အခန်း (၁၀၅)
Vol. 7 Ch. 105
"အဲ့မင်းသမီးက ထပ်ပြီးမစောင့်နိုင်တော့လို့ ငါ့ကိုအရင်ဖိတ်ခေါ်ဖို့ဆုံးဖြတ်လိုက်တာထင်တယ်...."ဖှေး ပျော်ရွှင်သွားသည်။
ထိုအချိန်တွင် သူ၏ဘေးတွင်ရှိသော ယောက်ခမလောင်းကြီး ဘတ်စ်လည်း မက်တပ်ထရပ်လိုက်သည်။ ထိုအခိုက်တန့်တွင် ဘတ်စ်သည်လုံးဝပုံစံပြောင်းလဲသွားသကဲ့သ်ို့ပင်။ သူ၏ဒေါသများလည်း ပျောက်ကွယ်သွားပြီဖြစ်၏။ ခြေတုံးလုံးနှင့် တစ်ကိုယ်လုံးဖုန်များပေကျံနေစဲဖြစ်သော်လည်း သူ၏ အမူအယာများပြောင်းလဲသွားသည်။ ခန့်ညားပြီး နန်းဆန်သောအမူအယာမှာ သူ၏မျက်နှာပေါ်တွင် ပြန်လည်ပေါ်ပေါက်လာခဲ့သည်။ ထို့နောက်တွင် လေးလေးနက်နက်ဆင်ခြင်ကြည့်ကာ မျက်မှောင်ကြုံ့လိုက်ပြီး "အလတ်ဇန္ဒား မင်းသမီးနဲ့သွားတွေ့သင့်တယ်....မင်းရဲ့ ထီးနန်းမြှောက်ပွဲက သုံးရက်လောက်ပဲလိုတော့တယ်...မင်း မင်းသမီးမကျေနပ်အောင် မလုပ်လိုက်မိစေနဲ့....အဲ့လ််ိုမဟုတ်ဘူးဆို အရာအားလုံးရှုပ်ထွေးလာလိမ့်မယ်....."
ဖှေး ခေါင်းငြိမ့်ပြလိုက်သည်။
သူ နန်းတော်ဆောင်ထဲသို့ ဝင်ရန်ပြင်သည့်အချိန်တွင် အမဲရောင်ခွေးကြီးသည် ဖှေး၏လမ်းသို့ဝင်ပိတ်ကာ ဆောင့်ကြောင့်ထိုင်လိုက်ပြီး အမြှီးကို ဝှေ့ယမ်းနေသည်။ ကြည့်ရသည့်ပုံအရ ဖှေးအား သူ၏နောက်ကြောပေါ်တွင် တက်စီးစေချင်ပုံရသည်။
ပတ်ပတ်လည်ရှိ လူများအားလုံး ကြက်သေသေကုန်ကြတော့သည်။
ဤအမဲရောင်ခွေးကြီးမှာ အရွယ်အစားအရရော ခွန်အား အရပါ သာမန်မြင်းတစ်ကောင်ထက်သာလွန်၏။ ထို့ကြောင့် ခွေးနက်ကြီးကို စီးနှင်းရန်ရွေးချယ်မှုမှာ သင့်လျှော်သည့် ရွေးချယ်မှုမျိုးဖြစ်သည်။ သို့သော်.... ပြသနာတစ်ခုရှိသည်မှာ ဖှေးသည် တိုင်းပြည်၏ ဂုဏ်သရေရှိဘုရင်တစ်ပါးဖြစ်သည်။ ထို့ကြောင့် ခွေးနက်ကြီးအား စီးနင်းပါက သူ့အားဘာဖြစ်စေနိုင်မည်နည်း။ ခွေးစီးသူရဲကောင်းလား.......
သို့သော် ဖှေးမှာ မတွံဆုတ်ပေ။
သူရယ်မောပြီး အမဲရောင်ခွေးကြီး၏ ကြောပေါ်သို့ခုန်တက်လိုက်သည်။ ခွေးကြီးမှာ သဘာဝလွန်စွာဖြင့် ဖှေး၏စိတ်ကိုနားလည်နိုင်သည့်ပုံရှိသည်။ ဘုရင်နန်းတော်ဆောင်သို့ဦးတည်ကာ အားအင်ပြည့်ဝစွာဖြင့် ထွက်ခွာသွားတော့သည်။
မူလက ဖှေးသည် ခွေးနက်ကြီးအား အပျော်စီးရန်ခုန်တက်လိုက်ခြင်းဖြစ်သည်။ သို့သော် တဖြည်းဖြည်းဖြင့် ဖှေး၏မျက်နှာအမူယာမှာ တည်လာတော့သည်။ ဤသည်မှာ ထူးဆန်းသည့်ခံစားချက်တစ်ခုဖြစ်သည်။ ဝိညင်အခြင်းခြင်းချိတ်ဆက်ထားသကဲ့သို့ပင် ခွေးနက်ကြီး၏ ရည်ရွယ်ချင်အားလုံးကို ဖှေးခံစားမိနေသည်။ ပြေးမည်လား....လမ်းလျှောက်မည်လား....ခုန်တော့မည်လား....ကွေ့တော့မည်လား....အစရှိသကဲ့သို့ပင်။ လူသားနှင့် ခွေးမှာ တစ်စိတ်ထဲ ဖြစ်သွားသကဲ့သို့ပင် ပူးပေါင်းဆောင်ရွက်ရာတွင် အခက်ခဲလုံးဝမရှိတော့ချေ။
မြင်းစီးရသည်ထက်ပင် ပို၍လွယ်ကူနေ၏။
ဤခွေးကြီးအား စီးတော်ခွေးအဖြစ်သက်မှတ်ရန်မှာ အကောင်းဆုံးရွေးချယ်မှုကဲ့သို့ပင်။
..........
..........
ယခင်ကစစ်ဘက်ဆိုင်ရာတရားသူကြီးဟောင်း ကွန်းက၏ ခြံဝန်းကြီးမှာ အလွန်ကျယ်ဝန်းလှ၏။ ခြံဝန်း၏အလည်တွင် ကျောက်ရဲတိုက်ကြီးတစ်ခုတည်ရှိသည်။
ခြံဝန်းအတွင်းရှိ ဥယျဥ်ထဲတွင် ချောင်းလေးများ၊ သစ်ပင်များ၊ ကျေးငှက်သာရကာများ၊ ပန်းပွင့်များဖြင့် ပြည့်နှက်သာယာနေသည်။ သစ်ပင်များမှာ ဆောင်းဦးရာသီရောက်တိုင်းတွင် ကောင်းကင်ဘုံနှင့် မြေပြင်ကို ခြားနားထားသကဲ့သို့ အဝါရောင်ပန်းလေးများပွင့်ကြ၏။ ထုံသင်းသောရနှံ့ဖြင့် ချမ်းဘော့ဒ်တိုင်းပြည်တစ်ခုလုံးတွင် ချိုမွှေးသော ပန်းနှံ့တို့ဖြင့် ပြည့်နှက်နေလျှက်ရှိသည်။
ဖှေးခွေးနက်ကြီးပေါ်က ခုန်ဆင်းလိုက်ပြီး ခွေးနက်ကြီး၏ခေါင်းကိုပုတ်ကာ တစ်ခြားတစ်နေရာသွားပြီး ဆော့ကစားကာ သူ့အားစောင့်နေရန်ညွှန်ကြားလိုက်သည်။ ထို့နောက်တွင် အမျိုးသမီးစစ်သည် ဆူဇန်အနောက်မှနေ၍ စံအိမ်အရှေ့ရှိ သစ်ပင်များတစ်ထက်တစ်ချက်စီတွင် စီတန်းပေါက်ရောက်နေကြသော လျှောက်လမ်းမှတဆင့် လမ်းလျှောက်လာပြီး အစောင့်များတစ်ထပ်ပြီး တစ်ထပ်ဖြတ်ကျော်လာခဲ့သည်။ နောက်ဆုံးတွင်ခြံဝင်းအတွင်းရှိ အကြီးဆုံးသစ်ပင်တစ်ပင်အောက်ရှိ ထိုင်ခုံပေါ်တွင်ထိုင်နေသော မင်းသမီး တာနာရှာထံသို့ ရောက်ရှိလာခဲ့၏။
ဤသည်မှာ ဖှေး၏ပထမဆုံးအနေဖြင့် ဤလျို့ဝှက်ထူးဆန်းသော မင်းသမီးဖြင့် တွေ့ဆုံခြင်းဖြစ်သည်။
ဖှေး၏ မျက်လုံးများရှေ့တွင် ရှိနေသော အမျိုးသမီးမှာ သူထင်ထားသည်ထက်ပင် ပို၍ပိန်နေသည်ကိုတွေ့လိုက်ရသည်။ သူမ၏ ရုပ်ရည်မှာ တအားကြီးမလှပချေ။ မြင်ရသူတိုင်းကို ရင်သက်ရှုမောဖြစ်စေသည့် အန်ဂျယ်လာနှင့် အန်မာတို့၏ ရုပ်ရည်ဖြင့် နှိုင်းယှဥ်၍ပင်မရချေ။ သူမ၏ရုပ်ရည်သည် သာမန်မျှသာဖြစ်သည်။ သူမ၏ ဆံပင်မှာ နူးညံ့လှပကာ နေရောင်အောက်တွင် တောက်ပနေသည်။
ဖှေးရောက်ရှိလာသည့် အချိန်ထိ မင်းသမီးမှာသူမ၏ မျက်လုံးများကို မဖွင့်သေးပေ။ ဝါးနှင့် အစိမ်းရောင်နွယ်ပင်တို့ဖြင့် ပြုလုပ်ထားသည့် ထိုင်ခံပေါ်တွင်သာ တိတ်ဆိတ်စွာထိုင်လျှက်ရှိသည်။ အနည်းငယ် မှိတ်ထားသော မျက်လုံးများနှင့် တင်းကြပ်စွာပိတ်ထားသော ပါးစပ်နှင့်အတူ သူမသည် ပန်းချီကားတစ်ချပ်ကဲ့သို့ပင်။
အမျိုးသမီး စစ်သည်ဆူဇန်သည် ဖှေးအား မင်းသမီးထံသို့ခေါ်ဆောင်လာပြီးနောက်တွင် ဘာမှမပြောပဲထွက်ခွာသွား၏။
ယခုအချိန်တွင် ခြံဝန်းထဲတွင် ဖှေးနှင့် မင်းသမီးနှစ်ဦးတည်းသာ ကျန်ရှိတော့သည်။
လေထုမှာ အလွန်တိတ်ဆိတ်နေသည်။
သို့သော် ဖှေးကြောင်တောင်တောင်မဖြစ်ချေ။ မင်းသမီးနှင့် မလှမ်းမကမ်းတွင်ရှိနေသော ကျောက်ထိုင်ခုံတစ်ခုပေါ်သို့ ဝင်ထိုင်လိုက်ပြီး သူ၏အရှေ့တွင်ရှိသော ကြီးမားသည့်သစ်ပင်ကြီးကိုကြည့်နေ၏။ ဖှေး၏ မျက်နှာအမူယာမှာ အင်ပါယာကြီးတစ်ခု၏ မင်းသမီးနှင့် နှစ်ယောက်ထဲရှိနေရသည့်အတွက် နေရခက်သည့်ပုံလုံးဝမရှိချေ။
သို့သော် စိတ်ထဲတွင်တော့ ဖှေးအံ့သြနေသည်။
အဘယ်ကြောင့်ဆိုသော် ဤသိပ်မကျယ်ဝန်းလှသော ဥယျာဥ်ထဲတွင် အနည်းဆုံးစွမ်းအားကြီးပုဂ္ဂိုလ်အယောက်၂၀ခန့်ရှိနေသည်က်ို ဖှေးခံစားနေရသောကြောင့်ပင်။ ဖြတ်ကျော်လာရသော တင်းကြပ်သည့်အစောင့်များအပြင် ဖှေးထူးဆန်းသည့်ခံစားချက်တစ်ခုရှိနေခဲ့သည်။ ဤလျို့ဝှက်ထူးဆန်းသည့် မင်းသမီးမှာ အန္တရာယ်တစ်ခုခုအား ကြိုတင်ခုခံနေသည်ပုံဟု ဖှေးခံစားမိနေခြင်းပင်။ ထို့ကြောင့်ပင် သူမ၏ဘေးပတ်ဝန်းကျင်တွင် အလွန်တင်းကြပ်သော အစောင့်ကြပ်အကာရံများစွာ ချထားခြင်းပင်။
ဤကဲ့သို့ တင်းကြပ်လှသည့် ကာကွယ်မှုများအောက်တွင် လူတစ်ယောက်မပြောနှင့် သေးငယ်သည့်ယင်ကောင်တစ်ကောင်ပင် မင်းသမီး၏အနားသို့ ခွင့်ပြုချက်မပါပဲ ချည်းကပ်နိုင်မည်မဟုတ်ပေ။
မင်းသမီးဦးဆောင်သည့် သံတမန်အဖွဲ့တစ်ခုလုံးမှာ အလွန်သတိကြီးကြီးထားနေသည်ဟု ဖှေးခံစားမိသည်။ ကျရောက်လာတော့မည့် အန္တရာယ်တစ်ခုအား ရင်ဆိုင်ရန်အသဲအသန်ပြင်ဆင်နေသကဲ့သို့ပင်။
သို့သော် အဘယ်ကြောင့်နည်း.....
အဆင့်၆တိုင်းပြည်ငယ်လေးမှ ဘုရင်အသက်၁၈ပြည့်သဖြင့် ထီးနန်းမြှောက်ရန်လာသော သံတမန်အဖွဲ့သည် သိပ်ပြီးစွန့်စားစွာသတိဖြင့်သွားလာရမည့် ခရီးတစ်ခုမဟုတ်ပေ။ ဇီးနစ်အင်ပါယာမှ လူများအေးဆေး လာပြီး ရှုခင်းကြည့်၍ အပန်းဖြေခရီးတစ်ခုကဲ့သို့ အနားယူနိုင်သည်။ သို့သော် ဖှေးမြင်ရသည့် အခြေအနေမှာ ထိုကဲ့သို့မဟုတ်ချေ။ ဤကဲ့သို့ အစောင့်တင်းကြပ်စွာချထားသည့် နေရာတစ်ခုကြောင့် ဘုရင်အလတ်ဇန္ဒားသံသယဝင်လာသည်။ ချမ်းဘော့ဒ်တွင် ရက်စက်သည့်စစ်ပွဲတစ်ခုဖြစ်ပွားလာတော့လေမည်လား.....
ဘာတွေဖြစ်နေတာလဲ...ဘာတွေဖြစ်လာတော့မှာလဲ.....
အချိန်မှာ တရွေ့ရွေ့ကုန်ဆုံးနေသည်။
မင်းသမီးသည် ဖြေးညင်းစွာအရှေ့အနောက်ယိမ်းလျှက်ရှိသော ဝါးထိုင်ခုံပေါ်တွင် ထိုင်လျှက်ရှိသည်။ သူမ၏ နီလာကဲ့သ်ို့ မျက်လုံးများကို မဖွင့်သေးပေ။ စကားလည်း မပြောသေးပေ။ ထိုင်ခုံ၏ လက်တန်းကိုသာ သူမ နှေးလိုက်မြန်လိုက်စည်းချက်ဖြင့် လက်ညိုးဖြင့်ခေါက်လျှက်ရှိသည်။ ဘေးတွင် ထိုင်နေသောဖှေးအား ရှိသည်ဟုပင် သဘောမထားချေ။
ဖှေးသည်လည်း အရင်စပြီးစကားမပြောလိုပေ။
သူတို့နှစ်ယောက်မှာ စကားအရင်စပြောသည့်သူအရှုံးဟူသည့် ကစားပွဲတစ်ခုဆော့နေကြသည့် ကလေးနှစ်ယောက်ကဲ့သို့ပင်။
မိနစ်ပေါင်းများစွာကြာသော် ဖှေး ပျင်းရိလာသကဲ့သို့ ခံစားရသည်။ ထို့ကြောင့် မျက်လုံးများမှိတ်ကာ အနည်းငယ်အနားယူရန်ကြံလိုက်သည်။ အတန်ကြာတွင် တိတ်ဆိတ်နေသော ဥယျာဉ်ထဲတွင် ဟောက်သံတစ်ခုထွက်ပေါ်လာတော့သည်။
ဝါးခုံပေါ်တွင်ထိုင်နေသော မင်းသမီးသည် နောက်ဆုံးတွင် မျက်လုံးများပွင့်လာသည်။
သူမ၏ဘေးကျောက်ထိုင်ခုံပေါ်တွင်ရှိနေသော ဖှေးကို တစ်ချက်ကြည့်လိုက်ပြီး သူမ၏မျက်လုံးများတွင် အံ့သြမှုအရိပ်ယောင်များပေါ်လာသည်။ ထိုင်ခံလက်တန်းအား ခေါက်လျှက်ရှိသော လူမ၏သွယ်လျှသော လက်ချောင်းများမှာလည်း ရပ်တံ့သွားသည်။ သူမခါးမက်လိုက်ပြီး ဖှေးအား ဂရုတစိုက်ဖြင့် အတန်ကြာကြည့်နေသည်။ ဖှေး အမှန်တကယ် အိပ်ပျော်နေသည်ကို တွေ့သော်အခါ သူမ၏မျက်နှာပေါ်တွင် ခံစားချက်အမျိုးမျိုးရောနှောနေသည့် အမူယာတစ်ခုပေါ်လာတော့သည်။
သူမ ဝါးထိုင်ခုံပေါ်သို့ ပြန်မှီလိုက်သည်။
သို့သော် သူမဤတစ်ကြိမ်တွင်မူ မျက်လုံးများကို မမှိတ်တော့ပေ။ နီလာကဲ့သို့မျက်လုံးများဖြင့် ကောင်းကင်ကြီးကို မော့ကြည့်နေသည်။ သူမ ဘာတွေးနေသည် ဆိုသည်က်ို မည်သူမျှမပြောနိုင်ချေ။ အဝါရောင်ပန်းပွင့်များမှာ သစ်ပင်ပေါ်မှကြွေကျလာကြပြီး ပန်းရနှံ့များကိုမြေပြင်ပေါ်တွင် ပျံ့နှံ့သွားစေသည်။
အရိပ်ထဲတွင် ပုန်းအောင်းနေကြသည့်အစောင့်များမှာ ဤမြင်ကွင်းကိုမြင်ပြီး ပါးစပ်အဟောင်းသားဖြစ်နေကြသည်။
"ဒီဘုရင်က တော်တော်အကြောက်တရားကင်းမဲ့တာပဲ....ငါတို့ရဲ့ ပထမမင်းသမီးရှေ့မှာ ဒီလိုရိုင်းပြရဲတယ်....အင်ပါယာအရှင် ယရှင်းတောင် ဒီလိုလုပ်ရဲတာမဟုတ်ဘူးလေ....."
သူတို့မသိသည်မှာ ဖှေးသည်တစ်ခြားကမ္ဘာသို့ပင် ရောက်ရှိနေပြီဟူသော အချက်ပင်။