← Chapters

အခန်း (၁၀၄)

Vol. 7 Ch. 104

အခန်း (၁၀၄)

Vol. 7 Ch. 104

"ဒီဆရာက အတော်အစွမ်းထက်ပုံရတယ်......ကျွန်တော်မယှဥ်နိုင်ကောင်း မယှဥ်နိုင်ဘူး.......သူ့ရဲ့နောက်ကြောင်းကို စုံစမ်းပြီးပြီဆိုရင် ဆရာကြီး ဒီကိစ္စကို တာဝန်ယူဖြေရှင်းပေးနိုင်မလား...." အိုဘီနာ အသေချာစဥ်းစားပြီး ပြောလိုက်သည်။

"ကောင်းပြီ"

စကားကိုတိုတိုပြတ်ပြတ်ပြောပြီးနောက်တွင်ဘထူးဆန်းသည့်အဖြူရောင်ဝတ်ရုံနှငွ လူမှာ လေထုထဲတွင် ထက်မံ၍ပျောက်ကွယ်သွားတော့သည်။ သူနှင့်အတူပါလာသည့် စွမ်းအားကြီးအရှိန်အဝါများပင် သဲလွန်စတစ်စုံတစ်ရာမကျန်ခဲ့ပဲ ကွယ်ပျောက်သွားတော့သည်။

ကြောက်မက်ဖွယ် ကောင်းသော ကိုယ်ယောင်ဖျောက် သိုင်းပညာပင်။

...........

ချမ်းဘော့ဒ်မြို့ဘုရား​ကျောင်းအနောက်ဘက် ဥယျာဉ်ထဲတွင်ဖြစ်သည်။

ဆံပင်ရွှေရောင်နှင့် ငယ်ရွယ်သည့်ကောင်လေးသည်လည်း ဤလေပေါ်တွင်ဖြတ်သန်းသွားသည့် ကြီးမားသည့်စွမ်းအင်များနှင့် ပုံရိပ်ကို သတိထားမိလိုက်သည်။ "ဒါဘယ်သူများပါလိမ့်........အဲ့လူက ချမ်းဘော့ဒ်အနောက်ဘက်တောင်တန်းတွေစီကနေလာတာပဲ......မဟုတ်မှလွဲရော......."

ဤအတွေးသည် ရွှေရောင်ဆံပင်နှင့် ခပ်ဖြောင့်ဖြောင့်ကောင်လေးကို ထိတ်လန့်အံ့သြစေသည်။

ထိုကောင်လေးမှာ ဆုံးဖြတ်ချက်တစ်ခုချနေသကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွား၏။

............

ချမ်းဘော့ဒ်မြို့ထဲတွင် စည်စည်ကားကားရှိနေဆဲပင်.....

သို့သော် ကျရောက်လာတော့မည့် မုန်တိုင်းမှာ လျို့ဝှက်စွာဖြင့် ဟန်ပြင်နေပြီဖြစ်သည်။

ထင်ထားသည့်အတိုင်းပင် လေပေါ်တွင်လျှင်မြန်စွာ ပျံသန်း၍ နန်းတော်ထံသို့ဦးတည်သွားနေသည်မှာ ဖှေးပင်ဖြစ်သည်။ ဘတ်စ်ဒဏ်ရာရသွားသည်ကိုကြားသော်အခါ ဖှေး တိုးရီစ်၏ လျှောက်တင်ချက်ကိုပင် ဆုံးအောင်နားမထောင်တော့ပဲ လူရိုင်းဇာတ်ကောင်အဖြစ်သို့ပြောင်းကာ အတွင်းအားကုန်မည်ကိုပင် ဂရုမစိုက်တော့ပဲ လူရိုင်းဇာတ်ကောင်၏အစွမ်း [ခုန်ကျော်ခြင်း]ကို အဆက်မပြတ်သုံးကာ မြေအောက်လိုဏ်ဂူမှာ နန်းတော်ထံသို့ထွက်လာခဲ့ခြင်းဖြစ်သည်။

နန်းတော်ထဲမှာ ဘာတွေဖြစ်ကုန်ပြီလဲ......

သူ့ရဲ့ယောက်ခမလောင်း ဘတ်စ်ကရော ဘာလို့ဒဏ်ရာရသွားတာလဲ.....

အန်ဂျယ်လာရော အဆင်ပြေရဲ့လား....

"ဖုန်း...."

ဖှေးသည် ချိန်ကိုက်ဗုံးတစ်လုံးကဲ့သို့ပင် စိုးရိမ်ဗျာများနေပြီး နန်းတော်ရှေ့လှေကားပေါ်သ်ို့ ဆင်းသက်လိုက်သည်။ ဖှေး ခြေထောက်အောက်ရှိ ကျောက်လှေကားကြီးမှာ ပင့်ကူအိမ်ကဲ့သို့အက်ကွဲကြောင်းများဖြစ်ပေါ်သွား၏။ ကောင်းကင်ပေါ်မှ ဥက္ကာခဲတစ်လုံး ပျံကျလာသကဲ့သို့ပင်။ ဤသည်မှာ ဖှေးသူ၏ ကြောက်မက်ဖွယ်စွမ်းအားများကို ကောင်းကောင်းမထိန်းချုပ်လိုက်ချင်း၏ ရလဒ်ပင်။

ဖှေး ကိုယ်ပေါ်ရှိ အကောင်ပေါက်လေးကောင်မှာ ဖှေး၏ အင်္ကျီကို ခိုင်မြဲစွာကုတ်တွယ်ထားကြသည်။ လမ်းတစ်လျှောက်တွင် ဖှေးလုံးဝမရပ်နားချေ။ [ခုန်ကျော်ခြင်း]ဖြင့်သာ လေပေါ်တွင်ဆင့်ကာဆင့်ကာ ခုန်ရင်းနန်းတော်ထံသို့လျှင်မြန်စွာထွက်ခွာလာခဲ့ခြင်းဖြစ်သည်။ ထို့နောက်တွင် အမြန်ပြေးဝင်သွားပြီး နန်းတော်အနောက်ရှိ ဥယျာဉ်ထဲသို့ ချက်ချင်းပင်ရောက်ရှိသွားသည်။

"ဘယ်ခွေးသား ငါ့နန်းတော်ထဲမှာ ပြသနာလာရှာနေတာလဲကွ......"

ဖှေး စိတ်တိုတိုဖြင့် အထဲသို့ပြေးဝင်သွားသည်။

သို့သော် သူအနောက်ဘက် ဥယျာဉ်အတွင်းသို့ရောက်ရှိချိန်တွင် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ကြက်သေသေသွား၏။

ယခင်က သပ်ရက်စွာပြင်ဆင်ထားလေ့ရှိသော သူ၏ယောက်ခမလောင်း၏ အမဲရောင်ဆံပင်များမှာ ယခုအချိန်တွင် ငှက်သိုက်ကဲ့သို့ရှုပ်ပွနေသည်ကိုတွေ့ရသည်။ ဘတ်စ်၏ လက်မောင်းတွင်လည်း ပွန်းပဲ့ရာအနည်းငယ်ဖြင့် သွေးအနည်းငယ်စီးကျနေသည်ကို တွေ့လိုက်ရသည်။ သို့သော် သူ၏ယောက်ခမလောင်း၏ အခြေအနေမာ မဆိုးဝါးလှချေ။

ဘတ်စ်ထံတွင် ယခုအချိန်၌ ကြော့ရှင်းသော အမူအယာတစ်စက်မှပင် မကျန်ရှိတော့ပေ။

သူ၏ ခြေထောက်များတွင် ဖိနပ်များမပါရှိတော့ချေ။ ဖိနပ်တစ်ဖက်မှာ ဘယ်ရောက်သွားလဲမသိချေ။ သို့သော် ကျန်ဖိနပ်တစ်ဖက်က်ို သူ၏လက်ထဲတွင် လက်နက်တစ်ခုကဲ့သို့ ဆုပ်ကိုင်ရင်း ဘယ်ကရောက်လာမှန်းမသိသည့် အမဲရောင်မြင်းကြီးတစ်ကောင်အနောက်သို့ ​ပြေးလိုက်နေသည်ကို ဖှေးတွေ့လိုက်ရသည်။

လူဖြောင့် အဖိုးကြီး ဒဏ်ရာရရှိသွားသည်ဆိုမှာ အမှန်ပင်ဖြစ်သည်။ သို့သော် အရေပြားအနည်းငယ် ပွန်းပဲ့ရုံမျှသာဖြစ်ပြီး စိုးရိမ်စရာမလိုချေ။ သို့မဟုတ်ပါက ဘတ်စ်ဤကဲ့သို့ ဖိနပ်တစ်ဖက်ကို လက်တွင်ကိုင်ပြီး ဥယျာဉ်ထဲတွင် ပတ်ပြေးနေနိုင်မည်မဟုတ်ပေ။

အန်ဂျယ်လာနှင့် သူမ၏ အစေခံမလေးမှာ အန္တရာယ်မရှိချေ။ သူတို့နှစ်ယောက်လုံး ရယ်ရမည်လား ငိုရမည်လားပင် မသဲကွဲချေ။ အစောင့်များနှင့်အတူ ဘတ်စ်အနောက်သို့ပြေးလိုက်ပြီး ဒေါသဖြစ်နေသော ဘတ်စ်အား ဖြန်ဖြေရန်ကြိုးစားနေ၏။

"ဟမ်.....အခု.....ဘာတွေဖြစ်နေတာလဲ....."

ဖှေး သည် စိတ်အေးသွားပြီဖြစ်သည်။ သို့သော်ဖှေး ဘာတွေဖြစ်နေလဲဆိုတာ မသိသေးချေ။ ဖှေး မေးနေစဲတွင် အမဲရောင်မြင်းကြီးမှာ ဥယျာဥ်နံရံအနားတွင် ချောင်ပိတ်မိသွားပြီဖြစ်သည်။ ပြေးစရာမရှိတော့ပဲ ဘတ်စ်မှာ ဒေါသဖြင့် သူ့ထံသို့ချည်းကပ်လာသည်ကိုတွေ့ရသောအခါ ကြီးမားသည့်အမဲရောင်မြင်းကြီးမှာ သူ၏ပါးစပ်မှအသံများစတင်ထွက်ပေါ်လာတော့သည်။

"ဝုတ် ဝုတ်"

"ဟမ် ဘာလဲဟ...."ဖှေး ထိတ်လန့်အံ့သြသွားသည်။ ဖှေး သူ့ကိုယ်သူ နားကြားမှားနေသလားဟုပင် ထင်မှတ်လိုက်ရ၏။ ဖှေး၏ ပခုံးနှစ်ဘက်တွင်ရှိနေကြသော မှော်ကြက်တူရွေး၊ ဇီးကွက်ဖြူ၊ ဒေါင်လောင်းနှင့် ငါဖမ်းကြောင်တို့ပါ အန္တရာယ်တစ်ခုနှင့် တွေ့လိုက်ရသည့်အတိုင်း ခေါင်းထောင်လာကြသည်။

ဖှေး အနီးကပ်ကြည့်ရှုလိုက်သည်။

"အမလေး ဘုရားရေ အဲ့တာမြင်းမဟုတ်ဘူးဟ ခွေးကြီးပါလား....."

ထင်ထင်ရှားရှားပင် ​ကြီးမားပြီး အမိန့်နာခံခြင်းမရှိသည့် ခွေးနက်ကြီးတစ်ကောင်ပင်။ သူ၏ ခိုင်မာသော ခြေထောက်များမှာ မြေပေါ်တွင် မြဲမြဲရပ်လျှက်ရှိပြီး ချွန်ထက်သည့် ခြေသည်းများကိုတွေ့နေရသည်။

ထိုအခိုက်တန့်တွင် ထိုခွေးကြီး၏မျက်လုံးများတစ်ခုခုလွဲမှားနေသည်က်ို ဖှေးသတိထားမိလိုက်သည်။

အလွန်ရက်စက်သည်၊ အလွန်သန်မာသည်၊ အလွန်ကြမ်းကြုတ်နေသည်။

ထိုကဲ့သို့ အကြည့်မျိုးသည် ခွေးထံမှအကြည့်နှင့်မတူချေ။ ငရဲပြည်မှ သားရဲတစ်ကောင်ကဲ့သို့ပင်။ သို့သော် ပို၍အရေးကြီးသည်မှာ "ငါ့ရဲ့နန်းတော်ထဲမှာ ဘယ်လိုလုပ် ဒီလိုသဘာဝလွန်ကြီးထွားနေတဲ့ ခွေးကြီးတစ်ကောင်ရောက်နေရတာလဲဟ....."

ဖှေး တွေးနေတုန်းပင် ပို၍ထူးဆန်းတာတစ်ခုဖြစ်ပျက်သွား၏။

သူ၏ယောက်ခမလောင်းမှာ ထိုသားရဲကြီး၏ ကြမ်းကြုတ်သည့်အမူအယာကို ဂရုမစိုက်ချေ။ မကြောက်မရွံ့ထိုခွေးကြီးအနားသို့ ကပ်သွားပြီး လက်ထဲမှ ဖိနပ်ဖြင့် ခွေးကြီး၏နဖူးကို ရိုက်လိုက်သည်။

အမဲရောင်ခွေးကြီးမှာ မကျေနပ်သောအမူအယာဖြင့် အချိန်အတန်ကြာဟောင်နေ၏။ ဘတ်စ်အား တစ်ချက်ကိုက်လိုက်ရုံမျှဖြင့်ပင် သုံးပိုင်းပိုင်းလိုက်နိုင်သော်လည်း အမှန်တကယ်ပင် ပြန်လည်မတိုက်ခိုက်ချေ။ လူသားနှင့်တူသော အမူအယာတစ်ခုပင်ပြုလုပ်နေသည်။ သူ၏ရှေ့ခြေနှစ်ခုက်ို မြှောက်ပြီး နဖူးကိုနာကြင်စွာဖုံးအုပ်ထား၏။ သူ၏ မျက်လုံးများတွင် မကျေနပ်မှုများဖြင့် ပြည့်နှက်နေသည်။

"မင်း....တော်တော်ဆိုးတဲ့ခွေး......"အဘိုးကြီးမှာ ဒေါသဖြစ်နေသော ကလေးငယ်တစ်ယောက်ကဲ့သို့ပင် ခွေးကြီးကို အဆက်မပြတ်ရိုက်နှက်နေ၏။

"အဖေ........"

အန်ဂျယ်လာတစ်ယောက်လဲ ငိုတစ်ဝက်ရယ်တစ်ဝက်ဖြင့် အစောင့်များနှင့်အတူ ဘတ်စ်အား တစ်ဖက်သို့ဆွဲခေါ်သွားသည်။

ဖှေးတစ်ယောက် သူတစ်ခါမှမရင်းနှီးသေးသော ကမ္ဘာတစ်ခုအား ကြည့်ရှုနေရသကဲ့သို့ခံစားနေရသည်။

ဘတ်စ်အား အစောင့်များဆွဲခေါ်သွားပြီးနောက်တွင် အမဲရောင်ခွေးကြီးသည်မြေပြင်ပေါ်တွင် သူ၏နဖူးကိုရှေ့ခြေများဖြင့် ဖုံးကွယ်ကာ ဝပ်လျှက်ရှိနေဆဲပင်။ သူ၏ မျက်ရည်ဝိုင်းနေသော မျက်လုံးများဖြင့် ဘေးပတ်ပတ်လည်သို့ လှည့်ပတ်ကြည့်ရှုပြီး ဖှေးကိုတွေ့မြင်သွား၏။

"ဝုတ် ဝုတ် ဝုတ်"

ခွေးနက်ကြီးမှာ စိတ်လှုပ်ရှားစွာဖြင့် အကြိမ်အနည်းငယ် ဟောင်လိုက်ပြီး လေထဲတွင်ခုန်ပေါက်ကာ ဖှေး အရှေ့သို့ပြေးလာတော့သည်။ သူ၏အရှေ့သို့ရောက်သောအခါ ခွေးကြီးသည်မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး အမြှီးယမ်းလျှက်ရှိသည်က်ို တွေ့လိုက်ရသည်။ မိဘများနှင့် တွေ့သော ကလေးငယ်တစ်ယောက်ကဲ့သ်ို့ပင် သူ၏ဦးခေါင်းဖြင့် ဖှေး၏ ပုခုံးကိုပွတ်သပ်နေသည်။

ဖှေး နှင့်အတန်ကြာ ရင်းနှီးစွာဆက်ဆံပြီးနောက်တွင် ခွေးကြီးသည် ဖှေးဘေးတွင် မတ်တပ်ရပ်လိုက်ပြီး အနည်းငယ်ဒေါသထွက်နေဆဲဖြစ်သည့် အဘိုးကြီးဘတ်စ်က်ို ဟောင်လိုက်သည်။

ဖှေးတစ်ယောက် ပါးစပ်အဟောင်းသားဖြစ်နေ၏။ အင်မတန် လူနှင့်တူစွာပြုမူသည့်ခွေးကြီးပင်။ ဉာဏ်အလင်းရသွားပြီး လူတစ်ယောက်၏ ဉာဏ်ရည်ပိုင်ဆိုင်လာသကဲ့သို့ပင် ထင်ရ၏။

ဖှေး ထိုအကောင်ကြီးအား ဂရုတစိုက်ဖြင့်လေ့လာကြည့်နေ၏။

ဖှေး ခွေးနက်ကြီးအား ကြည့်လေလေ ရင်းနီးသည်ဟု ခံစားမိလာလေဖြစ်သည်။ နောက်ဆုံးတွင် သူရုတ်တရက် သဘောပေါက်သွား၏။

"ဘုရားရေ ဒါအန်ဂျယ်လာ အနောက်ဘက် တောင်တန်းတွေစီကနေ ကယ်လာခဲ့တဲ့ ခွေးနက်ကြီးပဲဟ...." သူ၏ အရွယ်အစားသည် အဆပေါင်းများစွာကြီးထွားလာခဲ့ခြင်းဖြစ်သည်။ ဆောင့်ကြောင့်ထိုင်နေပါက ဖှေး၏အရပ်ထက်ပင် ပို၍မြင့်မားနေသည်။ မက်တပ်ရပ်နေသည့်အချိန်တွင်မူ နှစ်မီတာခန့်မြင့်မားပြီး ၄မီတာခန့်ပင် ရှည်လျားသည်။ ဒါခွေးမှ ဟုတ်သေးရဲ့လား.....

ဖှေး တွေးစရာပင်မလိုတော့ချေ။ ဤသည်မှာ ဟော့ခ်ဆေးပုလင်း၏ အာနိသင်ကြောင့်ပင်ဖြသ်ပေလိမ့်မည်။

ဤကံကောင်းသည့်အမဲရောင်ခွေးကြီးမှာ ဟော့ခ်ဆေးပုလင်း၏ဘေးထွက်ဆိုးကျိုးများကို တောင်ခံနိုင်ခဲ့ပြီး အသက်ရှင်နိုင်ခဲ့ပုံရ၏။ ဟော့ခ် ဆေးပုလင်း၏ မှော်ဆန်သည့်အာနိသင်ကြောင့် ဖှေးအပေါ်တွင် ရင်းနှီးကျွမ်းဝင်လာခဲ့ခြင်းဖြစ်ပေလိမ့်မည်။ သို့မဟုတ်ပါက ထိုခွေးကြီးမှာ ယခုအချိန်တွင် ဖှေးအား လိုက်ဆွဲ ကိုက်ဖြဲနေလောက်မည်ဖြစ်သည်။

ကြောင်နှင့် ခွေးတ်ို့၏ မတည့်သည့် သဘာဝကြောင့်ဖြစ်ပေလိမ့်မည်။ ဖှေး ပုခုံပေါ်မှ ငါးဖမ်းကြောင်မှာ အမွေးများထောင်လျှက် အမဲရောင်ခွေးကြီးအား မာန်ဖီနေ၏။ ရွှေရောင်အမွေးနှင့် ဒေါင်လောင်းမှာ အခြေအနေတစ်ချက်ကြည့်လိုက်ပြီး ငါးဖမ်းကြောင်နှင့် ပူးပေါင်းရန်ဆုံးဖြတ်လိုက်ပုံရသည်။ ခွေးကြီး ဘက်သို့လှည့်ပြီး အစွယ်ဖြဲကာ မာန်ဖီနေသည်။ မှော်ကြက်တူရွေးနှင့် ဇီးကွက်ဖြူတို့မှာမူ သူတို့၏သူငယ်ချင်းများကို သစ္စာဖောက်ပြီး အမဲရောင်ခွေးကြီးနားတွင် လှည့်ပတ်ပျံသန်းကာ အန္တရာယ်မရှိမှန်းသိသော် ခွေးကြီးခန္ဓာကိုယ်ပေါ်တွင် နားလိုက်ကြတော့သည်။

စိတ်ဝင်စားစရာကောင်းသည့် တိရစ္ဆာန်ငယ်များပင်။

"ဝိုး ဒီလှပတဲ့ ကြောင်လေးနှစ်ကောင်ကိုကြည့်ပါဦး...."

"ဒီကြောင်လေးကိုကြည့်စမ်း....သူတို့မှာအတောင်ပံလေးတွေနဲ့....."

အန်ဂျယ်လာနှင့် အန်မာတို့မှာ ဖှေးရောက်ရှိလာသည်က်ို သတိထားမိသွားကြသည်။ သူတို့နှစ်ယောက်၏ မျက်လုံးများတောက်ပစွာဖြင့် ဖှေးထံသို့ပြေးလာကြသည်။ ဖှေး ဤမြင်ကွင်းကိုမြင်ပြီး ပျော်ရွှင်သွား၏။ ပြေးဖက်ရန်ပင် လက်နှစ်ဘက်ကို ဖွင့်ထားလိုက်သည်။ သို့သော် ကောင်မလေးများမှာ ဖှေးကို ဂရုမစိုက်ပဲဖှးပုခုံးပေါ်ရှိ ငါးဖမ်းကြောင်လေးနှင့် ဒေါင်လောင်းလေးတို့ကိုသာ ယူလိုက်ကြသည်။

ဖှေး မျက်နှာပျက်သွားသည်။

သူ၏ ဆန့်တန်းထားသော လက်နှစ်ဖက်မှာ လေနဲ့သာထိတွေ့ခွင့် ရလိုက်၏။

အတောင်ပံနှစ်ဖက်နှင့် ဒေါင်လောင်းကောင်လေးမှာ အန်မာ၏လက်အတွင်းမှ အသဲသန်ရုန်းထွက်နေသည်။ သူ၏ မျက်လုံးများမှာ "အား...တော်တော်ပိန်းတာပဲ....ငါ့ကိုကြောင်လို့ဘယ်သူပြောနေတာလဲ....ငါကကြီးမြတ်တဲ့ မှော်သားရဲမျိုးစိတ် ရွှေရောင်ဒေါင်လောင်းကွ....နားလည်ရဲ့လား မိန်းကလေး..." ဟုပြောနေသကဲ့သို့ပင်။

.........

တစ်မိနစ်ခန့်အကြာတွင်.....

ရွေရောင်တိုက်ပွဲစက်ကွင်းမှာ ဖှေး၏ ခြေထောက်အောက်တွင်ပေါ်လာသည်။ သူ၏လက်တွင် ရွှေရောင်အလင်းများဖြင့် လွမ်းခြုံလျှက် သူ၏ယောက်ခမလောင်းဘတ်စ်၏ လက်မောင်းကို ညင်သာစွာထိကိုင်လိုက်သည်။ အလင်းရောင်အနည်းငယ်တောက်ပလာပြီး ဘတ်စ်၏လက်မောင်းပေါ်ရှိ အမဲရောင်ခွေးကြီးကိုက်ထားသော အစွယ်ရာနှစ်ခုမှာ ပျောက်ကွယ်သွားတော့သည်။

"သေစမ်းကွာ....ဒီခွေးကတော့....."

လူဖြောင့်အဖိုးကြီး ဘတ်စ်မှာ ဒေါသဖြစ်နေဆဲပင်။ ခွေးနက်ကြီးအား ကြည့်ပြီး ကျိမ်ဆဲလိုက်သည်။

ဤအချိန်တွင် ဖှေးဖြစ်ခဲ့သည်များကို ရိပ်စားမိသွားပြီဖြစ်သည်။

ဘတ်စ်သည် မြို့အတွင်းရှိ အုပ်ချုပ်ရေးဆိုင်ရာစာရွက်စာတမ်းများနှင့် ဖှေးအကူညီတောင်းထားသော သံတမန်များဖြင့် ဆက်သွယ်ရန်ကိစ္စများကို အကုန်ပြီးမြောက်သွားပုံရသည်။ ထို့ကြောင့်သူသည် မင်းသား မိုဒရစ်ကိုကြိုဆိုရန်ကိစ္စနှင့်ပတ်သက်ပြီး ဖှေးနှင့်ဆွေးနွေးလိုသဖြင့် နန်းတော်သို့လာခဲ့သည်။ ကံမကောင်းစွာပင် ဖှေးသည် နန်းတော်ထဲတွင်မရှိချေ။ သို့သော် ဘတ်စ်သူ့သမီး အန်ဂျယ်လာကို သွားတွေ့ရန်ဆုံးဖြတ်လိုက်သည်။ ပုံမှန်အားဖြင့် ဘတ်စ်သည်အလုပ်များနေလေ့ရှိသဖြင့် သူ့သမီးဖြင့် စကားပြောရန်အချိန်မရှိပေ။ ယခုအချိန်သည် အခွင့်ရေးဖြစ်သည်။ သူ့သမီးအား အလတ်ဇန္ဒား၏ နှလုံးသားကို ပိုင်ဆိုင်ရန်အတွက် နည်းလမ်းအနည်းငယ်ပေးဦးမည်ဟူသည့် အကြံဖြင့် အန်ဂျယ်လာထံသို့ထွက်လာခဲ့သည်။ သို့သော် အနောက်ဘက် ဥယျာဥ်ထဲရှိခွေးကြီးမှာ ရုတ်တရက်နိုးလာပြီး သူ့အားကိုက်ဆွဲလိမ့်မည်ဟု ဘတ်စ်ထင်မထားပေ။

"ဟားဟား...အန်ကယ်ဘတ်စ်ရာ ဘာလို့ခွေးတစ်ကောင်ကို အဲ့လောက်စိတ်ဆိုးနေရတာလဲ....."

ဖှေးမှာ သဘောကျစွာဖြင့် အသဲအသန်ရယ်မောနေ၏။

ထိုအခိုက်တန့်တွင် အ​စောင့်တစ်ယောက်ပြေးဝင်လာပြီး လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး ဇီးနစ်အင်ပါယာက မင်းသမီး တာနာရှာလွှတ်လိုက်တဲ့ လူတစ်ယောက်အရှင်မင်းကြီးနဲ့တွေ့ဖ်ို့ နန်းတော်ဆောင်ထဲမှာ စောင့်နေပါတယ်...."

All Chapters