← Chapters

“စောင့်နေ...”

Vol. 8 Ch. 109

“စောင့်နေ...”

Vol. 8 Ch. 109

မင်းသမီး၏ လက်ချောင်းများသည် စားပွဲခုံအား အဆက်မပြတ်စည်းချက်ကျကျတီးခေါက်လျှက်ရှိသည်။ “သူငါ့ကို လုပ်မယ်လို့မျှော်လင့်ထားတဲ့ အရာအားလုံးကို ငါလုပ်လိမ့်မယ်...ဒီလိုတိုက်ပွဲအကြောင်းကို သူရောငါရောနှစ်​ယောက်လုံး ကောင်းကောင်းသိနေတာပဲ...တစ်ခုစိုးရိမ်တာက ဒီချမ်းဘော့ဒ်မြို့လေးအတွက်ပဲ...ဒီတိုက်ပွဲပြီးသွားရင် ဒီမြို့လေးမြေစာပင်ဖြစ်ပြီး ဘာမှ မယ်မယ်ရရကျန်ခဲ့မှာ မဟုတ်လောက်တော့ဘူး...”

“မစိုးရိမ်ပါနဲ့ မင်းသမီး မာနထောင်လွှားနေတဲ့ဘုရင်က ခုနလေးတင် မင်းသမီးရိုင်းပြသွားသေးတာပဲ...သူ့နိုင်ငံလေးကို ဖျက်ဆီးသလိုဖြစ်သွားရုံလောက်ပဲဆိုတာ သူ့အတွက် ခံသာပါသေးတယ်...”ဇီယျန်မှာ ရေခဲတုံးတစ်ခုကဲ့သို့ပင် အေးစက်နေသည်။ လူများ၏ရှင်သန်ခြင်း သေဆုံးခြင်းအား လုံးဝပင် ဂရုမစိုက်ချေ။ သူမ၏ လက်ထဲတွင်ပင်လျှင်ဆုံးရှုံးသွားသည့် အသက်များများစွာရှိ၏။ ဤ ကစဥ့်ကလျားနိုင်လှသော လောကကြီးထဲတွင် လူ့အသက်တစ်ချောင်းသည် ဖုန်မှုန့်တစ်မှုန်ကဲ့သို့ပင် တန်ဖိုးကင်းမဲ့လှ၏။

“ဒီကိစ္စကို ခနထားလိုက်တော့...မင်းအလုပ်တော်တော်ကြိုးစားပြီးသွားပြီ ဒါကြောင့်သွားနားလို့ရပြီ..ဒီနေ့ကစပြီး [ကောင်းကင်မြင်ကွင်း]ကို အသုံးပြုပြီး ရှာဖွေနေတာကို ရပ်လိုက်လို့ရပြီ..ပြင်ဆင်မှုတွေကိုသေချာလုပ်ထားလိုက် သုံးရက်ကြာတာနဲ့ အရာအားလုံး ရှင်းရှင်းလင်းလင်းပေါ်လာလိမ့်မယ်...”

“ဒါပေမယ့်...”

ဇီယျန်သည် တစ်စုံတစ်ခုကိုပြောချင်နေဆဲပင်ယ သို့သော် မင်းသမီးမှာ မျက်လုံးမှိတ်ကာ လက်ကာပြလိုက်သည်ကို တွေ့လိုက်ရသောကြောင့် ရပ်တန့်လိုက်သည်။ သူမအရိုသေပေးလိုက်ပြီး လေထဲတွင် ခရမ်းရောင်မီးတောက်တစ်ခုတောက်လောင်လာသည်။ ထို့နောက်တွင် မီးတောက်နှင့်အတူ ခရမ်းရောင်ဝတ်ရုံနှင့် မိန်းကလေး ဇီယျန်လဲ ပျောက်ကွယ်သွားတော့သည်။

မင်းသမီး တာနာရှာလည်း မက်တပ်ရပ်လိုက်ပြီး သူမ၏အခန်းထံသို့ လမ်းလျှောက်သွားပြန်သွားတော့သည်။ သို့ရာတွင် သူမ၏လက်ထဲတွင် ကိုင်ဆောင်ယူသွားသော ခရမ်းရောင်ဆေးပုလင်းလေးကို မည်သူမျှ သတိမထားမိလိုက်ကြချေ။

.........

.........

တစ်ချိန်တည်းမှာပင်။

ချမ်းဘော့ဒ်တိုင်းပြည်၏ ဧည့်သည့်ဆောင်တွင်ဖြစ်သည်။ အနည်းငယ် ချောင်ကျပြီး လူမြင်းကွင်းမှ ဝေးလှံသော နေရာတစ်ခုတွင်

“အဲ့အမျိုးသမီးတွေအကုန်လုံး ချမ်းဘော့ဒ်အနောက်ဘက်က တောင်တွေထဲ ဝင်သွားပြီးကတည်းက ပြန်ထွက်လာတာကိုမတွေ့ရတော့ပါဘူး အရှင့်သား..အရှင့်သားရဲ့လူတွေက ချမ်းဘော့ဒ်အနောက်ဘက်က တောင်တွေထဲမှာရှိတဲ့ အကျဥ်းထောင်ကို အစောင့်တွေအများကြီးချထားတာကိုလည်း သတိထားမိခဲ့ကြပါတယ်..လုံခြုံရေးကတော်တော်တင်းကြပ်ပါတယ်အရှင့်သား သူတို့မသိပဲ အထဲကိုဝင်ရောက်နိုင်ဖို့ တော်တော်ခက်ပါလိမ့်မယ်...ဇွတ်ဝင်သွားပြီး အဖမ်းခံလိုက်ရရင် အရှင့်သားရဲ့ အစီစဥ်တွေပျက်ဆီးကုန်မှာကို အရှင့်သားရဲ့လူက ကြောက်ရွံ့နေပါတယ်...ဒါကြောင့် စစ်သည်ရဲမက်အနည်းငယ်လောက်ကိုပဲ ကျွန်တော်အခြေအနေစောင့်ကြည့် ခိုင်းထားပြီး အရှင့်သားကို လူကိုယ်တိုင်သတင်းပို့ဖို့ ပြန်လာခဲ့ပါတယ်...”

သရေ့စ်တိုင်းပြည်၏ ဆံပင်ရွှေရောင်နှင့် မင်းသားအိုဘီနာ၏ အရှေ့တွင် အယ်လီနာနှင့် သူတော်စဥ်အာကာယာတို့အား နောက်ယောင်ခံလိုက်ရန် တာဝန်ပေးခြင်းခံခဲ့ရသည့် ရဲမက်တစ်ဦးမှာ ဒူးထောက်လျှက် သတင်းပို့နေသည်။

“အဲ့ ထိပ်ပြောင်ပြောင်နဲ့ ဖက်တီးနဲ့ ပတ်သက်ပြီးလဲ ကျွန်တော် သတင်းတစ်ချို့ရခဲ့ပါသေးတယ်။ သူက ချမ်းဘော့ဒ်တိုင်းပြည်ရဲ့ ထောင်မှူးအိုလတ်ဂ်ပါ...ယခုလက်ရှိမှာ ဘုရင်ရဲ့ အနှစ်သက်ဆုံးလူယုံတွေထဲက တစ်ယောက်ဖြစ်ပုံရပါတယ်..သူ့ရဲ့ စွမ်းအားတွေကကတော့ ကြယ်တစ်လုံးအဆင့်လောက်ပဲရှိပါတယ်...ထူးဆန်းတဲ့အချက်က အဲ့အမျိုးသမီးတွေပါ အရှင့်သား သူတို့တွေ ဘယ်ကလာသလဲ ဘယ်သူတွေလဲဆိုတာကို ချမ်းဘော့ဒ်မှာ ရှိတဲ့လူ ဘယ်သူမှ သိပုံမရပါဘူး...”အစောင့်မှာ လျှောက်တင်လိုက်သည်။

“သူတို့တွေအကုန်လုံး အနောက်ဘက်တောင်တွေစီကိုသွားကြတာလား...ဒါတော်တော်ထူးဆန်းတာပဲ...” အိုဘီနာခေါင်းတငြိမ့်ငြိမ့်ဖြင့် စဥ်းစားနေပြီး ထက်မံ မေးမြန်းလိုက်သည်။

“သူတို့တွေအားလုံး အနောက်ဘက်တောင်တွေထဲမှာပဲ ပျောက်ကွယ်သွားကြတာလားဘယ်သူမှ ပြန်ထွက်လာတာကိုမတွေ့ကြဘူးလား..”

“တစ်ချိန်လုံး ဘယ်သူမှ ပြန်ထွက်လာတာမရှိပါဘူး အရှင့်သား...”

“အိိုကေ အဲ့တာဆိုကောင်းတယ်...စစ်သည်တွေပိုခေါ်သွားတောင်ကထွက်တဲ့လမ်းမှန်သမျှကို ပိတ်ထားလိုက်ကြ...သူတို့တွေကို တွေ့ရတာနဲ့တွေ့တွေ့ချင်း ငါ့ကို သတင်းလာပို့...”

အိုဘီနာ စက္ကန့်အနည်းငယ်ကြာမျှ စဥ်းစားလိုက်ပြီး ထိုအမျိုးသမီးများတွင် နောက်ခံကြီးကြီးမားမားမရှိနိုင်ဟု ယူဆလိုက်သည်။ သူတို့၏ အစွမ်းများမှာ သာမန်ထက်ပိုသော်လည်း သူတို့ဝတ်ဆင်ထားသည့် အဝတ်စားများမှာမူ ဆင်းရဲနွမ်းပါးနေသည်။ သူတို့၏ ချပ်ဝတ်များမှာ သားရဲအရေများဖြင့်သာ ပြုလုပ်ထားခြင်းဖြစ်သည်။ လှပကြော့ရှင်းသည့် အနီရောင်ဆံပင်နှင့် အမျိုးသမီးလွယ်ထားသော ကြယ်လေးလုံးအဆင့် လေး မှလွှဲ၍ သာမန်ထက်ဖူးခြားသည့် အရာကိုမတွေ့ရချေ။ သူတို့သည် ထီးနန်းမြှောက်ပွဲလုံခြုံရေယအတွက်ဘုရင်အလတ်ဇန္ဒားခန့်အပ်ထားသော ဝေးလှံခေါင်ဖျားသည့်နေရာမှ ကြေးစားစစ်သည်များသာ ဖြစ်လိမ့်မည်ဟု အိုဘီနာ ယူဆလိုက်သည်။ ထို့ကြောငွ ထို လေးအား လုယူရန်ကို အိုဘီနာမတွန့်ဆုတ်ချေ။ ထို့အပြင် အမျိုးသမီးများသည်လည်း သာမန်ထက်လှပသောကြောင့် အရှင်ဖမ်းပြီး မိမိအတွက်သော်လည်းကောင် မြို့တော်စိန့်ပီတာစဘာ့ရှိ ဆွေကြီးမျိုးကြီးများအား လက်ဆောင်ဆက်ရန်အတွက်သော်လည်းကောင်း အိုဘီနာ ကြံရွယ်နေသည်။

ထိုအမျိုးသမီးများကို နောက်တစ်ကြိမ် ထက်မံတွေ့လိုက်လျှင် တွေ့လိုက်ခြင်း လှုပ်ရှားရန်အိုဘီနာဆုံးဖြတ်လိုက်သည်။ သူ၏ မူလအစီစဥ်အား အကောင်ထည်မဖော်ခင် အယ်လီနာ၏ ကြယ်လေးလုံးအဆင့် ရွှေရောင်လေးအား အရလုယူသိမ်းပိုက်လိုနေသည်။ ဤကဲ့သို့ထူးခြားလှသည့် မှော်လေးတစ်လက် သူ၏လက်ထဲတွင်ရှိပါက လာမည့်ရက်တွင် အကောင်ထည်ဖော်တော့မည့် အကြံစဥ်အတွက် ယုံကြည်မှုများစွာတိုးပွားလာမည်ဖြစ်သည်။

အစောင့်လည်း သူ၏အမိန့်ကို ရလျှင်ရခြင်း အရိုအသေပေးကာ ခြံဝန်းအတွင်းမှ ထွက်ခွာသွားတော့သည်။

ထိုအချိန်တွင်ပင်လျှင် ချမ်းဘော့ဒ်အတွင်းတွင် ပျံသန်းသွားသည့် လျို့ဝှက်ထူးဆန်းသည့်ဆရာနှင့်ပတ်သက်၍ စုံစမ်းခိုင်းထားသော အိုဘီနာ၏ အခြွေအရံ အိုကိုချာအမည်ရှိအစောင့်တစ်ယောက်ရောက်ရှိလာခဲ့သည်။ သူသည် အိုဘီနာ၏အရှေ့သို့ လျင်မြန်စွာ လမ်းလျှောက်လာပြီး ဒူးထောက်လိုက်သည်။ “အရှင့်သား ကျွန်တော် အဲ့လျို့ဝှက်ထူးဆန်းတဲ့ဆရာက ချမ်းဘော့ဒ်နန်းတော်ထဲကို ဝင်သွားတာတွေ့လို့ ကျွန်တော်စိန်ရှည်လက်ရှည်နဲ့ အပြင်ကနေ အခြေအ​နေကိုစောငိ့ကြည့်နေခဲ့ပါတယ်။ နေ့တစ်ဝက်လောက်စောင့်ကြည့်ပြီး ဘာမှထူးထူးခြားခြားဖြစ်စဥ်ကိုမတွေ့ရပါဘူး။ နောက်ပြီး အင်ပါယာမင်းသမီးရဲ့ကိုယ်ရံတော် ဆူဇန်က ဘုရင်အလတ်ဇန္ဒား ကို လာခေါ်ဆောင်သွားတာကို တွေ့လိုက်ရပါတယ်...ကျွန်တော်ကတော့ အဲ့လျို့ဝှက်ထူးဆန်းတဲ့ဆရာကဘုရင်အလတ်ဇန္ဒားဖြစ်လိမ့်မယ်လို့ သံသယရှိပါတယ်...”

“ဘုရင်အလတ်ဇန္ဒား ဟုတ်လား....ဒါလုံးဝမဖြစ်နိုင်တာပဲ...” အိုဘီနာ စက္ကန့်အနည်းငယ်ကြာထိတ်လန့်သွားသည်။ ထို့နောက်တွင် သူ၏ခေါင်းကိုခါရမ်းလိုက်ပြီး ပြန်ဖြေလိုက်သည်။”ကြယ်သုံးလုံးအဆင့် ဆိုတာ ဒီစောက်ပိန်းအလွန်ဆုံးရောက်နိုင်တဲ့အနေအထားပဲ...သူဘယ်လိုလုပ် ကျပ်မပြည့်တဲ့စောက်ရူးတစ်ယောက်အဖြစ်ကနေ ကြယ်သုံးလုံးအဆင့်ကိုရောက်သွားတာလဲဆိုတာတော့ ငါမသိဘူး...ဒါပေမယ့် သူသုံးလေးရက်အတွင်းမှာ ကြယ်လေးလုံးအဆင့်ကို ထက်တတ်သွားတာလို့ဆိုလိုမယ်ဆိုရင်တော့ ဒါလုံးဝမဖြစ်နိုင်တဲ့ကိစ္စပဲ..ဒီတိုက်ပေါ်မှာရှိတဲ့ သိုင်းပညာနတ်ဘုရား မာရာဒိုနာတောင် ဒီလောက်မြန်မြန်အဆင့်တက်အောင် လေ့ကျင့်နိုင်မှာမဟုတ်ဘူး...”

စက္ကန့်အနည်းငယ်ကြာရပ်တန့်ပြီးနောက်တွင် အိုဘီနာ အိုကိုချာကို ထွက်သွားရန် အချက်ပြလိုက်သည်။

အိုဘီနာတစ်​ယောက် မျက်မှောင်ကြုံ့ပြီး”ဒီလျို့ဝှက်ထူးဆန်းတဲ့ဆရာက နန်းတော်ထဲမှာရှိနေတဲ့ မင်းသမီးတာနာရှာရဲ့လူတစ်ယောက်ဖြစ်နိုင်တယ်...သူမတစ်ခုခုကို ကြိုသိနေလို့ဖြစ်မယ်..ဒါပေမယ့် သူမဒီကဒ်ကို ဖော်ထုတ်ပြလိုက်တယ်ဆိုတာရော ဘာအဓိပ္ပါယ်လဲ...”

အိုဘီနာ အနည်းငယ်မျှပင် တွံ့ဆုတ်နေလို့မဖြစ်ပေ။

အိုဘီနာသည် သူ၏ ဉာဏ်ပညာအပေါ် အနည်းငယ်မာနထောင်လွှားတတ်သည်။ အမှန်အကန်လဲ သူ၏ဦးနှောက်ထဲတွင် အကြံဉာဏ်ကောင်းများစွာရှိနေသည်။ သို့ရာတွင် ထိုအကြံဉာဏ်များသည် သာမန်လူအများစုကိုသာ လှည့်စားရန်အသုံးဝင်သည်။ အင်ပါယာတစ်ခုလုံးတွင် [ဉာဏ်ပညာ နတ်ဘုရားမ]ဟုပင် လူသိများသော မင်းသမီးတာနာရှာနှင့် လုံးဝပင်ယှဥ်ပြိုင်နိုင်လိမ့်မည်မဟုတ်ပေ။ သူလုပ်နိုင်သည့်အရာများသည် မင်းသမီးကို မျက်မှောင်တစ်ချက်ပင် ကြုံ့စေမည်မဟုတ်ပေ။

“ဒါပေမယ့် ဒီတစ်ခေါက်ကတော့ တစ်ယောက်ယောက်က သူမကို ရှင်းလိမ့်မယ် ငါက သူခိုင်းတာလုပ်ပေးနေရုံပဲလေ...”

မင်းသမီးအကြောင်းတွေးအပြီးတွင် အိုဘီနာ၏ အာရုံသည် ချမ်းဘော့ဒ်တိုင်းပြည်၏ ဘုရင်ငယ်လေးအပေါ်တွင် ထက်မံကျရောက်လာသည်။ သူသည် အိုကိုချာအဆိုပြုသည့် လျို့ဝှက်ထူးဆန်းသည့်ဆရာသည် ဘုရင်အလတ်ဇန္ဒားဖြစ်နိုင်သည်ဟူသောအချက်ကို လုံးဝလက်မခံသော်လည်း သူသည် အမြဲသတိရှိနေတတ်သည့် ပုဂ္ဂလ်တစ်ယောက်ဖြစ်သည်။ တစ်ခနမျှ တွေးပြီးနောက်တွင် အိုဘီနာသည် သူ၏ဘေးတွင်ရှိနေသော ထွားကြိုင်းတောင့်တင်းလှသည့် အစောင့်တစ်ယောက်အား အမိန့်ပေးလိုက်သည်။ “မင်းက အလတ်ဇန္ဒားရဲ့ ခွန်အားစွမ်းကို စမ်းသပ်ဖို့ အခွင့်အရေးကို ရှာလိုက်..အရမ်းကြီး လက်မလွန်စေနဲ့ သူ့ရဲ့ စွမ်းအားအစစ်မှန်ကို သိရပြီဆိုတာနဲ့ ပြန်ဆုတ်ခဲ့လိုက်တော့ သူ့အသက်က ငါတို့အတွက် အသုံးဝင်နေသေးတော့ ချမ်းသာပေးလိုက်ပါ...”

ခပ်ထွားထွားအစောင့်ကြီးမှာ အမိန့်ကိုနာခံကြောင်းအရိုအသေပေးလိုက်သည်။ ထို့နောက်တွင် သူ၏ခြေထောက်အောက်တွင် အဝါရောင်အလင်းတန်းများတောက်ပလာပြီး သူ၏ကြီးမားလှသည့် ခန္ဓာကိုယ်ကြီးသည် ရေထဲသို့ ​ခုန်ဆင်းလိုက်သကဲ့သို့ မြေထဲသို့ ငုပ်ရှိုးကွယ်ပျောက်သွားတော့သည်။

နောက်ထပ်ဆရာတစ်ပါးပင်.....။

ဒီgpလေးထဲဝင်ပေးကြနော် adminတို့တွေ ရေးတဲ့ စာစဥ်တွေ ကိုယ့်gpလေးထဲတင်ချင်လို့ပါ။

https://www.facebook.com/groups/1158296411293190/?ref=share

All Chapters