အခန်း (၉၉)
Vol. 7 Ch. 99
အယ်လီနာနှင့် ဖှေးတိုးကြားတွင်ရှိသောစာချုပ်မှာ [အလုပ်ခန့်စာချုပ်]ဖြစ်သည်။ ကျန်အမျိုးသမီးသူပုန်များနှင့် ဖှေး၏စာချုပ်မှာ [ခင်မင်ရင်းနှီးမှုစာချုပ်]ဖြစ်သည်။
သူတော်စဥ် အာကာရာမှာမူ ဖှေးအား သူမ၏ ပညာသင်အနေဖြင့် [ပညာသင်စာချုပ်]ချုပ်ဆိုရန် အတင်းတိုက်တွန်းလိုက်သည်။
ဤအတွက်ကြောင့် ဖှေးသည်အာကာရာထံမှ လျို့ဝှက်ထူးဆန်းသည့် ဆေးဖော်စပ်နည်းများ၊ မှော်စာလိပ်ပြုလုပ်နည်းများ ကျန်ဗဟုသုတများကို နေ့စဥ်အချိန်အနည်းငယ်ပေးကာ သင်ယူရမည်ဖြစ်သည်။ သူ ဘာကြောင့်လဲတော့မသိချေ အာကာရာမှာ ဖှေးအတွက် မျှော်လင့်ချက်ကြီးကြီးတစ်ခုရှိနေပုံရသည်။ သူမ၏ လျိူ့ဝှက်ထူးသည့်အစွမ်းများကို ဤငယ်ရွယ်သော ခရီးသွားမှ အမွေဆက်ခံနိုင်မည်ဟု ယုံကြည်နေ၏။
လူများအားလုံးထွက်ခွာသွားသောအခါ ဖှေးကျောက်တုံးခန်းမအတွင်းသို့ ပြန်ဝင်လာခဲ့သည်။
သူ၏ ကျောက်တုံးထိုင်ခုံပေါ်တွင် ထိုင်နေရင်း အနာဂတ်အတွက်အစီစဥ်များကို စဥ်းစားနေ၏။ သူသည် လက်နက်များချပ်ဝတ်များပြုလုပ်ရာတွင် ကျွမ်းကျင်သော ချယ်စီနှင့် ဆေးပုလင်းဖော်စပ်ရာတွင်ကျွမ်းကျင်သော အာကာရာတို့ကို အပြင်ကမ္ဘာတွင် ဆင့်ခေါ်ပြီး အကူညီတောင်းနိုင်ပါက ချမ်းဘော့ဒ်၏အနာဂတ်အတွက် အလွန်ကြီးမားသော အားအင်တစ်ခုဖြစ်နေမည်မှာ မလွဲပေ။ ချမ်းဘော့ဒ်မြို့ရှိ စစ်ဘက်ဆိုင်ရာသင်တန်းကျောင်းမှ ထူးချွန်ထက်မြတ်သော ကလေးများကိုရွေးချယ်ပြီး အာကာရာနှင့် ချယ်စီတို့ထံမှ ပညာသင်ကြားစေရန်လဲ ဆုံးဖြတ်လိုက်သည်။ ထိုအစွမ်းများတက်မြောက်သင်ကြားထားခြင်းမှာ ချမ်းဘော့ဒ်အတွက် ကောင်းမွန်သောအလားလာပင်ဖြစ်ပေသည်။
ပညာရေးဆိုသည်မှာ အသက်ငယ်ရွယ်စဥ်တွင် စတင်လျှင် အကောင်းဆုံးဖြစ်သည်ဟု ပညာရှိတစ်ဦးပြောဖူးသည်။
ထို့အပြင် ဖှေးသည်ယခုအချိန်တွင် သူ၏အတွင်းအားရှိသလောက် ဒိုင်ယာဘလိုကမ္ဘာမှလူတိုင်းကို အပြင်ကမ္ဘာသို့ဆင့်ခေါ်နိုင်ပြီဖြစ်သည်။
ယခုအချိန်တွင်မူ စစ်ဘက်ဆိုင်ရာခေါင်းဆောင် ခတ်ရှာနှင့် အဖိုးကြီးကိန်းတ်ို့မှာ လိုက်ပါလာခြင်းမရှိသေးပေ။ သူပုန်းစခန်းတွင် အစောင့်ကျန်ခဲ့ရန်အတွက် လူလိုအပ်သေးသောကြောင့်ဖြစ်သည်။ သူပုန်တိုက်တွင် ကြီးဆိုးနေသော နတ်ဆိုးခေါင်းဆောင်ကြီး အေဒရီရယ်ကို ဖှေးသတ်ဖြတ်နှိမ်နင်းပြီးပြီဟု ဆိုသော်လည်း တောထဲတွင်လှည့်လည်သွားလာနေကြသော မကောင်းဆိုးဝါးတစ်ချို့ ကျန်ရှိနေဆဲပင်ဖြစ်သည်။ သူတို့၏ခွန်အားများမှာ ယခင်လောက် အစွမ်းမထက်ကြတော့သော်လည်း [သူပုန်စခန်း]အား အန္တရာယ်ပြုနိုင်နေဆဲပင်ဖြစ်သည်။
ဖှေးအကြံစည်များကို အစီစဥ်တကျတွေးခေါ်ပြီးနောက်တွင် ပေါ်တယ်တစ်ခုဖွင့်ပြီး ဒိုင်ယာဘလိုကမ္ဘာအတွင်းသို့ ပြန်ဝင်လာခဲ့သည်။ ယခုတစ်ကြိမ်တွင် သူလူရိုင်းဇာတ်ကောင်ကို မရွေးချယ်တော့ပေ။ ဇာတ်ကောင်ရွေးချယ်သော နေရာသို့သွားပြီး ဇာတ်ကောင်အသစ်ဖြစ်သော ဒရူးဇာတ်ကောင်ကိုရွေးချယ်လိုက်သည်။
သူ၏ အစီစဥ်အရ ဖှေးလာမည့်နေ့များတွင် တစ်နေ့ကို၄နာရီဒိုင်ယာဘလိုကမ္ဘာသို့ ဝင်ရောက်နိုင်သည့်အခွင့်ရေးကိုအသုံးချပြီး ကျန်ဇာတ်ကောင်များဖြင့် သူပုန်စခန်းမြေပုံက်ိုအနိုင်ယူရန်ကြိုးစားမည်ဖြစ်သည်။ ဤကဲ့သို့ ဇာတ်ကောင်၇ခုလုံးဖြင့် သူပုန်စခန်းမြေပုံကို အောင်နိုင်ပါက လျို့ဝှက်ထူးဆန်းသောအသံမှာ သူ့အား ဆုလာဘတ်အသစ်ပေးမပေး စောင့်ကြည့်ရမည်ဖြစ်သည်။
..........
..........
ဖှေး သူ၏စွမ်းအင်များကို တိုးမြှင့်ရန်ဒိုင်ယာဘလိုကမ္ဘာထဲဝင်ရောက်နေခိုက်တွင် ချမ်းဘော့ဒ်မြို့အတွင်းတွင် လာမည့်ဘုရင့်ထီးနန်းတက်ပွဲရှိသောကြောင့် စည်ကားလျှက်ရှိသည်။
တစ်ခြားနိုင်ငံမှ လာရောက်လည်ပတ်နေကြသူများကို လမ်းများပေါ်တွင် တွေ့ရှိနိုင်သည်။ ထိုသူများသည်လည်း အုပ်စုလိုက်အုပ်စုလိုက်ဖွဲ့ကာ လမ်းများပေါ်တွင်လည်ပတ်နေကြသဖြင့် လမ်းသွားလမ်းလာများမှာ ယခင်ကထက် နှစ်ဆခန့်ပင် ပိုများလာသည်။ ကျန်ဝန်းလှသည့် ရွှေလမ်းမကြီးပင်လျှင် လူများဖြင့် ပြည့်နှက်နေလျှက်ရှိသည်။
ဤအခိုက်တန့်တွင် လှပသော မိန်းကလေးအုပ်စုတစ်ခုမှာ လူအများ၏အာရုံစိုက်မှုကို ရရှိလျှက်ရှိသည်။
ထိုမိန်းကလေးများကြားတွင် တစ်ယောက်မှာ မျက်နှာမှစပြီး ခြေဆုံးခေါင်းဆုံး ခရမ်းရောင်ဝတ်ရုံနှင့် လွှမ်းခြုံထား၏။ ကျန်မိန်းကလေးများမှာ ရိုးရှင်းသော ချပ်ဝတ်များဝတ်ဆင်ထားပြီး သူမတို့၏ ဖြူဖွေးသောအသားရည်များကို နေရာတော်တော်များများတွင် လစ်လှပ်ဖော်ပြထားလျှက်ရှိသည်။ သူတို့အားလုံးတွင် အလွန်လှပသော မျက်နှာများရှိကြ၏။ လူအုပ်ထဲသို့ ရောက်ရှိလာသော နတ်သမီးလေးများကဲ့သို့ပင်။ သူတို့အားလုံး မည်သည့်အရာကိုမျှ မမြင်ဖူးခဲ့သည့်အတိုင်းပင် ပစ္စည်းတိုင်းကိုလက်ငြိုးထိုးကာသိလို့စိတ်ဖြင့်မေးမြန်းနေကြသည်။ ထိုငယ်ရွယ်သည့် မျက်နှာများတွင် စိုးရိမ်စိတ်လုံးဝမရှိပေ။ အပြစ်ကင်းသော ကလေးငယ်များကဲ့သို့ပင်။
သို့သော် လမ်းပေါ်တွင်လမ်းသွားလမ်းလာများစွာရှိသည့်အနက် မည်သူမျှ ထိုမိန်းကလေးများအား ပိုးပန်းလိုသည့်စိတ်ဖြင့် စကားသွားမပြောရဲကြချေ။
အကြောင်းပြချက်မှာ အလွန်ရိုးရှင်းသည်။
ထိုမိန်းကလေးများသည် အပြစ်ကင်းစင်ပြီး လှပနေကြသော်လည်း သူတို့ခန္ဓာကိုယ်မှထွက်ပေါ်နေသော အရှိန်အဝါများမှာ လုံးဝအားနည်းသည့်ဟန်မရှိပေ။ အထူးသဖြင့် အသက်၂၀ဝန်းကျင်ခန့်ရှိသော ဆံပင်အနီရောင်နှင့်ကောင်မလေးပင်။ သူမ၏ တုနှိုင်း၍မရသော အလှတရား.....ဆီးနှင်းကဲ့သို့ဖြူဖွေးလှသော အသားရည်တ်ို့မှာ ကောင်းကင်ဘုံမှ နတ်သမီးကဲ့သို့ပင်။ သူမ၏ အနောက်ကြောတွင်လွယ်ထားသော ထူးဆန်းသည့်ပုံဆန်ရှိသည့် ရွှေရောင်လေးမြှားမှာ ကြောက်မက်ဖွယ်စွမ်းအားတ်ို့ကို ထုတ်လွှင့်လျက်ရှိသည်။ ပို၍ကြောက်မက်ဖွယ်ကောင်းသည်မှာ သူမ၏ခန္ဓာကိုယ်မှ စိမ့်ထွက်နေသော စွမ်းအင်အရှိန်ဝါများပင်။
ထို့အပြင် ဘုရင်အလတ်ဇန္ဒား၏ အနှစ်သတ်ဆုံး အစေပါးတစ်ဦးဖြစ်သည့် အိုလတ်ဂ်သည်လဲ ထိုအမျိုးသမီးများနှင့်အတူ လိုက်ပါလာပြီး တလေးတစားဆက်ဆံလျှက်ရှိသည်။
ဤအချက်လက်များအရ ထိုအမျိုးသမီးများသည် ဘုရင်အလတ်ဇန္ဒား၏ ထီးနန်းတက်ပွဲကိုဂုဏ်ပြုရန်ရောက်လာကြသည့် တိုင်းတစ်ပါးမှသူငယ်ချင်းများဖြစ်နိုင်သည်ဟု ယူဆလိုက်ကြသည်။
ကောင်မလေးများမှာ ပျော်ရွှင်စွာလည်ပတ်နေကြသည်။
သူပုန်တိုက်ပေါ်တွင် သူမတို့အားလုံး ဤကဲ့သို့ပျော်ရွှင်စရာကောင်းသည့်အချိန်အား ပိုင်ဆိုင်ခွင့်မရခဲ့ကြချေ။ နေ့စဥ်နေ့တိုင်း သတိကြီးစွာထားပြီး မကောင်းဆိုးဝါးများနှင့်တိုက်ခိုက်ခါ သေခြင်းနှင့်ရင်ဆိုင်ရန် အသင့်ပြင်ထားကြရသည်။ သူတို့၏ ညီအမများသူတိုရှေ့တွင် ဆိုးဝါးစွာသေဆုံးသွားသည်ကို သူတို့အားလုံး အကြိမ်ပေါင်းများစွာမြင်တွေ့ခဲ့ကြရသည်။ သို့သော် ယခုအချိန်တွင် သူမတို့နှလုံးသားထဲတွင်ရှိသောဖိအားများမှာ တစ်ခနကြာ ပျောက်ကွယ်သွားကြပြီ ပေါ့ပါးပျော်ရွှင်နေကြသည်။
သူတို့ လမ်းလျှောက်နေဆဲတွင် အရှေ့မှကျယ်လောင်သောအသံတစ်ခုကို ကြားလိုက်ရသည်။
လူများစွာ ထိုနေရာတွင်ဝိုင်းအုံပြီး တစ်စုံတစ်ခုကို ဝိုင်းအုံကြည့်နေကြသည်က်ိုတွေ့ရသည်။ ကွက်ကြားကွက်ကြား ရယ်သံများကိုကြားနေရသည်။ အမျိုးသမီးထိုမြင်ကွင်းကို မြင်လိုက်ရသောကြောင့် စိတ်ဝင်စားသွားပြီး အပြေးသွားကြည့်ကြသည်။
သို့သော် ပျော်ရွှင်နေသော ကောင်မလေးများသတိမထားမိလိုက်သည်မှာ သူတို့၏အနောက်မှသိပ်မဝေးသောနေရာတွင် မျက်လုံးတစ်ချ်ို့မှာ သူတို့အုပ်စုအား တိတ်ဆိတ်စွာစိုက်ကြည့်နေခြင်းပင်။