← Chapters

အခန်း (၁၁၂)

Vol. 8 Ch. 112

အခန်း (၁၁၂)

Vol. 8 Ch. 112

ဟားရှ်ဇန်း ရေခဲသေတ္တာထဲရောက်နေသလို ခံစားနေရ၏။

ဖြစ်ပျက်သွားသည်များကို သူမယုံနိုင်သေးပေ။ သူ၍မျက်လုံးများသည် အပြင်သို့ထွက်ကျတော့ မတတ်ပင် ပြူးကျယ်နေ၏။ ယခင်ကမရပ်တံ့နိုင်သော ဒေါသစိတ်များမှာ ယခုအချိန်တွက် နက်ရှိုင်းသော အကြောက်တရားများအဖြစ်သို့ပျောင်းလဲသွားတော့သည်။

“ဘယ်လို...ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...”

ဟားရှ်ဇန်းသည် ​မြေအတွင်းအားဂုဏ်သတ္တိရှိကျင့်စဥ်ကို အထူးလေ့ကျင့်သင်ကြားခဲ့သူဖြစ်သည်။ မြေအတွင်းအားစစ်သည်များသည် ​ခွန်အားနှင့် ခုခံကာကွယ်နိုင်မှုမှာ ၄င်းတို့၏ အားသာချက်ဖြစ်သည်။ သူတို့သည့် ကမ္ဘာမြေကဲ့သို့ ကျစ်လစ်သန်မာသည့်အတွက်ကြောင့် လူသိများသည်။ သူတို့၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်မှာ အဆင့်တူ ကျန်ဂုဏ်သတ္တိရှိစစ်သည်များထက် ပို၍မာကြောသန်မာသည်။ ထို့ကြောင့်ပင် သူသည်လက်သီးကိုအသုံးပြုပြီး စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သို့သော် အေးစက်မာကြောသော အမှန်တရားမှာ သူ၏ယုံကြည်ချက်များကို ရိုက်ချိုးပစ်ခဲ့သည်။

သူ၏အရှေ့တွင်ရှိသောဘုရင်ငယ်လေးသည် ကြယ်လေးလုံးအဆင့်စစ်သည် ဂုဏ်ယူရသည့် မြေစွမ်းအင်များကို သာမန်လက်သီးချက်ဖြင့် ကွဲအက်စေခဲ့သည်။ ထို့နောက်တွင် အမည်မသိ ရက်စက်သည့်အတွင်းအားတစ်ခုသည် သူ၏ လက်မောင်းအတွင်းသို့ဝင်လာခဲ့ပြီး အတွင်းရှိအရိုးများအားလုံးကို ကျိုးကြေသွားစေသည်။

“ဘာလို့လဲ...သူက ကြယ်ငါးလုံးအဆင့်တောင်ရောက်နေပြီလား...”

သူ၏ယုံကြည်ချက်များ တစ်စစီပြိုကွဲသွားရန်မှာ အချိန်သိပ်မလိုလိုက်ချေ။ သူ၏မာနနှင့် သူအားကိုးသည်အရာတို့ ဖျက်ဆီးခံလိုက်ရပြီးနောက်တွင် စွမ်းအားခြင်းကွာခြားမှုမှာ ဟားရှ်ဇန်းအား ထိတ်လန့်တုန်လှုပ်စေသည်။ သူ့တွင် ဆက်လက်တိုက်ခိုက်လိုစိတ်လုံးဝမရှိတော့ချေ။ ပထမတိုက်ခိုက်မှုမှ လွှင့်ထွက်သွားအပြီးမြေပေါ်သို့ပြန်အကျတွင် သူ့တွင်ကျန်ရှိနေသော အတွင်းအားအကုန်လုံးကို အသုံးပြုလိုက်ရာလမ်းကြားထဲတွင် အဝါရောင်အလင်းများထက်မံတောက်ပသွားတော့သည်။ ထို့နောက်တွင် သူ၏ခန္ဓာကိုယ်သည် ရွံ့ကဲ့သို့အရည်ပျော်ကျသွားပြီး မြေကြီးထဲသို့ ငုပ်လျိုးပျောက်ကွယ်သွားတော့သည်။

“ထွီ ဒီစောက်ကြောက်ကတော့...” ဖှေးအော်ပြောလိုက်သည်။ “မင်းလိုစောက်ကြောက်က ဘယ်လိုလုပ်ပြီး လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ဖြစ်လာတာလဲကွ...”

ဤလူသည် ဖှေးအသဲအသန်သိချင်နေသည့် အရာအားလုံးကို သိသည့်ပုဂ္ဂိုလ်ဖြစ်သည်။ ထို့ကြောင့် ဖှေး ထိုလူအား ထွက်သွားခွင့်ပေးမည်မဟုတ်ပေ။ ဖှေး ခွေးနက်ကြီးကို အချက်ပြလိုက်သည်။ ခွေးနက်ကြီးသည် ဖှေးထံသို့တဟုန်ထိုးပြေးလာပြီး ဖှေးခုန်တက်အပြီးတွင် ဟိုလူ၏ ကျန်ရှိနေသော အနံ့ကိုအာရုံခံကာ ပြေးလိုက်သွား၏။

လက်ရှိမြေမျက်နှာအသွင်အပြင်အရ ကြယ်လေးလုံးအဆင့်စစ်သည် ဟားရှ်ဇန်းအသုံးပြုနေသည် ကိုယ်ယောင်ဖျောက်သိုင်းပညာသည် ခြေရာခံရန်အလွန်ခက်ခဲသည်ကိုဖှေး ဝန်ခံရလိမ့်မည်။ ထို့အပြင် ဟားရှ်ဇန်းသည် ဤကိုယ်ရောင်ဖျောက်နည်းပညာအား အထူးအချိန်ပေးကာ လေ့ကျင့်ထားပုံရသည်။ သူမြေကြီးနှင့် တသားထဲဖြစ်ပေါင်းစပ်သွားချိန်တွင် အပြင်မှ မည်သည့်အရာကိုမျှ မမြင်ရတော့ချေ။ လမ်းကြားထဲတွင် ဖြစ်ပျက်သမျှ အရာအားလုံးသည် ပုံရိပ်ယောင်မျှသာဖြစ်ပြီး ဟားရှ်ဇန်းဆိုသည့် လူသည်တစ်ခါမှပင်မရှိခဲ့သလိုပငိ။

သို့သော်ကံမကောင်းသွာပင် ဟားရှ်ဇန်းမှာ ဒဏ်ရာရရှိနေသောကြောင့် ကိုယ်​ယောင်ဖျောက်သိုင်းပညာကို ကောင်းကောင်းမွန်မွန်အသုံးမပြုနိုင်ချေ။

ဖှေးသည်လည်း ဟားရှ်ဇန်း၏ ဖြစ်တည်မှုကို အသေအချာမှတ်သားထားပြီးဖြစ်သည်။ မြေပြင်မှ စိမ့်ထွက်နေသော ဟားရှ်ဇန်း၏ အတွင်းအားများကို အသေအချာအာရုံခံပြီး ဖှေးအနောက်မှလိုက်လာခဲ့သည်။

ဟားရှ်ဇန်းသည်လည်း အလွန်ဉာဏ်များသည့် ပုဂ္ဂိုလ်ပင်ဖြစ်သည်။

သူ၏ ​တည်ရှိနေမှုကို အတတ်နိုင်ဆုံးအနှိမ့်ဆုံးအနေအထားသို့ရောက်ရှိရန်ကြိုးစားရင်း ဖှေးထံမှရရှိလာသောဒဏ်ရာကိုလည်း ပြန်လည်ကုသနေ၏။

သူထွက်ပြေးရသည်မှာ ယခုအချိန်သည် ပထမဦးဆုံးအကြိမ်မဟုတ်ပေ။ သူယခင်ကလည်း ကြယ်၆လုံးအဆင့်ဆရာတစ်​ယောက်လက်ထဲမှပင် အောင်မြင်စွာထွက်ပြေးလွတ်မြောက်ခဲ့ဖူးသည်။

ထို့ကြောင့်ပင် စစလာခြင်းပျာယာခတ်နေခဲ့သော ဟားရှိဇန်းသည် စိတ်ပြန်လည်တည်ငြိမ်စပြုနေပြီဖြစ်သည်။ ဘုရင်အလတ်ဇန္ဒား၏ ခွန်အားအစစ်မှန်မှာ ကြယ်ငါးလုံးအဆင့်ပင်ရှိသည်ကို မည်သူမျှထင်ထားမည်မဟုတ်ပေ။ ဤအချက်သည် သူ့ကိုလည်း အလွန်ထိတ်လန့်အံ့သြသွားစေခဲ့သည်။ သို့သော် သူအလွန်ကံကောင်းသွားသလိုလဲ ခံစားလိုက်ရ၏။ “ငါအလျှင်အမြန်တုန့်ပြန်ပြီး အမြန်ဆုတ်ခွာလာနိုင်လို့တော်သေးတာပေါ့..တစ်ခါတွေ့ပြီး ငါသူ့ကိုမနိုင်နိုင်မှန်းသိသိခြင်း သူ့လက်ထဲမှာ အဖမ်းမခံပဲ အမြန်ထွက်ပြေးလာနိုင်ခဲ့တာပဲ...”

“ငါဒီကိစ္စကို အရှင့်သားကို အမြန်သတင်းပေးတင်ပြမှဖြစ်မယ်....ဒါမှမဟုတ်ရင် ဒီဟာက အစီစဥ်ကို ထိခိုက်စေနိုင်တယ်....”

ဟားရှ်ဇန်း မြေအောက်တွင် အခက်ခဲတစ်ချို့ဖြင့် သွားလာနေရသည်။ သူ၏ လက်မှ ဒဏ်ရာများသည် သူ၏ သွားလာသည့် အမြန်နှုန်းကိုလျှော့ကျနေစေသည်။

ကံကောင်းစွာပင် သူ၏ တာဝန်မှာ ပြီးမြောက်သွားပြီဖြစ်သည်။ မင်းသားအိုဘီနာ၏ မေးခွန်းများနှင့် အပစ်ပေးမှုကို စိုးရိမ်ကြောက်ရွံ့ရန်မလိုတော့ပေ။

သို့သော် ထိုအချိန်တွင် အန္တရာယ်တစ်ခုထွက်ပေါ်လာတော့သည်။

“ဖုန်း ဖုန်း”

ကျယ်လောင်သော အသံကြီးနှစ်ခါပေါ်ထွက်လာသည်။

ဟားရှိဇန်း အံ့သြသွားသည်။ဘာတွေဖြစ်နေသည်ဆိုသည်အား သူမသိချေ။ သူမတုန့်ပြန်နိုင်သေးခင်မှာပင် သူ၏ အပေါ်တွင်ရှိသော မြေလွှာအား ကြီးမားသည့်စွမ်းအားနှစ်ခုမှ ထိုးခွဲကာ အောက်သို့ကျဆင်းလာသည်ကို ခံစားလိုက်မိသည်။

“သေစမ်း...”

ထိုဘုရင်ငယ်မှာ သူ့အားအမှီလိုက်လာပြီဖြစ်သည်။

“သူက ငါ့ကိုတိုက်ခိုက်ဖို့အတွက် မြေပြင်ကိုအင်အားသုံးပြီး ထိုးခွဲနေတာပဲ...ဒီကောင် ငါမြေအောက်မှာရှိနေတာကို ဘယ်လိုရှာတွေ့သွားတာလဲကွ...”

သေရေးရှင်ရေးအခြေအနေတွင် ဟားရှ်ဇန်းများများစားစားမတွေးနိုင်ချေ။

သူ၏ ဒဏ်ရာရနေသော လက်တစ်ဖက်ကိုဂရုမစိုက်နိုင်တော့ပဲ ရှေ့သို့သာ အတတ်နိုင်ဆုံးမြန်မြန်ပြေးတော့သည်။ သူ၏သွားလာနှုန်းမှာ မြန်လာပြီး ပါးစပ်မှလဲ သွေးများစီးကျလာ၏။ သူ၏အားထုတ်မှုများအားလုံးသည် တိုက်ခိုက်မှုမှ ရှောင်လိုက်နိုင်ရုံမျှသာ ဖြစ်သည်။ ကျရောက်လာသောစွမ်းအင်နှစ်ခုမှာ ဟားရှ်ဇန်း၏ ကြောပြင်နှင့် ၂စင်တီမီတာခန့်လွဲချော်သွားသည်။

ဟားရှ်ဇန်း မတုန့်ပြန်နိုင်ခင်မှာပင် နောက်ထပ်အသံနှစ်ခုကိုကြားလိုက်ရပြီး မြေပြင်ပေါ်သို့ နောက်ထပ်စွမ်းအင်နှစ်ခု ​ကျရောက်လာသည်။ ထိုစွမ်းအင်များသည် ဟားရှ်ဇန်းအား ချိန်ရွယ်ထားချင်းဖြစ်သည်။ ထိုဘုရင်ငယ်သည် မြေအားထိုးဖောက်ကာ ဟားရှ်ဇန်းအား မြင်နေရသကဲ့သို့ပင်။

ဟားရှ်ဇန်းမှာ သေလောက်သည်အထိကြောက်လန့်သွားသည်။ သူ၏တစ်ခုတည်းသော ရွေးချယ်စရာမှာ အရှေ့သို့ ပြန်နိုင်သမျှ မြန်မြန်ပြေးရန်သာ ဖြစ်တော့သည်။

မြေပြင်ပေါ်တွင်ဖြစ်သည်။

အမဲရောင်ခွေးကြီး မဟူရာမုန်တိုင်းမှာ အမှန်တကယ်ပင် မုန်တိုင်းအသွင်သို့ပြောင်းလဲသွားသလိုပင်။ ဖှေးလည်း လေပေါ်သို့အဆက်မပြတ်ခုန်တက်ပြီး မြေပြင်အားလက်သီးဖြင့်ထိုးလျှက်ရှိသည်။ ဖုန်မုန့်များအောက်တွင် လက်သီးရာများစွာသည် မာကြောသောမြေပြင်ပေါ်တွင် ထင်ကျန်နေခဲ့သည်။

ဖှေး၏ လက်သီးချက်များတွင် လယ်ဗယ် 21လူရိုင်းဇာတ်ကောင်၏ ကြီးမားသည့်ခွန်အားများပါဝင်သည်။ စွမ်းအားများသည် မြေပြင်အောက်သို့ပင် ပြန့်နှံ့သွားပြီး ဟားရှ်ဇန်းအား ​ကြွက်တစ်ကောင်ကဲ့သို့မြေအောက်တွင် ပြေးလွှားနေစေသည်။

အမှန်တိုင်းဆိုပါလျှင် လွန်ခဲ့သည့်ဆယ်စက္ကန့်လောက်က ဖှေးထိုလူအား မျက်ခြေပျက်သွားတော့မည်ဖြစ်သည်။

သို့သော် ထိုအချိန်တွင် အမဲရောင်ခွေးကြီး မဟူရာမုန်တိုင်းသည် ဖှေးကို အံ့အားသင့်သွားစေသည့် ခြေရာခံစွမ်းရည်ကိုပြသခဲ့သည်။ [ဟော့ဆေးပုလင်း]သောက်ပြီးနောက်တွင် ဤခွေးကြီးမှာ အရွယ်အစားနှင့် ခွန်အားများသာလျှင် တိုးပွားလာသည်မဟုတ်ပေ။ ခွေးကြီး အနံ့ခံနိုင်စွမ်းမှာလည်း ပို၍ပင်ကောင်းလာခဲ့ပုံရ၏။ ပြေးလိုက်နေချိန်တွင် မဟူရာမုန်တိုင်းသည် ဟားရှ်ဇန်း၏ တည်နေရာအားသိရှိရန်အတွက်မြေပြင်အား တစ်ချက်အနံ့ခံကြည့်ရန်သာ လိုအပ်သည်။ တစ်ခါမှပင် လွှဲမှားသွားခြင်းမရှိသေးပေ။

ထိုသားရဲမှာ GPSသကဲ့သို့ပင်။

လူတစ်ယောက်နှင့် ခွေးတစ်ကောင်သည် ကြွက်တစ်ကောင်နှင့် ကစားနေကြသော ကြောင်များကဲ့သို့ပင် ဟားရှ်ဇန်းအနောက်သို့ မြေပြင်ပေါ်မှနေ၍ အပြေးလိုက်နေကြသည်။

ဤအချိန်တွင် ဖှေး ဟားရှ်ဇန်းအား ဖမ်းလိုပါက ချက်ချင်းပင် ဖမ်းနိုင်နေပြီဖြစ်သည်။ သို့သော် အသီးအပွင့်ထံသို့ရောက်ရှိရန်အတွက် အနွယ်အခတ်များမှနေ၍ ခြေရာခံသည့်ကြောင်းကိုဖှေးရုတ်တရက် သတိရသွားသည်။ ဖှေး ထိုလူနောက်မှလိုက်သွားပါက နောက်ကွယ်မှပုန်းအောင်းခိုင်းစေနေကြသော လူများအားသိရှိနိုင်ချေရှိသည်။ ထို့ကြောင့်ပင် ဖှေးထိုလူအား ခြောက်လန့်ရုံမျှသာတိုက်ခိုက်ပြီး သတ်ဖြတ်ရန်မကြိုးစားသေးပေ။

“ဖုန်း ဖုန်း ဖုန်း ဖုန်း”

ဖှေး၏ လက်သီးချက်များသည် မြေပေါ်သို့ကျရောက်သည်။ ထိုလက်သီးချက်များသည် ဟားရှ်ဇန်းနှင့် ပွတ်ခါသီကာလေး လွဲချော်သွား၏။ ဖှေးသည် ကစားပွဲတစ်ခုအား ကစားနေရသကဲ့သို့ပင် လူတစ်ယောက်နှင့် ခွေးတစ်ကောင်သည် များစွာပျော်ပါးနေကြသည်။ ဟားရှ်ဇန်း ဦးတည်သွားနေသော နေရာမှာ တဖြည်းဖြည်းဖြင့်ထင်ရှားစပြုလာပြီဖြစ်သည်။

သူဦးတည်နေသည်မှာ ချမ်းဘော့ဒ်၏ တည်းခိုဆောင်များ တည်ရှိရာနေရာပင်။ ထိုနေရာသည် တိုင်းတစ်ပါးမှ လာရောက်သောသံတမန်များ တည်းခိုနေသည့် နေရာလဲဖြစ်၏။

“သေစမ်း ဒါဆိုပြသနာရှာနေကြတာက တစ်ခြားတိုင်းပြည်က လာတဲ့ကောင်တွေပဲပေါ့...ဘယ်ကောင်တွေက ငါနဲ့လာရှုပ်ရဲတာလဲဆိုတာ ကြည့်ကြသေးတာပေါ့...”

ဖှေး ဆက်လိုက်သွား၏။

[အပန်းမကြီးရင် Like/Cmtလေးလုပ်ခဲ့ကြပါဦးဗျ။ ဖတ်တဲ့လူတွေ ဘယ်လောက်ရှိမှန်းသိရတော့ ရေးရတဲ့လူ အားတတ်လို့ပါ။♥]

All Chapters