“မင်းမှာတော့ ပြသနာတွေရှိနေပြီ”
Vol. 8 Ch. 107
ဖှေး ဒိုင်ယာဘလိုကမ္ဘာမှ ထွက်ခွာလာသည့်အချိန်တွင် နေဝင်စပင်ပြုနေပြီဖြစ်သည်။ သို့သော် နေရောင်ခြည်မှာ နွေးထွေးနေဆဲပင်။ ရွှေရောင်နေရောင်ခြည်မှာ သစ်ရွက်များကြားမှနေ၍ မြေပြင်ပေါ်တွင် ပြန့်ကျဲလျက်ရှိသည်။ လေထုထဲရှိ သင်းပျံ့သောရနှံ့မှာ တည်ရှိနေဆဲပင်။
ဖှေး ထိုင်ခုံပေါ်မှထခါ အိပ်မှုန်စုံဝါးဖြင့် ဘေးပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်ရှုလိုက်သည်။ ယခင်က ဝါးခုံပေါ်တွင် မျက်လုံးမှိတ်လျှက်ထိုက်နေသောမင်းသမီးမှာ ယခုအချိန်တွင် ညစာပင်စားနေသည်ကို ဖှေးတွေ့လိုက်ရသည်။ ကျောက်စားပွဲပေါ်တွင် ရွှေဝါရောင်အသားကင်၊ ပေါင်မုန့်နှင့် ရွှေရောင်ခွက်ထဲရှိ ဂျုံစွတ်ပြုတ်တ်ို့တည်ခင်းထားသည်ကို တွေ့ရသည်။
ဤမင်းသမီး၏ ညစာမှာ သာမန်မျှသာဖြစ်သည်။
သူမှ၏ ဘေးတွင်မူ အစောင့်တစ်ယောက်မျှပင် မရှိပေ။ ဖှေးအား ဤခြံဝန်းအတွင်းသို့ခေါ်လာသော အမျိုးသမီးကိုယ်ရံတော် ဆူဇန်လဲ ဘယ်ရောက်နေမှန်းမသိချေ။ အမြဲလိုလိုပြုံးနေတတ်သည့် ရွှေဝါရောင်ဆံပင်ဖြင့် သူရဲကောင်းရိုမန်ကိုလည်းမတွေ့ရသေးချေ။ ထိုနှစ်ယောက်လုံး ဘယ်ရောက်နေလဲမသိချေ။
သို့သော် စွမ်းအားကြီးစစ်သည်အယောက်၂၀ခန့်မှာ မြင်ကွင်းမှ ပုံးရှောင်နေပြီး မင်းသမီးအားကာကွယ်နေသည်ကို ဖှေးအာရုံခံမိနေသည်။
“ဟမ်...ငါအိပ်ပျော်သွားတာလား...”
ဤသည်မှာ ဖှေး၏ ပထမဆုံးပြောစကားပင်ဖြစ်သည်။ ထို့နောက်တွင် ဖှေးထိုင်ခုံပေါ်မှထခါအညောင်းဆန့်လိုက်ပြီး မင်းသမီး၏ရှေ့ရှိ ကျောက်ထိုင်ခုံပေါ်တွင် ရိုင်းပြစွာဝင်ထိုင်လိုက်၏။ စားပွဲပေါ်ရှိ အသားကင်ကို ငုံ့ကြည့်လိုက်ရင်း..
“ဝိုး တော်တော်မွှေးတာပဲ ငါ့ကိုနည်းနည်းလောက်ကျွေးပါလား...”
ဖှေး သူ၏အရှေ့တွင်ရှိသောဓားနှင့် ခတ်ရင်းကိုကောက်ကိုင်လိုက်ပြီး အသားကိုလှီးဖြတ်လိုက်ချိန်တွင် ပုံးကွယ်နေကြသော မင်းသမီး၏ အစောင့်၂၀ခန့်မှာ တင်းတင်းမာမာဖြစ်သွားသည်ကိုခံစားလိုက်ရသည်။ မင်းသမီး လက်ကာပြလိုက်သည်ကို ဖှေးတွေ့လိုက်ရပြီး အစောင့်များ ပြန်လည်ပုန်းအောင်းသွားကြသည်ကိုတွေ့လိုက်ရသည်။
“ဟေး.. ဒီညစာက မင်းအတွက် ပြင်ဆင်ထားတာမဟုတ်ဘူး...”
ဤသည်မှာ အင်ပါယာ၏ ပထမမင်းသမီးဖှေးအား ပထမဆုံးအကြိမ်အနေဖြင့်ပြောလိုက်သော စကားဖြစ်သည်။ သူမ၏ အသံမှာ အနည်းငယ် ကွဲအက်နေသလိုရှိသည်။ သို့သော် ငြိမ်းချမ်းသလိုခံစားရ၏။ ထို့အပြင်ဖှေးအား မိုင်ပေါင်းများစွာအကွာမှ ငြင်းဆန်နေသကဲ့သို့ပင် အေးစက်စက်ဖြစ်နေသည်။
သို့သော် မင်းသမီးမှာ လူတိုင်းအား ထိုကဲ့သို့အသံပင် စကားပြောတတ်ကြောင်းခံစားသိရှိလိုက်မိသည်။
“နင်က မင်းသမီးတစ်ပါးပဲ အစားစာတွေ အဝတ်စားတွေနဲ့ပတ်သက်လို့ စိုးရိမ်စရာမလိုပါဘူး..အဲ့တာကို ဘာလိုဒီလို ကပ်စေးနဲ နေရတာလဲ...” ဖှေးမင်းသမီး အော်ငေါက်သည်ကို လုံးဝပင်ဂရုစိုက်ခြင်းမရှိပဲ ရယ်မောလိုက်သည်။ သူ၏လက်ထဲမှ ဓားမှာ နေရောင်အောက်တွင် တောက်ပလျှက်ရှိပြီး အသားကိုလှီးဖြတ်နေ၏။ ထို့နောက်တွင် သူ၏ပန်းကန်ထဲသို့ ထည့်လိုက်သည်။
တော်ဝန်ထီးနန်းတင်မြှောက်ပေးမည့် သံတမန်အဖွဲ့မှာ သူတို့၏ ကိုယ်ပိုင်စားဖိုမှူးများကို ခေါ်ဆောင်လာပုံရ၏။ ထိုအစားသောက်များမှာ ချမ်းဘော့ဒ်၏ အစားသောက်များထက်ပို၍ လက်ရာကောင်းမွန်လှသည်။ ဖှေး အစားသောက်များကိုအလွန်နှစ်ခြိုက်မိသွားသည်။ ထို့နောက်တွင် ရွှေခွက်ထဲမှ ဂျုံစွပ်ပြုတ်ကိုပင် တစ်မော့ယူမော့ကြည့်လိုက်သည်။
“မင်း...”
မင်းသမီး၏ အသံအနေအထား အနည်းငယ်ပြောင်းလဲသွားသည်။ သူမ၏ နီလာကဲ့သို့ မျက်လုံးများဖြင့် ဖှေးသောက်သွားသော ရွှေခွက်ကို စိုက်ကြည့်လိုက်ရာ ဖှေး၏ နှုတ်ခမ်းရာတစ်ခုထင်ကျန်နေသည်ကိုတွေ့လိုက်ရသည်။ ရုတ်တရက်ပင် သူမ ခွက်ကိုကောက်ယူလိုက်ပြီး ကျန်ရှိနေသေးသော စွပ်ပြုတ်များကို မြေပြင်ပေါ်သို့သွန်ချလိုက်ပြီး ဖှေးအား ရန်လိုစွာစူးစိုက်ကြည့်လိုက်သည်။
ဤမြင်ကွင်းကြောင့် အရိပ်ထဲတွင် ပုန်းအောင်းနေကြသော အစောင့်ကိုယ်ရံတော်များ ပါးစပ်အဟောင်းသားဖြစ်ကုန်ကြသည်။ ဤသည်မှာ အလွန်မယုံနိုင်ဖွယ်မြင်ကွင်းဖြစ်သည်။ သူတို့အားလုံး မင်းသမီး၏ ကိုယ်ရံတော်အဖြစ်အမှုထမ်းပြီး အနီးကပ်စောင့်ရှောက်လာသည်မှာ အတော်ကြာပြီဖြစ်သည်။ မင်းသမီးမှာ ပုံမှန်အားဖြင့် အေးတိအေးစက်နေတတ်သူဖြစ်ပြီး ဤကဲ့သို့ ကလေးဆန်စွာပြုမူသည်ကို သူတို့အားလုံးတစ်ခါမှ မမြင်ဖူးကြသေးပေ။
ကံမကောင်းစွာပင် ဖှေးထိုအရာအားလုံးကိုသိပင်မသိလိုက်ချေ။
သူအသားများကိုပင် ဆက်လက်လှီးဖြတ်နေပြီး သူ၏ပန်းကန်ထဲသို့ ထည့်ယူနေသည်။ မြေပြင်ပေါ်ရှိ စွပ်ပြုတ်များကို ကြည့်ပင်မကြည့်ပဲ အသားများကိုသာ အာရုံစိုက်ဝါးစားနေ၏။ သူ၏မျက်လုံးများမှာ “ငါသောက်ပြီးသားပဲ မြေပေါ်သွန်ချတော့လဲ ဘာလုပ်ရမှာလဲ”ဟု ပြောနေသကဲ့သို့ပင် ရယ်မောဟန်ရှိလျှက်ရှိသည်။
မင်းသမီးမှာ စက္ကန့် အနည်းငယ်ကြာပင် အံ့သြသွားသည်။
ထို့နောက်တွင် ဥယျာဉ်အတွင်းရှိ အစောင့်များကို ထပ်မံပါးစပ်အဟောင်းသားဖြစ်စေသည့် လုပ်ရပ်တစ်ခုကို စတင်၍ ပြုမူတော့သည်။ ဖှေးနှင့်ယှဥ်၍ အသားလုစားခြင်းပင်ဖြစ်တော့သည်။
သူတို့နှစ်ယောက်၏ လက်ထဲမှဓားများမှာ မကြာခနပင် ထိမိကြပြီး “ချွင် ချွင်”ဟူသော မြည်သံလေးများ ထွက်ပေါ်လာသည်။ မင်းသမီး၏ ခန္ဓာပို၍ပိန်ပြီး ပို၍အားနည်း၏။ ခွန်အားဆိုသည်မှာ မရှိသလောက်ပင်။ ကိုယ်ခံပညာရပ်နှင့် ပတ်သက်သော ဗဟုသုတမရှိသည်မှာလည်း အသေအချာပင်ဖြစ်သည်။ သာမန်လူတစ်ယောက်ထက်ပင် ပို၍ အားနည်းလေသည်။
အနိုင်ရသူမှာ ဖှေးဖြစ်သည်မှာ အထင်အရှားပင်။ အသားကင်၏ ၄ပုံ၃ပုံခန့်မှာ ဖှေးပန်းကန်အတွင်းတွင်ရောက်ရှိနေပြီဖြစ်သည်။ မင်းသမီးတာနာရှာမှာ အသားကင်အနည်းငယ်ကိုသာ ရယူနိုင်ခဲ့သည်။
ထို့နောက်တွင် သူတို့နှစ်ယောက်လုံး တစ်ယောက်နှင့်တစ်ယောက်စကားလုံးဝမပြောကြပေ။ တစ်ယောက်နှင့်တစ်ယောက်စိုက်ကြည့်နေကြပြီး အစားပြိုင်ပွဲကို ထက်မံစတင်ကြတော့သည်။
ဤတစ်ကြိမ်တွင်မူ မင်းသမီး အနိုင်ရှိသွားတော့သည်။ ဖှေးစားသည့်နှုန်းမှာ ပို၍မြန်သော်လည်း သူ၏ပန်းကန်ထဲတွင် အသားများပိုများများရှိနေသဖြင့် မင်းသမီးမှာ အရင်စား၍ပြီးသွားသည်။ စား၍ပြီးသော် မင်းသမီးမှာ တစ်စက္ကန့်မျှ တွေဝေသွားပြီး ဖှေးပန်းကန်အတွင်းမှ အသားများကို လှမ်း၍ယူတော့သည်။ “ချွင် ချွင် ချွင် ချွင်”ခတ်ရင်းများ ဓားများရိုက်ခတ်သံမှာ နားထောင်၍ကောင်းနေသလိုပင်။
အရိပ်ထဲတွင် ပုန်းအောင်းနေကြသော ကိုယ်ရံတော်များမှာမူ အိမ်မက်မက်နေသည်ဟုပင် ထင်ရလောက်အောင် အံ့သြနေကြ၏။
သူတို့အားလုံး သူတို့ရှေ့တွင်မြင်နေရသော မြင်ကွင်းကို မယုံကြည်နိုင်ကြချေ။ မြင့်မားကြီးကျယ်သော ရေခဲမင်းသမီးအရှိန်အဝါမှာမရှိတော့ပဲ ပျောက်ကွယ်သွားပြီဖြစ်သည်။ လူတိုင်း၏ မျက်လုံးအောက်တွင် ရောက်ရှိနေသူမှာ ကလေးဆန်သော အမျိုးသမီးငယ်တစ်ယောက်ပင် ဤအမျိုးသမီးသည် ဉာဏ်ပညာသည် ပင်လယ်ကဲ့သို့ကျယ်ဝန်းပြီး အတွေးတစ်ခုသည် ဆွေကြီးမျိုးကြီးမိသားစုတစ်ခုကိုပင် ဖြတ်ဆီးနိုင်လောက်သည်အထိ ထက်မြတ်သည့် အင်ပါယာ၏ မင်းသမီးတစ်ယောက်မှပင် ဟုတ်သေးရဲ့လား ဟုပင် တွေးယူရသည်။
ထိုအကြောင်းအရာများ အားလုံးကို ဖှေးမသိချေ။
ဤမင်းသမီးမှာ အနည်းငယ်စိတ်ဝင်စားစရာကောင်းသည်ဟု သူတွေးမိသည်။
စိတ်ကျေနပ်အောင်စားပြီးနောက်တွင် ဖှေးသူ၏အရှေ့တွင်ရှိနေသော မင်းသမီးအား ခြေဆုံးခေါင်းဆုံးကြည့်လိုက်ပြီး သူ၏မျက်နှာမှာ တဖြည်းဖြည်း ရုပ်တည်လာသည်။ ထို့နောက်တွင် မင်းသမီးအားစိုက်ကြည့်ပြီးမေးလိုက်သည်။ “ဘာလို့လဲ ပြသနာတစ်ခုခုရှိလို့လား...”
ဤသည်မှာ ရန်စလိုက်သကဲ့သို့ပင်။
မင်းသမီး၏ မျက်နှာမှာတင်းမာသွားပြီး သူမ၏မျက်လုံးထဲတွင် ရန်လိုသင့် အသွင်ဆောင်လာသည်။
ဤအခိုက်တန့်တွင် ဖှေးသည် သူ၏အရှေ့တွင်ရှိနေသော အမျိုးသမီးမှာတစ်ခြားတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ပင် ခံစားလိုက်ရသည်။သူနှင့်အတူ သူငယ်ချင်းဟောင်းတစ်ယောက်ကဲ့သို့ အတူစားနေသော သာမန်အမျိုးသမီးတစ်ယောက်မဟုတ်တော့ချေ။ လူသန်းပေါင်းများစွာ၏ ဘဝကိုပင် အတွေးတစ်ခုတည်းဖြင့် ထိန်းချုပ်နိုင်သည့် အေးစက်သည့် အမျိုးသမီးတစ်ယောက်ပင်။
“ဘုရင်အလတ်ဇန္ဒား မင်းကိုခေါ်ဖို့ ငါဆူဇန်ကိုအမိန့်ပေးလိုက်တာ လာမည့် ၃ရက်မှာစတော့မယ့် ထီးနန်းတင်မြှောက်ပွဲနဲ့ပတ်သက်ပြီး ပြောစရာရှိလို့ပဲ....ပြင်ဆင်မှုတွေ အခြေအနေဘယ်လိုရှိလဲ...” မင်းသမီး၏အသံမှာ ယခင်ကဲ့သို့ အေးစက်စက်ပြန်ဖြစ်သွားပြီး တော်ဝင်အင်ပါယာမင်းသမီးတစ်ယောက်၏ အရှိန်အဝါကိုဖော်ပြနေသည်။
ဖှေး ပြုံးလိုက်သည်။ ထို့နောက်တွင် ကျောက်ထိုင်ခုံပေါ်မှ ထလိုက်ပြီး ပျင်းရိစွာဖြင့် အကြောဆန့်လိုက်သည်။
“ထီးနန်းမြှောက်ပွဲလား...အဲ့တာက ချောချောမွေ့မွေ့ရှိတဲ့ပုံပါပဲ ဒါပေမယ့် ငါလဲသိပ်တော့မသေချာဘူး ဒီကိစ္စက ကိုယ်တိုင်ကိုင်တွယ်တာ မဟုတ်တော့လေ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတာဝန်ရှိတဲ့ ဘတ်စ်ကို မင်းသမီးကို သတင်းပို့ဖို့လွှတ်လိုက်မယ်လေ...မင်းတို့တွေ အချင်းချင်းလဲသိပြီးသားပဲ....”
ဖှေးသည် ပျော့ပျော့ပျောင်းပျောင်းဆက်ဆံမှ အလုပ်လုပ်တတ်သူဖြစ်ပြီး ကြမ်းကြမ်းတမ်းတမ်းကာကွယ်၍မရသူဖြစ်သည်။ သူသည်မင်းသမီးသည် ဟိတ်ကြီးဟန်ကြီးနှင့် ပြုမူနေသည်ကို မြင်ရသဖြင့် စိတ်ဝင်စားစရာမကောင်းတော့ဟုယူဆပြီး ပျင်းပျင်းရိရိဖြင့် ပြန်ဖြေကြားလိုက်ပြီး လှည့်ပြန်သွားရန်ပြင်လိုက်သည်။
“မာနထောင်လွှားလှချည်လား....”
“ရိုင်းလှချည်လား...”
“ရှီး ရှီး ရှီး”
လေခွင်းသံများထွက်ပေါ်လာပြီး ခရမ်းရောင်ချပ်ဝတ်များဝတ်ဆင်ထားသည့် အစောင့်များမှာ ရုတ်တရက် ဖှေးရှေ့သို့ရောက်ရှိလာပြီး ဖှေးလမ်းတွင် ပိတ်ရပ်လိုက်သည်။ ထိုလူများမှာ အရပ်နှင့် ခန္ဓာကိုယ်အနေထား တစ်ပုံစံထဲ နည်းပါးပင်ဖြစ်ပြီး တူညီသော ခရမ်းရောင်ဝတ်စုံများကို ဝတ်ဆင်ထားသည်။ သူတို့၏ ခါးတွင်ချိတ်ထားသော ဓားများမှာ နေရောင်အောက်တွင်တောက်ပလျှက်ရှိသည်။ အနည်းဆုံး ကြယ်နှစ်လုံးအဆင့်ရှိသည့် စစ်သည်များဖြစ်ကြသည်။