အခန်း (၁၀၂)
Vol. 7 Ch. 102
အိုလတ်ဂ်သည် ပါးနပ်သည့်လူတစ်ယောက်ဖြစ်သည့်အတွက် အယ်လီနာ၏အကြည့်အဓိပ္ပါယ်ကို ချက်ချင်းပင်သဘောပေါက်သွားသည်။ သူ၏ နှလုံးသားထဲတွင် ၏အမျိုးသမီးများအားလုံးကို ဖှေး၏ အနာဂတ်ကြင်ဖော်ကြင်ဖက်များအဖြစ် မြင်ယောင်ထားပြီးဖြစ်သည်။ ထို့ကြောင့် တစ်ခြားမည်သူကိုမှ အလတ်ဇန္ဒား၏ အသိကျွမ်းမိန်းကလေးများကို လာရောက်ပိုးပန်းနေခြင်းအား အိုလတ်ဂ်လုံးဝ လက်သင့်မခံနိုင်ပေ။ အိုလတ်ဂ် သူ၏ ပိုက်ဆံအိပ်နှင့် အတူ အရှေ့သို့လမ်းလျှောက်သွားပြီး ငယ်ရွယ်သော ကြေးစားစစ်သည်များထံသ်ို့ ကျယ်လောင်စွာအော်ပြောလိုက်သည်။ "ဒီမှော်သားရဲ အကောင်ပေါက်လေးတွေကို ငါတို့စျေးနှစ်ဆပေးပြီး အကုန်ဝယ်မယ်...."
ငယ်ရွယ်သော ခပ်ဖြောင့်ဖြောင့်ယောက်ျား၏ မျက်နှာအမူယာမှာ ချက်ချင်းပင်ပြောင်းလဲသွားသည်။
အဝေးတွင်ရှိနေသော ရွှေရောင်ဆံပင်ရှည်နှင့်ယောက်ျားပင် သူ၏မျက်လုံးထဲတွင် မနှစ်သက်မှုများတစ်ခဏခန့်ပေါ်ပေါက်လာသည်။ သို့သော် သူကောင်းမွန်စွာဖုံးကွယ်လိုက်ပြီး ရယ်မောလိုက်သည်။ "ဒီလိုဆိုရင်လဲ ငါဒီအကောင်လေးတွေက်ို အမျိုးသမီးတ်ို့လက်ထဲမှာပဲ ထားခဲ့လိုက်တော့မယ်လေ....ငါ့နာမည်က အိုဘီနာပါ။ ဒီရက်ပိုင်းအတွင်းမှာတော့ ငါချမ်းဘော့ဒ်မှာပဲရှိနေဦးမယ်....ငါတို့နောက်တစ်ကြိမ်ထပ်တွေ့ရဖို့ မျှော်လင့်ပါတယ်......."
ထို့နောက်တွင် တစ်ဖက်သို့လှည့်ကာ သူ၏အစောင့်များနှင့်အတူ ထွက်ခွာသွားတော့သည်။
ရွှေရောင်ဆံပင်ရှည်နှင့် ပုဂ္ဂိုလ်၏အပြုမူမှာ အားလုံးကို အံ့သြလေးစားစေသည်။ သူ၏ အမူအယာများမှာ အေးလည်မအေးစက် နွေးလဲမနွေးထွေးလွန်းပေ။ အယ်လီနာ၏ အခြားအမျိုးသမီးများ၏ စိတ်ထဲတွင် လူကောင်းတစ်ယောက်ဟုသယူဆလိုက်မိကြသည်။
သို့သော် ငယ်ရွယ်သော ခပ်ဖြောင့်ဖြောင့်ယောက်ျားမှာ မေ့ပစ်လိုစိတ်ရှိပုံမရပေ။
သူသည် စော်ကားခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏မျက်လုံးထဲတွင် သေစေလိုသည့်အကြည့်များ စတင်စီးဆင်းလာသည်။ သူအိုလတ်ဂ်ကို ကြည့်လိုက်သည်။ ထိုနောက်တွင် အိုလတ်ဂ်အနောက်မှ အယ်လီနာက်ို တစ်ချက်လှမ်းကြည်လိုက်သည်။ သို့သော် မျက်လုံးများသည် အယ်လီနာ၏ နောက်ကြောတွင်လွယ်ထားသည့် လေးကိုတွေ့သောအခါတွင် တစ်စုံတစ်ခုက်ိုတွေးလိုက်မိသည့်အတိုင်း ချက်ချင်းပင်ကျဥ်းမြောင်းသွား၏။ ထို့နောက်တွင် မြေပြင်ပေါ်တွင် သူပစ်ချထားသော ရွှေဒင်္ဂါးပြားများကိုကောက်ယူပြီး ရွှေရောင်ဆံပင်ရှည်နှင့် စစ်သည်အနီးသို့အမြန်ပြေးသွားကာ နားနားကပ်ပြီး တစ်ခုခုပြောကြားလိုက်သည်။
ရွှေရောင်ဆံပင်ရှည်နှင့် စစ်သည်၏ ခြေလှမ်းများမှာ ရပ်တန့်သွားပြီး သူ၏မျက်လုံးများမှာ ရွှေရောင်ဖျော့ဖျော့တောက်ပနေသော အယ်လီနာ၏ လေးထံသို့ကျရောက်သွားပြီး အနည်းငယ်ကြာဂရုစိုက်အသေချာကြည့်ရှုနေ၏။
ထို့နောက်တွင် သူ၏မျက်နှာအမူယာမှာ ပြောင်းလဲသွားတော့သည်။
"ဒါက ကြယ်လေးလုံးအဆင့် မှော်အရိုးပဲ......"
ရွှေရောင်ဆံပင်ရှည်နှင့် စစ်သည်မှာနောက်ဆုံးတွင် ပစ္စည်းကိုသတိထားလိုက်မိသည်။
သူသည် ဝေးလှံသောနေရာတွင် ရပ်နေခြင်းဖြစ်သော်လည်း ထိုရွှေရောင်လေးမှ ဖြာထွက်နေသော မှော်စွမ်းအင်အရှိန်ဝါများကို ခံစားနေရဆဲပင်။ အဝေးတွင် ကြယ်လေးလုံးအဆင့် မှော်ဆရာတစ်ယောက်ရှိနေသည့်အတိုင်းပင်။ ထိုကဲ့သို့ အားအင်နှင့် အရှိန်ဝါတို့ကို ကြယ်လေးလုံးအဆင့် မှော်လက်နက်များကသာ ထုတ်လွှတ်နိုင်သည်။
ကြယ်အဆင့်စစ်သည်များအတွက် ထိုကဲ့သို့ကြယ်လေးလုံးအဆင့် လက်နက်မှာ အဖိုးမဖြတ်နိုင်သော ရတနာတစ်ပါးပင်ဖြစ်သည်။
အေဇာရုတိုက်တွင် မှော်လက်နက်များနှင့် မှော်ပစ္စည်းများသည် သူတို့၏စွမ်းအင်နှင့် အရည်သွေးအပေါ်မူတည်ပြီး ကြယ်အဆင့်ကိုးဆင့်ခွဲခြားနိုင်သည်။
ကြယ်တစ်လုံးမှ ၃လုံးအဆင့်မှော်လက်နက်များမှာ သာမန်အတန်းစားမျှသာဖြစ်သည်။ သို့သော် အလတ်တန်းစားအဆင့်ဖြစ်သည့် ကြယ်လေးလုံးမှ ခြောက်လုံးအထိမှော်လက်နက်များနှင့်၊ အထက်တန်းစားအဆင့်ဖြစ်သည့် ကြယ်၇လုံးမှ ကိုးလုံးထိ လက်နက်များမှာမူ များစွာပို၍ ရှားပါးသည်။ ယေဘုယျအားဖြင့် အဆင့်မြင့်ပန်းပဲဆရာများနှင့် အဆင့်မြင့်မှော်ဆရာများသည်သာ ကြယ်သုံးလုံးအဆင့်ထက်မြင့်သော မှော်လက်နက်များကို ထုလုပ်နိုင်ကြသည်။ ကြယ်အဆင့်စစ်သည်များအတွက် ကြယ်သုံးလုံးနှင့် ကြယ်သုံးလုံးအထက် အဆင့်လက်နက်များမှာ သူတို့၏ အသက်ထက်ပင်ပို၍အဖိုးတန်လှသည်။ အဘယ်ကြောင့်ဆိုသော မှော်လက်နက်များသည် သူတို့၏စွမ်းအားနှင့် စွမ်းအားတိုးပွားလာနိုင်ရန်အတွက် အနီးကပ်ဆက်နွယ်နေသောကြောင့်ပင်။
အကယ်၍စစ်သည်တစ်ဦးသည် ကြယ်အဆင့်မှကျော်လွန်သွားပြီး လအဆင့်ကျွမ်းကျင်သူများအဖြစ်သို့ရောက်ရှိသွားချိန်တွင် ထက်မံအဆင့်တက်လ်ိုပါက ရွေးချယ်စရာသုံးခုရှိ၏။ လက်နက်အဆင့်မြှင့်တင်ခြင်း၊ သားရဲအဆင့်မြှင့်တင်ခြင်းနှင့် ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်အဆင့်မြှင့်တင်ခြင်းတို့ ဖြစ်သည်။
ဤလအဆင့် ကျင့်စဥ်သုံးခုသည် လက်နက်အတင့်မြှင့်တင်ခြင်း ကျင့်စင်မှာ ရွေးချယ်မှုအများဆုံးဖြစ်သည်။ အလွယ်ကူဆုံးနှင့် ထိရောက်မှုအရှိဆုံးကျင့်စင်ဖြစ်သောကြောင့်ပင်။
သို့သော် အကယ်၍ လူတစ်ယောက်သည် လက်နက်အဆင်မြှင့်တင်ရေး ကျင့်စဥ်ကို ကျင့်ကြံလိုပါက အရည်အသွေးမြင့် မေှာ်လက်နက်တစ်မျိုးမျိုးကို သူ၏ လက်စွဲတော်လက်နက်အဖြစ်ရွေးချယ်လိုက်ရမည်ဖြစ်ပြီး သူကိုယ်တိုင်ရော လက်နက်ကိုရောပါ လေ့ကျင့်ပေးရမည်ဖြစ်သည်။ ကျင့်စဥ် မည်မျှအဆင့်ထိရောက်သည်မှာ လက်နက်၏ အရည်အသွေး လက်နက်နှင့် အသုံးပြုသူတို့ရင်းနှီးကျွမ်းဝင်မှု စသည်တ်ို့အပေါ်တွင် များစွာမှီခိုသည်။ ဤသည်မှာ ကြယ်အဆင့်မြင့် မှော်လက်နက်များ မည်မျှအရေးပါသည်ဟူသည့် အကြောင်းပင်။ အိုဘီနာသည် အဆင့်၃အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ မင်းသားတစ်ပါးဖြစ်သော်လည်း ထိုကဲ့သို့ ကြယ်လေးလုံးအဆင့် မှော်လက်နက်ကို မပိုင်ဆိုင်ပေ။ ထို့ကြောင့် သူထိုမှော်လက်နက်ကို မြင်သောအခါ အံ့သြသွားရခြင်းဖြစ်သည်။
"တကယ်လို့သာ ငါအဲ့ကြယ်လေးလုံးအဆင့်ရွှေရောင်လေးရှည်ကို ငါ့လက်ထဲအရယူနိုင်ရင်......"
အိုဘီနာ၏ အတွေးများစတင်ပြီး မြန်ဆန်လာသည်။ သူ၏ နှလုံးခုန်သံမှာမြန်ဆန်လွန်းလှသဖြင့် သူ၏ရင်ဘက်မှပေါက်ထွက်တော့မည့်အတိုင်းပင်။ ရုတ်တရက်ပင် သူ၏ခင်မင်ရင်းနှီးဖွယ်အမူယာတို့မှာ ပျောက်ကွယ်သွားပြီး သူ၏ခန္ဓာကိုယ်မှ ကြမ်းကြုတ်သော အငွေ့သက်များကို ထုတ်လွှင့်လျှက်ရှိသည်။
သို့သော် အိုဘီနာသည် အလွန်သတိကြီးသော လူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့်ပင် သရေရှန်တိုင်းပြည်မှ သူ့အား ချမ်းဘော့ဒ်တွင် အစီစဥ်တစ်ခုဆောင်ရွက်ရန် ပို့လိုက်ခြင်းဖြစ်သည်။
အမျိုးသမီးသူပုန်များကို အနည်းငယ်ကြာလေ့လာပြီးနောက်တွင် အိုဘီနာသူ၏လောဘကို ထိန်းချုပ်လိုက်ရသည်။ ကြယ်သုံးလုံးအဆင့် လေးသည်တော်နှင့် ကြယ်လေးလုံးအဆင့် မှော်လက်နက် သူမ၏ နောက်ခံဇာတ်ကြောင်းမှာ ရိုးရှင်းမည်မဟုတ်ချေ။ ထိုကြယ်သုံးလုံးအဆင့်ရှိ ဆံပင်အနီရောင်နှင့် တုနှိုင်း၍မရအောင်လှပသော အမျိုးသမီးအပြင် ကျန်အမျိုးသမီးများမှာလဲ ကြယ်တစ်လုံးအဆင့်ထက်မနှိမ်သော စွမ်းအားများရှိကြောင်း ခံစားနေရသည်။ ထိုကဲ့သို့ အားအင်မှာ လျစ်လျူရှုလိုက်၍မရချေ။ ထိုအမျိုးသမီးများမှာ ကောင်းကင်ဘုံမှ ဆင်းလာသကဲ့သို့ပင်။
ရွှေရောင် ဆံပင်ရှည်နှင့်စစ်သည် အိုဘီနာမှာ ပထမဦးစွာ သတိထားပြီး အရင်စုံစမ်းရန်သာဆုံးဖြတ်လိုက်သည်။
သူ၏အနားတွင်ရှိသော အသတ်အလတ်ပိုင်းရွယ်အစောင့်တစ်ယောက်ကို တစ်စုံတစ်ခုတီတိုးပြောကြားလိုက်သည်။ ထိုအစောင့်မှာ တစ်ဖက်သို့လှည့်ကာ ထွက်သွားပြီး လူအုပ်ကြားထဲတွင် ပျောက်ကွယ်သွားတော့သည်။ထို့နောက်တွင် အယ်လီနာတို့အနောက်သို့ နောက်ယောင်ခံလိုက်ရန် ပါးနပ်သော အစောင့်နှစ်ယောက်ထားခဲ့ပြီး သူတို့ထွက်လာခဲ့ကြတော့သည်။
.............
.............
သုံးနာရီခန့်ကြာပြီး နောက်တွင်........
"ဒီအကောင်လေးတွေကို ကောင်မလေးတွေထားသွားတာဟုတ်လား......."
ချမ်းဘော့ဒ်အနောက်တောင်းတန်းများအထဲရှိ လိုဏ်ဂူထဲတွင် ဖှေးအကောင်ပေါက်လေးများကိုကြည့်နေသည်။ သူ၏မျက်လုံးများမှာ ကြည့်ရလွန်းသဖြင့် ကျွတ်ကျတော့မတတ်ပင်။
"အမျိုးသမီးတွေက ချစ်စရာကောင်းတဲ့အရာတွေဆိုရင် တကယ်ပဲမလွန်ဆန်နိုင်ကြတာပါလား....."ဖှေးတွေးလိုက်မိသည်။
"ဟုတ်ပါတယ်အရှင်မင်းကြီး မစ်အယ်လီနာနဲ့ တစ်ခြားကောင်မလေးတွေမပြန်ခင် အကောင်လေးတွေကို ဒီမှာထားသွားပါတယ်...."
အိုလတ်ဂ်မှာ ရှက်ရွံ့သောမျက်နှာဖြင့် ဒန်လောင်းအကောင်ပေါက်လေးတစ်ကောင်အားပြေးလိုက်နေပြီး ဆိတ်နို့တိုက်ကြွေးရန်ကြိုးစားနေသည်။
ဒေါင်လောင်း၏ ရုပ်အသွင်ပြင်မှာ ကျားတစ်ကောင်ကဲ့သို့ပင်။ သို့ရာတွင် အနောက်ကြောတွင် အတောင်ပံနှစ်ဖက်ပါရှိသည်။ အမွေးထူပြီး အကောင်ပေါက်လေးဖြစ်သဖြင့် အလွန်ချစ်စရာကောင်းလှသည်။ အိုလတ်ဂ်မည်မျှပင်ကြိုးစားစေကာမူ ထိုအကောင်လေးမှာ ပန်းကန်ပြားထဲမှ ဆိတ်နို့ကိုသောက်သုံးလိမ့်မည်မဟုတ်ပေ။
အိုလတ်ဂ်မှာ ထိုကဲ့သို့အခြေအနေမျိုးတစ်ခါမှ မကြုံဖူးသဖြင့် ချွေးများပင်ပျံနေ၏။
ဖှေး ထိုအဖြစ်ပျက်ကိုကြည့်ရင်း ရယ်မောမိသည်။ အယ်လီနာနှင့်တစ်ခြားလူများသည် ဤကမ္ဘာတွင် အများဆုံးအနေဖြင့် ၄နာရီသာနေနိုင်သည်။ အချိန်စေ့ပါက ဒိုင်ယာဘလိုကမ္ဘာသို့ပြန်သွားရမည်ဖြစ်သည်။ သို့ရာတွင် သူမတို့သည် ဖှေးကဲ့သို့ ပစ္စည်းများကို ဒိုင်ယာဘလိုကမ္ဘာသို့ယူဆောင်သွားနိုင်ခြင်းမရှိကြချေ။ ထို့ကြောင့်သာ ဤအကောင်လေးများကို ထားခဲ့ကြရခြင်းဖြစ်သည်။ အိုလတ်ဂ်မှာ လူများနှင့်ဆက်ဆံရာတွင် ကျွမ်းကျင်လှသော်လည်း တိရစ္ဆာန်များကို အစာကျွေးရာတွင်မူ အတွေ့ကြုံပင်မရှိသေးပေ။ ထိုအကောင်လေးများသည် ချမ်းဘော့ဒ်မြို့လမ်းများပေါ်တွင် အင်္ကျီမပါပဲ လျှောက်ပြေးနေသော ကလေးများထက်ပင်ပို၍ ပြောရဆိုရခက်သည့်ဟန်ရှိသည်။ လုံးဝမပူးပေါင်းလိုကြချေ။
"ငါကြိုးစားကြည့်ဦးမယ်....."
ဖှေး စိတ်ဝင်စားသွားပြီး အိုလတ်ဂ်ထံမှ ဆိတ်နို့ပန်းကန်ကိုယူကာ ရွှေရောင်အမွေးနှင့် ဒေါင်လောင်းအကောင်အား အစာကျွေးရန်ချည်းကပ်လာသည်။ သို့ရာတွင် ထိုအကောင်လေးမှာ ဘုရင်ကိုလည်း ဂရုမစိုက်ပေ တစ်ဖက်သို့လှည့်ပြီး ဆိတ်နို့ပန်းကန်အား ခြေထောက်ဖြင့်ကန်လိုက်ရာ ဖှေးကိုယ်ပေါ်သို့ဖိတ်စင်ကုန်တော့သည်။
ထိုမြင်ကွင်းကိုမြင်သော် အဝေးတွင်အလုပ်လုပ်နေကြသည့် ပန်းပဲဆရာများနှင့် စစ်သည်များပင် ကြိတ်ပြီးရယ်မောနေကြ၏။
ဖှေး မှာ ရှက်ရွံ့ကာဒေါသဖြစ်သွားပြီး ထိုအကောင်အားရိုက်ရန်ရွယ်လိုက်သည်။ သို့သော် ထိုအကောင်လေးမှာ မြေပေါ်တွင်ထိုင်ချလိုက်ပြီး နားရွက်များချကာ ကြောက်လန့်တုန်ခါနေသည်ကို တွေ့လိုက်ရသည့်အတွက် ဖှေးမရိုက်ရက်တော့ပေ။ ဖှေး ငွေရောင်ပန်းကန်ပြားအား မြေပြေင်မှ ပြန်လည်ကောက်ယူလိုက်ပြီး တစ်ခြားမှော်သားရဲအကောင်ပေါက်များကို ကြည့်ရှုလိုက်သည်။