← Chapters

အခန်း (၁၀၆)

Vol. 8 Ch. 106

အခန်း (၁၀၆)

Vol. 8 Ch. 106

[သူပုန်စခန်း]တွင်ဖြစ်သည်။

မီးဖိုကြီးထဲတွင် ပူလောင်သောမီးတောက်ကြီးများမှာ တောက်လောင်ဆူပွက်နေသည်။ လှပသော ပန်းပဲဆရာမ ချယ်စီမှာ သူမ၏ သံမဏိမှော်တူကို လေထဲတွင် ဝှေ့ရမ်းကာ တစ်ချက်ပြီးတစ်ချက် ထုရိုက်နေ၏။ “ဒေါင် ဒေါင်” ဟု မြည်သံနှင့်အတူ ထုလုပ်နေစဲဖြစ်သည့် အပူကြောင့် နီရဲနေသော ဓားတစ်လက်ပေါ်သို့ တူဖြင့် ထုရိုက်လျှက်ရှိသည်။ သူမကိုယ်မှ ချွေးစက်များသည် အပူချိန်ပြင်းသည့် ဓားပေါ်သို့ပြုတ်ကျပြီး ရေငွေ့များ အဖြစ်ကူးပြောင်းသွားကြသည်။

သံမဏိပန်းပဲဖို၏ တစ်ဖက်တွင်ဖြစ်သည်။ လူရိုင်းဖှေးသည် ဖားဖိုမောင်းတံအားဆွဲလျှက် မီးဖိုအတွင်းသို့လေများရောက်စေပြီး မီးတောက်များအား ကြီးသထက်ကြီးမားစေအောင် ဆောင်ရွက်လျှက်ရှိသည်။

“ဒေါင်...”

ချယ်စီ၏ နောက်ဆုံးတူရိုက်ချက်တစ်ခုကျရောက်ပြီးချိန်တွင် မှော်စွမ်းအင်များသည် ဓားပေါ်တွင် စတင်ပြန့်နှံ့လာသည်။ သစ်ခွရောင်မီးတောက်များစတင်တောက်ပလာတော့သည်။ ဓားထံမှ ဆူညံသံတစ်ချို့စတင်ထွက်ပေါ်လာပြီး တုန်ခါလာတော့သည်။

“ဘုရားရေ နောက်ဆုံးတော့ပြီးသွားပြီပဲ...”

လှပသော ပန်းပဲဆရာမ ချယ်စီမှာ စိတ်လှုပ်ရှားလွန်းလှသဖြင့် သူမ၏ နဖူးတွင် စီးကျနေသော ချွေးများကိုပင် မသုပ်နိုင်တော့ချေ။ ပူလောင်နေဆဲ ဖြစ်သည့် ဓားကိုကောက်ကိုင်ကာ လေထဲတွင့်ဝှေ့ရမ်းကြည့်လိုက်သည်။ ပန်းပဲဖိုထဲတွင် အပြာရောင်အလင်းတန်းတစ်ခု တောက်ပသွားသည်။

“ဒါတကယ်အလုပ်ဖြစ်သွားပြီလား....”

ဖှေးလဲ ထိုမြင်ကွင်းကိုမြင်လိုက်ရပြီး အလားတူပင် အံ့သြပျော်ရွှင်သွားသည်။ အပြာရောင်ဓားအားလှမ်းယူလိုက်ပြီး ဓားလက်ကိုင်မှ အပူချိန်ကိုခံစားပြီး ဓားကို ငုံ့ကြည့်လိုက်၏။ ဓား၏ သက်ဆိုင်ရာ အချက်အလက်များကို သူ၏မျက်လုံးထဲတွင် ​မြင်လိုက်ရ၏။

လက်တစ်ဖက်ကိုင် ထိခိုက်စေနိုင်မှု: 4-9

လက်နှစ်ဖက်ကိုင် ထိခိုက်စေနိုင်မှု: 8-12

ရေခဲအဖျက်စွမ်းအား: +3

အကြမ်းခံနိုင်မှု: 16/16

လယ်ဗယ် သက်မှတ်ချက်မလိုအပ်၊ ခွန်အားအမှတ်သက်မှတ်ချက် မလိုအပ်။

“အဖျက်စွမ်းအားကတော့ [ခရမ်းစိမ်းရောင် ဓားနှစ်လက်]လောက်မမြင့်ပေမယ့် ကွာလတီနှိမ့်တဲ့ပစ္စည်းမဟုတ်တာတော့ သေချာတယ်။ နောက်ပြီး အဆင့်သက်မှတ်ချက်တွေလဲ မရှိဘူးဆိုတော့ လယ်ဗယ်နှိမ့်ဇာတ်ကောင်တွေအတွက်တော့ အတော်ထက်တဲ့ လက်နက်တစ်ခုပဲ...”

ဖှေးပျော်ရွှင်နေသည်။

လွန်ခဲ့သည့် နာရီဝက်ခန့်တွင် ဖှေး အလွန်စိတ်မရှည်ဖြစ်နေခဲ့သည်။ မင်းသမီး၏ဘေးတွင်ထိုင်နေရသည်ကို လွန်စွာပျင်းရိငြီးငွေ့နေခဲ့သည်။ထို့ကြောင့်ပင် ခနအိပ်စက်ကာ ဒိုင်ယာဘလိုကမ္ဘာသို့ ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ လူရိုင်းဇာတ်ကောင်အနေဖြင့် သူပုန်စခန်းသို့ရောက်လာခဲ့ပြီး ပန်းပဲဆရာမချယ်စီနှင့်တွေ့ဆုံကာ သူမအား ကျောက်မြတ်များအသုံးပြု၍ မှော်လက်နက်များထုလုပ်ပုံကို မေးမြန်းခဲ့ခြင်းဖြစ်သည်။ ကံကောင်းစွာပင် ချယ်စီသူမ၏ နောက်ဆုံး စမ်းသပ်မှုပြုလုပ်နေစဥ်နှင့်ကြုံကာ မှော်လက်နက်များထုလုပ်ပုံကို ကိုယ်တိုင်မြင်တွေ့နေရခြင်းဖြစ်သည်။

ယခုအပြာရောင် ရေခဲမှော်ဓားမှာ ဖှေးအတွက်သိပ်အသုံးမဝင်လှသော်လည်း အဓိပ္ပါယ်များစွာရှိ၏။

ပထမဆုံးအချက်အနေဖြင့် အပြာရောင်မှော်ရေခဲဓားမွေးဖွားလာခြင်းမှာ ချယ်စီ၏ ပန်းပဲလက်ရည်များတိုးတက်လာသည်ဆိုသောကြောင့်ပင်ဖြစ်သည်။ သူမဆက်လက်ကြိုးစားလေ့ကျင့်နေပါက ပို၍ပင် အစွမ်းထက်သောလက်နက်များ ထုတ်လုပ်နိုင်လာမည်မှာ မလွဲပင်ဖြစ်သည်။ ဖှေး၏ အကန့်သက်မဲ့ မှော်ကျောက်မြတ်ရတနာများ အထောက်အပံ့ကြောင့် ချယ်စီသည် အဝါရောင်အဆင့်ထက်ပင်ကျော်သော မှော်လက်နက်များကိုထုလုပ်နိုင်သည့် ပန်းပဲဆရာမတစ်ယောက်ပင် ဖြစ်လာနိုင်သည်။

ဒုတိယအချက်အနေဖြင့် ဖှေးယခင်က အသုံးပြုနေသည့် လက်နက်များမှာ မကောင်းဆိုးဝါးများကို သက်ဖြတ်ရမှ ရရှိသော လက်နက်များဖြစ်သည်။ ထုလုပ်ပြီးလက်နက်များဖြစ်သဖြင့် ဖှေးမှာ ရွေးချယ်ခွင့်တစ်ခုသာရှိသည်။ သို့သော်ယခုအချိန်တွင်မူ ဖှေးသည် မိမိစိတ်အလိုကျ မှော်အစွမ်းရှိသည့်လက်နက်များကို ချယ်စီအား ထုလုပ်စေခိုင်းနိုင်တော့မည်ဖြစ်သည်။ လက်နက်အသစ်များ တီထွင်ရန်ပင် ဖြစ်နိုင်၏။

“ဟားဟား ဒါတော်တော်အံ့သြစရာကောင်းတာပဲဟ...သူပုန်တိုက်ရဲ့ အတော်ဆုံးပန်းပဲဆရာတစ်ယောက်မွေးဖွားလာတာကို ငါမြင်လိုက်ရတာပဲ...” ဖှေး ချယ်စီအား မြှောက်ပင့်ပေးလိုက်သည်။ ထို့နောက်တွင် ဖှေး မှော်ကျောက်တုံးမျိုးစုံ၂၅တုန်းခန့်ဖြင့် အသင့်ပြင်ဆင်လာသော သိုးသရေဖြင့် ပေါ်တွင်ရေးဆွဲထားသည့် ဒီဇိုင်းစာလိပ်များကိ​ု ချယ်စီအားပေးလိုက်သည်။ “ဒီတစ်ခေါက်ငါ့ကို ချပ်ဝတ်တစ်ချို့လုပ်ပေးလို့ရနိုင်မလား...ဒီပုံတွေအတိုင်းပဲ လုပ်ရုံပဲ...”

“ဒါတွေက....ချပ်ဝတ်ဒီဇိုင်းတွေပဲ...”

ချယ်စီသည် သိုးသရေစာလိပ်များကိုယူပြီး အပေါ်တွင်ရေးဆွဲထားသည့် ပုံများကို အသေးစိတ်ကြည့်ရှုရင်း ပြောလိုက်သည်။ “ဒါတွေက တော်တော်လှတဲ့ ချပ်ဝတ်တွေပဲ..ဒါပေမယ့် ချပ်ဝတ်တွေထုလုပ်ရတာ လက်နက်လုပ်ရတာထက်ပိုခက်တယ်...ကျွန်မ အောင်မြင်နိုင်ချေက အပြည့်အဝမရှိမှာကို စိုးရိမ်မိတယ် ဆရာဖှေး...မှော်ကျောက်တုံးအနည်းငယ်ကိုလဲ စမ်းသပ်ရင်းဖြုန်းတီးရလိမ့်မယ်...”

“ဒါကတော့ ပြသနာမရှိပါဘူး ကြိုက်သလောက်သာ အသုံးပြုပါ...”ဖှေး ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

ဟိုရာဒရစ် ကုဗတုံးရှိသောကြောင့်ဖှေးသည် အပြစ်ရှိကျောက်​မြတ်ရတနာတစ်ခုရရှိရန်အတွက် ကျောက်မြတ်ရတနာစ သုံးခုသာ လိုအပ်သည်။ အပြင်ကမ္ဘာတွင် ဖှေးသည် အပြစ်အနာဆာရှိ မှော်ကျောက်မြတ်ရတနာတစ်ခုကို ကျောက်မြတ်ရတနာစ အခုတစ်ရာဖြင့်လဲလှယ်နိုင်သည်ဖြစ်သည်။ ထို့ကြောင့်ပင် ဖှေးသည် ရွှေတောင်ကြီးပေါ်တွင် ထိုင်နေရသကဲ့သို့ပင်။ အနာဂတ်တွင် ပိုက်ဆံနဲ့ပတ်သက်၍ စိုးရိမ်ရတော့မည်မဟုတ်ပေ။

“ဟုတ်သားပဲ ချယ်စီ နင်အဲ့ပစ္စည်းတွေလုပ်ဖို့ အပြင်ကမ္ဘာကိုတစ်ချက်သွားလိုက်ပါလား..ချမ်းဘော့ဒ်မှာလည်း အရည်အချင်းရှိတဲ့ ပန်းပဲဆရာတစ်ချို့ရှိတယ်။ သူတို့ကူညီရင် ကူညီနိုင်လိမ့်မယ်...”ဖှေး အကြံပေးလိုက်သည်။

ချယ်စီသူမ၏ နဖူးမှစီးကျနေသော ချွေးများကိုသုတ်လိုက်ပြီး မြေအောက်လိုဏ်ဂူများတွင်မြင်ခဲ့ရသည့် ခန်းမားသည့်အဆောက်ဦးများ၊ ပန်းပဲဖိုများကို ပြန်လည်သတိရလာသည်။ ထို့နောက်တွင်သူမ၏မျက်လုံးများ တောက်ပလာပြီး “ဟုတ်သားပဲ ကျွန်မဘာလို့ဒီလိုမျိုးမတွေးခဲ့မိတာပါလိမ့်။ သူတို့စီကို ကျွန်မအခုပဲသွားလိုက်တော့မယ်...”

ဤအမျိုးသမီးမှာ စိတ်မြန်လက်မြန်ပုဂ္ဂိုလ်တစ်ယောက်ပင်။

ချယ်စီထွက်သွားပြီးနောက်တွင် ဖှေးသူ၏ ရေခဲမှော်ဓားအား ထားသိုရာအကန့်ထဲသို့ထည့်သိမ်းလိုက်သည်။ ထို့နောက်တွင် သူတော်စဥ် အာကာရာနှင့်တွေ့ဆုံပြီး သူမထံမှ ဆေးမြစ်များအကြောင်းနှင့် မှော်စာလိပ်များပြုလုပ်ပုံနည်းများကို အနည်းငယ်လေ့လာသင်ကြား၏။

ဖှေးလေ့လာရသည့်အကြောင်းအရာများမှာ အခြေခံဗဟုသုတများသာဖြစ်သည်။

ယခင်က ဖှေးထိုကဲ့သို့ အခြေခံများသင်ကြားရသည်ကို လွန်စွာစိတ်မရှည်ဖြစ်ခဲ့သည်။ သို့သော် အာကာရာနှင့် ပညာသင်စာချုပ်ချုပ်ဆိုထားသည့်အတွက် မဖြစ်မနေသည်းခံသင်ကြားရ၏။ အနည်းငယ်သင်ကြားပြီးချိန်တွင် အံ့သြဖွယ်ကောင်းစွာပင်ဖှေး ဤပညာရပ်အပေါ်တွင် စိတ်ပါဝင်စားဟပြုလာသည်ကိုတွေ့ရသည်။

ဖှေး အာကာရာနှင့်အတူ နာရီဝက်ခန့်လေ့လာပြီးနောက်တွင် လူရိုင်းဇာတ်ကောင်အဖြစ်မှ ထွက်ခွာလိုက်ပြီး ဇာတ်ကောင်ရွေးချယ်သည့် ဖန်သားပြင်ရှေ့သို့ရောက်ရှိလာခဲ့သည်။ ထို့နောက်တွင် ဒရူးဇာတ်ကောင်အားရွေးချယ်ပြီး အပြိုင်စကြဝဋ္ဌာရှိ ဒိုင်ယာဘလိုကမ္ဘာအတွင်းသို့ ထက်မံဝင်ရောက်လာခဲ့သည်။

ဤလောကတွင် ဖှေးတွင် အမျိုးသမီး မှော်လေးသည်တော် ကိုင်းလ်ကိုရရှိထားသည်။

လူရိုင်းဇာတ်ကောင်နှင့် ကွာခြားချက်များစွာလည်းရှိသည်။ ကိုလ်းမှာ အယ်လီနာလောက် မဖျက်လတ်သည်က်ိုလည်း ဖှေးသတိထားမိသည်။ ကိုင်းလ်အပြင် ဒရူးဇာတ်ကောင်အဖြစ်တွင် [သူပုန်စခန်း]မှ လူများသည်လည်း အသက်ဝိညင် ကင်းမဲ့သကဲ့သို့ဖြစ်နေသည်ကို ဖှေးသတိထားမိသည်။ ကွန်ပျူတာ ပရော်ဂရမ်များကဲ့သို့ ဖြစ်နေ၏။ လူရိုင်းဇာတ်ကောင်အနေဖြင့် ဒုင်ယာဘလိုကမ္ဘာမှ စိတ်ခံစားချက်များရှိသော ဇာတ်ကောင်များဖြင့် ကွာခြားလှသည်။

ဤအခြေအနေမှာ လူ့တ်ဂိုလိမ်မြို့တွင် ဖှေးကြုံတွေ့ခဲ့ရသည့် အခြေအနေဖြင့် တူသဖြင့် ဖှေးပို၍စိတ်ရှုပ်သွားသည်။

ဖှေး၏ဇာတ်ကောင်အားလုံးထဲတွင် လူရိုင်းဇာတ်ကောင်အဖြစ်ဖြင့်သာ တွေ့ကြုံရသည့် လူမျာသည်သာလျှက် ပို၍လူသားဆန်ကြသည်။ ကျန်ဇာတ်ကောင်များအနေဖြင့်ဆိုပါက အရုပ်များဖြင့်ဆက်ဆံရသကဲ့သို့ အေးတိအေးစက်ဖြစ်နေ၏။ ဤကဲ့သို့ ကြောင်တောင်တောင်နိုင်လှသော အခြေအနေမှာ အဘယ်ကြောင့်ဖြစ်ရသည်ဆိုသည်အား ဖှေးမသိသေး စဥ်းစား၍မရသေးချေ။

ခေါင်းထဲတွင် သံသယများစွာဖြင့် သုံးနာရီခန့်အကြာတွင် ဒရူးဇာတ်ကောင်အဖြစ်ဖြင့် သူပုန်စခန်း၏ နောက်ဆုံးဗိုလ်ကြီး အေဒရီရယ်အား အနိုင်ယူလိုက်သည်။

ယခုအချိန်တွင် သူ၏ ဒရူးဇာတ်ကောင်သည် လယ်ဗယ်16သို့ပင်ရောက်ရှိသွားပြီဖြစ်သည်။

ပစ္စည်းအပြည့်စုံတပ်ဆင်လိုက်ပါက ဖှေး၏ အစွမ်းမှာ အပြင်ကမ္ဘာရှိ ကြယ်သုံးလုံးစစ်သည်ဖြင့်ပင် တူညီနေပြီဖြစ်သည်။ ဒရူးဇာတ်ကောင်တွင် မှော်ဆန်သော ရုပ်ပြောင်းရုပ်လွဲအစွမ်းများ ဆင့်ခေါ်ခြင်း အစွမ်းများရှိသောကြောင့် ကြယ်လေးလုံးဖြစ်ခါစဆရာများဖြင့်ပင် ခုခံတိုက်ခိုက်နိုင်စွမ်းရှိနိုင်၏။

[Vip groupကိုလဲ အပိုင်း၁၈၀ထိ တိုးထားပါတယ် အားပေးကြပါဦး😁]

All Chapters