← Chapters

အခန်း (၉၇)

Vol. 7 Ch. 97

အခန်း (၉၇)

Vol. 7 Ch. 97

ဆောင်းဦးလေပြေတ်ိုက်ခတ်သဖြင့် သစ်ရွက်များလေထဲသို့လွှင့်စင်ကုန်ကြသည်။

"ဟမ်....ဘယ်သူမှလဲ မလိုက်ခဲ့ကြဘူးလား....သူတို့တွေငါ့ကို ဝိုင်းနောက်နေကြတာလား....ဟူးး....မိန်းကလေးတွေဘာတွေးနေတယ်ဆိုတာကို ဘယ်တော့မှနားမလည်နိုင်ပါလား...."

ငယ်ရွယ်လှပသည့် အမျိုးသမီးသူပုန်များပါမလာကြသည်ကို သတိထားမိသွားသောဖှေးသည် ဝမ်းနည်းကြေကွဲစွာဖြင့် ဆောင်းဦးလေနှင့်အတူ လွင့်စင်နေသော သစ်ရွက်ခြောက်များကို အတန်ကြာငေးကြည့်နေ၏။ ထို့နောက်တွင် ကောင်မလေးများရုတ်တရင်စိတ်ပြောင်းသွားကာ မလိုက်တော့ရန်ဆုံးဖြတ်လိုက်သည်ဟု မှတ်ယူလိုက်ပြီး သီချင်းတစ်ပုဒ်ဆိုကာ လူ့တ်ဂိုလိမ်မြို့ထဲသို့လမ်းလျှောက်ဝင်သွားပြီး မြို့ထဲတွင် ကွန်ပျူတာဇာတ်ကောင် ဖာရာနှင့်တွေ့လိုက်ရသည်။ သူမသည်သည်လည်း သူပုန်စခန်းမှ ပန်းပဲဆရာမချယ်စီကဲ့သို့ပင် လူ့တ်ဂိုလိမ်မြို့၏ ပန်းပဲဆရာမဖြစ်သည်။ သူမထံမှ ဖှေးပို၍အဆင့်မြင့်ကာ သေစေနိုင်သော လက်နက်များဝယ်ယူနိုင်သည်။

ဖှေးဝယ်ယူရရှိနိုင်သည့် ပစ္စည်းများစာရင်းကိုဖွင့်ကြည့်လိုက်ပြီး စတင်ကြည့်ရှုတော့သည်။

သူချပ်ဝတ်များကို စတင်ကြည့်ရှုသည်။

သူယခင်က အသုံးပြုနေခဲ့သည့် [အာတိတ်သားမွေး]မှာ ယခုအချိန်တွင် အနည်းငယ်ဒိတ်အောက်နေပြီဖြစ်သည်။ အဆင့်မြင့်မကောင်းဆိုးဝါးများ၏ ချွန်မြသော လက်သည်းဒဏ်များ၊ အစွယ်ဒဏ်များကို ကောင်းမွန်စွာခုခံနိုင်ခြင်းမရှိတော့ပေ။ ထို့ကြောင့် အဆင့်မြင့်လဲလှယ်ရမည်ဖြစ်တော့သည်။

ဖှေး အရာအားလုံးကို ဂရုတစိုက်ကြည့်ရှုပြီး ခုခံအား ၉၅ရှိသည့် အင်းစက်ကြေးခွံများကဲ့သ်ို့ ပြုလုပ်ထားသော အနီ​ရောင်ချပ်ဝတ်တစ်ခုကိုတွေ့လိုက်ရသည်။ ဤ [ကြေးခွံချပ်ဝတ်]မှာ [အာတိတ်သားမွေး]ထက် ခုခံနိုင်စွမ်းနှစ်ဆမြင့်မားသလို စျေးမှာလဲအလွန်ကြီးလှသည်။ ဖှေးအား ရွှေဒင်္ဂါး၂၀၀၀၀အပြည့်ကုန်ကျစေမည်ဖြစ်သည်။

ဤချပ်ဝတ်အပြင် ဖှေး ရှေးခေတ်စပါတန်စတိုင် အဆင့်မြင့်သံမဏိဦးဆောင်းတစ်ခုကိုလည်း ရွေးချယ်ထားသည်။ ဦးဆောင်းတွင် "T"ပုံသဏ္ဍာန်ရှ်ိ နှာခေါင်းကာတစ်ခုပင်ပါရှိပြီး ဦးခေါင်းထိတ်တွင်ရွှေရောင်ငှက်မွေးတစ်ချောင်း ထောင်ထွက်နေသည်။ ဒီဇိုင်းပိုင်းတွင် ပြောစရာမရှိပေ။ ဦးထုတ်အားတပ်ဆင်ပါက ခုခံအား ၁၃တိုးမြှင့်ပေးမည်ဖြစ်ပြီး၊ မီးဒဏ်ခံနိုင်အား +18%ကိုလည်း တိုးမြှင့်ပေးမည်ဖြစ်သည်။ [သံမဏိချိန်းကြိုးဖိနပ်]တစ်ခုက်ိုလည်း ရွေးချယ်ထားသည်။ ထိုဖိနပ်မှာ ခုခံအား +၁၂ကိုပေါင်းထည့်ပေးမည်ဖြစ်ပြီး မီး၊ မိုးကြိုးနှင့် အဆိပ်တ်ို့က်ို ခုခံရာတွင်လည်း ထူးခြားဂုဏ်သတ္တိများစွာရှိသည်။

ဖှေးတွင် ချပ်ဝတ်၊ ဦးဆောင်းနှင့် ဖိနပ်တို့ကို အသစ်လဲလှယ်ရရှိပြီးဖြစ်သည်။ ဖှေး ပြည့်စုံရန်အတွက် လက်အိပ်တစ်စုံဝယ်ယူရန် ကျန်ရှိနေသေးသည်။ ကံမကောင်းစွာပင် ဤနေရာတွင်ရှိနေသော လက်အိပ်များမှာ ဖှေး၏သတ်မှတ်ချက်စံနှုန်းများဖြင့် မကိုက်ညီသည်ကိုတွေ့ရသည်။

သက်ပြင်းတစ်ချက်ချပြီးနောက်တွင် ဖှေးနည်းလမ်းတစ်ခုကို စဥ်းစားလိုက်မိသည်။ အဖြူရောင်စတင်သူ သံမဏိလက်အိပ်တစ်ခုကိုဝယ်ယူပြီး နောက်မှ[သူပုန်စခန်း]ပန်းပဲဆရာမချယ်စီအား မှော်စွမ်းအင်မွမ်းမံခိုင်းရန်ဖြစ်သည်။ ယခင်က မှော်တူရှာဖွေသည့် အလုပ်ကိုပြီးမြောက်စဥ်က ဆုလာဘ်ဖြစ်သည့် မိမိ၏ပစ္စည်းတစ်ခုခုကို မှော်စွမ်းအင်ဖြင့်မွမ်းမံရန်အခွင့်ရေးကို ဖှေးယခုအချိန်ထိ အသုံးမပြုရသေးပေ။ ယခုအချိန်တွင် သူထိုအခွင့်ရေးကိုအသုံးပြုပြီး သာမန်လက်အိပ်တစ်ခုကို အဆင့်မြင့်မှော်စွမ်းအင်ပါသည့် လက်အိပ်တစ်ခုအဖြစ်ပြောင်းလဲနိုင်တော့မည်ဖြစ်သည်။

ယခုအချိန်သည် လက်နက်အသစ်ရွေးချယ်ဝယ်ယူရမည့်အချိန်ဖြစ်သည်။

လက်နက်အတွက် ဖှေးအချိန်ယူကာ သေချာစဥ်းစားပြီး [ဝိညင်နှစ်ဖက်သွားဓား] နှင့် [ဝိညင်တလင်းကျောက်ဓား]ဟု အမည်ရသည့် အရွယ်စားတူညီသည့် ဓားနှစ်လက်ကိုဝယ်ယူလိုက်သည်။ ဓားနှစ်လက်လုံး၏ ထိခိုက်စေနိုင်စွမ်းမှာ 8-25ဖြစ်သည်။ ယခင်က အသုံးပြုနေကြ အသွားနှစ်ဖက်ပါ ပုဆိန်ထက် ပို၍အစွမ်းထက်သည်။ ထို့အပြင် ဓားနှစ်လက်လုံးသည် အပြာရောင်အဆင့်ပစ္စည်းများဖြစ်သဖြင့် ခုခံမှုနှင့် တိကျမှုတို့တွင် ထူးခြားသည့်ဂုဏ်သတ္တ်ိများပါရှိသည်။ ထိုဓားနှစ်လက်သည် ဖှေးအား ရွှေဒင်္ဂါး၁၉၀၀၀အတိကုန်ကျစေသည်။ ယခုအချိန်တွင် သူ၏ လူဇိုင်းဇာတ်ကောင်သည် [ဓားနှစ်လက်သိုင်း]ကို သင်ယူပြီးဖြစ်သဖြင့် ဓားနှစ်လက်ကို အသုံးပြုတိုက်ခိုက်နိုင်နေပြီဖြစ်သည်။ ဤသည်မှာ ပုဆိန်နှင့်တိုက်ခိုက်သည်ထက် ကြည့်ရသည်မှာ ပို၍လှပသည်မကပဲ သေစေနိုင်မှုမှာလဲ နှစ်ဆမြင့်တတ်သွားပေလိမ့်မည်။

ဤဓားနှစ်လက်မှာ ဖှေး၏ လူရိုင်းဇာတ်ကောင်အတွက် ပထမဦးစားပေးလက်နက်ဖြစ်သည်။

သူ၏ ဒုတိယဦးစားပေးလက်နက်အတွက် ယခင်က အသုံးပြုခဲ့သော [မုန်တိုင်းဆေဘာ]ဓားနှင့် [အာဇူရာဒိုင်းကာ]တို့ကို ဖြုတ်ဆင်ကာ ရောင်းချပြီးဖြစ်သည်။ ထိုအစား ခုခံမှုအား +22နှင့် ဒဏ်အမျိုးမျိုးကို +3ခံနိုင်ရည်ရှိသည့် [စွမ်းအားမြင့် ပေါ့ပါးသံမဏိဒိုင်းကာ]နှင့် လက်တစ်ဖက်ထဲဖြင့် ကိုင်တွယ်အသုံးပြုနိုင်သော အသွားနှစ်ဖက်ပါ [သွေးသံမဏိ]ပုဆိန်တို့ကို ဝယ်ယူလိုက်သည်။ ဤပုဆိန်မှာ ထိခိုက်စေနိုင်မှု 7-20နှင့် အတူ မီးဖြင့်ထိခိုက်စေနိုင်မှုလဲ အပိုပါရှိပြီး တိကျမှုမှာ +20ဖြစ်သည်။

ရလဒ်အနေဖြင့် ဘယ်လက်တွင်ဒိုင်းကာ၊ ညာလက်တွင် ပုဆိန်ဖြင့် ဒုတိယဦးစားပေးလက်နက်၏ ထိခိုက်စေနိုင်မှုမှာလည်း ယခင်ထက်၂ဆ​မြင့်တတ်သွားပြီဖြစ်သည်။ လက်နက်အသစ်များနှင့်အတူ တွဲလျှက်ပါလာသော အာနိသင်များမှာ အံ့သြစရာပင်။

နောက်ဆုံးတွင် ဖှေးရွှေဒင်္ဂါး၃၀၀၀ခန့်အသုံးပြုပြီး အလွှာ၃လွှာ အကန့်၁၆ကန့်ပါရှိသော ထားသိုရာနေရာတစ်ခုကိုဝယ်ယူလိုက်သည်။ ဤနည်းဖြင့်သူသည် အပြင်ကမ္ဘာမှ ဒိုင်ယာဘလိုကမ္ဘာသို့ ပစ္စည်းများသယ်ဆောင်ရာတွင် ပို၍လွယ်ကူစေမည်ဖြစ်သည်။

ဤစျေးဝယ်ခရီးသည် ဖှေးအား ရွှေဒင်္ဂါး၆၀၀၀၀ခန့် ကုန်ကျစေသည်။ သို့သော် သူ၏ ပစ္စည်းအဟောင်းများကို ပြန်လည်ရောင်းချခြင်းဖြင့် ရွှေဒင်္ဂါးအနည်းငယ်လဲ ပြန်လည်ရရှိသေးသောကြောင့် လက်ထဲတွင် ရွှေဒင်္ဂါး၃၅၀၀၀ခန့်ကျန်သေးရာ အနည်းငယ်ချမ်းသာသောလူအဖြစ် သတ်မှတ်နိုင်ဆဲဖြစ်သည်။

ကံမကောင်းစွာပင် ဤနေရာရှိကွန်ပျူတာဇာတ်ကောင်များသည် မှော်လက်စွပ်များ၊ မှော်ဆွဲကြိုးများကဲ့သို့ သေးငယ်သော မှော်ပစ္စည်းများကိုရောင်းချခြင်းမရှိပေ။ ယခုအချိန်တွင် ဖှေးထံတွင် လက်စွပ်နှစ်ကွင်းနှင့် ဆွဲကြိုးတစ်ခုရှိသည်။ သို့ရာတွင် ထိုပစ္စည်းများသည် အလင်းအားတိုးချဲ့ခြင်းနှင့် လက်နက်တိကျမှုကို တိုးမြှင့်ပေးခြင်းစသကဲ့သို့ သက်ရောက်မှုများသာရှိသဖြင့် သိပ်ပြီးအသုံးမဝင်လှချေ။

ဤဖြစ်စဥ်တစ်လျှောက်တွင် ဖှေးအချက်တစ်ချက်ကို ကောက်ချက်ချအတည်ပြုလိုက်နိုင်သည်။

လူ့တ်ဂိုလိမ်မြို့တွင်ရှိသော ကွန်ပျူတာဇာတ်ကောင်များတွင် ကိုယ်ပိုင်အသိဉာဏ်လုံးဝမရှိသည်ဟူသော အချက်ပင်။ [သူပုန်စခန်း]လူများသည် တက်ကြွသောခံစားချက်များရှိကြပြီး သူ့အသိဉာဏ်နှင့်သူပြုမူသွားလာနေကြသည်။ သို့သော် လူ့တ်ဂိုလိမ်မြို့တွင်မူ အသက်ဝိညင်လုံးဝကင်းမဲ့နေသည်။ မူရင်းဂိမ်းထဲမှအတိုင်းပင် စကားပြောရာတွင်လည်း စာကြောင်းတစ်ခုထဲကိုသာ ထပ်ခါတလဲလဲပြောနေမည်ဖြစ်သည်။ အသံအနေထားအနည်းငယ်ပင် ပြောင်းလဲသွားခြင်းမရှိပေ။ သူတို့အားလုံး ပရိုဂရမ်ရေးထားသည့် စက်ရုပ်များကဲ့သို့ပင် စိတ်ခံစားချက်များကင်းမဲ့နေကြသည်။

"ဒါဘာလို့ပါလိမ့်......"

လူ့တ်ဂိုလိမ်မြို့ကြီးတစ်ခုလုံးမှာ အသတ်ဝိညင်ကင်းမဲ့သလို ဖြစ်နေခြင်းမှာမထူးဆန်းတော့ပဲ။ သို့သော် အဘယ်ကြောင့်ဤကဲ့သို့ဖြစ်နေသည်ဟူသောအချက်မှာ ဖှေးအားပဟေဠိဖြစ်စေသည်။ ထို့ကြောင့် ဖှေးဆက်မစဥ်းစားတော့ပဲ စောင့်ကြည့်ရန်သာ ဆုံးဖြတ်လိုက်တော့သည်။

.........

ပစ္စည်းအသစ်များ တပ်ဆင်ပြီးနောက်တွင် ဖှေးသူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် စွမ်းအင်များဖြင့် ပြည့်ဝနေသည်ကို ခံစားနေရသည်။ ခုခံမှုဆိုင်ရာနှင့် တိုက်ခိုက်မှုဆိုင်ရာနှစ်ခုလုံးတွင် သူ၏စွမ်းအင်များသည် နှစ်ဆခန့်မြင့်မားသွားပြီဖြစ်သည်။

ဖှေး သူ၏လက်ကိုဝှေ့ရမ်းလိုက်ရာ အစိမ်းရောင်နှင့် ခရမ်းရောင်တောက်ပသွားပြီး ဓားရှည်နှစ်လက်သည် ဖှေး၏လက်နှစ်ဖက်တွင်ပေါ်ပေါက်လာပြီး သူ့အား ဂုဏ်သရေမြင့် ဂန္ဒဝင်ဓားသမားကြီးကဲ့သ်ို့ပင် ခံစားရစေသည်။

"ဟားဟား ဒီဓားနှစ်လက်ကို ငါဒီနေ့ကစပြီး အစိမ်းရောင်နဲ့ခရမ်းရောင် ညီအကိုလို့ခေါ်တော့မယ်....."

ဖှေးသည် ယခုအချိန်တွင်လက်နက်ချပ်ဝတ်အပြည့်စုံ တပ်ဆင်ပြီးဖြစ်သည်။ ထို့နောက်တွင် သူ၏ဓားနှစ်လက်ကို ကိုင်ပြီး လူ့တ်ဂိုလိမ်ဂိတ်တံခါးဝမှပြေးထွက်သွားပြီး တောထဲတွင်မကောင်းဆိုးဝါးရှင်းလင်းနှိမ်နင်းသတ်ဖြတ်ရေးကို စတင်တော့သည်။ ယခင်က သူပုဆိန်ဖြင့် လေးငါးချက်ခန့်ခုတ်မှသေသော မကောင်းဆိုးဝါးများမှာ ယခုအချိန်တွင် တစ်ချက်သာခုတ်စရာလိုတော့သည်။ [ဓားနှစ်လက်သိုင်း]သည် ဓားမုန်တိုင်းကဲ့သို့ပင် ဖှေးရောက်သည့်နေရာတိုင်းတွင် မကောင်းဆိုးဝါးများ၏အလောင်းများဖြင့် ပြည့်နှက်သွား၏။

"လက်ရှိ လူရိုင်းဇာတ်ကောင်ရဲ့အစွမ်းတွေနဲ့ဆ်ိုရင်တောင် ငါကြယ်လေးလုံးအဆင့်ကျွမ်းကျင်သူတွေနဲ့ ရင်ဆိုင်ရရင် ငါနိုင်ဖို့အခွင့်လမ်းတွေအများကြီးရှိမှာပဲ....."

ဆယ်မိနစ်ခန့် စမ်းသပ်သတ်ဖြတ်ပြီးနောက်တွင် ဖှေးသူ၏ လက်ရှိစွမ်းအားကို ကောင်းမွန်စွာနားလည်လာခဲ့သည်။ ထို့နောက်တွင် ဖှေးအပြာရောင်ဝတ်စုံနှင့် ဝါးရစ်ထံသို့သွားပြီး [အနောက်သို့သွားရန်]ကို ရွေးချယ်ကာ ဖှေး သူပုန်စခန်းသို့ ပြန်လာခဲ့တော့သည်။

..........

"ဆရာဖှေးက ကတိလည်းမတည်ဘူး....."

"ကျွန်မတို့က မြို့ကြီးကိုသွားပြီး ကြည့်ရုံတင်ပါဆရာ့ကို ဒုက္ခမပေးပါဘူး ကျေးဇူးပြုပြီးတစ်ခါလောက်တော့ ခေါ်သွားပေးပါ......"

"ဆရာက အယ်လီနာကိုကျ ခေါ်သွားပြီး ကျွန်မတို့ကိုကျ ဘာလို့မခေါ်ချင်ရတာလဲ....ကျွန်မတို့လဲ အယ်လီနာလုပ်တဲ့အရာမှန်သမျှ လုပ်ပေးနိုင်ပါတယ်...."

သူပုန်စခန်းတွင် ဖြစ်သည်။

ဖှေးနှင့် ဝါးရစ်တ်ို့ လွန်ခဲ့သည့်နာရီဝက်ခန့်က ရုတ်တရက်ပျောက်သွားသောနေရာတွင် ဖှေးပြန်ရောက်လာသည်က်ိုတွေ့ရသောအခါ လှပသေယအမျိုးသမီးသူပုန်များ ထက်မံဝိုင်းအုံလာကြသည်။

ဘယ်အချိန်ကမှန်းတော့မသိချေ အယ်လီနာသည်လည်း ထိုလူအုပ်ထဲတွင်ရောက်ရှိနေကြောင်းကိုဖှေးတွေ့လိုက်ရသည်။

အယ်လီနာ ဖှေးအား ဝိုင်းရံနေကြသောအမျိုးသမီးများကို ကြိုးစားကျော်ဖြတ်ပြီး ပထမပိုင်းတွင် အနည်းငယ်တွန့်ဆုတ်နေကာ ညင်သာစွာပြောလိုက်သည်။ "ဆရာဖှေး ဖြစ်နိုင်မယ်ဆိုရင် ညီအမတွေကိုခေါ်သွားပေးလိုက်ပါလား...သူတို့တွေက ဒီမှာပဲကြီးပြင်းခဲ့ပြီး မှောင်မဲတဲ့ကောင်းကင်အောက်မှာ မကောင်းဆိုးဝါးတွေနဲ့အမြဲရင်ဆိုင်နေခဲ့ရတာဆိုတော့ မြို့ကိုတစ်ခါမှမမြင်ဖူးမရောက်ဖူးကြလို့ပါ....."

"ခနလေး......"

ဖှေး ကောင်မလေးများတစ်ယောက်တစ်ပေါက်ပြောနေကြသည်ကို ရပ်တံ့စေလိုက်သည်။ ထို့နောက်တွင် အံ့သြစွာမေးလိုက်သည်။ "ဒါဆိုနင်တို့တွေ စိတ်ပြောင်းပြီး မလိုက်တော့ဖို့ဆုံးဖြတ်လိုက်တာ မဟုတ်ဘူးပေါ့....."

"နေခဲ့ဖို့လား....." ကောင်မလေးများလဲ အံ့သြသွားသည်။ "ကျွန်မတို့ကဘာလို့နေခဲ့ချင်မှာလဲ ဆရာဖှေးပဲ ခေါ်မသွားချင်လို့ ထားခဲ့ပြီးတစ်ယောက်တည်းထွက်သွားတာမဟုတ်ဘူးလား....."

ဖှေး ကြောင်တောင်တောင်ဖြစ်သွားသည်။ ထို့နောက်တွင် စက္ကန့်အနည်းငယ်ကြာတွေးပြီး ပြောလိုက်သည်။ "ဒါတော်တော်ထူးဆန်းတာပဲ....ကောင်းပြီလေ ငါတို့နောက်တစ်ခါ သေချာပြန်လုပ်ကြည့်ရအောင် အရင်ကငါတို့သေချာမပူးပေါင်းခဲ့ကြလို့ထင်တယ်....အားလုံးပဲ တစ်ယောက်လက်တစ်ယောက်ကိုင်ပြီး မျက်လုံးမှိတ်ထားကြ....."

ကောင်မလေးများ ခိုင်းတဲ့အတိုင်း လုပ်လိုက်ကြသည်။

တုန်ခါသံတစ်ချို့နှင့် အပြာရောင်အလင်းတန်းတစ်ခုတောက်ပသွားပြီး ဖှေးနေရာမှပျောက်ကွယ်သွားလေသည်။ အယ်လီနာလဲဖှေးနဲ့အတူ ပျောက်ကွယ်သွားသည်။ သို့သော် ကျန်အမျိုးသမီးသူပုန်များမှာ ယခင်နေရာ၌ပင် ကျန်နေခဲ့ကြပြီးတစ်ယောက်နှင့် တစ်ယောက်ကြောင်ကြည့်နေကြသည်။

ဒွီ......

ဖှေးပြန်လည်ရောက်ရှိလာသည်။

"ဘာတွေဖြစ်ကုန်တာလဲ ငါကအယ်လီနာတစ်ယောက်ကိုလဲ ခေါ်သွားလို့ရတာလား......." ဖှေးထိတ်လန့်သွားသည်။ ဤသည်မှာ အဓိပ္ပါယ်မရှိပေ။ သူတစ်စုံတစ်ယောက်ကို ခေါ်သွားနိုင်ပါက လူတိုင်းကိုခေါ်သွားနိုင်ရမည်ဖြစ်သည်။ ထို့အပြင် သူမတို့အားလုံးလဲ သူပုန်များပင်ဖြစ်ပြီး အယ်လီနာကိုသာခေါ်သွားလို့ရသည်မှာ အဘယ်ကြောင့်နည်း။

သူတို့အားလုံး အခြင်းခြင်းတိတ်ဆိတ်စွာပင် ကြောင်ကြည့်နေကြသည်။

All Chapters