← Chapters

အခန်း (၁၀၀)

Vol. 7 Ch. 100

အခန်း (၁၀၀)

Vol. 7 Ch. 100

"အရှင့်သား သူတို့တွေဟိုဘက်ထွက်သွားပြီ ကျွန်တော်တ်ို့ ဘာလုပ်ကြမလဲ......."

"အရင်ဆုံး သူတို့နောက်က လိုက်သွားလိုက်ကြ....လွယ်လွယ်တဲ့တော့ ရန်သွားမစကြသေးနဲ့ဦး.....သူတို့ရဲ့နောက်ကြောင်းက်ို အရင်စုံစမ်း......"

.............

............

မြေအောက်လိုဏ်ဂူထဲတွင်ဖြစ်သည်။

ကျောက်တုံးခန်းမအတွင်းတွင်.....

လေထုထဲတွင် အပြာရောင်ပေါ်တယ်တစ်ခုပေါ်ပေါက်လာပြီး ဖှေးထွက်လာခဲ့သည်။

သူသည် လေးနာရီအချိန်အကန့်သက်ပြည့်သွားပြီဖြစ်သဖြင့် ဒိုင်ယာဘလိုကမ္ဘာမှပြန်လာခဲ့ရန်မှလွဲပြီး ရွေးချယ်စရာမရှိချေ။

လွန်ခဲ့သည့် နှစ်နာရီပတ်လုံးတွင် ဖှေးသည် ကျန်ဇာတ်ကောင်များနှင့် တိုက်ခိုက်ရာတွင် အတွေ့ကြုံအများအပြားရရှိခဲ့ပြီးဖြစ်သဖြင့် သူ၏ဒရူးဇာတ်ကောင်ကို နှစ်နာရီအတွင်းတွင် လယ်ဗယ်၁၀ရောက်သည်အထိ မြှင့်တင်နိုင်ခဲ့သည်။ အလုပ်၃ခုဖြစ်သည့် [နတ်ဆိုး၏သားရဲတွင်း] [သွေးကျီးကန်း]အား သတ်ဖြတ်ခြင်း၊ [အဖိုးကြီးကိန်းအား ကယ်တင်ခြင်း]တို့ကို ဒရူးဇာတ်ကောင်ဖြင့် ထက်မံပြီးမြောက်ပြီးဖြစ်သည်။ ထို့ကြောင့် ပထမမြေပုံကို ထက်မံအနိုင်ယူရန်အတွက် အလုပ်၃ခုသာကျန်တော့သည်ဖြစ်သည်။

"ငါသာအချိန်ကို ကောင်းကောင်းစီမံပြီးအသုံးပြုမယ်ဆိုရင်တော့ ဒီအလုပ်သုံးခုကို မနက်ဖြန်မှာပဲပြီးသွားနိုင်တယ်......"

ဖှေးသည် လယ်ဗယ်မြှင့်တင်ရာတွင် မိမိကိုယ်မိမိယုံကြည်ချက်များဖြင့် ပြည့်နှက်နေသည်။

ဤအချိန်တွင် ဖှေးသည် ဒရူးဇာတ်ကောင်အနေဖြင့်ပင် ရှိနေဆဲပင်။ ထို့ကြောင့် သူ၏ လက်ကိုဝှေ့ရမ်းလိုက်ရာ ဒရူးဇာတ်ကောင်သည့် ထူးခြားသည့် ကစဥ့်ကယား မှော်စွမ်းအင်များသည်လေထုထဲတွင် ပြန့်နှံ့သွားသည်။ ထို့နောက်တွင် ကြီးမားသည့်အဖြူရောင်ဝံပုလွေကြီးတစ်ကောင် ဘယ်ကမှန်းမသိပဲရောက်ရှိလာတော့သည်။ ထိုအကောင်ကြီးသည် သူငယ်ချင်းတစ်ယောက်ကိုတွေ့သည့်အတိုင်းပင် ရင်းနှီးစွာဖြင့်ဖှေးအနားသို့ကပ်လာပြီးရပ်နေလေ၏။

အဖြူရောင်ဝံပုလွေကြီး ခန္ဓာကိုယ်မှ အန္တရာယ်ရှိသည့် အရှိန်အဝါများကို ​ကြီးမားစွာထုတ်လွှင့်လျက်ရှိနေသည်။

ဤသည်မှာ ဒရူးဇာတ်ကောင်၏အစွမ်းတစ်ခုဖြစ်သည့် [ဝံပုလွေဝိဉာင်အား ဆင့်ခေါ်ခြင်း]အစွမ်းပင်။

ဤအစွမ်းကို ဖှေး လယ်ဗယ်3 ရောက်သည်အထိ မြှင့်တင်ထားပြီးဖြစ်သဖြင့် တစ်ချိန်တည်းမှာပင် ဝံပုလွေသုံးကောင်ကို ဆင့်ခေါ်ပြီး တိုက်ခိုက်ခိုင်းနိုင်သည်။ ဖော်ပြရန်လိုအပ်သည့် အချက်တစ်ချက်မှာ ဝံပုလွေတစ်ကောင်၏တိုက်ခိုက်မှုစွမ်းရည်မှာ ကြယ်တစ်လုံးအဆင့်စစ်သည်တစ်ဦး၏ စွမ်းရည်နှင့် တူညီခြင်းပင်။ သားရဲများကိုဆင့်ခေါ်သည့် အစွမ်းသည် ဒရူးဇာတ်ကောင်၏ အကောင်းဆုံးအစွမ်းများထဲမှ တစ်ခုပင်ဖြစ်သည်။

ထို့အပြင် ဖှေး၏ဒရူးဇာတ်ကောင်တွင် [သမန်းဝံပုလွေ] နှင့် [သမန်းဝက်ဝံ]တစ်ကောင်အဖြစ်သို့ အသွင်ပြောင်းကာ ကိုယ်တိုင်တိုက်ခိုက်နိုင်သည့်အစွမ်းလဲရှိသည်။ အသွင်ပြောင်းပြီးနောက်တွင် သူသည် ဝံပုလွေတစ်ကောင်၏ လျှင်မြန်ဖြတ်လတ်မှု၊ တိုက်ခိုက်မှုနှုန်းများ၊ ဝက်ဝံတစ်ကောင်၏ ခွန်အားနှင့် ခုခံကာကွယ်အကြမ်းခံန်ိုင်မှုတို့ကို ရရှိသွားမည်ဖြစ်သည်။

ယခုလက်ရှိတွင် ဖှေးသည် ဒရူးဇာတ်ကောင်၏ ဆင့်ခေါ်ခြင်းအစွမ်းများနှင့် အသွင်ပြောင်းအစွမ်းများကိုသာ ပထမဦးစားပေးရယူထားခြင်းဖြစ်ပြီး မှော်အစွမ်းများကို မရယူရသေးပေ။ ဤသည်မှာ ဒရူးဇာတ်ကောင်၏ မှော်အစွမ်းများသည်လည်း ဖှေးပိုင်ဆိုင်ပြီးဖြစ်သော မှော်ဆရာဇာတ်ကောင်၏ မှော်အစွမ်းများဖြင့်ဆင်တူဖြစ်သောကြောင့်သာဖြစ်သည်။

ဖှေး ဒရူးဇာတ်ကောင်၏ အစွမ်းများကိုခံစားပြီးနောက်တွင် သမန်းဝံပုလွေတစ်ကောင်အဖြစ်ယခုချက်ချင်းပင်ပြောင်းလဲလိုက်ပြီး ကိုယ်လုံးထီးပတ်ပြေးလိုသည့် ဆန္ဒကိုထိန်းချုပ်လိုက်သည်။ လူရိုင်းဇာတ်ကောင်အဖြစ်သို့ ပြန်လည်ပြောင်းလဲလိုက်ပြီး သူ၏ထားသိုရာနေရာအတွင်းမှ မှော်တလင်းကျောက်တစ်ချို့ကို ထုတ်ယူလိုက်ပြီး မြေအောက်လိုဏ်ဂူအတွင်းမှ ချမ်းဘော့ဒ်ရှိ မဟာဘုရားကျောင်းသို့ထွက်လာခဲ့သည်။

ဘုရားကျောင်းတွင်ဖြစ်သည်။

"အရှင်မင်းကြီး....အခုလိုမျိုး အရှင်မင်းကြီးကိုယ်တိုင်ကိုယ်ကျ လာရောက်လိမ့်မယ်လို့ လုံးဝထင်မထားမိပါဘူး ကျွန်တော်တို့အလွန်ဂုဏ်ယူမိပါတယ်....."

ဖှေးကိုယ်တိုင်ရောက်လာသည်က်ိုတွေ့လိုက်ရသဖြင့် သူတော်စဥ်ဇိုလာနှင့် မြင့်မြတ်သောသူရဲကောင်း လူစီယာနိုတို့မှာ တစ်ချိန်တည်းမှာပင် အံ့သြပြီး၊ အနည်းငယ်လဲ ကြောက်လန့်သွားကြသည်။ ယခုရက်ပိုင်းအတွင်း ထီးနန်းတက်ပွဲအတွက် ပြင်ဆင်သည့်အချိန်တွင် ထိုနှစ်ယောက်မှာ လုပ်အားတော်တော်များများ စိုက်ထုတ်ထားသည်ဟုပင် ဆိုနိုင်သည်။ သူတို့သည် ငွေကြေးအထောက်ပံ့ရော လူအင်အားလုပ်အားပေးအထောက်ပံ့ပါ အမြောက်အများကူညီခဲ့ကြပြီး ဖှေးသဘောကျရန်ဆောင်ရွက်နေကြ၏။ ယခုအချိန်တွင် သူတို့၏ဆောင်ရွက်မှုများမှာ အကျ်ိုးရှိသည့်ပုံပေါက်၏။

"မင်းတို့နှစ်ယောက် အခုရက်ပိုင်းမှာလုပ်ဆောင်နေတာတွေက တော်တော်အဆင်ပြေပါတယ်....."

ဖှေး ထိုလူနှစ်ဦး၏ အစေခံကဲ့သို့မျက်နှာများကို မြင်သော် အနည်းငယ်ပျော်ရွှင်သွားသည်။ ထို့သော် သူ၏မျက်နှာတွင် ခံစားချက်တစ်စုံတစ်ရာကိုမပြသချေ။ ဧည့်သည်တစ်ဦးဖြစ်နေစေကာမူ အခန်းထဲတွင်ရှိနေသော တစ်ခုတည်းသောထိုင်ခံပေါ်တွင် ပိုင်ရှင်တစ်ယောက်ကဲ့သို့ဝင်ထိုင်လိုက်သည်။

"ရပါတယ်အရှင်မင်းကြီး အပန်းမကြီးပါဘူး....အရှင်မင်းကြီးထံမှာ ခစားရတာ ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပါ။" လူစီယာနိုမှာ လိမ္မာပါးနပ်စွာဖြင့် လျှောက်တင်လိုက်သည်။

"ကောင်းပြီလေ ငါမင်းတို့နှစ်ယောက်ကို အမှတ်ရနေမှာပါ......"

ဖှေး ထိုလူနှစ်ယောက်၏မျက်နှာကိုကြည့်လိုက်သည်။ မြင့်မြတ်စင်ကြယ်သောစွမ်းအင်များမှာ ဖှေး၏ခန္ဓာကိုယ်မှထွက်ပေါ်လာပြီး ကောင်းကင်ဘုံမှဆင်းလာသည့် နတ်ဘုရားတစ်ပါးအတိုင်းပင်။ ထို့​နောက်တွင် ဖြေးညှင်းစွာပြောလိုက်သည်။ "ငါဒီနေ့လာရတဲ့ကိစ္စကတော့ မင်းတို့ကို ကူညီခိုင်းစရာတစ်ခုရှိလို့ပဲ....."

"အမိန့်သာပေးလိုက်ပါအရှင်မင်းကြီး......ကျွန်တော်မျိုးတို့ အသက်တောင်စွန့်ဖို့ ဝန်မလေးပါဘူး....."

ထိုလူနှစ်ယောက်မှာ ဖှေးတောင်းဆိုသည်ကိုကြားသောကြောင့် ပျော်ရွှင်သွားကြသည်။ သူတို့နှစ်ယောက်အကြောက်ဆုံးအရာမှာ ဖှေးသည်သူတို့နှစ်ယောက်အား အလိုမရှိတော့မည်ကိုပင်ဖြစ်သည်။ ဘုရင်မှ သူတို့နှစ်ယောက်အားအကူညီတောင်းသည့်အဓိပ္ပါယ်မှာ ဘုရင်သည်သူတို့နှစ်ယောက်အား လက်ခံစပြုလာပြီဟူသည့် အဓိပ္ပါယ်ပင်။

"ကောင်းပြီလေ ဒါဆိုရင်ငါရှင်းရှင်းပဲပြောလိုက်တော့မယ်...." ဖှေးပြောပြီး သူ၏လက်ဖဝါးကို ဖြန့်လိုက်သည်။ အရည်သွေးမြင့်ကျောက်မြတ်ရတနာလေးလုံးသည် သူ၏လက်ပေါ်တွင်တဖြတ်ဖြတ်တောက်ပနေသည်။

"ဘုရားကျောင်းရဲ့အဆက်သွယ်တွေကို အသုံးပြုပြီး ဒီမှော်တလင်းကျောက်တွေကို အဆင့်နှိမ့်မှော်တလင်းကျောက်တွေနဲ့ လဲလှည်ပေးနိုင်မလား......"

"ဘုရားရေ ဒါတွေက တကယ်ပဲ အဆင့်မြင့်မှော်တလင်းကျောက်တွေပါလား.....မဟုတ်မှလွဲရော ဒါတွေက ပြီးပြည့်စုံအဆင့် မီးစွမ်းအင်မှော်တလင်းကျောက်တွေများလား....အရှင်မင်းကြီးဒါတွေက....." ဇိုလာမှာ အံ့အားမသင့်ပဲ မနေနိုင်ချေ။

ထိုကဲ့သို့ တုန့်ပြန်မှုအတွက် ဖှေး ထိုနှစ်ယောက်အား အပြစ်မတင်နိုင်ချေ။ သူ၏လက်ထဲတွင်ရှိသော ကျောက်တုံးများ၏တန်ဖိုးမှာ အလွန်မြင့်မားလှသောကြောင့်သာဖြစ်သည်။

ထိုကျောက်တုံးများထဲမှာ အဆိုးဆုံးကျောက်တုံးတစ်ခုကပင် အနည်းဆုံး အဆင့်နှိမ့်မှော်တလင်းကျောက် အလုံး၁၀၀ခန့်ဖြင့် လဲလှည်နိုင်သည်။ ထိုကျောက်တုံးနှစ်လုံးခန့်မျှကပင် သူတို့နှစ်ယောက်ဆက်သခဲ့သော လက်ဆောင်သေတ္တာနှစ်လုံးထက် တန်ဖိုးပိုကြီးမား၏။ တစ်ခြား အဆင့်မြင့် မှော်တလင်းကျောက်နှင့် ပြီးပြည့်စုံအဆင့် မှော်တလင်းကျောက်တို့မှာမူ ထည့်၍ပြောစရာပင်မလိုတော့ပေ။ တန်ဖိုးမှာအလွန်ကြီးမားသွားမည်ဖြစ်ပြီး အဆင့်နှိမ့်မှော်တလင်းကျောက် သန်းနှင့်ချီပြီး လဲလှည်ရရှိနိုင်၏။ အဆင့်နှိမ့်မှော်တလင်းကျောက် တစ်သေတ္တာကိုလက်ဆောင်ပေးပြီး ရက်အနည်းငယ်ကြာနှမြောနေခဲ့သော ထိုနှစ်ယောက်အတွက် ဤကဲ့သို့ကြွယ်ဝမှုမျိုးမှာ စိတ်ကူးပင်ယဥ်နိုင်မည်မဟုတ်ချေ။

"ဒါဆို မင်းတို့နှစ်ယောက်မလုပ်နိုင်ကြဘူးလား....." ကြက်သေသေနေကြသော ဇိုလာနှင့် လူစီယာနိုတို့ကိုကြည့်ပြီး မေးလိုက်သည်။

"အာ.....မဟုတ်ပါဘူး အရှင်းမင်းကြီး လဲလှည်ပေးလို့ရပါတယ်....သေချာပေါက်ကိုလဲလှည်လို့ရပါတယ်....ဒါပေမယ့်အရှင်မင်းကြီး အချိန်အနည်းငယ်တော့ကြာပါလိမ့်မယ်....အနည်းငယ်ပါပဲ...." ဇိုလာမှာ အိမ်မက်က လန့်နိုးလာသည့်ဟန်ဖြင့် ကဗျာကယာပြန်​ဖြေလိုက်သည်။

သူ၏နှလုံးခုန်သံများမှာ ရူးမတက်ပင်မြန်ဆန်နေသည်။ ဤသည်မှာ သူ့အတွက်ရွှေအခွင့်ရေးတစ်ခုဖြစ်သောကြောင့်ပင်။ ဤ အဆင့်မြင့်မှော်တလင်းကျောက်များ...အထူးသဖြင့်ပြီးပြည့်စုံအဆင့် မှော်တလင်းကျောက်မှာ အလွန်အထွတ်မြတ်ထားတန်ဖိုးထားကြသည့် မှော်တလင်းကျောက်များဖြစ်သည်။ ဘုရားကျောင်း၏ အဆက်သွယ်များဖြင့် လဲလှည်နိုင်ပါက အကျိုးမြတ်ကြီးကြီးမားမားရမည်ဖြစ်သလို ပုပ်ရဟန်းမင်းကြီး ဆာဂီထံတွင်လည်း မျက်နှာပန်းလှမည်ဖြစ်သည်။

"အချိန်လိုတယ် ဟုတ်လား...."

ဖှေးအနည်းငယ် မျက်မှောင်ကြုံ့လိုက်သည့်အတွက် ဇိုလာနှင့် လူစီယာနိုတို့ထိတ်လန့်သွားသည်။ ဖှေးဆက်မေးလိုက်သည်။

"အချိန်ဘယ်လောက်လိုတာလဲ......"

"အရှင်မင်းကြီး....အရှင့်ရဲ့လက်ထဲမှာရှိတဲ့ကျောက်လေးတုံးကို အကုန်လဲလှည်မယ်ဆိုရင် အဆင့်နှိမ့်မှော်တလင်းကျောက် တစ်သန်းလောက်ပြန်ရပါမယ်....အဲ့ပမာဏလောက်ဆိုတာက ဇီးနစ်အင်ပါယာမှာရှိတဲ့ဘုရားကျောင်းက ဂိုဏ်းအုပ်တောင်တစ်ရက်နှစ်ရက်အတွင်းမှာ မစုဆောင်းနိုင်တဲ့ကိစ္စပါ" ဇိုလာ ဂရုတစိုက်ပြန်ဖြေ၏။ "သွားရမယ့်ခရီးအပြင် တန်ဖိုးအလွန်ကြီးမားတဲ့ပစ္စည်းတွေဖြစ်တာကြောင့် အစောင့်စစ်သည်တွေ မှော်ဆရာတွေလဲ လိုအပ်ပါသေးတယ်....ဒါကြောင့်မို့ လေးငါးလလောက်တော့ကြာနိုင်ပါတယ်....."

"လေးငါးလကြီးတောင်လား အဲ့တာကြာလွန်းပါတယ်......" ဖှေး ခေါင်းရမ်းလိုက်သည်။

"အရှင်မင်းကြီး ဘာလို့ အဆင့်နှိမ့်မှော်ကျောက်တုံးတွေနဲ့လှဲလည်လိုတယ်ဆိုတာ ကျွန်တော်သိခွင့်ရနိုင်မလား......." ဇိုလာဂရုတစိုက်မေးလိုက်သည်။

ဖှေး၏ မျက်နှာအမူအယာချက်ချင်းပြောင်းလဲသွားသည်။ သူ၏မျက်လုံးများမှာ ဇိုလာအပေါ်သို့ ဓားတစ်ချောင်းကဲ့သို့ ကျရောက်သွားသည်။

ဇိုလာသည် သူ့ထံသို့ချက်ချင်းကျရောက်လာသော ဖိအားကြီးကိုခံစားလိုက်ရသည်။ သူ ချက်ချင်းဒူးထောက်လိုက်ပြီး အမြန်ရှင်းပြလိုက်သည်။ "အထင်လွဲတော်မမူလိုက်ပါနဲ့ အရှင်မင်းကြီး...ကျွန်တော်မျိုး အရှင့်ရဲ့အစီစဥ်တွေကို သိရှိလိုတဲ့ဆန္ဒမရှိပါဘူး....ကျွန်တော်က အရှင်မင်းကြီး အဆင့်နှိမ့်မှော်တလင်းကျောက်တွေကို တစ်ခါတည်းအကုန်လဲလှည်ချင်တာလားသိချင်လို့ပါ....တကယ်လို့ အရှင်မင်းကြီးတစ်ခါတည်း အများကြီးမလိုဘူးဆိုရင် နည်းနည်းခြင်းလဲလှည်သွားလို့ရပါတယ်...ဥပမာဆိုရင် တစ်ခါလဲရင် အဆင့်နှိမ့်ကျောက်တုံး၁၀၀၀နှုန်းနဲ့လဲမယ်ဆိုရင် အချိန်လဲပိုမြန်သလို အများကြီးလဲလိုက်လို့ ကုန်သည်တွေရဲ့အာရုံစိုက်မှုတွေရှိလာတဲ့ကိစ္စတွေကိုလဲ လျှော့ချနိုင်ပါတယ်......"

ထိုအကြံပြုချက်ကိုကြားသောအခါဖှေး၏ မျက်လုံးများတောက်ပသွားသည်။

တစ်လလျှင် အဆင့်နှိမ့်မှော်တလင်းကျောက်တစ်ထောင် ၄ကြိမ်ခန့်လဲလည်ပြီး ဒိုင်ယာဘလို ကမ္ဘာတွင်ပြန်လည် ရောင်းချခြင်းသည် ဖှေး၏ကုန်ကျစရိတ်ကို ကာမိစေမည်ဖြစ်သည်။

All Chapters