← Chapters

အခန်း (၁၀၁)

Vol. 7 Ch. 101

အခန်း (၁၀၁)

Vol. 7 Ch. 101

"ကောင်းပြီလေ ဒီအလုပ်အတွက်စီစဥ်စရာရှိတာတွေကို မင်းပဲစီစဥ်လိုက်...."

ဖှေး သူ၏လက်ကိုဝှေ့ရမ်းလိုက်ရာ [အပြစ်အနာဆာရှိ ပတ္တမြားကျောက်မြတ်ရတနာ]နှင့် [သာမန် နီလာကျောက်မြတ်ရတနာ]တို့မှာ ဇိုလာ၏လက်အတွင်းသို့ ပျံသန်းသွားသည်။ "ဒါတွေက အလတ်စားမှော်တလင်းကျောက်နဲ့ ပြီးပြည့်စုံအဆင့် မှော်တလင်းကျောက်တွေပဲ.....စုစုပေါင်းဆိုရင် ၁၁၀၀၀ အဆင့်နှိမ့်မှော်တလင်းကျောက်တွေနဲ့လဲလှည်ရရှိနိုင်မယ်....ငါလိုတာက ၁၀၀၀၀ပဲဲလိုတယ် ကျန်တဲ့အဆင့်နှိမ့်မှော်တလင်းကျောက်၁၀၀၀ကို မင်းတို့ဆုလာဘ်အနေနဲ့ယူထားလိုက်ကြ....."

"အရှင်မင်းကြီးကို ကူညီရတာက ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပါ.....ကျွန်တော်မျိုးတို့ဘာမှပြန်မတောင်းဆို ရဲပါဘူး...." အဆင့်နှိမ့်မှော်တလင်းကျောက် ၁၀၀၀ဆိုသည်မှာ များပြားလှသည့် ပမာဏဖြစ်သော်လဲ ဇိုလာနှင့် လူစီယာနိုတို့လောဘမတက်ရဲကြပေ။

"ငါပေးတဲ့ ဆုလာဘ်ကို ဘယ်သူမှငြင်းဆိုခွင့်မရှိဘူး....." ဖှေး အေးတိအေးစက်အသံဖြင့်ပြောလိုက်သည်။

ဇိုလာနှင့် လူစီယာနိုတို့ တစ်ယောက်နှင့် တစ်ယောက်စက္ကန့်အနည်းငယ်ကြာစိုက်ကြည့်နေကြသည်။ သူတို့၏မျက်လုံးများထဲတွင် ဖုံးကွယ်ထား၍မရသော ပီတိဖြစ်မှုများဖြင့်ပြည့်နှက်နေ၏။ သူတို့နှစ်ယောက်လုံး အလျှင်အမြန်ပင် ဒူးထောက်လိုက်ကြပြီး ဆုလာဘ်အတွက်ဖှေးက်ို ကျေးဇူးတင်စကားပြောလိုက်ကြသည်။

"ဒါပဲလေ ဒီလိုပဲဖြစ်ရမှာပေါ့......" ဖှေး၏ စကားသံမှာ အနည်းငယ်ပျော့ပျောင်းလာသည်။ "မှော်တလင်းကျောက်၁၀၀၀ဆိုတာ မင်းတို့နဲ့ထိုက်တန်တဲ့ဆုလာဘ်ပဲ.....ငါက ငါ့ရဲ့သစ္စာရှိနောက်လိုက်တွေအကုန်လုံးကို ထိုက်ထိုက်တန်တန်ပဲဆုချတယ်....မင်းတို့ဒီတစ်ခေါက်အလုပ်ကို ကောင်းကောင်းမွန်မွန်အောင်အောင်မြင်မြင်ပြီးမြောက်အောင် ဆောင်ရွက်နိုင်မယ်ဆိုရင် မင်းတို့ရဲ့မှာရရှိလာမယ့် ဆုလာဘ်တွေကလည်း ထင်ထင်ရှားရှားပဲ တ်ိုးမြင့်လာလိမ့်မယ်.....ဒါပေမယ့် မင်းတို့နှစ်ယောက်ငါ့ရဲ့နောက်ကွယ်မှာ မကောင်းတာလုပ်နေမယ်ဆိုရင်တော့ ဟီးဟီး....."

ဖှေး စကားပြောအပြီးတွင် သူ၏ခန္ဓာကိုယ်မှ ရွှေရောင် မြင့်မြတ်သောစွမ်းအင်များ အများအပြားပေါ်ထွက်လာသည်။ အလင်းရောင်များတောက်ပပြီးနောက်တွင် ဖှေးအောက်တွင်ရှိသော ကျောက်ထိုင်ခုံမှာ ဖုန်မှုန့်များအဖြစ်ပြောင်းလဲသွားပြီး လေထုထဲတွင်ပျောက်ကွယ်သွားတော့သည်။

ပါလာဒင်ဇာတ်ကောင်၏အစွမ်း [မြင့်မြတ်သောမီတောက်များ]ပင်ဖြစ်သည်။

အေဇာရုတိုက်တွင် ဤကဲ့သို့အစွမ်းကို မဟာဘုရားကျောင်းမှ တစ်ခြားနာမည်တစ်ခုဖြင့် ခေါ်ဝေါကြသည်။ [မကောင်းဆိုးဝါးဆေးကြောသော မဟာမီးတောက်များ]ဟုပင်။ အလွန်အဆင့်မြင့်သည့်အစွမ်းဖြစ်ပြီး မဟာဘုရားကျောင်းရှိနာမည်ကြီးပုဂ္ဂိုလ်များသာ ပိုင်ဆိုင်ကြသည်။

ဤမြင်ကွင်းကြောင့် ဇိုလာနှင့် လူစီယာနိုတို့နှစ်ယောက်လုံ အရိုးစိမ့်သည်အထိပင် ထိတ်လန့်အံ့သြသွားကြသည်။

"တကယ်လို့ မင်းတ်ို့တွေ ငါ့အမိန့်ကိုလွန်ဆန်ရင် မင်းတို့ရဲ့အဆုံးသက်က ဒီကျောက်ထိုင်ခုံလ်ိုပဲဖြစ်သွားလိမ့်မယ်....."

ဖှေး ပြောပြီးပြီးခြင်း ဘုရားကျောင်းအတွင်းမှ ထွက်ခွာသွားတော့သည်။

တစ်ခဏအကြာတွင် ဘုရားကျောင်းထဲတွင် ဇိုလာနှင့် လူစီယာနိုတို့နှစ်ဦးတည်းသာ ကျန်ခဲ့ကြတော့သည်။

နှစ်ယောက်သား မြေပြင်ပေါ်မှထလိုက်ကြပြီး တစ်ယောက်နှင့်တစ်ယောက်စက္ကန့်အနည်းငယ်ကြာ ကြောင်ကြည့်နေကြသည်။

"ငါတို့တွေ မမှားနိုင်ဘူး သူက တကယ်ပဲ [ဘုရားသခင်ရဲ့ အနှစ်သက်ဆုံးကလေးငယ်]ပဲဖြစ်မယ်........" ခလောက်ဆံမြွေဇိုလာမှာ ယခင်ကကျောက်ထိုင်ခုံရှိခဲ့သော နေရာမှပြာပုံကို ကြည့်ရင်းပြောလိုက်သည်။ "မဟုတ်ဘူးဆို သူက ဘာလို့ ဒီလောက်အဆင့်မြင့်တဲ့ [မကောင်းဆိုးဝါးဆေးကြောခြင်း မီးတောက်များ]ကို အသုံးပြုနိုင်မှာလဲ....နောက်ပြီး အဆင့်မြင့်မှော်တလင်းကျောက်တွေကို လဲပိုင်ဆိုင်ထားသေးတယ်လေ....မဟာဘုရားကျောင်းက ရာထူးကြီးပုဂ္ဂိုလ်တစ်ယောက်မဟုတ်ပဲနဲ့တော့ ဒီလိုတွေပိုင်ဆိုင်ဖို့က ဘယ်ဖြစ်နိုင်မလဲ.....ငါတို့သူနဲ့ ရင်းနှီးမှုရယူထားနိုင်ခဲ့တာ တော်တော်ကံကောင်းတယ်....."

"ဒါပေမယ့် ဒီလို ပုဂ္ဂိုလ်ကြီးတစ်ယောက်က ဘာလို့အဆင့်မြင့်ကျောက်တုန်းတွေကို အဆင့်နှိမ့်ကျောက်တုံးအများအပြားနဲ့ လဲလှည်ချင်ရတာလဲ...ဒါသိပ်ပြီး အကျိုးမြတ်မရှိသလိုပဲနော်...." လူစီယာန်ိုမှာ နားမလည်နိုင်ဖြစ်နေသည်။

"အထက်ကလူတွေ ဘာတွေတွေးပြီး ဘာတွေစီစဥ်နေတာဆိုတာကို ငါတို့ဉာဏ်ရည်နဲ့ ဘယ်လိုလုပ်ခန့်မှန်းလို့ရမှာလဲ...." ဇိုလာ သူ၏ပြောင်ဝင်းနေသော နဖူးကိုပွတ်ပြီး လက်အတွင်းမှ မှော်တလင်းကျောက်နှစ်တုံးကို ငုံ့ကြည့်ကာပြောလိုက်သည်။ "ဒီကျောက်တုံးနှစ်တုံးကို အမြန်ဆုံးလဲလှည်ပေးနိုင်ဖို့အမြန်ကြိုးစားရအောင်....လူစီယာနိုဒီကိစ္စကိုမင်းအဓိက တာဝန်ယူပြီးလုပ်ရမယ်....ဒါပေမယ့် စိန့်ပီတာစဘာ့မှာရှိတဲ့ဘုရားကျောင်းက အထက်လူကြီးတွေ သတိမထားမိအောင်တော့ အထူးဂရုစိုက်ပါ....."

..........

..........

"အား.....ဒီဟာလေးတွေဘယ်လောက်ချစ်စရာကောင်းလိုက်လဲ....."

အမျိုးသမီး သူပုန်များလူအုပ်ကြားထဲတွင် တိုးဝှေ့ကာ အရှေ့ဆုံးသို့ရောက်လာကြသည်။ ဆိုင်ငယ်လေးတစ်ခုအား လူများက ဝိုင်းအုံကြည့်နေလျှက်ရှိကြပြီး ကြေးစားစစ်သည်များဟု ယူဆရသော အမျိုးသားငယ်များနှင့် အမျိုးသမီးငယ်များက ကျယ်လောင်စွာအော်ဟစ်နေကြသည်။ သူတို့၏ ခြေရင်းတွင် သံမဏိလှောင်အိမ်များစွာရှိနေကြပြီး လှောင်အိမ်ထဲတွင် ချစ်စရာကောင်းသော မှော်သားရဲ အကောင်ပေါက်လေး များရှိနေကြသည်။

"လာပါ လာကြည့်ကြပါ အခုမှနို့ပြတ်ထားတဲ့ လင်မင်မျိုးစိတ် သားရဲလေးပါနော်....နူးညံ့တဲ့စိတ်ထားရှိပြီး ထိန်းသိမ်းစောင့်ရှောက်ရ အရမ်းလွယ်ပါတယ်နော်....."

"တစ်နှစ် သက်တမ်းရှိတဲ့ မှော်ကြက်တူရွေးပါ.....အသံထွက်ရအခက်ခဲဆုံးဖြစ်တဲ့ နတ်သမီးဘာသာစကားကိုတောင် သင်ယူနိုင်ပါတယ်...."

"ဟားဟား ဒီတုန်ခါနေတဲ့ အကောင်လေးကိုအမြန်လာကြည့်ကြပါ....ဒီအကောင်လေးက ရွှေရောင်အမွေးရှိတဲ့ အဆင့်၆ မှော်သားရဲတစ်ကောင်ဆိုတာ ဘယ်သူမှထင်ထားမှာ မဟုတ်ပါဘူး....ကျွန်တော်နဲ့ ကျွန်တော့အဖွဲ့သားတွေအစွမ်းကုန်ကြိုးစားပြီး အသိုက်ထဲကနေ သူ့အမေမသိအောင်ခိုးလာရတာပါ...အရွယ်ရောက်ပြီဆိုရင် အတောင်ပံ၆ ချောင်းတောင်ပေါက်လာမှာဖြစ်ပြီး တုနှိုင်းလို့မရတဲ့ ​ပျံသန်းနှုန်းရှိတယ်နော်...."

"ဟီးဟီး ကျားဖြူပါ ကျားဖြူအစစ်အမှန်ပါ......."

ကြေးစားစစ်သည်များမှာ သူတို့၏ ကုန်ပစ္စည်းများကို လူအုပ်အတွင်းသို့ ကျယ်လောင်စွာအော်ဟစ်ကြေငြာနေကြသည်။ ဝိုင်းဝန်းကြည့်ရှုနေကြသော လူအုပ်ကြီးမှာကြီးမှားလှသဖြင့် တချို့အကောင်လေးများဆိုလျှင် ကြောက်လန့်ပြီး တုန်ခါနေကြသည်။ တစ်ချို့အကောင်များမှာ တိတ်ဆိတ်စွာပင် ငြိမ်သက်နေကြသည်။ တစ်ချို့အကောင်များမှာ အပျင်းကြီးစွာပင် အိပ်မောကျနေကြသည်။ အကောင်မျိုးစုံသည် နတ်သမီးပုံပြင်များထဲမှ အကောင်များကဲ့သို့ပင် ချစ်စရာကောင်းကြသည်။ သို့သော် စျေးနှုန်းများမှာ အလွန်မြင့်မားလှသဖြင့် မည်သူမျှ ပိုက်ဆံထုတ်ပြီး မဝယ်ယူနိုင်ကြချေ။ ထို့ကြောင့် လူအများသည်အပျော်သဘောဖြင့်သာ ဝိုင်းအုံကြည့်ရှုနေကြသည်။

အမျိုးသမီးသူပုန်များသည် အရှေ့ဆုံးသို့တ်ိုးဝှေ့ကာ ရောက်ရှိလာကြပြီး သူမတို့၏မျက်လုံးများ တောက်ပသွားကြသည်။

ဒိုင်ယာဘလိုကမ္ဘာတွင် သူမတို့ မွေးခါစကတည်းက အရုပ်ဆိုးသော မကောင်းဆိုးဝါးများဖြင့်သာတိုက်ခိုက်လာရသည်ဖြစ်ပြီး သူမတို့မြင့်ရသည့်အထဲတွင် ချစ်စရာအကောင်းဆုံးအရာမှာ အစိမ်းရောင်အမွေးမျှင်များဖြင့် ကြွက်မကောင်းဆိုးဝါးများသာဖြစ်ခဲ့သည်။ ထို့ကြောင့် လှောင်အိမ်ထဲရှိ အကောင်လေးများမှာ သူမတို့၏ နှလုံးသားများကိုချက်ချင်းပင် သိမ်းပိုက်သွားသည်။ အယ်လီနာပင် လှောင်အိမ်ထဲမှ ခပ်ဝဝကြောင်လေးတစ်ကောင်ကို ထုတ်ယူလိုက်ပြီး ပွတ်သပ်ကြည့်နေသည်။ အာကာရာအပါအဝင် တစ်ခြားအမျိုးသမီးသူပုန်များသည်လည်း ထိုနည်းလည်းကောင်းပင် အကောင်လေးများကို ကိုင်တွယ်ကြည့်နေကြသည်။

"သူတို့တွေ ဘယ်လောက်ချစ်စရာကောင်းတယ်ဆိုတာကိုကြည့်ပါဦး ညီမလေးဝယ်သင့်တယ်နော်....."

ပါးနပ်သော အမျိုးသမီးကြေးစားစစ်သည်တစ်​ယောက်မှာ ပိုက်ဆံရနိုင်သည့်အခွင့်လမ်းကိုမြင်သဖြင့် ဆုံးဖြတ်ချက်ချရန်တိုက်တွန်းကြည့်လိုက်သည်။

အမျိုးသမီးသူပုန်များကြားပြီး အယ်လီနာကိုကြည့်လိုက်ကြသည်။ အယ်လီနာမှလဲ အာကာရာကိုတဖန်ပြန်ကြည့်လိုက်သည်။ အာကာရာလည်း တစ်စုံတစ်ခုကို ခံစားမိပုံရသည်။ သူမ၏ ခရမ်းရောင်ဝတ်ရုံမှ အိတ်ကပ်တစ်ခုထဲသို့ လက်နှိက်ကြည့်လိုက်သည်။ သို့သော် ပိုက်ဆံပါမလာမှန်းသိလိုက်ရသည်။ ထို့အပြင် ပါလာခဲ့သည်ရှိသော်လည်း ဒိုင်ယာဘလိုကမ္ဘာမှငွေကြေးသည် အေဇာရုတိုက်တွင် အသုံးပြု၍ရနိုင်မရနိုင်မှာလည်း မသေချာသေးပေ။

ယောက်ျားလေးအနည်းငယ်မှာ ထိုအမျိုးသမီးများနောက်မှ လိုက်ပါလျှက်ရှိရာ အ​ခြေအနေကိုလှမ်းမြင်လိုက်ကြသည်။ ဦးဆောင်လာသော ရွှေရောင်ဆံပင်အရှည်နှင့် စစ်သည်တစ်ယောက်မှာ သူ၏ဘေးတွင်ရှိသော နောက်လိုက်တစ်ယောက်အား အချက်ပြသည့်အနေဖြင့်ကြည့်လိုက်သည်။ ထိုနောက်လိုက်မှာ ချက်ချင်းပင် နားလည်သွားပြီး"ဒီအကောင်လေးတွေကို အရှင့်သားက အကုန်ဝယ်ယူပါလိမ့်မယ်....." ရှေ့သို့သွားကာ အော်လိုက်၏။

ရုပ်ဖြောင့်ဖြောင့်နှင့် ငယ်ရွယ်သည့်ယောက်ျားမှာ ရွှေဒင်္ဂါးတစ်ရာကျော်လောက်ကို မြေပြင်ပေါ်သို့ ပစ်ပေးလိုက်ပြီး အယ်လီနာဘက်သို့လှည့်ကာ ပြုံးပြီးပြောလိုက်သည်။ "ကျွန်တော့ရဲ့ အရှင့်သားက ဒီကောင်လေးတွေကို ဝယ်ယူပြီး အမျိုးသမီးတွေက်ိုလက်ဆောင်အဖြစ်ပေးခိုင်းလိုက်ပါတယ်...ကျွန်တော်တို့က ခင်မင်ရင်းနှီးလိုတဲ့စိတ်နဲ့ပါ....လက်ခံပေးနိုင်မလားမသိဘူး...."

အယ်လီနာနှင့် အမျိုးသမီးသူပုန်များ ထိုသူညွှန်ပြသောနေရာသို့ လှမ်းကြည့်လိုက်ရာ လူအုပ်အပြင်တွင်ရပ်နေသော ရွှေရောင်ဆံပင်အရှည်နှင့် တောင့်တောင့်ဖြောင့်ဖြာင့် ယောက်ျားတစ်ယောက်ကိုတွေ့လိုက်ရသည်။ ထိုယောက်ျားမှာ ကောင်းမွန်စွာဝတ်စားထားသော အခြွေရံများစွာခြံရံလျှက်ရှိပြီး သူမတို့အား ပြုံးပြနေသည်က်ိုတွေ့လိုက်ရသည်။ အရှင့်သားဆိုသည်မှာ ထိုပုဂ္ဂိုလ်ပင်ဖြစ်ပေလိမ့်မည်။

ဤဆံပင်ရွှေရောင်နှင့် စစ်သည်မှာ အတန်သင့်ခန့်ညားသည့်ယောက်ျားတစ်ယောက်ဖြစ်သည်။ အေးစက်ပြီး တောက်ပသော မျက်လုံးများကိုပိုင်ဆိုင်ထားသည်။ သို့သော် ထိုသူအားခြုံကြည့်ပါက အနည်းငယ်ကြမ်းကြုတ်ပြီး အထက်စီးဆန်သည့် ပုံစံများကိုလဲတွေ့ရသည်။

အယ်လီနာမှာ သူပုန်စခန်းတွင် လူစိမ်းများနှင့် ဆက်ဆံလေ့မရှိသော်လည်း မကောင်းဆိုးဝါးများဖြင့် ရက်ပေါင်းများစွာတိုက်ခိုက်ခဲ့သည့် အတွေ့ကြုံများကြောင့် စွမ်းရည်ကိုအကဲဖြတ်ရာတွင် ကျွမ်းကျင်သောအဆင့်တွင်ရှိသည်။ ထိုဆံပင်ရွှေရောင်နှင့် စစ်သည်မှာ သူ၏အစွမ်းများကို ဖုံးကွယ်ထားသော်လည်း သူ၏စွမ်းရည်မှာ ဆရာဖှေးထက် နိမ့်ကျနိုင်မည်မဟုတ်ကြောင်း အယ်လီနာခံစားမိသည်။ ဖှေး ပြောပြောနေသည့် ကြယ်လေးလုံး အဆင့်ခန့်ရှိနိုင်သည်ဟု အယ်လီနာခံစားမိသည်။

ဖှေး ယခင်ကသူမအားပြောခဲ့သည့်အတိုင်း ထီးနန်းတက်သည်ကို ဂုဏ်ပြုရန်အတွက် ဧည့်ငည်များစွာရောက်နေကြောင်းကို အယ်လီနာအမှတ်ရပြီး ဖှေးအားဒုက္ခမပေးလိုသဖြင့် ဆံပင်ရွှေရောင်နှင့် စစ်သည်အား ပြုံပြီးပြောလိုက်သည်။ "ဒီကအရှင့်သားကို ကျေးဇူးတင်ပါတယ်.....ဒါပေမယ့် ကျွန်မတို့ကလဲ အခုမှစတွေ့ဖူးတာမို့လို့ ဒီတစ်ခေါက်ကျွန်မတို့ဘာသာပေးလိုက်ပါ့မယ်......"

ထို့နောက်တွင် အယ်လီနာ အိုလတ်ဂ်ကို တစ်ချက်ကြည့်လိုက်သည်။

All Chapters