်က ချမ်းဘော့ဒ်တိုင်းပြည်သည် ကောင်းမွန်စွာတိုးတတ်လာနေပြီဟု ထင်မှတ်နေခဲ့သော်လည်း ယခုအချိန်တွင် လုံလောက်မှုမရှိသေးဟုတွေးလိုက်မိသည်။ ဟော့ခ်ဆေးပုလင်း တစ်ခုတည်းအပေါ်တွင်သာ မှီခိုနေ၍လုံလောက်မည်မဟုတ်ပေ။
"အဲ့တာအပြင် အဆင့်၄အဖွဲ့ဝင် ရေကန်တိုင်းပြည်က အမြဲတမ်းပဲ ချမ်းဘော့ဒ်တိုင်းပြည်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့ပါတယ်။ ရေကန်တိုင်းပြည်ရဲ့ ဘုရင် ဘလန်ကိုနဲ့ ချမ်းဘော့ဒ်တိုင်းပြည်ရဲ့ အရင်ဘုရင်တို့က သူတို့ကိုယ်သူတို့ညီအကိုတွေလို့ခေါ်တဲ့အထိကို ခင်မင်ရင်းနှီးခဲ့ပါတယ်...ဒီအချိန်မှာ ဂုဏ်ပြုစကားပြောဖို့ ရေကန်တိုင်းပြည်က လွှတ်လိုက်တဲ့ မင်းသားငယ် မိုဒရစ်က အသက်၁၆ပဲဲရှိသေးပေမယ့် ကျွမ်းကျင်ဆယ်ဦးထဲက တစ်ယောက်ဖြစ်ပြီး ကြယ်နှစ်လုံးအဆင့်စွမ်းရည်ကိုပိုင်ဆိုင်ထားပြီး တိုင်းတာလို့မရတဲ့အနာဂတ်ရှိပါတယ်။ အရှင်မင်းကြီး မင်းသားမိုဒရစ်ကိုတော့ လူကိုယ်တိုင်သွားရောက်တွေ့ဆုံသင့်ပါတယ်....." ဘတ်စ်အကြံပြုလိုက်သည်။
"ကောင်းပြီလေ လာရောက်ကြတဲ့ သံတမန်ကိစ္စတွေကို ဦးလေးပဲကိုင်တွယ်လိုက်ပြီး ကျွန်တော့ကိုရလဒ်တွေကိုပြန်လည်တင်ပြပေးပါ....."
ဖှေးမှာ ယခုကဲ့သို့ကိစ္စများစွာတစ်နေ့ပြီးတစ်နေ့ စုပြုံနေသောကြောင့် ခေါင်းကိုက်နေပြီဖြစ်သည်။ ထို့ကြောင့် ကိစ္စအဝဝကို ဘတ်စ်ထံသို့သာ ထပ်မံလွှဲအပ်လိုက်ပြန်တော့သည်။ ထို့နောက်တွင် ခန်းမဆောင်ထဲမှ ထွက်ခွာသွားတော့၏။
ခန်းမဆောင်ထဲတွင် လူတိုင်းတစ်ယောက်နှင့်တစ်ယောက်ကြောင်ကြည့်ပြီးကျန်ခဲ့ကြ၏။
ကမ္ဘာပေါ်တွင် ပလ္လင်ပေါ်တွင် ထိုင်လိုသူများစွာရှိပေလိမ့်မည်။ သို့သော် လူအများစုသည် မည်သူကိုမှ မိမိ၏ရာထူးအာဏာလုပ်ပိုင်ခွင့်များကို ခွဲဝေပေးလိုကြမည်မဟုတ်ပေ။ သို့သော် အလတ်ဇန္ဒားမှာ ဆန့်ကျင်ဘက်သာဖြစ်သည်။ သူသည် ရာထူးအာဏာကို ရောဂါဆိုးတစ်ခုကဲ့သို့ပင်ရှောင်ကျင်နေ၏။ ဤဘုရင်မှာ အလွန်ထူးခြားသည့်ဘုရင်တစ်ပါးဖြစ်သည်။
"ဆက်လက်.....ဆွေးနွေးကြတာပေါ့......"
ဘတ်စ်အပြုံးတစ်ခုဖြင့် ခေါင်းခါရမ်းပြီး"ငါနောက်ဆုံးအချက်လက်တွေကိုပြီးမှ အရှင်မင်းကြီးထံတင်ပြပြီး ဆုံးဖြတ်ချက်ချတာပေါ့....."
ချမ်းဘော့ဒ်အနောက်ဘက်တောင်ပေါ်ရှိ ယခင်ကမြေအောက်ရေသံမဏိအကျဥ်းထောင်ဟု အမည်တွင်ခဲ့သောနေရာတွင်ဖြစ်သည်။
ဤနေရာအား တားမြစ်နေရာဟု သတ်မှတ်ပြီးလုံးဝပိတ်ပင်ကာစီးထားသည်။ အပြင်ပန်းကြည့်ပါက ဘာမှထူးထူးခြားခြားမတွေ့ရချေ။ အစောင့်၄ယောက်ခန့်မှာ ပျင်းရိစွာဖြင့်စောင့်ကြပ်နေကြသည်။ သို့သော် စစ်သည်၂၂ယောက်မှာ ထူးဆန်းသည့်လမ်းကြောင်းတစ်ခုအတိုင်း တောင်တစ်ခုလုံးကို လှည့်ပတ်ကင်းလှည့်နေကြသည်။ ခြင်တစ်ကောင်ပင် မသိပဲဝင်နိုင်မည်မဟုတ်ချေ။
ဘုရင်တစ်ယောက်အနေဖြင့်ဖှေးသည် တားမြစ်နေရာသို့လွယ်ကူစွာပင် ဖြတ်ကျော်ပြီး မြေအောက်လိုဏ်ဂူအတွင်းသို့ ဝင်ရောက်သွားသည်။
ယခင်က မှောင်မိုက်နေခဲ့သော မြေအောက်အကျဥ်းထောင်ကြီးမှာ သိသိသာသာပင်ပြောင်းလဲသွားပြီဖြစ်သည်။
တိတ်ဆိတ်ငြိမ်သက်နေသော အပြင်ပိုင်းဖြင့်နှုင်းယှဥ်ပါက မြေအောက်လိုဏ်ဂူထဲတွင် သံနှင့်ကျောက်သားများ ရိုက်ခတ်သံတို့ဖြင့် ဆူညံနေသည်။ ထောင်မှူးအိုလတ်နှင့် ဘုရင့်အစောင့်တပ်ဖွဲ့ ခေါင်းဆောင်တို့မှာ ဖှေးပေးထားသော ပုံကြမ်းများအတိုင်းမြေအောက်လိုဏ်ဂူကိုပြုပြင် ဆောက်လုပ်ရန်အတွက် အသေချာရွေးချယ်ထားသော စစ်သည်များကိုအမိန့်ပေးနေသည်။
ဤနေရာတွင်အလုပ်လုပ်နေကြသော အလုပ်သမား၁၀၀တို့မှာ ဖှေး၏အမိန့်အတိုင်းဘရွတ်သေချာရွေးချယ်ထားသည့် ကျွမ်းကျင်သူများဖြစ်ကြသည်။ သူတို့အားလုံး နောက်ကြောင်းရှင်းကြပြီး သစ္စာရှိကာ ယုံကြည်အားကိုးနိုင်သည့်လူများဖြစ်ကြသည်။ ထို့အပြင် ဟော့ခ်ဆေးပုလင်းကို ရေရောတိုက်ထားသောကြောင့် သူတို့၏ခွန်းအားဗလများမှာ သိသိသာသာတိုးတတ်နေကြသည်။ ကြယ်အဆင့်စစ်သည်အဖြစ်သို့မရောက်ကျသေးသော်လည်း ဖှေးနှင့်အတူတိုက်ပွဲဝင်ခဲ့သော လူသန်ကြီး၂၂ယောက်ကဲ့သို့ပင် သန်မာနေကြပြီဖြစ်သည်။ ထို့အပြင် ပီတာကဲ့သို့ဆရာတစ်ယောက်မှ လေ့ကျင့်ပေးထားသောကြောင့် ကောင်းမွန်သောအထူးတပ်ဖွဲ့တစ်ခုဖြစ်ရန် လက်တစ်ကမ်းအလိုသာဖြစ်တော့သည်။
ယခင်က ကြောက်မက်ဖွယ်သံမဏိအကျဥ်းထောင်မှာ တဖြည်းဖြည်းပြောင်းလဲလာခဲ့ပြီဖြစ်သည်။
သွေးစွန်းနေသော သံမဏိအကာအရံများနှင့် နှိပ်စက်ခြင်းကိရိယာများမရှိတော့ပေ။ မြေအောက်လိုဏ်ဂူ၏အကျယ်ဆုံးနေရာဖြစ်သည့် မိုးမျှော်အဆောက်ဦးကြီးကဲ့သို့ အကျဥ်းခန်းများစွာတည်ရှိသောနေရာတွင် မီးဖိုများစွာဆောက်လုပ်ထားသည်။ ချမ်းဘော့ဒ်အတွင်းမှ အကောင်းဆုံးပန်းပဲဆရာများမှ သူတို့၏တပည့်များနှင့်အတူ စစ်သည်များ၏အကူအညီဖြင့် အကျဥ်းခန်းများမှ သံမဏိအကာအရံများကို မီးဖိုအတွင်းသို့ဆက်တိုက်ထည့်ပြီး အရည်ကျိုလျှက်ရှိသည်။ ဖှေးပေးထားသော ပုံကြမ်းများအတိုင်းသူတို့အားလုံး ထူးဆန်းသည့်ပစ္စည်းအသစ်များကို ဖန်တီးနေလျှက်ရှိသည်။ ထိုပစ္စည်းများမှာ ဓားများချပ်ဝတ်များမဟုတ်ပေ။ ဘယ်သူမှမမြင်ဖူးသေးသည့် ထူးဆန်းသည့်ပုံဆန်ရှိသည့်အသုံးဆောင်ပစ္စည်းများသာဖြစ်သည်။
မြေအောက်လိုဏ်ဂူထဲတွင် ဘုရင့်အစောင့်တပ်ဖွဲ့ခေါင်းဆောင်ပီတာသည် အပေါ်ဝတ်ကိုချွတ်ထားပြီး သူ၏တောင့်တင်းသည့်ခန္ဓာကိုယ်အပေါ်ပိုင်းကို ပြသထားသည်။ သူ၏ခန္ဓာကိုယ်အောက်ပိုင်းမှာ ဖှေး၏ဒီဇိုင်းဖြစ်သည့် ဘောင်းဘီပွပွကိုဝတ်လျှက်ရှိသည်။ သူသည် အနည်းဆုံး၅၀၀ကီလိုဂရမ်ခန့်အလေးချိန်ရှိသည့် တူကြီးကိုဝှေ့ရမ်းပြီး အကျဥ်းခန်းများမှ သံမဏိအကာအရံများကို ရိုက်ဖြတ်နေ၏။
ဤအချိန်တွင်ပီတာ၏ ခန္ဓာကိုယ်သည် ဟော့ခ်ဆေးပုလင်းအကျွင်းအကျန်တို့ကို ခြေဖြတ်ပြီးဖြစ်သဖြင့် သူ၏အရေပြားပေါ်တွင်ယခင်က ကျန်ရှိနေသည့် မှေးမိန်သော အစိမ်းရောင်မှာလဲ လုံးဝပျောက်ကွယ်သွားပြီဖြစ်သည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာခွန်အားများအပြင် နှစ်နေ့နှစ်ညခန့်အပြင်းထံပြန်လည်လေ့ကျင့်ခဲ့ရာမှ သူ၏ယခင်ကကြယ်နှစ်လုံးအဆင့်အစွမ်းတို့ကို ပြန်လည်စုစည်းနိုင်ပြီဖြစ်သည်။ ယခင်က ပီတာသည် ကြယ်နှစ်လုံးအဆင့် စစ်သည်များကြားထဲတွင် နံပါတ်၁ဖြစ်သည်။ ထို့အပြင် တပ်ဖွဲ့တစ်ခုက်ိုဦးဆောင်ရာတွင်လည်း အရည်ချင်းရှိသောလူတစ်ယောက်ဖြစ်သဖြင့် ပီတာပြန်လည်ထူထောင်ကောင်းမွန်လာခြင်းသည် ဖှေးအတွက် ဘရွတ်အပြင်အားကိုးရသည့်ပုဂ္ဂိုလ်တစ်ဦး ထက်မံရရှိလိုက်ခြင်းပင်။
ထောင်မှူးအိုလတ်ဂ်တစ်ယောက်လည်း လူအုပ်ကြားထဲတွင် ဟိုသွားလိုက်ဒီသွားလိုက်ဖြင့် အလုပ်များလျှက်ရှိသည်။
သူလဲ ပီတာ၏စတိုင်ကို အားကျသည့်အလား အပေါ်ပိုင်းဗလာဖြင့်ဖြစ်၏။ စစ်သည်များမနိိုင်မနင်းဖြစ်နေသည့် ကျောက်တုံးကြီးများသံချောင်းများကိုတွေ့ပါက သူကိုယ်တိုင်အပြေးသွားပြီး ဝင်ရောက်ကူညီရွှေ့မပေးလျှက် ဟော့ခ်ဆေးပုလင်းသောက်သုံးပြီးရရှိလာသော ကြီးမားသောခွန်အားတို့ကိုပြသလျှက်ရှိသည်။
ဖှေးကဲ့သိုပင် ဤလူသည်လည်း ကြွားဝါရသည်ကိုနှစ်သက်သူတစ်ယောက်ဖြစ်သည်။
စစ်သည်များ၏ အံ့သြသွားသည့် အာမေဋိတ်သံများကိုကြားပါက ကျေနပ်လျှက်ရှိနေသည်။ သူ၏ထိုကဲ့သို့ ကြွားဝါရန်စိတ်အားထက်သန်မှုများကြောင့်ရယ်လားမသိ....သူ၏အစွမ်းများသည်ယခင်အတိုင်းကြယ်တစ်လုံးအဆင့်ဖြစ်သော်လည်း သူ၏ခွန်အားများမှာမူ ကြယ်နှစ်လုံးအဆင့်ထိပင် မြင့်တက်သွားခဲ့သည်။ ထို့ပြင်သူ၏ ယခင်က ဝဖိုင့်ဖိုင့်ခန္ဓာကိုယ်မှာလည်း ယခုအချိန်တွင် တောင့်တောင့်တင်းတင်းဖြစ်နေပြီဖြစ်သည်။ ယခင်က လောဘကြီးသဖြင့် နာမည်ပျက်ခဲ့သောအိုလတ်မှာ ယခုအချိန်တွင် စစ်သည်များဖြင့်ပ ရင်းနှီးနေသည့်အပြင့် တစ်ချို့အရာရှိများ၏ လေးစားမှုကိုပါရရှိနေပြီဖြစ်သည်။ ထိုအရာကိုမြင်ရသဖြင့် ဖှေးအနည်းငယ်အံ့သြမိသလို အိုလတ်ဂ်ဂုဏ်သရေရှိပုဂ္ဂိုလ်တစ်ယောက်အဖြစ်သို့ စတင်ပြောင်းလဲလာသဖြင့် အနည်းငယ်စိတ်ကျေနပ်မိသည်။ သို့သော် "အခြေအနေတွေပြောင်းလဲသွားတာ တော်တော်မြန်လှချည်လား...."
"ဘုရင်အလတ်ဇန္ဒား"
"အရှင်မင်းကြီး"
ဖှေးရောက်ရှိလာသည်ကိုတွေ့သော် စစ်သည်များအရိုသေပေးလိုက်ကြသည်။ ဖှေးဖြေးညှင်းစွာလမ်းလျှောက်လျက်သူတို့အားလုံးအား အပြုံးဖြင့်ပြန်လှည်နှုတ်ဆက်လိုက်သည်။ ရက်ပေါင်းအနည်းငယ်ဆက်ဆံပြီးသော် ဖှေးသည်ဤနေရာရှိ စစ်သည်အားလုံး၏နာမည်ကို သိရှိနေပြီဖြစ်သည်။ ဤသည်မှာလဲ စစ်သည်များ၏နှလုံးသားကိုဖမ်းဆုပ်ရန် နည်းလမ်းငယ်တစ်ခုဖြစ်ပေသည်။ ဘုရင်မင်းမြတ်မှာ သူတို့နာမည်ကိုသိနေသည်ကိုသိရသောကြောင့် စစ်သည်များအလွန်ဝမ်းသာ ပျော်ရွှင်မိကြသည်။
မြေအောက်ရေသံမဏိ အကျဥ်းထောင်အတွင်းရှိ ပြန်လည်မွမ်းမံနေသည့်လုပ်ငန်းမှာ အပြင်းအထန်ဖြင့် စနစ်တကျဆောင်ရွက်ကြလျှက်ရှိသည်။
ဤအချိန်တွင် ဖှေးဒုတိယအဆင့်အနေဖြင့် ပြုလုပ်ရမည့်ပစ္စည်းပုံကြမ်းများကို ယူဆောင်လာပြီး ပန်းပဲဆရာများကိုပေးလိုက်သည်။
ချမ်းဘော့ဒ်တွင် ပန်းပဲဆရာပေါင်း၃၀ ကျော်ခန့်ရှိသည့်အနက် အတော်ဆုံးနှင့် လူအလေးစားခံရဆုံးပုဂ္ဂိုလ်မှာ ဆာမြူရယ်အမည်ရှိ အသက်လတ်ပိုင်းလူတစ်ယောက်ဖြစ်သည်။ သူ၏ မဲမှော်သောဆံပင်များမှာ အပ်များကဲ့သို့အပေါ်သို့ထောင်လျှက် ပုံမှန်အားဖြင့်စကားနည်းကာ တိတ်ဆိတ်ငြိမ်သက်စွာနေတတ်သည့် လူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် လူများသည့် သူ့အားဦးကျောက်တုံး ဟုပင်ခေါ်ဝေါ်ကြသည်။ သူသည် မိတ်ဆွေသူငယ်ချင်းများပေါ်တွင် သစ္စာရှိပြီးကြင်နာတတ်သူဖြစ်သည်။ သူသည် အပြင်ပန်းတွင် အေးစက်သည်ဟုထင်ရသော်လည်း ကြင်နာတတ်သည့်နှလုံးသားရှိသည့် လူစားမျိုးသာဖြစ်သည်။
ပူပြင်းသော သံမဏိမီးဖို၏ဘေးတွင် ဆာမြူရယ်သည်ဖှေးရေးဆွဲထားသည့် သားရေချပ်ပေါ်မှပုံများကိုကြည့်ရှုနေသည်။ ကြည့်နေရင်း သူ၏မျက်နှာအမူအယာမှာတစ်ခါတစ်လေတွင် ရှုပ်ထွေးသွားသည့်ပုံရှိသည်။ တစ်ခါတစ်လေတွင် အံ့သြသွားသည့်ပုံရှိသည်။ မျက်နှာအမူယာနှစ်ခုသည် တစ်လှည့်စီဆက်တိုက်ဖြစ်ပေါ်နေ၏။
သူ၏စိတ်ဝင်စားဖွယ်မျက်နှာအမူယာများကြောင့် ဖှေးဝင်ရောက်ကာ ပုံကြမ်းတစ်ပုံခြင်းစီ၏အဓိပ္ပါယ်များကို ဝင်ရောက်ရှင်းပြနေသည်။ ထိုနောက်တွင် ထုလုပ်ရာတွင် ဂရုစိုက်ရမည့်အချက်လက်များကိုလည်း ဂရုတစိုက်သေချာပြောပြနေ၏။ ဆာမြူရယ်တိတ်ဆိတ်စွာနားထောင်နေသည်။ ကျွမ်းကျင်သော ပန်းပဲသမားတစ်ယောက်ဖြစ်သောကြောင့် ဖှေးရှင်းပြသည်များကို လျှင်မြန်စွာပင်သဘောပေါက်နားလည်သွားသည်။ ဖှေးရှင်းပြ၍ပြီးဆုံးသော် သူလည်းအသေချာသဘောပေါက်နားလည်သွားပြီဖြစ်သည်။ "စိတ်ချပါ အရှင်မင်းကြီး ကျွန်တော်ဒီကိရိယာတွေကို ဆယ်ရက်အတွင်းမှာပဲ ထုလုပ်ပြီးစီးနိုင်ပါတယ်......"
ဖှေးပြုံးပြပြီးပြောလိုက်သည်။ "ဒီရက်ပိုင်းမှာ မင်းတို့တွေ တော်တော်အလုပ်ကြိုးစားခဲ့တာပဲ....အချိန်ကလဲကြပ်တယ်၊ လုပ်ဆောင်ရတဲ့ကိစ္စကလဲကြီးတယ်...အဲ့တော့မင်းတို့အကူညီတစ်ခုခုလိုရင် အိုလတ်ဂ်ကိုပြောလို့ရတယ်။ သူကစိတ်ကျေနပ်အောင် ကူညီပေးလိမ့်မယ်...."
ဘုရင်၏ ရက်ရောသောကတိစကားကိုကြားသောအခါ ပန်းပဲဆရာများပျော်ရွှင်သွားကြသည်။
ဖှေး မြေအောက်လိုဏ်ဂူကို အသေးစိတ်လေ့လားပြီး စနစ်တကျပြင်ဆင်ရန်ပုံကြမ်းများရေးဆွဲပေးခဲ့သည်။ ထို့နောက်တွင် ပီတာနှင့် အိုလတ်ဂ်တို့ကိုခေါ်ကာ ဘုရင့်နန်းတော်ဆောင်လုပ်ရန်ရည်ရွယ်ထားသော မြေအောက်လိုဏ်ဂူအတွင်းရှိ ကျောက်ခန်းမကြီးစီသို့လမ်းလျှောက်လာခဲ့ကြသည်။
သူ သူတို့နှစ်ယောက်လုံး အားပြောစရာကိစ္စများရှိသောကြောင့်ပင်။
သို့သော် လမ်းလျှောက်ရင်း သံမဏိမီးဖိုတစ်ခုကိုဖြတ်ကျော်လိုက်သည့်အခါတွင် ဖှေး၏စိတ်ထဲတွင် အကြံတစ်ခုဖျတ်ကနဲပေါ်လာခဲ့သည်။
ဆာမြူရယ်နှင့် ချမ်းဘော့ဒ်ရှိပန်းပဲဆရာများမှာကြီးမားလေးလံသည့် ပစ္စည်းကိရိယာကြီးတစ်ခုကို ထုလုပ်တပ်ဆင်ရန်ကြိုးစားနေကြခြင်းဖြစ်သည်။ ထိုအရာများမှာ အနည်းငယ်ရိုးရှင်းပြီး ထုလုပ်ရန်လွယ်ကူသည်။ စက်သွားများ၊ ဝက်အူရစ်များကဲ့သို့ သေးငယ်ပြီးထုလုပ်ရခက်သည့် ပစ္စည်းများကိုမူ ဒိုင်ယာဘလိုကမ္ဘာရှိ အမျိုးသမီးပန်းပဲဆရာမ ချယ်စီထံတွင် ထုလုပ်ခိုင်းမည်ဖြစ်သည်။ သို့ရာတွင် အချိန်ကျရောက်လာပါက ထိုပစ္စည်းများကို ဒိုင်ယာဘလိုကမ္ဘာမှ ပြန်လည်ထုတ်ယူနိုင်မည့်နည်းလမ်းကိုလည်း ဖှေးစဥ်းစားရဦးမည်ဖြစ်သည်။
သို့သော် ဒိုင်ယာဘလိုကမ္ဘာမှ ပစ္စည်းများကိုအပြင်သို့ယူတောင်ရန်မှာ အလွန်အကုန်ကျများပြီး ရွှေဒင်္ဂါးများစွာလိုအပ်လိမ့်မည်ဖြစ်သည်။ အယ်လီနာကဲ့သို့ ချယ်စီကိုပါ အပြင်ကမ္ဘာသို့ဆင့်ခေါ်နိုင်ပါက ပို၍အဆင်ပြေသွားမည်ဖြစ်သည်။ ဤသည်မှာ ရွှေ့ပြောင်းကုန်ကျစရိတ်သက်သာသွားမည်ဖြစ်သည်။ ဆာမြူရယ်နှင့် ကျန်ပန်းပဲဆရာများကို ချယ်စီထံတွင်ပညာသင်ယူခိုင်းသည်မှာလဲ အလွန်ကောင်းမွန်သောအကြံပင်။ လက်ရှိချမ်းဘော့ဒ်တွင် စွမ်းအားမြင့်စစ်သည်များပြီးပါက ပို၍လိုအပ်သောအရာမှာ ကျွမ်းကျင်သော လက်မှုပညာသည်များပင်ဖြစ်သည်။ထို့ကြောင့် လှပသောကောင်မလေးချယ်စီ၏အရည်ချင်းများကို မြန်မြန်အသုံးချနိုင်လေ ကောင်းလေဖြစ်၏။
ထိုအကြံစည်များသည် ဖှေး၏ခေါင်းထဲတွင်ပေါ်လာပြီး အနာဂတ်တွင်အကောင်ထည်ဖော်ကြည့်ရန်စဥ်းစားလိုက်သည်။
သူတို့၃ဦးသည် ဘုရင့်အတွက်ယာယီနေရာဖြစ်သည့် ကျောက်ခန်းမတစ်ခုအတွင်းသို့ ဝင်လာခဲ့ကြသည်။
ဖှေး ဟော့ခ်ဆေးပုလင်းနောက်တစ်ပုလင်းကို ထုတ်ပြီးပီတာကိုပေးကာ ယခင်အတိုင်းရေရော၍ စစ်သည်များအားမသိမသာတိုက်ကျွေးရန်မှာကြားလိုက်သည်။
ဤစစ်သည်တစ်ရာမှာ ယခုအချိန်တွင်ချမ်းဘော့တိုင်းပြည်၏ လျို့ဝှက်အင်အားစုပင်။ ပထမတစ်ကြိမ်ဆေးပုလင်းတိုက်ပြီးနောက်တွင် သူတို့၏ခန္ဓာကိုယ်ရှိခွန်အားများမှာ မသိမသာပဲတရွေ့ရွေ့တိုးပွားလာခဲ့ပြီး ဒုတိယအကြိမ်ထက်မံသောက်သုံးရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ ကံမကောင်းစွာပင် ဘရွတ်နှင့် ပီတာတို့မှာဆေးပုလင်းကို အပြည်အဝသောက်သုံးပြီးဖြစ်၍ ထက်မံသောက်သုံးပါကလဲ ခွန်အားများတိုးလာတော့မည်မဟုတ်ပေ။ ဖှေးသူတို့၏ စွမ်းအားများကိုထက်မံတိုးမြှင့်ရန်အတွက် တစ်ခြားနည်းလမ်းစဥ်းစားရမည်ဖြစ်သည်။
ပီတာဆေးပုလင်းကိုကိုင်ပြီး ထွက်သွားမည်ပြင်သည့်အချိန်တွင် ဖှေးတစ်စုံတစ်ခုကိုသတိရသွားသည်။ "ခနလေးပီတာ ဆေးပုလင်းကိုရေရောပြီး စစ်သည်တွေအပြင် ယုံကြည်ရတဲ့ပန်းပဲဆရာတွေကိုပါတိုက်လိုက်....သူတို့တွေရဲ့ခွန်အားတွေတိုးပွားလာတော့ ပိုပြီးတော့လဲအလုပ်တွင်တာပေါ့...."
ပီတာ ဟုတ်ကဲ့ပါဟုအဓိပယ်ဖြင့် ခေါင်းငြိမ့်ကာအရိုသေပေးပြီး ထွက်ခွာသွားတော့သည်။