← Chapters

အခန်း (၁၀၃)

Vol. 7 Ch. 103

အခန်း (၁၀၃)

Vol. 7 Ch. 103

ထိုအကောင်လေးများသည် ဖှေး၏မျက်လုံးထဲတွင် အလွန်ချစ်စရာကောင်းသလို၊ အလွန်လဲ သေစေနိုင်သည်ကို သူဝန်ခံရမည်ဖြစ်သည်။

ဤငါးဖမ်းကြောင်မှာ ပြူးကျယ်သောမျက်လုံးများနှင့် အမွေးလုံးလေးတစ်လုံးကဲ့သို့ပင်။ သို့သော် အရွယ်ရောက်လာပါက မီတာဝက်ခန့်အရွယ်အစားပင် ကြီးမားလာမည်ဖြစ်ပြီး ရေအောက်မီတာပေါင်းများစွာသို့ ဒိုက်ဗင်ထိုးကာ ငါကြီးများကို အမဲလိုက်နိုင်စွမ်းရှိသည်။ ထို့​ကြောင့်ပင် ထိုငါဖမ်းကြောင်အား ရေအောက်လောက၏ ဘုရင်တစ်ပါးဟုပင် ခေါ်ဆိုနိုင်၏။ ထို့အပြင် ရိုးရိုးသာမန်ကြက်တူရွေးနှင့် ဘာမှမကွာသည့် ကြက်တူရွေးတစ်ကောင်လဲရှိသည်။ ထိုကြက်တူရွေးသည် ခြေလေးချောင်းပါရှိကာ ရောင်စုံအမွေးတောင်များဖြင့် ဖုံးလွှမ်းထားပြီး ချွန်ထက်သော နှုတ်သီးရှိသည်။ အင်မတန် ဉာဏ်ကောင်းသည့် မှော်သားရဲအမျိုးစားတစ်ကောင်ဟုပြောကြပြီး ကောင်းမွန်စွာသင်ကြားပေးပါက ​ကမ္ဘာပေါ်ရှိအမျိုးအနွယ်အားလုံး၏ ဘာသာစကားကိုပင် ပြောနိုင်တတ်သည်။

ထိုအကောင်လေးများမှာ အရောင်သွေးစုံ၊ အမွှေးပွပွနှင့်ချစ်စရာကောင်းလှသည်။ သို့သော် သူတို့အားလုံးသည် သေးသိမ်သည့်ပုံစံရှိပြီး နေရာစိမ်းအားကြောက်ရွံ့နေကြသည်။ သူတို့အား တိုက်ကြွေးသည့် အစားစာမှန်သမျှကို ယုံကြည်စွာမစားသောက်နိုင်ပဲ ငြင်းဆန်နေ၏။

ဖှေးမှာ သူတို့၏ ပါးစပ်အားဖြဲကာ ဆိတ်နို့လောင်းထည့်ရန်ပင် ပြင်နေ၏။

ထိုအချိန်တွင် ဖှေးရုတ်တရက် အကြံတစ်ခုရရှိသွားသည်။ ချည်းကပ်မှုပုံစံအသစ်တမျိုးအနေဖြင့် ဖှေး ဒရူးဇာတ်ကောင်အဖြစ်သို့ပြောင်းလဲလိုက်သည်။ ဒဏ္ဍာရီများအရ ဒရူးဇာတ်ကောင်သည် သဘာဝ၏စွမ်းအင်များကို ပိုင်ဆိုင်ထားကြပြီး တိရစ္ဆာန်များ၊ အပင်များဖြင့် အလွယ်တကူ ရင်းနှီးဆက်သွယ်နိုင်ကြသည်။

အသေအချာပင် ဖှေး ဒရူးဇာတ်ကောင်အဖြစ်သို့ပြောင်းလဲပြီးချိန်တွင် မှော်ဆန်ဆန်အရာတစ်ခုဖြစ်ပျက်သွားသည်။

ဖှေးသည် ချက်ချင်းပင် လေထုနှင့်တစ်သားထဲဖြစ်နေသလိုခံစားလိုက်ရပြီး တိရိစ္ဆာန်ငယ်လေးများ၏ စိတ်ခံစားချက်များကို ကောင်းမွန်စွာမြင်နိုင်သိနိုင်လာသည်။ အတောင်ပံနှင့် ဒေါင်လောင်းအကောင်လေး၏ ရန်လ်ိုနေမှုမှာ အမေနှင့်ဝေးကွာကာ ကြောက်လန့်နေသောကြောင့်ဖြစ်သည်။ ငါဖမ်းကြောင်မှာ သတိကြီးစွာဖြင့်အ​ခြေအနေ​စောင့်ကြည့်နေခြင်းဖြစ်သည်။ မှော်ကြက်တူရွေးမှာ အဆာခံသေရန်၊ သို့မဟုတ် ချက်ချင်းပင် မိမိကိုယ်မိမိ သတ်သေလိုက်ရန်တွေးနေ၏။ အဖြူရောင်အမွေးဖြင့် ဇီးကွက်မှာ အတွေး​ခေါ်ပညာရှင်တစ်ယောက်ကဲ့သို့ပင် အရာအားလုံးကိုသူ၏ကျယ်ဝန်းသောမျက်လုံးများဖြင့် လိုက်လံကြည့်နေသည်။

ဤသည်မှာ အလွန်ထူးဆန်းသည့်ခံစားချက်ဖြစ်သည်။

တိရိစ္ဆာန်ငယ်လေးများမှာ စကားတစ်ခွန်းမှမပြောသော်လည်း ဖှေးသူတို့၏ခံစားချက်များကို ကောင်းမွန်စွာနားလည်နိုင်နေ၏။ ဖှေး အရိုးသားဆုံးခံစားချက်ကို အသုံးပြုပြီး တိရိစ္တာန်များဖြင့် ဆက်သွယ်ရန်ကြိုးစားကြည့်လိုက်သည်။

ထို့နောက်တွင် အိုလတ်ဂ်နှင့် ကျန်ရှိနေသောလူများက်ို ပါးစပ်အဟောင်းသားဖြစ်စေသော အရာတစ်ခုဖြစ်ပျက်သွား၏။

ယခင်က ထိတ်လန့်နေခဲ့ကြသော အကောင်ငယ်လေးများမှာ သူတို့၏ မိဘများကိုမြင်လိုက်ရသည့်အတိုင်း ဖှေးထံသို့ အပြေးသွားကြသည်။ အဖြူရောင်ဇီးကွက်သားရဲနှင့် မှော်ကြက်တူရွေးတို့မှာ ဖှေး၏ပုခုံးနှစ်ဖက်အပေါ်တွင် နားခိုနေကြတော့သည်။ ငါးဖမ်းကြောင်မှာ သူ၏လက်သည်းများဖြင့် ဖှေးအပေါ်တွယ်တတ်ကာ ဖှေး၏ခေါင်းပေါ်တွင် နေရာယူထားသည်။ အလွန်ဗိုက်ဆာနေသော ဒေါင်လောင်းမှာ ဖှေးခြေထောက်ပေါ်တွင် ဘယ်တော့မှမဆင်းတော့မည့်ဟန်ဖြင့် ခွေထိုင်နေ၏။

ထို့နောက် တစ်မိနစ်နှစ်မိနစ်ခန့်အကြာမှာပင် ထိုအကောင်လေးများသည် သူတို့ကိုကျွေးထားသည့်အစာများ ကုန်စင်အောင်စားသောက်ပြီးကြပြီဖြစ်သည်။ သူတို့အားလုံးဖှေး၏စကားကို နားလည်နိုင်သည့်အတိုင်းပင် အင်မတန် လိမ္မာလာကြသည်။

ဤသည်မှာ ဒရူးဇာတ်ကောင်၏ အစွမ်းပင်.......

ထောင်မှူးအိုလတ်ဂ်သည် ဖြစ်ပြတ်သွားသမျှအရာအားလုံးကိုမယုံနိုင်စွာဖြင့် ကြောင်ကြည့်နေ၏။

ဤမထင်မှတ်ထားသည့် တွေ့ရှိမှုသည် ဖှေးအားပျော်ရွှင်စေသည်။

မှော်သားရဲများကို ယဥ်ပါးအောင်သင်ကြားပေးနိုင်ခြင်းမှာ ဖှေးအတွက်အရေးပါသည့်အချက်တစ်ခုဖြစ်သည်။ အကယ်၍ကောင်းမွန်စွာ အသုံးပြုနိုင်ပါက ဖှေး မှော်သားရဲတပ်ဖွဲ့တစ်ခုပင်ထူထောင်နိုင်မည်ဖြစ်သည်။ ထိုနည်းဖြင့် ချမ်းဘော့ဒ်တိုင်းပြည်၏ အင်အားမှာလဲ များစွာတိုးမြှင့်လာမည်ဖြစ်သည်။

ဖှေး အကောင်ငယ်လေးများဖြင့် ချော့မြူကစားနေသည်။ ထိုအချိန်တွင် ဒရော့ဂ်ဘာနှင့် တစ်ခြားလူများနှင့်အတူ အပြင်းထန်လေ့ကျင့်လျှက်ရှိသော သူ၏ ကိုယ်ရံတော် တိုးရီစ်မှာ ပြေးဝင်လာပြီး မောဟိုက်စွာဖြင့် အော်ပြောလိုက်သည်။ "အရှင်မင်းကြီး အမြန်....အမြန်လာပေးပါ....နန်းတော်ထဲမှာ တစ်စုံတစ်ခုဖြစ်သွားပါတယ်.....မစ်စတာ ဘတ်စ် ဒဏ်ရာရသွားပြီးတော့....မစ်အန်ဂျယ်လာ...သူမက....."

ဆံပင်ရွှေရောင်နှင့် ဆယ်ကျော်သက်ကောင်လေး၏မျက်နှာပေါ်တွင် စိုးရိမ်မှုများစွာပေါ်လွင်နေ၏။

လေဗွေကဲ့သို့ အလွန်လျှင်မြန်သောပုံရိပ်တစ်ခုသည် ချမ်းဘော့ဒ်အနောက်ဘက်တောင်တန်းများထံမှ ရုတ်တရက်ထွက်ပေါ်လာပြီး ချမ်းဘော့ဒ်နန်းတော်ထံသို့ ဦးတည်သွားနေ၏။

လူတိုင်းကြည့်လိုက်ကြသည်။

လူတစ်ယောက်၏ ပုံရိပ်ကို အနည်းငယ်ဝိုးတိုးဝါးတားမြင်နိုင်သည်။ ထိုပုံရိပ်ပျောက်ကွယ်ထားသည့်နေရာတွင် ခုခံ၍မရပဲ ကြာရှည်စွဲကျန်နေသာ ဖိအားတစ်မျိုးကျန်ရှိနေခဲ့ရာ လူတိုင်း၏ကြောထဲတွင် စိမ့်ကနဲခံစားလိုက်ရသည်။

ချမ်းဘော့ဒ့်မြို့၏ မှောင်မိုက်သောထောင့်တစ်နေရာတွင် အမဲရောင်ဝတ်ရုံနှင့် ရပ်နေသောလူတစ်ယောက်မှာ ထိုလျှင်မြန်စွာသွားလာနေသော အရိပ်ကိုမြင်လိုက်ပြီး အတွေးထဲတွင်နစ်မြောသွားတော့သည်။ "အဲ့တာ သူပဲ.....အဲ့တာတကယ်သူပါလာ.....အဲ့စောက်ပိန်းက တကယ်အစွမ်းထက်လာတာပဲ....ငါငါ့ရဲ့အစီစဥ်ကို ပြောင်းလဲမှုအနည်းငယ် လုပ်ရတော့မယ်ထင်တယ်......သေစမ်....."

............

............

တစ်ချိန်ထဲမှာပင် ယခင်စစ်ဘက်ဆိုင်ရာ တရားသူကြီး ကွန်းက၏စံအိမ်တွင်ဖြစ်သည်။

သစ်ပင်ပေါ်ရှိ ပန်းပွင့်များ၏ မွေးပျံ့သော ရနှံ့များနှင့်အတူ ကြော့ရှင်းသော အမျိုးသမီးတစ်ဦး၏ ဆံနွယ်များမှာ လေနှင့်အတူ တလွင့်လွင့်ဖြစ်နေသည်။ သဘောကျသည့်အမူအယာတစ်ခု သူမ၏မျက်လုံးထဲတွင်ပေါ်ပေါက်လာပြီး သူမညင်သာစွာမေးလိုက်သည်။ "ရိုမန်....ဒီရနံ့က......"

"အဲ့လူပဲလား....အဲ့လူထက်ပြီး ပိုသန်မာလာပြန်ပြီ....သူ့ရဲ့တ်ိုးတတ်မှုနှုန်းက အတော်အံ့သြစရာကောင်းတာပဲ....." သူမ၏အနောက်တွင် ဆံပင်ရွှေရောင်နှင့် အမြဲပြုံးနေလေ့ရှိသော သူရဲကောင်းတစ်ယောက်မှာ အံ့သြသွားသည့်ပုံရှိသည်။

ထိုအချိန်တွင် အမျိုးသမီးစစ်သည်တစ်ယောက် ခြံဝင်းထဲသို့ဝင်လာပြီး ထိုအမျိုးသမီးနားနားသို့ကပ်ကာ စကားအနည်းငယ်ပြောလိုက်သည်။

"အော်....ဒီနတ်ဆိုးတွေ...မကောင်းဆိုးဝါးတွေက တကယ်ပဲလာခဲ့တာပဲ....ကောင်းပြီလေ မင်းတို့လဲသွားပြီး ပြင်ဆင်ထားတော့....." အမျိုးသမီး နားထောင်ပြီး ပြုံးလိုက်သည်။ ထို့နောက်တွင် ယုံကြည်ချက်ရှိစွာ ပြန်ပြောလိုက်၏။ "ဒီတစ်ခါတော့ သူ့ကို ခြေလက်တစ်ချောင်းလောက် ချိုးခွင့်ပြုလိုက်....."

"နားလည်ပါပြီ အရှင့်သမီး......"

ထိုနှစ်ယောက်မှာ အမိန့်ရပြီး ထွက်မည်ပြင်သည့်အချိန်တွင် အမျိုးသမီးမှာ ရုတ်တရက်ပြောလိုက်သည်။ "နောက်ပြီး မင်းသားငယ်ကို ဒီရက်ပိုင်းမှာအပြင်သိပ်မထွက်ပဲ စံအိမ်မှာပဲနေဖို့မှာထားလိုက်ဦး....နောက်ပြီး ငါ့အမိန့်ကိုပြောပေး.....အဲ့လူကိုရောက်လာပြီး ငါ့ကိုတွေ့ခွင့်ပြုလိုက်.....သူသူ့ရဲ့ဆရာကိုတွေ့ရမယ့်အချိန်ရောက်လာပြီလေ......"

"နားလည်ပါပြီ အရှင့်သမီး....."

အမျိုးသမီးစစ်သည်နှင့် ရွှေရောင်ဆံပင်နှင့် သူရဲကောင်းတို့မှာ ခြံဝန်းအတွင်းမှ လမ်းလျှောက်ထွက်ခွာသွားတော့၏။

ကြော့ရှင်းသော အမျိုးသမီးမှာ ကျောက်ထိုင်ခုံပေါ်တွင် ငြိမ်သက်စွာထိုင်နေရင်း လေထုအတွင်းမှ ရနံ့ကို ခံစားလိုက်သည်။ သူမ၏ ခေါင်းထဲတွင် မြို့တော်စိန့်ပီတာစဘာ့ရှိ ​ဆွေကြီးမျ်ုးကြီးများကိုပင် ကြောက်လန့်စေခဲ့သည့် မည်ကဲ့သို့ကြောက်မက်ဖွယ် အကြံစည်များကို တွေးတောနေသည်ကို မည်သူမျှမသိနိုင်ချေ။

အဝါရောင်သစ်ရွက်အနည်းငယ်မှာ လေတိုက်ခတ်မှုကြောင့် သစ်ကိုင်းများမှကြွေလွင့်သွားပြီး သူမ၏မျက်လုံးများအောက်တွင် အထီးကျန်ဆန်လွန်းလှသည်။

"ကျွန်မရဲ့အချိန်တွေက တဖြည်းဖြည်းနဲ့ကုန်ဆုံးနေပြီ အကိုကြီး....နောက်ဆုံးအနေနဲ့ ကူညီပေးခဲ့ပါးရစေ....."

...........

တစ်ချိန်တည်းမှာပင်.......

ချမ်းဘော့ဒ်မြို့အတွင်းရှိ တည်းခိုအိမ်တစ်ခုအတွင်းတွင်ဖြစ်သည်။

တိတ်ဆိတ်သောခြံဝန်းထဲတွင် မင်းသားအိုဘီနာသည် ထိတ်လန့်အံ့သြစွာဖြင့် လေထုထဲတွင် လျှင်မြန်စွာသွားလာနေသည့် ပုံရိပ်ကိုကြည့်လိုက်သည်။ "ဒါဘယ်သူလဲ....တော်တော်အစွမ်းထက်တဲ့ ခွန်အားပဲ....အနည်းဆုံးတော့ ကြယ်လေးလုံးအဆင့်လောက်ရှိလောက်တယ်.....သူက နန်းတော်ကို ဦးတည်ပြီးသွားနေတာပဲ....ချမ်းဘော့ဒ်တိုင်းပြည်ရဲ့ ဆရာတစ်ပါးများလား....."

"အိုကိုချာ.....အဲ့လူအကြောင်းငါ့ကို စုံစမ်းပေး....." အိုဘီနာ သူ၏အနားရှိအစောင့်တစ်ယောကိုညွှန်ကြားလိုက်သည်။

အိုကိုချာဟု အမည်ရသည့်အစောင့်မှာ အမိန့်ရရခြင်း ​ခြံဝန်းအတွင်းမှထွက်ခွာသွားတော့သည်။

"ဆရာကြီးဘယ်လိုထင်ပါသလဲ.....ဒီလျို့ဝှက်ထူးဆန်းတဲ့လူက ကျွန်တော်တို့ရဲ့ အစီစဥ်ကို ထိခိုက်စေနိုင်မလား...."သူ၏ ဘေးပတ်လည်တွင်ရှိသော အစောင့်အားလုံးကို ထွက်သွားခိုင်းပြီးနောက်တွင် အိုဘီနာသူ၏အရှေ့တွင်ရှိသော လေထုကိုကြည့်ကာ မေးလိုက်သည်။

ထို့နောက်တွင် လေထုထဲတွင်မြင်နိုင်သော လှိုင်းဂယက်များထသွားပြီး သူ၏အရှေ့တွင် အရပ်ပုပုနှင့် ခပ်ပိန်ပိန်ပုဂ္ဂိုလ်တစ်ယောက်ပေါ်လာတော့သည်။

ထိုလျို့ဝှက်ထူးဆန်းသည့်လူမှာ အဖြူရောင်အဝတ်စတစ်ခုကို ပတ်ထားသည်။ ထိုအဝတ်စမှာ သူ၏မျက်နှာကိုပင် ဖုံးကွယ်ထားသည်။ ထို့နောက်တွင် ကွဲအက်သောအသံတစ်ခုဖြင့် "ဒီဘယ်ကမှန်းမသိသေးတဲ့ ကြယ်လေးလုံးအဆင့် ဆရာကို လျစ်လျှူရှုလို့တော့မရဘူး....သူအကြောင်းကို သေချာစုံစမ်း....တကယ်လို့သူက ငါတို့အစီစဥ်ကို အနှောင့်ယှက်ပေးလာနိုင်တယ်ဆိုရင် သတ်ပစ်လိုက်။"

All Chapters