← Chapters

အခန်း (၉၆)

Vol. 7 Ch. 96

အခန်း (၉၆)

Vol. 7 Ch. 96

အခန်းထဲတွင် အိုလတ်ဂ်နှင့် ဖှေးတို့သာကျန်ခဲ့ကြသည်။ ဖှေး အိုလတ်ဂ်ကို ခြေဆုံးခေါင်းဆုံးလိုက်ကြည့်နေသည်။ ထို့နောက်တွင် ပြောလိုက်သည် "တော်တော်ကောင်းတယ်....မင်းတော်တော်တော်တယ် အိုလတ်ဂ် မင်းငါဘာပြောနေလဲဆိုတာသိတယ်မလား....."

အိုလတ်ဂ် ခေါင်းငြိမ့်ပြလိုက်သည်။

အိုလတ်ဂ်ဖှေးဆိုလိုသည်ကို ကောင်းစွာသဘောပေါက်သည်။ ဝန်ကြီးချုပ်ဟောင်းဘစ်ဇားကို တိုင်းပြည်သစ္စာဖောက်တစ်ဦးအဖြစ် သတ်မှတ်ထားပြီးဖြစ်သည်။ သူသည်ထွက်​ပြေး လွတ်မြောက်သွားသော်လည်း ကျန်ရှိသည့် သူ၏လူများအားလုံးကို ဖှေးကိုယ်တိုင်သော်လည်းကောင်း ပီတာနှင့်ဘရွတ်တို့ ဦးဆောင်၍သော်လည်းကောင်း အကုန်ကွပ်မျက်သုတ်သင်ပြီးပြီဖြစ်သည်။ အသက်ရှင်နေသေးသူတစ်ဦးဆို၍ အိုလတ်ဂ်တစ်ယောက်သာကျန်တော့သည်။ အိုလတ်ဂ်သည် ကျောက်တံတားပေါ်မှတိုက်ပွဲတွင် ရွတ်ရွတ်ချွံချွံပါဝင်တိုက်ခိုက်ခဲ့မှုကြောင့် ဖှေးမှ ခွင့်လွတ်ပြီး မိမိကိုယ်မိမိပြုပြင်ရန်ဒုတိယအခွင့်ရေးပေးခဲ့ခြင်းဖြစ်သည်။

"အခုလိုပြောင်းလဲဖို့ အခွင့်ရေးပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး...."

အိုလတ်ဂ် ကျေးဇူးတင်လိုက်သည်။

ထို့နောက်တွင် ဖှေးရှေ့တွင် ဒူးထောက်အရိုသေပေးလိုက်သည်။

ဖှေး အိုလတ်ဂ်က်ိုကြည့်ပြီး ကျေနပ်စွာခေါင်းငြိမ့်လိုက်သည်။ သူဘာမှဆက်မပြောတော့ပေ။

ထို့နောက်တွင် ရုတ်တရက်တစ်စုံတစ်ခုကို သတိရလိုက်ပြီး အနီရောင်မှော်တလင်းကျောက်တစ်ခုကို သူ၏အရှေ့တွင်ရှိသောစားပွဲပေါ်သို့တင်လိုက်ပြီး မေးလိုက်သည်။ "ဒါကိုတစ်ချက်ကြည့်ကြည့်စမ်းပါ....ဒါဘာလဲမင်းသိလား....."

"ဒါက အဆင့်နှိမ့် မီးမှော်သလင်းကျောက်ပဲ......."

အိုလတ်ဂ်အနည်းငယ်အံ့သြနေသည့် အမူယာဖြင့် ရိုးသားစွာပြန်ဖြေလိုက်သည်။

"မင်းသိတယ်ဆိုတော့ ငါတို့အဲ့အကြောင်းပြောရအောင်၊ မှော်တလင်းကျောက်တွေအကြောင်း မင်းဘယ်လောက်ထိသိထားလဲ....."

အိုလတ်ဂ် ဘုရင်အဘယ်ကြောင့် မှော်တလင်းကျောက်များအကြောင်းသိချင်နေသည်ကို နားမလည်ပေ။ ခနတာ စဥ်းစားပြီးနောက်တွင် ပြန်​ဖြေလိုက်သည်။ "မှော်တလင်းကျောက်တွေက မှော်စွမ်းအင်အမျိုးမျိုးပါရှိတဲ့ မှော်ကျောက်တုံးတွေပါ သူတို့ကိုအရေအသွေးကိုမူတည်ပြီး အဆင့်နှိမ့်၊ အလတ်တန်းစား၊ အဆင့်မြင့်၊ ပြီးပြည့်စုံနဲ့ ဒဏ္ဍာရီလာအဆင့်ဆိုပြီး အဆင့်တွေခွဲခြားထားပါတယ်....အေဇာရုတိုက်မှာဆို မှော်တလင်းကျောက်တွေက ရွှေထက်တန်ဖိုးကြီးတဲ့ ချမ်းသာကြွယ်ဝမှုကို ကိုယ်စားပြုတဲ့အရာတွေပါ....အထူးသဖြင့် ကြယ်အဆင့်မှော်ဆရာတွေနဲ့ စစ်သည်တွေကြားမှာပေါ့....မှော်တလင်းကျောက်တွေက ဒင်္ဂါးပြားတွေထက်တောင် တန်ဖိုးကြီးပါတယ်...ဘာလို့လဲဆိုတော့ မှော်ဆရာတွေက ကျောက်တုံးထဲမှာပါတဲ့စွမ်းအင်တွေကို အသုံးပြုပြီး သူတို့ရဲ့မှော်စွမ်းတွေက်ို တိုးမြှင့်လို့ရလို့ပါ။ ဒါအပြင် မှော်စနစ်တွေ၊ မှော်စာလိပ်တွေ မှော်ပစ္စည်းတွေလဲ ပြုလုပ်ဖန်တီးလို့ရပါသေးတယ်...စစ်သည်တွေအတွက်ဆိုရင် သူတို့အတွင်းအားတွေကုန်သွားပြီဆိုရင် ကျောက်တုံးထဲကမှော်စွမ်းအင်တွေကို ယူသုံးပြီးတိုက်ခိုက်လို့ရပါတယ်....."

"ဟုတ်လား...." ဖှေးအနည်းငယ်အံ့သြသွားသည်။ "ဒါဆို မင်းပြောတဲ့အတ်ိုင်းဆိုရင် စစ်သည်တွေကလဲ မှော်တလင်းကျောက်တွေကိုအသုံးပြုပြီး သူတို့ရဲ့မှော်စွမ်းအင်ပမာနကို တိုးမြှင့်လို့ရတာပေါ့...."

"ဟုတ်ပါတယ် အရှင်မင်းကြီး..."

"အေးကောင်းပြီလေ....ငါ့ကိုမှော်တလင်းကျောက် အဆင့်တန်းတွေအကြောင်းကိုဆက်ရှင်းပြဦး....သူတို့တွေကိုဘယ်အပေါ်မူတည်ပြီးခွဲခြားတာလဲ....​နောက်ပြီးအဆင့်တစ်ခုနဲ့တစ်ခုကြား ဘယ်လောက်ကွာဟမှုရှိလဲဆိုတာရော....."

"ဟုတ်ကဲ့ပါအရှင်မင်းကြီး မှော်တလင်းကျောက်တွေကို သူတို့ထဲမှာပါဝင်တဲ့ မှော်စွမ်းအင်လယ်ဗယ်ကို မူတည်ပြီး အဆင့်တွေခွဲခြားထားတာပါ...ယေဘူယျအားဖြင့်ပြောရမယ်ဆို အလတ်တန်းစား မှော်တလင်းကျောက်ထဲမှာပါတဲ့စွမ်းအင်က အနှိမ့်စား မှော်တလင်းကျောက်ထဲမှာပါဝင်တဲ့ မှော်စွမ်းအင်ထက် အဆ၁၀၀လောက်ကို ပိုများပါတယ်....အဲ့အတိုင်းပဲ အထက်တန်းစား မှော်တလင်းကျောက်ထဲမှာပါဝင်တဲ့ မှော်စွမ်းအင်က အလတ်စားထက် အဆ၁၀၀ပိုများပါတယ်။ ဟုတ်ပါတယ် ဒါက အတိအကျတွေတော့မဟုတ်ပါဘူး ယေဘူယျအားဖြင့်ပါ။ မှော်တလင်းကျောက်တွေရဲ့ လဲလှည်မှုနှုန်းကတော့ 1:100ပါ အလတ်စားမှော်တလင်းကျောက်ကို အနိမ့်စားမှော်တလင်းကျောက်အလုံး၁၀၀နဲ့ လဲလို့ရပါတယ်။ လဲလှည်မှုနှုန်းကတော့ ပုံသေမရှိပါဘူး စစ်ပွဲတွေအတွင်းမှာဆို အရည်သွေးမြင့်မှော်တလင်းကျောက်လိုအပ်မှုနှုန်းမြင့်မားတဲ့အတွက် လဲလှည်မှုနှုန်းလဲ မြင့်တတ်သွားတတ်ပါတယ်.... " အိုလတ်ဂိ အတတ်နိုင်ဆုံးအသေးစိတ်ရှင်းပြနိုင်ရန်ကြိုးစားနေသည်။

ဖှေး ရုတ်တရက်အလွန်ပျော်ရွှင်သွားသည်။ သူယခင်က တွေးထားသည်မှာ မှန်ကန်သောကြောင့်ပင်။ အနှိမ့်စား၊ အလတ်စား၊ အထက်တန်းစား၊ ပြီးပြည့်စုံနှင့် ဒဏ္ဍာရီလာစသည်ဖြင့် သက်မှတ်ထားသောမှော်တလင်းကျောက် အဆင့်တန်းများသည် ဒိုင်ယာဘလိုကမ္ဘာမှ [ကြေမွနေသော ကျောက်မြတ်ရတနာများ] [အပြစ်အနာဆာနှင့် ကျောက်မြတ်ရတနာများ] [ပုံမှန်ကျောက်မြတ်ရတနာများ] [အပြစ်အနာဆာကင်းသော ကျောက်မြတ်ရတာများ] [ပြီးပြည့်စုံသော ကျောက်မြတ်ရတနာများ] ထိုကဲ့သို့ ကျောက်မြတ်ရတနာအမျိုးမျိုးကိုဆိုလိုသည်မှ သေချာသွားသောကြောင့်ပင်။ သို့သော်ဒိုင်ယာဘလိုကမ္ဘာတွင်မူ ထိုကဲ့သို့အဆင့်တစ်ခုခုမှ ကျောက်တုံးသုံးလုံကိုအသုံးပြုပြီး ပိုပြီးမြင့်သောအဆင့်ရှိကျောက်တုံးရရန်ပြုလုပ်၍ရသည်။ ဥပမာ အနိမ့်စား မှော်တလင်းကျောက်သုံးတုံးကို စုပေါင်း၍ အလတ်စားမှော်တလင်းကျောက်တစ်ခုရရှိနိုင်သည်။ ထိုသို့ပြုလုပ်အတွက် ဖှေးသည် [သေခြင်းခန်းမဆောင်]တွင်ရှိသော [ဟိုရာဒရစ်ကုဗတုံး]လိုအပ်သည်။ ရရှိပြီးပါက ဒိုင်ယာဘလိုကမ္ဘာနှင့် အပြင်ကမ္ဘာ၏ ကြီးမားသည့် ကွာခြားမှုနှုန်းကို အသုံးချကာ ဖှေးအမြတ်များစွာရရှိနိုင်တော့မည်ဖြစ်သည်။

"ငါတို့ ချမ်းဘော့ဒ်တိုင်းပြည်ထဲမှာဆို အဲ့လိုမှော်တလင်းကျောက်တွေကုန်ကူးတဲ့ လမ်းကြောင်းရှိလား...."

ဖှေး စိတ်လှုပ်ရှားမှုကို သူ၏နှလုံးသားထဲတွင် ချုပ်တီးထားလိုက်ပြီး ထက်မံမေးလိုက်သည်။

"အရှင်မင်းကြီး မှော်တလင်းကျောက်တွေကုန်သွယ်လဲလှည်တာက စီးပွားရေးလောကမှာဆို အင်မတန်တွင်ကျယ်တဲ့အရာပါ ဒါပေမယ့် ချမ်းဘော့ဒ်တိုင်းပြည်လိုဝေးလှံခေါင်ဖျားတဲ့နေရာမှာကတော့ တစ်ခါတစ်ရံကုန်သည်တွေရောက်လာတဲ့အချိန်မှအလဲအလှည်ဖြစ်ပါတယ်...ကိုယ်ကြိုက်တဲ့အချိန်အလဲလှည်လုပ်ချင်ရင်တော့ ချမ်းဘော့ဒ်တိုင်းပြည်အပြင်ကို ကုန်သွယ်အဖွဲ့တစ်ဖွဲ့စေလွှတ်မှရပါမယ်...."

"ဒါဆိုအခုကုန်သွယ်ချင်တယ်ဆိုရင် မရသေးဘူးပေါ့....." ဖှေးအနည်းငယ်စိတ်ပျက်သွားသည်။

"ကျွန်တော်စဥ်းစားကြည့်ပါဦးမယ်...အော်ဟုတ်သားပဲ မဟာဘုရားကျောင်းမှာလုပ်လို့ရပါတယ်အရှင်မင်းကြီး.....သူက ပုံမှန်အားဖြင့်တော့ အပြင်ကလူတွေအတွက် ဖွင့်ပေးထားပါတယ်...."အိုလတ်ဂ် ခနတာတွေးပြီး ပြောလိုက်သည်။

ဘုရားကျောင်းလား.....

ဖှေး၏ မျက်လုံးများရုတ်တရက်တောက်ပသွားသည်။

သူ၏စိတ်ထဲတွင် အကြံစည်တစ်ခုရုတ်တရက်ပေါ်လာ၏။

"မင်းပြန်လို့ရပြီ အိုလတ်ဂ် နောက်ပြီး မြေအောက်ရေသံမဏိ အကျဥ်းထောင်ကိုပြုပြင်ဆောက်လုပ်တာကို သင့်လျှော်သလိုအရှိန်မြှင့်သွားလိုက်...ဒါပေမယ့် ငါတို့ရဲ့ ရဲမက်တွေနဲ့ ပန်းပဲဆရာတွေကိုတော့ အရမ်းမပင်ပန်းစေနဲ့ဦး....သူတို့ကို အစာရေစာတွေနဲ့ လုပ်အားခကိုလဲ စိတ်ကျေနပ်အောင်ပေးရမယ် ဟုတ်ပြီလား....အသေးစိတ်ဘယ်လိုလုပ်ရမလဲဆိုတာတော့ မင်းသိပြီးသားလိုငါထင်ပါတယ်....ငါ့ကိုဒုက္ခရောက်အောင်လုပ်ရင်တော့ မင်းကိုငါပြစ်ဒဏ်ပေးရလိမ့်မယ်...." ဖှေးပြုံးပြီးပြောလိုက်သည်။

အိုလတ်ဂ်သည် ပါးနပ်သည့်လူတစ်ယောက်ဖြစ်သည်။ ဘုရင်မှာ ပြုံးပြီးသတိပေးခြင်းသည် သူ၏ယခုရက်ပိုင်းဆောင်ရွက်မှုများကို သဘောကျပြီး နောက်တွင်လည်းထိုကဲ့သို့ဆောင်ရွက်ရန် အသိပေးခြင်းဖြစ်သည်ဟု သဘောပေါက်သည်။ ထို့နောက်တွင် ခေါင်းငြိမ့်ပြကာ တလေးတစားအရိုသေပေးပြီး ခန်းမဆောင်အတွင်းမှ ထွက်ခဲ့တော့သည်။

ဖှေးတိတ်ဆိတ်စွာထိုင်နေပြီးတွေးနေသည်။ ထို့နောက်တွင်ဘာမှလဲ သိပ်ပြီးလုပ်စရာမရှိတော့ပဲ အချိန်လဲကျရောက်လာပြီဖြစ်သဖြင့် အစောင့်များကို အပေါက်ဝသို့သေချာစောင့်ကြည့်ပြီး မည်သူမျှဝင်မလာခဲ့စေရန်ညွှန်ကြားပြီး ပေါ်တယ်တစ်ခုဖွင့်ကာ ဒိုင်ယာဘလိုကမ္ဘာထဲသို့ ဝင်လာခဲ့တော့သည်။

............

............

ဒိုင်ယာဘလို ကမ္ဘာတွင်ဖြစ်သည်။

လူ့တ်ဂိုလိမ်မြို့ပြင်ရှိ [ခြောက်သွေ့သော တောင်တန်းများ]ထဲတွင်ဖြစ်သည်။

[သေခြင်းခန်းမဆောင်]၏ တတိယမြောက်မြေအောက်ခန်းတွင်ဖြစ်သည်။

ဖှေး လှပသည့်အမျိုးသမီးသူပုန် အယ်လီနာနှင့်အတူ ဤနေရာသို့ထက်မံရောက်ရှိလာခဲ့သည်။

[သေခြင်းခန်းမဆောင်]မှာ မြေအောက်တွင်ရှိသောဂူသင်္ချိုင်းတစ်ခုဖြစ်သည်။ ချမ်းဘော့ဒ်အနောက်ဘက်တောင်တန်းများထဲတွင်ရှိသော မြေအောက်လိုဏ်ဂူများကဲ့သ်ို့ပင် မြေအောက်လိုဏ်ဂူဝင်္ကဘာကြီးဖြစ်သည်။ သို့သော် အဆောက်ဦးမှာ ချမ်းဘော့ဒ်တွင်ရှိသည်ထက် ပို၍ခန်းနားသည်။ ရှည်လျားသော မြေအောက်လိုဏ်ဂူများစွာရှိနေပြီး ဘေးနံရံများတွင်ရှေးခေတ်အချိန်ခါများအကြောင်းပြောသည့် နံရံဆေးရေးပန်းချီများတစ်ချို့ကိုတွေ့နေရသည်။ ထူးဆန်းသည့် မှော်သင်္ကေတများထွင်းထုထားသည့် လျိူ့ဝှက်ကျောက်တံကားကြီးများသည် မှော်စွမ်းအင်များဖြင့်ပြည့်နှက်နေ၏။ ဖှေးလက်ဖြင့် ထိရုံမျှဖြင့် အောက်သိုနစ်ဝင်သွားကာ အခန်းတံကားပွင့်သွားမည်ဖြစ်သည်။ ဖှေးသွေးပုလင်းတစ်လုံးကို ပါးစပ်တွင်ကိုက်ပြီး သူ၏ခန္ဓာကိုယ်ကိုဒိုင်းသဖွယ်သဘောထားကာ အယ်လီနာကို အခန်းတွင်းမှစုပြုံထွက်လာသောမကောင်းဆိုးဝါးများရန်မှ ကာကွယ်ပေးထားသည်။ သူ၏ပုဆိန်ကိုဘဝှေ့ရမ်းကာတရစက်တိုက်ခိုက်နေသည်။ အယ်လီနာလည်းအနောက်မှနေ၍ ရေခဲမြှားများကိုဆက်တိုက်ပစ်လွှတ်နေပြီး ဖှေးကိုဖြတ်ကျော်ကာ တိကျစွာပင် မကောင်းဆိုးဝါးများသို့ထိမှန်ကုန်သည်။

သူတို့နှစ်ယောက်သား ဤကဲ့သို့ ပူးပေါင်းတိုက်ခိုက်လာသည်မှာ အကြိမ်ပေါင်းများစွာရှိပြီဖြစ်ပြီး ဤနေရာနှင့်ရင်းနှီးသည်မှာလည်း အချိန်ကြာပြီဖြစ်သည်။ တိုက်ပွဲတွင်းတွင် တစ်ချက်ကြည့်ရုံမျှဖြင့်ပင် တစ်ယောက်ဆိုလိုသည်ကိုတစ်ယောက်ကောင်းစွာနားလည်ကြ၏။

ဤကဲ့သို့ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် ခေါင်းဆောင်ကြီး [သွေးကဝေ]မှာ ကြာကြာတောင့်မခံနိုင်လိုက်ပေ။ သွေးများပန်းထွက်လာပြီး နာကျဥ်စွာအော်ဟစ်သံနှင့်အတူ သွေးအိုင်ထဲသို့လဲကျသေဆုံးသွားတော့သည်။

သူမလဲကျသေဆုံးသွားသောအခါ တိုးညှင်းသည့်ဒင်ဒေါင်ဟူသည့် မည်သံကိုကြားလိုက်ရသည်။ ထို့နောက်တွင် ရွှေရောင်တစ်ခုတောက်ပလာပြီး ထူးဆန်းသည့်မှော်သင်္ကေတများထွင်းထုထားသည့် အနက်ရောင်သေတ္တာတစ်လုံးသည် မြေပြင်ပေါ်တွင်ပေါ်လာတော့သည်။

"ဒါက [ဟိုရာဒရစ်ကုဗတုံး]ပဲ....."

ဖှေး အလွန်ပျော်ရွှင်သွား၍ ရွှေရောင်ပစ္စည်းတစ်ခုနှင့် အပြာရောင်မှော်ပစ္စည်းတစ်ခုကိုပင် လျစ်လျူရှုလိုက်မိသည်။ ဖှေး ကုဗတုံးကို အလျှင်မြန်ပြေးကောက်ပြီး ဘယ်ပြန်ညာပြန်ကြည့်ရှုလိုက်သည်။ [ဟိုရာဒရစ်ကုဗတုံး]ဖြစ်သည်သေချာမှ စိတ်အေးသွားကြတော့သည်။

အပြင်ပန်းမှကြည့်ရှုပါက [ဟိုရာဒရစ်ကုဗတုံး]သည် အမဲရောင်သံမဏိဖြင့်ပြုလုပ်ထားသည့် အလျားအနံ၂၀စင်တီမီတာကျယ်ဝန်းသည့် သေတ္တာတစ်လုံးဖြစ်သည်။ ရွှေကဲ့သို့အဝါရောင် သတ္ထုတစ်မျိုးဖြင့်ကွပ်ထားပြီး ရှေးကျသည့်မှော်သင်္ကေတများထွက်းထုထားသည်။ ကြည့်ရသည်မှာ လေးလံမည်ဟုထင်ရသော်လည်း ဖှေး၏လက်ထဲတွင် ငှက်မွေးတစ်ချောင်းမျှပင် ပေါ့ပါးနေသည်။

ဖှေး လျှင်မြန်စွာပင် သေတ္တာကိုဖွင့်ကြည့်လိုက်သည်။ သေတ္တာထဲတွင် တစ်ခြားအတိုင်းတာတစ်ခုဖြစ်သည်။ အကျယ်၃လက်မနှင့် အမြင့်၄လက်မရှိ အကန့်၁၂ကန့်ပါရှိသည်။ ယခင် ကွန်ပြူတာဂိမ်းများကဲ့သို့ပင်။

ဖှေး မစောင့်နိုင်တော့ပေ သူ၏ထားသိုရာနေရာအတွင်းမှ မှော်တလင်းကျောက်သုံးတုံးကိုထုတ်ယူပြီး သေတ္တာထဲသို့ထည့်ကာ သေတ္တာအဖုံးပိတ်ပြီးအပေါ်ရှိ "S"ပုံသဏ္ဍန်မှော်သင်္ကေတပေါ်သို့ လက်ဖဝါးဖြင့်အုပ်ကာ မှော်စွမ်းအင်အနည်းငယ် ထည့်လိုက်သည်။

ထို့နောက်တွင် ဖော်ပြမရသော အသံတစ်ခုသူ၏နားများထဲတွင်ကြားလိုက်ရသည်။

သေတ္တာအဖုံးကိုပြန်ဖွင့်လိုက်သည့်အချိန်တွင် မှော်ဆန်သည့်အတင့်မြင့်တင်ခြင်းမှာ အလုပ်ဖြစ်သည်ကိုတွေ့လိုက်ရသည်။ သူ၏ အနိမ့်စား မှော်တလင်းကျောက်သုံးတုံးမှာ အလတ်စား မှော်တလင်းကျောက်တစ်တုံးအဖြစ်သို့ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။ အမြင်အရဆိုပါက အလတ်စား မှော်တလင်းကျောက်သည် အနိမ့်စားထက်ပို၍တောက်ပလှပသည်ကိုတွေ့ရသည်။ အထဲတွင်သိုလှောင်ထားသည့် မှော်စွမ်းအင်များမှာလဲ အဆတစ်ရာခန့်ပိုများလာသည်က််ိုတွေ့ရသည်။ [ဟိုရာဒရစ်ကုဗတုံး]၏အစွမ်းမှာ တကယ်အလုပ်ဖြစ်ကြောင်းကိုတွေ့လိုက်ရသဖြင့် ဖှေး စိတ်အေးသွား၏။

ဤအချက်ကြောင့် သူ၏ပိုက်ဆံများစွာရှာဖွေရန် အစီစဥ်မှာ တစ်ဝက်ခန့်အဆင်ပြေသွားပြီဖြစ်သည်။

ယခုအချိန်တွင် သူ၏လက်ထဲတွင် [ဟိုရာဒရစ်ကုဗတုံး]ရရှိပြီးဖြစ်သဖြင့် ဖှေးနောက်အလုပ်တစ်ခုကိုပြီးမြောက်ရန်အတွက် အလောတကြီးမဖြစ်တော့ပေ။ ထို့နောက်တွင် အယ်နီနာကိုခေါ်ပြီး သူပုန်စခန်းသို့ တိုက်ရိုက်ပြန်လာခဲ့တော့သည်။ ထို့နောက်တွင် သူပုန်စခန်းရှိ သူ၏ ယာယီတဲအတွင်းသို့ဝင်ပြီး မှော်တလင်းကျောက် အဆင့်မြှင့်တင်ရေးအစီစဥ်ကိုစတင်တော့သည်။

အပြင်ကမ္ဘာနှင့် ဒိုင်ယာဘလိုကမ္ဘာကို ကူးချည်သန်းချည်အခါ၃၀လောက်ပြုလုပ်ပြီး ဇိုလာဆက်သခဲ့သော မှော်တလင်းကျောက်များကို လူရိုင်းဇာတ်ကောင်၏ ထားသိုရာနေရာကိုအသုံးပြု၍ အပြင်ကမ္ဘာမှ ဒိုင်ယာဘလိုကမ္ဘာအတွင်းသို့ရွေ့ပြောင်းသည်။ ထို့နောက်တွင် အဆင့်မြှင့်တင်ခြင်းကို စတင်တော့သည်။

နာရီဝက်ခန့်အကြာတွင် ဖှေးအဆင့်မြှင့်တင်ခြင်းပြီးဆုံးပြီး သူ၏လက်ထဲတွင် အလတ်စားမှော်တလင်းကျောက်၁၀လုံး၊ အထက်တန်းစားမှော်တလင်းကျောက်၁၀လုံး၊ ပြီးပြည့်စုံအဆင့်မှော်တလင်းကျောက်၁၀လုံးနှင့် ဒဏ္ဍာရီလာအဆင့် မှော်တလင်းကျောက်၂လုံးတ်ို့ ရရှိနေပြီဖြစ်သည်။ ကျန်ရှိနေသေးသည့် အနိမ့်စားမှော်တလင်းကျောက်များကို အာကာရာထံတွင်ရောင်းချလိုက်ရာ ရွှေဒင်္ဂါး၅၀၀၀၀ခန့်ရရှိလိုက်သည်။ သူ့ထံတွင်ရှိပြီးဖြစ်သော ရွှေဒင်္ဂါး၃၀၀၀၀ဖြင့်ပေါင်းပါက ဖှေးလက်ထဲတွင် ရွှေဒင်္ဂါး၈၀၀၀၀ရရှိနေပြီဖြစ်သည်။

"ဟားဟားဟား ငါတော့ချမ်းသာပြီဟေ့......"

ဤကဲ့သို့ပိုက်ဆံများဖြင့်ဆိုပါက သူသည်လူ့တ်ဂိုလိမ်မြို့မှ အကောင်းစားချပ်ဝတ်များ၊ စွမ်းအားမြင့်လက်နက်များဝယ်ယူနိုင်ပြီဖြစ်ပြီး ထိုပစ္စည်းများဖြင့် သူ၏လူရိုင်းဇာတ်ကောင်၏စွမ်းအားများမှာ အဆင့်၂ခုခန့်ပင် ခုန်တတ်သွားမည်ဖြစ်သည်။

တွေးရင်းဖြင့် စိတ်လှုပ်ရှားလာပြီး ဖှေးတဲအတွင်းမှ လမ်းလျှောက်ထွက်လာပြီး စခန်းအတွင်းတွင်ဝါးရစ်ကိုတွေ့လိုက်ရသည်။ ဖှေး ဝါးရစ်ထံသို့သွားပြီး အရှေ့သို့ထွက်ခွာရန်ကို ရွေးချယ်မည်ပြုစဲတွင် သေးငယ်သောအသံတစ်ခုကို သူ၏နားထဲတွင်ကြားလိုက်ရသည်။

"ဆရာဖှေး ခနစောင့်ပါဦး......"

"ဆရာဖှေး ကျွန်မတို့လဲ လူ့တ်ဂိုလိမ်မြို့ကို ရောက်ဖူးချင်လို့ ခေါ်သွားပေးလို့ရမလား...."

"ဟုတ်တယ်ဆရာဖှေး ကျေးဇူးပြုပြီးခေါ်သွားပေးပါ ကျွန်မတို့အနှောင်အယှက်လုံးဝမပေးပါဘူး...မြို့ထဲမှာတင် လမ်းပတ်လျှောက်ပြီး မြို့ကြီးဆိုတာဘယ်လိုလဲ လေ့လာကြည့်ချင်ရုံပါ....."

လှပသည့် အမျိုးသမီးသူပုန်၁၂ယောက်ခန့် ဖှေးအနားသို့ဝိုင်းလာကြသည်။ ယခင်က ဝါးရစ်သည်တစ်စုံတစ်ယောက်အား မိုင်ပေါင်းထောင်ချီဝေးသည့် လူ့တ်ဂိုလိမ်မြို့သို့ပို့ဆောင်ပေးနိုင်ကြောင်းကို သူတို့အားလုံးမျက်မြင်တွေ့ရှိခဲ့ပြီး စိတ်လှုပ်ရှားနေခဲ့ကြသည်။ သူတို့လည်း သွားရောက်လည်ပတ်လိုကြသည်။ သို့သော် ဝါးရစ်သည်သူတ်ို့အား ပို့ဆောင်မပေးနိုင်သည်က်ိုသိရှိပြီးနောက်တွင် ဖှေးအားအကူညီတောင်းရန်မှတစ်ပါးတစ်ခြားမရှိတော့ပေ။

ဖှေးတစ်ယောက်လည်း လှပသောအမျိုးသမီးများ၏ မျှော်လင့်ချက်မျက်ဝန်းများ၏ ဖမ်းစားချင်းကို မလွန်ဆန်နိုင်ချေ။

"ပြသနာမရှိပါဘူး ငါနင်တို့ကိုခေါ်သွားပေးမယ်....ဟားဟားဟား"

ဖှေး အမျိုးသမီးသူပုန်များ၏ တောင်းဆိုမှုကိုလက်ခံလိုက်သည်။ ထို့နောက်တွင် ဝါးရစ်နှင့်စကားပြောပြီး အရှေ့သို့သွားရန်ကိုရွေးချယ်လိုက်သည်။ ထို့နောက်တွင် အဖြူရောင်အလင်းတန်းတစ်ခုတောက်ပလာပြီး ဖှေးတစ်ယောက်ထံသာ အမျိုးသမီးများ၏ မြင်ကွင်းမှပျောက်ကွယ်သွားတော့သည်။ အမျိုးသမီးများမှာတစ်ယောက်မျက်နှာတစ်ယောက်ကြောင်ကြည့်နေကြရင်း ယခင်နေရာ၌သာကျန်ခဲ့ကြသည်။

လူ့တ်ဂိုလိမ်မြို့တွင်ဖြစ်သည်။

"ဟားဟား ငါတို့ရောက်ပြီ။ နင်တို့တွေ မြို့ထဲမှာလမ်းလျှောက်ပြီး လည်ပတ်လို့ရတယ်....ဒါမယ့် မြို့ပြင်တို့၊ ရေဆိုးမြောင်းထဲတို့ကိုတော့မသွားကြနဲ့နော် အဲ့က မကောင်းဆိုးဝါးတွေက အန္တရာယ်များတယ် နင်တို့ကိုင်တွယ်နိုင်မှာမဟုတ်ဘူး....."

ဖှေး စကားပြောပြီး နောက်သို့ပြန်လည့်ကြည့်သည့်အချိန်တွင် သူ၏နောက်တွင် မည်သူမျှမရှိသည်ကိုတွေ့လိုက်ရသည်။

"ဟမ်.....သူပုန်ကောင်မလေးတွေ စိတ်ပြောင်းသွားပြီး မလိုက်တော့ဖို့ဆုံးဖြတ်လိုက်တာလားမသိဘူး....."

All Chapters