အခန်း (၁၁၁)
Vol. 8 Ch. 111
ဖှေး ချမ်းဘော့ဒ်မြို့ပြနှင့် စစ်ဘက်ဆိုင်ရာသင်တန်းကျောင်းမှ ပြန်လာသည့်အချိန်တွင် လမ်းပေါ်တွင် လူသိပ်မရှိတော့ချေ။
ဖှေး မဟူရာမုန်တိုင်းဟုသူနာမည်ပေးထားသည့် အမဲရောင်ခွေးကြီးကို စီး၍ နန်းတော်သို့ပြန်လာခဲ့သည်။ ဤအမဲရောင်ခွေးကြီးသည် အလွန်လိမ္မာသည်။ ဖှေးယနေ့ တွင် ဖြစ်သမျှကိစ္စအားလုံးကို ပြန်တွေးနေသည့်အချိန်တွင် ဖြည်းဖြည်းခြင်းလမ်းလျှောက်နေ၏။ ကိစ္စတစ်ခုခြင်းစီကို သေချာပြန်တွေးကြည့်ပြီး သဲလွန်စတစ်ခုခုရှာဖွေရန်ကြိုးစာနေ၏။ သို့သော် တစ်စုံတစ်ရာမှ စဥ်းစားလို့မရချေ။ အမဲရောင်အရိပ်ကြီးတစ်ခုသည် ချမ်းဘော့ဒ်တိုင်းပြည်အား လွှမ်းမိုးထားသည်ဟု ခံစားနေရသည်။ သို့ရာတွင် မည်ကဲ့သို့အန္တရာယ်လာမလဲ အဘယ်ကြောင့် အန္တရာယ်ရှိနေသည်ဆိုသည်ကိုပင် ဖှေးနားမလည်နိုင်ချေ။
ဖှေး မျက်လုံးများ ပြူးကျယ်သွားသည်။
သူသည် ရက်စက်သော သားရဲတစ်ကောင်မှ ပစ်မှတ်ထားခံလိုက်ရသကဲ့သို့ အန္တရာယ်တစ်ခုကိုခံစားလိုက်ရ၏။ သူ၏နောက်ကြောအား ဓားဖြင့်ထောက်ထားသကဲ့သို့ ခံစားချက်ပင်။
“တစ်ယောက်ယောက် ငါ့အနောက်ကနေ လိုက်လာတာလား...”ဖှေးတွေးလိုက်သည်။ သူ၏မျက်နှာတွင် အမူအရာတစ်စုံတစ်ခုမျှမပြချေ။ သူအမဲရောင်ခွေးကြီး၏ ဝမ်းဗိုက်ကို အသာအယာပုတ်လိုက်သည်။
ခွေးကြီးမှာ အလွန်ပင် ဉာဏ်ကောင်းလှသည်။ ဖှေးအားချက်ချင်းနားလည်သွား၏။ ခွေးကြီးသည် ရုတ်တရက်ဦးတည်ရာပြောင်းလိုက်ပြီးလူမရှိသည့် လမ်းကြားတစ်ခုထဲသို့ ဝင်သွားလိုက်သည်။
ဤလမ်းကြားသည် ချမ်းဘော့ဒ်၏အမှိုက်ပုံကဲ့သို့ပင်။ လေထုထဲတွင် အနံ့ဆိုးများဖြင့် ပြည့်နှက်နေပြီး ပိုးဟပ်များ ကြွက်များမှာ နေရာအနှံ့ပင်။ ဖှေး မဟူရာမုန်တိုင်းအပေါ်မှ ခုန်ဆင်းလိုက်ပြီး မဟူရာမုန်တိုင်းဟာ အနည်းငယ်ဝေးသည့်နေရာမှ စောင့်နေရန် အချက်ပြလိုက်သည်။
၁၀စက္ကန့်ခန့်အကြာတွင်...
လမ်းကြားထဲတွင် အဝါရောင်မီးတောက်တစ်ခုတောက်ပလာသည်။ ထိုမီးတောက်တောက်ပနေသောနေရာရှိ နံရံများ မြေပြင်များသည် အရည်ပျော်သွာသကဲ့သို့ဖြစ်ပြီး အထဲမှ အရပ်ရှည်ရှည်ဗလတောင့်တောင့်လူတစ်ယောက်ထွက်လာပြီး ဖှေးအရှေ့တွင်ရပ်လိုက်သည်။
“မင်းငါ့ကို ဒီနေရာကိုသေချာခေါ်လာတာမလား...”
ထိုလူ၏မျက်နှာတွင် လှောင်ရယ်သည့်အပြုံးတစ်ခုပေါ်လာသည်။ မှောင်မိုက်သော လမ်းကြားထဲတွင် သူ၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးသည် ဖှေးအားပြင်ပလောကနှင့် အဆင်သွယ်ဖြတ်လိုက်သကဲ့သို့ပင်။ ဖှေးကို စိုက်ကြည့်နေရင်း သူ၏ခန္ဓာကိုယ်မှ စွမ်းအင်များစိမ့်ထွက်နေ၏။ သူ၏ သတ်ဖြတ်ရန်ရည်ရွယ်ချက်ကို လုံးဝပင်ဖုံးကွယ်မထားပေ။
ထိုလူမှာ အရပ်၇ပေကျော်ပင်ရှည်လျားပြီး အလွန်သန်မာသည့် ပုဂ္ဂိုလ်ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်ကြွက်သားများမှာ လယ်သာချပ်ဝတ်အောက်တွင် ပေါက်ထွက်တော့မလို ပြည့်ကျပ်နေ၏။ ဝတ်ဝံကြီးတစ်ကောင်ကဲ့သို့ နံရံကြီးတစ်ခုကဲ့သို့ မားမားမက်မက်ရပ်လျှက်ရှိသည်။
သူဖှေးအား ကြည့်နေသည့်ပုံမှာ ကြောင်တစ်ကောင်မှ ကြွက်တစ်ကောင်အား ကြည့်နေသည့်ဟန်ပင်။ သူ၏ အထင်သေးလှောင်ရယ်နေသော ဟန်ကို လုံးဝမဖုံးကွယ်ထားပေ။
သူရရှိထားသော သတင်းအချက်အလက်များအရ သူ၏အရှေ့တွင်ရှိသော ဘုရင်ငယ်လေးသည် ကြယ်သုံးလုံးအဆင့်မျှသာရှိသော လူဖြစ်သည်။ လျို့ဝှက်ဆန်းကျယ်သည့် ကြယ်လေးလုံးအဆင့်ဆရာမှာ ထိုဘုရင်ငယ်လေးဖြစ်နိုင်သည်ဟု အိုကိုချာက အဆိုပြုထားသော်လည်း သူလုံးဝမယုံချေ။ ဤကမ္ဘာပေါ်တွင်ရှိသော မည်သူမဆို လဝက်အတွင်းကြယ်သုံးလုံးအဆင့်မှ ကြယ်လေးလုံးအဆင့်သို့မရောက်ရှိနိုင်သောကြောင့်ပင်။
ဤသည်မှာလုံးဝမဖြစ်နိုင်သော အရာပင်။
ဖှေး၏ စွမ်းအားကိုစမ်းသပ်ရန်အမိန့်ရရှိပြီးချိန်တွင် သူဖှေးနောက်မှ တစ်ချိန်လုံးနောက်ယောင်ခံလိုက်နေခဲ့ခြင်းဖြစ်သည်။
ဖှေးသူ့အား ဤလူပြတ်သည့်လမ်းကြားထဲသို့ခေါ်လာခဲ့ခြင်းအား ပင့်ကူအိမ်အတွင်းတို့ ကိုယ်တိုင်တိုးဝင်သော ပိုးမွှားတစ်ကောင်ဟုသာမြင်၏။
ဤဘုရင်၏ အစွမ်းများကိုစမ်းသပ်ခြင်းမပြုပြီး ဘုရင်တစ်ပါး၏ဂုဏ်သရေတ်ို နှိမ်ချအရှက်ခွဲလိုသည်။ သူသည် တော်ဝင်ပုဂ္ဂိလ်များနှင့် ဆွေကြီးမျိုးကြီးများအား နှိမ်ချနှိပ်စက်ရသည်ကို သဘောကျသည့် အနည်းငယ်ရူးသွပ်နေသည့်လူတစ်ယောက်ဖြစ်သည်။
ထို့ကြောင့် သူစကားပြောနေသည့်အချိန်တွင် သူ၏စွမ်းအားများကို လုံးဝပင် ဖုံးကွယ်ထားခြင်းမရှိပေ။ မြေပြင်ကိုပင် တုန်လှုပ်သွားစေရန်လုံလောက်သည့် စွမ်းအင်များသည် ဖှေးထံသို့ပျံသန်းသွားရန်သိပ်မလိုတော့ချေ။ သူ၏စွမ်းအင်များ ပျံ့နှံ့သွားသည့် နေရာတိုင်းတွင် အဝါရောင်အလွှာတစ်ခုဖြင့် ဖုံးလွှမ်းသွားသည်။ ထိုအဝါရောင်အလွှာဖြင့် ဖုံးလွှမ်းထားသောနေရာများတွင် သူနှင့် ကိုက်၅၀အကွာရှိ ကျောက်တုံးများ မြေများကို လိုသလိုထိန်းချုပ်နိုင်စွမ်းရှိသည်။
ထိုသူမှာမြေအတွင်းအားဂုဏ်သတ္တိရှိသည့် ဆရာတစ်ယောက်ဖြစ်သည်။ သူ၏အမည်မှာ ဟာရှ်ဇန်းဖြစ်သည်။
သူ၏စွမ်းအားများမှာ သရေ့စ်တိုင်းပြည်တွင် အဆင့်၃ဖြစ်သည်။
သူ၏လက်ထဲတွင် ခြေမွခဲ့သည့် ဦးခေါင်းခွံများမှာ မနည်းတော့ပေ။ အကာကွယ်ကင်းမဲ့သောကလေးများ၊ မိန်းမလှလေးများ၊ သက်ကြီးရွယ်အိုများ၊ ဆွေကြီးမျိုးကြီးများ...အစရှိသဖြင့် လူတန်းစားပေါင်းများစွာကို သတ်ဖြတ်ဖူးသူဖြစ်သည်။ တစ်ခါက သူ့အား သရေ့စ်တိုင်းပြည်မှ မင်းသားငယ်တစ်ပါးကို သတ်ဖြတ်ရန်အတွက် အမိန့်ပေးခြင်းခံခဲ့ရဖူး၏။ ဤသည်မှာ သူလုံးဝမမေ့နိုင်သည့် ဖြစ်ရပ်တစ်ခုပင်။ ထိုမင်းသားငယ်လေးအား မသတ်ဖြတ်ခင် ၁၀ရက်၁၀ညတိုင်တိုင် စိတ်ရှိလက်ရှိ နှိပ်စက်ခဲ့သည်။ သူ၏ခန္ဓာကိုယ်တွင် မကြိုးသေးသောအရိုးဟူ၍ မရှိတော့သည်အထိပင် နှိပ်စက်ခဲ့သည်။ ထိုအခြေအနေတွင် မင်းသား၏အသားများသည်လည်း ဒဏ်ရာများကြောင့် ပုတ်ပွလာခါ အမဲရောင်အနှစ်များအဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်သည်။
ဟာရှ်ဇန်းသည် မင်းသားငယ်၏ ဦးခေါင်းခွံအား ဝိုင်ခွက်အဖြစ်အသုံးပြုပြီး သူနှင့်အမြဲသယ်ဆောင်သွားကာ သောက်သုံးရန်အတွက်ဘအသုံးပြုခဲ့သည်။
လျှင်မြန်စွာပင် ဟာရှ်ဇန်း သူတွေ့မြင်လိုသော မြင်ကွင်းကိုတွေ့မြင်လိုက်ရသည်။ သူ၏ စွမ်းအားအနည်းငယ်ကို ဖော်ထုတ်ပြသပြီးချိန်တွင် ဘုရင်၏ ယုံကြည်ချက်များသည် မီးဖိုအတွင်းမှ ရေခဲတုံးကဲ့သို့ပင် အရည်ပျော်ကျကုန်တော့သည်။ သူ၏မျက်နှာမှာ အရောင်ပြောင်းလဲသွားပြီး ပျာယာခတ်လာတော့သည်။ အတတ်နိုင်ဆုံး စိတ်ငြိမ်အောင်ကြိုးစားနေသော်လည်း ဘုရင်၏ ခြေထောက်များမှာ တုန်ခါနေသည်ကို ဟာရှ်ဇန်းတွေ့လိုက်ရသည်။ သူသည် ဘေးပတ်ဝန်းကျဥ်ကိုလှည့်ပတ်ကြည့်နေပြီး ပြေးနိုင်မည့်လမ်းကိုရှာဖွေနေပြီဖြစ်သည်။
ဤဘုရင်သည် သူထင်ထားသကဲ့သို့ပင် လူကြောက်တစ်ယောက်သာဖြစ်သည်။
“မင်းက ပြေးချင်တာလား...”
ဟာရှ်ဇန်း ရှေ့သို့ခြေလှမ်းတိုးလာသည်။ သူ၏မျက်နှာပေါ်မှ လှောင်ရယ်နေသည့်အပြုံးမှာ ပို၍ပင်ထင်ရှားလာ၏။
“မင်.....မင်းက ဘယ်သူလဲ မင်းဘာလုပ်ချင်လို့လဲ.....”
ဘုရင်မှာ တုန်ယဥ်နေသောအသံဖြင့်ပြောလိုက်သည်။ သူ၏ အမူအယာမှာ ဟာရှ်ဇန်းအား ကြောက်လန့်နေဟန်ရှိသည်။
“ငါလား...”
ထိုအရာကိုမြင်ရသောအခါ ဟာရှ်ဇန်း၏ယုံကြည်ချက်များသည် ပို၍ပင်မြင့်မားသွားသည်။ သူ့ပါးစပ်ထဲတွင် ထည့်ထားသော မြက်ရိုးတစ်ခုကိုဝါးပြီး မချေမငံပြောလိုက်သည်။ “ဒီမှာကောင်လေး မင်းအဖေက ကြေးစားလူသတ်သမားကွ လိုချင်တဲ့စျေးသာရမယ်ဆိုရင် ငါဘယ်ကောင့်နေနေသတ်တယ်...ငါဒီကိုဘာလုပ်ဖို့လာတယ်ထင်လဲ...”
သူ၏ အရှေ့တွင်ရှိသော အကူညီမဲ့နေသည့်ဘုရင်အား ပို၍ပင် ခြောက်လှန့်လိုက်သည်။
“မင်း...မင်း...ငါ့ကို သတ်မလို့လား....”ဘုရင်ငယ်မှာ ယုန်တစ်ကောင်ကဲ့သို့ပင် တုန်ခါသွားသည်။ သူ၏မျက်နှာတစ်ခုလုံး အရောင်ကင်းမဲ့သွားပြီ အော်ဟစ်လိုက်သည်။ သူသည် ထိုလူအား ထိတ်လန့်တကြားကြည့်လိုက်ပြီး “မင်း ငါဘယ်သူလဲ သိလို့လား ငါက ချမ်းဘော့ဒ်တိုင်းပြည်ရဲ့ ဘုရင်ကွ မင်းဘုရင်တစ်ပါးကို သတ်လို့မရဘူး....”
တော်တော် ပိန်းတာပဲ။
ဟာရှ်ဇန်းမှာ ဘုရင်ငယ်အား ဘာမှပင်မပြောလိုတော့ချေ။
“ငါ့ရှေ့မှာရှိတဲ့ဘုရင်က တော်တော်တုံးအပြီး ဝမ်းနည်းစရာကောင်းတဲ့လူမျိုးပါလား...”
ဟာရှ်ဇန်း ခြေလှမ်းတစ်လှမ်းပြီးတစ်ပြီး ချည်းကပ်လာ၏။
သူ့တွင်ဤဘုရင်ငယ်အား သတ်ဖြတ်ရန်ရည်ရွယ်ချက်လုံးဝမရှိချေ။ အဘယ်ကြောင့်ဆိုသော် ဤဘုရင်မှာ ထိုသူ၏အကောင်ထည်ဖော်တော့မည့်အစီစဥ်အတွက် အရေးပါသောကြောင့်ပင်။ ဤဘုရင်သေဆုံးသွားပါက ထိုလူ၏အစီစဥ်လုံးဝပျက်စီးသွားမည်ဖြစ်ပြီး သူလဲ အပစ်ပေးခံရမည်ဖြစ်သည်။
သူလိုချင်သည်မှာ သူ၏အရှေ့တွင်ရှိသော ကြောက်လန့်တုန်ယဥ်နေသောဘုရင်အား အရသာခံကြည့်ရှုရန်ပင်ဖြစ်သည်။
“အား...မင်း..မင်း..ငါ့အနားကပ်မလာနဲ့ မင်းဘာလိုချင်တာလဲပြော...” ဘုရင်ငယ်သည် အနောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်သွားသည်။ သူ၏မျက်နှာမှာ ဝံပုလွေကြီးတစ်ကောင်၏ ချောင်ပိတ်ခြင်းခံထားရသော ယုန်တစ်ကောင်ကဲ့သို့ပင် ဖြူဖက်နေသည်။ “မင်းက ဘာလို့ ငါ့ကိုသတ်ချင်ရတာလဲ မင်းကိုဘယ်သူပို့လိုက်တာတုန်း...ငါ့ကိုပြောပါ တစ်ခုခုနားလည်မှုလွဲနေတာဖြစ်မယ်..”
ဟာရှ်ဇန်းမှာ အနားသို့တိုးကပ်သည်ထက် တိုးကပ်လာသည်။ သူ၏ပတ်ပတ်လည်တွင် အဝါရောင်မီးတောက်များ တောက်လောင်နေ၏။ ကြယ်လေးလုံးအဆင့် မြေစွမ်းအင်များကို အပြည့်အဝဖော်ထုတ်ပြသထားသည်။ သူ၏ခြေလှမ်းကျရောက်သည့်နေရာသည် မာကျောသည့် ကျောက်သားဖြစ်စေကာမူ အရည်ပျော်ပြီးနွံအိုင်ကဲ့သို့ ဖြစ်သွားမည်ဖြစ်သည်။ ဤသည်မှာ ကြယ်လေးလုံးအဆင့်စစ်သည်၏ အစွမ်းဖြစ်သည်။ တိုက်ပွဲမြေပြင်ပတ်ဝန်းကျင်ကို မိမိအားသာသော အနေအထားရအောင် ဖန်တီးနိုင်သည်။
“မင်းကိုဘယ်သူ လွှတ်လိုက်တာလဲ...” ဘုရင်ငယ်မှာကို၍ပင် တုန်ခါလာသည်။
ကံမကောင်းစွာပင် ဟားရှ်ဇန်းသည်မည်မျှ မိမိကိုယ်မိမိယုံကြည်ချက်ရှိနေစေကာမူ ထိုမေခွန်းအားလုံးဝပြန်မဖြေချေ။
ဘုရင်အား သတ်ရန်လည်း အစီစဥ်လုံးဝမရှိသောကြောင့်ပင်။
သို့သော် ထိုအချိန်တွင် ထူးဆန်းတာတစ်ခုဖြစ်ပျက်သွား၏။
ဟားရှ်ဇန်း ဘုရင်နှင့် ပိုမိုနီးကပ်လာသည့်အချိန်တွင် သူ၏မျက်နှာအမူအယာမှာ ပြောင်းလဲသွားတော့သည်။
တုန်ခါနေသော ဘုရင်၏ မျက်နှာအမူအယာမှာ ပျာယာခက်နေသည့် ဟန်မှ စိတ်ပျက်သွားသည့် ဟန်သို့ပြောင်းလဲသွားတော့သည်။
ဤသည်မှာ ကလေးများလိုချင့်အရာမရသည့်အချိန်တွင် စိတ်ပျက်လက်ပျက်ဖြစ်သွားသည့်မျက်နှာ အမူအယာပင်။
သူတစ်စုံတစ်ရာ မတုန့်ပြန်နိုင်ခင်မှာပင်။ ဘုရင်ငယ်ပြောသည်ကို ကြားလိုက်ရသည်။ “ဟူး....ဒါက ပျော်စရာလဲမကောင်းတော့ဘူး ဘာမှလဲ အသုံးဝင်တာသိရမယ့်ပုံလဲမပေါ်ပါဘူး ငါ့ရဲ့သရုပ်ဆောင်မှုက အဲ့လောက်တောင်ညံ့လို့လားကွာ...”
“ဝုတ် ဝုတ် ဝုတ်”
ဖှေးအနောက်တွင် ဝပ်နေသော အမဲရောင်ခွေးကြီးမှာ ပျင်းရိနေသည့်ဟန်ဖြင့် ဟောင်လိုက်သည်။ သူ၏ ကြီးမားသည့်မျက်လုံးများဖြင့် ဖှေးအားစိုက်ကြည့်နေသည်။ “သခင်ဒီဟာကိုအမြန်ပြီးအောင်လုပ်ပြီး နန်းတော်ပြန်ရအောင် ကျွန်တော်ညစာလဲမစားရသေးဘူး”ဟု ပြောနေသယောင်ပင်။
“ဘာနေနေကွာ...” ဖှေး ဟားရှ်ဇန်းအား မကျေနပ်သည့်ဟန်ဖြင့်ကြည့်လိုက်သည်။ ယခင်က ကြောက်လန့်နေသည့်အမူအယာမှာ လုံးဝပင်မရှိတော့ချေ။ သားကောင်မှ သားရဲ အဖြစ်သို့ ချက်ချင်းပြောင်းလဲသွား၏။ သူ၏ လက်သီးများကိုဝှေ့ရမ်းပြီး “မင်းက ကောင်းကောင်းမွန်မွန်မပြောဘူးဆိုရင်တော့ ငါ့လက်သီးနဲ့စကားပြောရလိမ့်မယ်...”
ဟားရှ်ဇန်း၏ မျက်နှာမှာအေးစက်သွားသည်။ မခန့်လေးစားအသံဖြင့် “မင်းတစ်ယောက်ထဲနဲ့လား...”ဟုပြန်ပြောလိုက်၏။
ဖှေး ဘာမှပြန်မပြောချေ။
စတင်၍ ရှေ့သို့လမ်းလျှောက်လာ၏။
ခနအကြာတွင် ဟားရှ်ဇန်း မျက်နှာပျက်စပြုလာတော့သည်။
ဖှေး ခြေလှမ်းတစ်လှမ်းလှမ်းပြီးတိုင်းတွင် သူ၏ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော စွမ်းအင်များသည် ပို၍ပို၍မြင့်မားလာသည်။ ဖှေး ခြေလှမ်းငါးလှမ်းခန့်လှမ်းပြီးချိန်တွင် သူ၏ခန္ဓာကိုယ်မှ ထုတ်လွှင့်နေသော အစွမ်းများမှာ ဟားရှ်ဇန်း၏ ကြယ်လေးလုံးအဆင့်မြေစွမ်းအင်များထက် မနည်းတော့ပေ။ ပျိုးပျိုးပြတ်ပြတ်နှင့် စွမ်းအင်မီးတောက်များကို မမြင်ရသော်လည်း ဟားရှ်ဇန်း အန္တရာယ်တစ်ခုအောက် ကျရောက်နေပြီဖြစ်ကြောင်း သတိထားလိုက်မိသည်။
“ငါတော့ လှည့်စားခံလိုက်ရပြီ...”
ဟားရှ်ဇန်း၏ နှလုံးခုန်သံများ ရပ်တန့်သွားသည်။
အစက သူသည်အနိုင်ရရှိနေသူဟု သူ့ကိုယ်သူထင်နေခဲ့သည်။ တကယ်တန်းမှာ ဘုရင်သည် ဒရာမာခင်းနေခြင်းသာဖြစ်ပြီး ဟိုသောက်ခွေးမှာ ပွဲကြည့်နေခြင်းသာဖြစ်သည်။
အထူးသဖြင့် အမဲရောင်ခွေးကြီး၏ အထင်သေးသည့်အကြည့်ပင်။ ခွေးဖြင့်ပင်မထိုက်တန်သလို ခံစားနေရသည်။
“မင်း...မင်းတော့သေပြီ...”
အလှည့်စားခံလိုက်ရပြီး သူ၏မာနကို ချိုးဖြတ်ခံလိုက်ရသည့်အတွက် ရှက်ရမ်းရမ်းကာ ဟားရှ်ဇန်း အပြင်းထန်ဒေါသဖြစ်သွားတော့သည်။ အဝါရောင်မီးတောက်များဖုံးလွှမ်းနေသော ဟားရှိဇန်း၏ခန္ဓာကိုယ်သည် ဖှေးထံသို့ အရှိန်ပြင်းစွာခုန်ဝင်ပျံသန်းသွား၏။
ဖှေးလဲ ရှေ့ကိုခြေတစ်လှမ်းတက်ပြီး လက်သီးကို လက်သီးဖြင့်တုန့်ပြန်လိုက်သည်။
“ဖုန်း...”
လက်သီးနှစ်ခုလေပေါ်တွင် တွေ့ဆုံလိုက်ကြသည်။
ဤအခိုက်တန့်တွင် အချိန်ကပင် ရပ်တန့်သွားသည်ဟု ထင်လိုက်ရသည်။ ထို့နောက်တွင် လမ်းကြားတစ်ခုလုံးပင် တုန်လှုပ်စပြုလာပြီး အဝါရောင်စွမ်းအင်မီးတောက်များ စတင်ကွဲအက်စပြုလာသည်။ မြင်နိုင်သော လှိုင်းငယ်တစ်ခုသည် ဟားရှ်ဇန်း၏ လက်သီးတွင်ပေါ်လာပြီး သူ၏လက်မောင်းအထိပြန့်နှံ့သွားသည်။
ထိုလှိုင်းနှင့် တွဲကပ်၍ပါလာသည်မှာ အရိုးကွဲအက်သည့်အသံများပင်။
ထို့နောက်တွင် ဟားရှ်ဇန်း၏ ခန္ဓာကိုယ်သည် စတင်ဝင်ရောက်တိုက်ခိုက်စဥ်ထက်၍ ကို၍ပြင်းထန်သောနှုန်းဖြင့် အနောက်သို့ လွှင့်စဥ်သွား၏။
သွေးများ နေရာအနှံ့ပြန့်နှံ့ကုန်သည်။