← Chapters

အခန်း (၁၁၃)

Vol. 8 Ch. 113

အခန်း (၁၁၃)

Vol. 8 Ch. 113

အနည်းငယ် မှောင်စပြုလာပြီဖြစ်သောကြောင့် လမ်းပေါ်တွင် လူသိပ်မရှိတော့ပေ။ သို့သော် ချမ်းဘော့ဒ်စစ်သည်များသည် ဤနေရာအားစောင့်ကြပ်ပေးလျှက်ရှိကြသည်။ ကျယ်လောင်သော အသံကြီးများကိုကြားလိုက်ရပြီးနောက်တွင် ကင်းစောင့်နေသော စစ်သည်များသည် ဖှေးအားရပ်တန့်ခိုင်းလိုက်ကြသည်။

“ထွက်သွားကြတော့” ဖှေး အနားသို့ကပ်လာရင်းလှမ်းအော်ကာ အမိန့်ပေးလိုက်သည်။ “ငါမင်းတို့ကို ဒီနေရာကနေပြန်ဖို့အမိန့်ပေးလိုက်မယ်...ဒီနေရာက ကာကွယ်မှု ဆက်ပြီးမလိုအပ်တော့ဘူး....”

“အော် အဲ့တာဘုရင်အလတ်ဇန္ဒားပဲ...”

စစ်သည်များသည် ခွေးနက်ကြီးပေါ်မှ ပုဂ္ဂိုလ်သည် ဘုရင်အလတ်ဇန္ဒားဖြစ်သည်ကို လျှင်မြန်စွာသိရှိသွားကြသည်။ သို့သော် သူတို့အားလုံးရန်သူဘယ်နားမှာ ရှိနေသည်ကို မသိကြပေ။ သို့သော် ဖှေး၏ အမိန့်ကိုကြားပြီးနောက်တွင် တွံဆုတ်နေခြင်းမရှိပဲ ချက်ချင်းပင် ထွက်ခွာသွားကြတော့သည်။

ဖှေး မရပ်ပဲ တည်းခိုဆောင်များရှိရာနေရာသို့ ဝင်သွားသည်။

နိုင်ငံပေါင်း၂၀ခန့်မှ လာရောက်ကြသောသံတမန်များသည် ဤနေရာရှိ တည်းခိုဆောင်များတွင် တည်းခိုနေကြခြင်းဖြစ်သည်။ ဖှေး တစ်ခြားနိုင်ငံမှလာရောက်သော မင်းညီမင်းသားများ သံတမန်များဖြင့် မတွေ့ရသေးသောကြောင့် ဤနေရာနှင့် သိပ်ပြီး ရင်းနှီးကျွမ်းဝင်ခြင်းမရှိသေးပေ။ မဟူရာမုန်တိုင်းအနံ့ခံပြီး ခေါ်ဆောင်ရာနေရာအနောက်သို့သာ လိုက်သွား၏။

ဤသည်မှာ တည်းခိုဆောင်အတွင်းမှ ဧည့်သည်များကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေသည်။

“ဒီမှာ ဘယ်ကောင်ပြသနာလာရှာနေတာလဲကွ...”

“အရှင့်သားအိပ်နေတာကို မင်းသေချင်လို့လား...”

“သူ့ကို ဖမ်းကြစမ်း...”

စိတ်ဆိုးမာန်ဆိုးနှင့် အော်သံများ တည်းခိုဆောင်များအတွင်းမှ ထွက်ပေါ်လာသည်။ သို့သော် ဖှေးနှင့်ခွေးကြီး သွားနေသည်မှာ မြန်လွန်းလှသဖြင့် သာမန်လူများမြင်ပင် မမြင်လိုက်ကြချေ။ သူ့တို့အား လေပြင်းတစ်ခုဖြတ်သန်းတိုက်ခတ်သွားသည်ကိုသာ ခံစားလိုက်ရသည်။ ကြယ်အဆင့်စစ်သည်တစ်ချို့နှင့် မှော်ဆရာတစ်ချို့က ဖြစ်ပျက်နေသည်များကို မြင်နိုင်လိုက်သော်လည်း ခွေးနှင့်လူထံမှ ထွက်ပေါ်လာနေသော စွမ်းအားများကိုလည်း အာရုံခံမိသဖြင့် နောက်မှမလိုက်ရဲကြချေ။

ကိုက်၂၀၀ခန့်လိုက်ပြီးနောက်တွင် ဟားရှ်ဇန်းသည် ကြီးမားသော ကျောက်တုံးအဆောက်ဦးတစ်ခုထဲသို့ ဝင်သွားသည်ကိုတွေ့လိုက်ရတော့သည်။

“ငါတို့တွေ အရင်းမြစ်ကိုရှာတွေ့ပြီထင်တယ်...”

ဖှေး ခွေးကြီးကို စီးပြီး လေးကိုက်ခန့်မြင့်မားသော နံရံအား အလွယ်တစ်ကူပင် ခုန်ကျော်သွားသည်။ အဆောက်ဦးခြံဝန်းအတွင်းသို့ရောက်ရှိပြီးနောက်တွင် အစောင့်များစွာ ထွက်လာကြပြီး သူတို့ကို ဝိုင်းလိုက်ကြသည်။ သို့သော် ထိုအစောင့်များထဲတွင် အစွမ်းထက်ဆုံးစစ်သည်မှာ ကြယ်တစ်လူံးအဆင့်မျှသာ ဖြစ်သည်။ ဖှေး၏ ခန္ဓာကိုယ်မှ ထုတ်လွှင့်နေသော စွမ်းအားအရှိန်ဝါများအောက်တွင် ထိုအစောင့်များသည် မက်တပ်ရပ်ရန်ပင်ခက်ခဲကုန်ကြသည်။ ဖှေးအား မည်သူမျှ မတားဆီးရဲကြချေ။

“ဝုတ် ဝုတ် ဝုတ်”

အမဲရောင်ခွေးကြီးသည် ကျောက်တုံးအဆောကိဦးရှိနေရာတစ်နေရာကို ဦးတည်၍ဟောင်လိုက်၏။

“ပစ်မှတ်က အဲ့အခန်းထဲမှာ...”ဟု ပြောနေသကဲ့သို့ပင်။

ဟားရှ်ဇန်း ဤနေရာသို့ရောက်ရှိအပြီးတွင် သွားလာမှု ရပ်တံ့သွားသည်ကို ဖှေးခံစားလိုက်ရသည်။ ဖှေး အပေါ်သို့မော့ကြည့်လိုက်ရာ လူအများအပြားကို ပြတင်းပေါက်မှတဆင့်မြင်လိုက်ရသည်။ ထိုလူများထဲမှ တစ်ချို့သည့် ခြံဝန်းထဲမှ အစောင့်များထက် သန်မာသော ဆရာများပါဝင်နေသည်ကိုလည်း ဖှေးအာရုံခံလိုက်မိသည်။ လူများသည် လမ်းလျှောက်ပြီး ပျော်ရွှင်စွာစကားပြောဆိုနေကြသည်။ ပါတီတစ်ခုကျင်းပနေပုံရ၏။

“ဟဟ ငါတော်တော် ဉာဏ်ကောင်းတာပဲ ငါဒီကောင်တွေကို အငိုက်မိလိုက်ပြီထင်တယ်...ဒါမျိုးကို ဒီကောင်တွေ လုံးဝထင်ထားမှာမဟုတ်ဘူး....”

ဖှေး ရန်သူများအား အချိန်လုံးဝမပေးရန် ဆုံးဖြတ်လိုက်သ​ည်။ သူမဟူယာမုန်တိုင်းအပေါ်သို့ ခုန်တက်လိုက်ပြီး ရှေ့သို့တဟုန်ထိုးသွားတော့၏။ ဤကိစ္စ၏နောက်ကွယ်မှ လူမှာ ဤအခန်းထဲတွင်ရှိနေသည်ကို ဖှေးသေချာသိနေသည်။ ထို့ကြောင့် လုံးဝမထိန်းချုပ်နေပဲ သစ်သားတံကားအား ကန်ဖွင့်လိုက်သည်။ သစ်မာသားဖြင့် ထုလုပ်ထားသော သစ်သားတံကားကြီးမှာ အစိတ်စိတ်အမွာမွာဖြစ်ပြီး နေရာအနှံ့တွင် လွှင့်စင်သွား၏။

ပါတီပွဲမှာ ရုတ်တရက် တိတ်ဆိတ်သွားသည်။

လူတိုင်းဤဖြစ်ရပ်ကြောင့် ကြက်သေသေကုန်ကြသည်။ ခနတာမျှ တိတ်ဆိတ်သွားပြီးနောက်တွင် အောဟစ်သံများနှင့် လက်နက်များဆွဲထုတ်သံများထွက်ပေါ်လာသည်။

“ဘယ်သူလာနှောင့်ယှက်တာလဲကွ...”

“အရှင့်သားက ဧည့်သည်တွေကို ဧည့်ခံနေတယ်ဆိုတာကိုမသိဘူးလား...”

“အစောင့်တွေ အဲ့ကောင်ကို ဖမ်းလိုက်ကြစမ်း...”

တစ်ခနအတွင်းပင် ရိုးရိုးရှင်းရှင်းဝတ်ဆင်ထားသော အစေခံ၈ယောက်နှင့် အစောင့်၁၂ယောက်ခန့်မှာ စားပွဲများကို တွန်းလှဲလိုက်ပြီး အကာကွယ်သဖွယ်ပြုလုပ်ကာ လူနည်းစုအား ဝန်းရံကာကွယ်လိုက်ကြသည်။

“ဝုတ် ဝုတ် ဝုတ်”

ဤသည်မှာ အဆောက်ဦးအတွင်းသို့ ရောက်လျှင်ရောက်ခြင်း အမဲရောင်ခွေးကြီးပြုလုပ်သည့်အရာဖြစ်သည်။ ကျယ်လောင်ကာ ခြိမ်းခြောက်သည့်သဘောကိုဆောင်သည့် ဟောင်သံမှာ ခန်းမတစ်ခုလုံးတွင် ပြန့်နှံ့သွား၍ ကျန်အသံများအားလုံးကို ဖုံးလွှမ်းသွားသည်။ လူများမှာ ထိုသားရဲကြောင့် အံ့သြသွားကြ၏။ “ဒါဘာကြီးလဲ...မြင်းကြီးလား..ခွေးကြီးလား......အတော်ကြီးတာပဲဟ...”

“မင်းဘယ်သူလဲ...”

သားနားစွာဝတ်စားထားသည့် ဆံပင်အညိုရောင်နှင့် ခပ်ချောချောလူငယ်တစ်ယောက်မှာ ဖှေး အားလက်ညိုးထိုးပြီး ဒေါသတကြီးအော်ဟစ်လိုက်သည်။

ဖှေး ဘာမှပြန်မပြောချေ။

ဖှေး သူ့အားလုပ်ကြံရန်ကြိုးစားသူနှင့် နောက်ကွယ်တွင်ရှိသောပုဂ္ဂိုလ်အား တပြိုင်နက်ထဲ ဖမ်းရန်ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် ဖှေးအဆောက်ဦးအတွင်းသို့ ရောက်ရှိသည်နှင့်ဖှေးပြုလုပ်သည့်အရာမှာ အခန်းထဲတွင်ရှိနေသော လူကိုကြည့်ရန်မဟုတ်ပေ။ သူ့အားသတ်ဖြတ်ရန်ကြိုးစားခဲ့သူကို လက်ရဖမ်းစီးရန်ဖြစ်သည်။ ထို့ကြောင့် သူ၏ အဆင့်၂၁ လူရိုင်းဇာတ်ကောင်၏အစွမ်းများကို ထုတ်လွှတ်လိုက်သည်။ လေပြင်းတစ်ခု အဆောက်ဦးထဲတွင်တိုက်ခတ်သွားသည်။

“ဖုန်း”

ဖှေး မြေပြင်အား လက်သီးဖြင့်ထိုးချလိုက်သည်။ အပြာရောင်ကျောက်များဖြင့် စီချယ်ထားသည့် အဆောက်ဦးကြမ်းပြင်မှာ ကွဲအက်သွား၏။

ဖှေး ရယ်မောကာ မြေထဲမှ ဟားရှ်ဇန်းအား မုန်လာဥနှုတ်သကဲ့သို့ ဆံပင်မှကိုင်ကာဆွဲထုတ်လိုက်သည်။

“ဖုန်း...”

အပြင်းထန်ဒဏ်ရာရနေသော ဟားရှ်ဇန်းအား အဆောက်ဦးအလည်သို့ ပစ်ချလိုက်သည်။

သူ၏ခန္ဓာကိုယ်တွင် အဝါရောင်မီးတောက်များတောက်ပလာပြီး ထက်မံအရည်ပျော်စပြုလာပြန်သည်။ ပြန်လည်ထွက်ပြေးရန်ကြိုးစားနေခြင်းပင်။ သို့သော် မဟူယာမုန်တိုင်းမှာ သူ့အားထွက်ပြေးခွင့် ပြုမည်မဟုတ်ချေ။ အမြန်ပြေးသွားပြီး ဟားရှ်ဇန်း၏ ခြေခြင်းဝပ်အား ကိုက်လိုက်သည်။ ဟားရှ်ဇန်းမှာနာကြင်စွာ အော်ဟစ်ပြီး သသိလစ်မေ့မြောသွားတော့သည်။ ဤအဖြစ်ပျက်များမှာ စက္ကန့်အနည်းငယ်အတွင်းပင် ဖြစ်ပျက်သွားဖြင်းဖြစ်သည်။

မဟူယာမုန်တိုင်း၏ ကြမ်းကြုတ်မှုနှင့် ဖှေး၏မာကြောမှုတို့ကြောင့် အဆောက်ဦးတွင်းရှိလူမ​ျားအားလုံး ထိတ်လန့်အံ့သြသွားကုန်၏။

ယခင်က သူတို့ဆရာများရှေ့တွင် လက်စွမ်းပြချင်နေကြသော အစောင့်တစ်ချို့မှာ ယခုအခါတွင် ဒူးများပင်တုန်ခါလာပြီဖြစ်ပြီး တစ်ချက်ပင်မလှုပ်ရဲတော့ချေ။ ဖောက်ထွင်းဝင်ရောက်လာသူများမှာ ရက်စက်လွန်းလှသည်။ ထိုသူများသည် ၄င်းတို့အား လက်သီးတစ်ချက်တည်းဖြင့် အမှုန့်ချေနိုင်သည်မှာ မလွဲပင်။

“မင်းတို့ကောင်တွေက ဘယ်သူတွေလဲ ဘာလို့ ငါချမ်းဘော့ဒ်ဘုရင်ကို လုပ်ကြံဖို့ လူလွှတ်လိုက်တာလဲပြောစမ်း...”

ဖှေး ရွံ့များသွေးများဖြင့် ပေကျံနေသည် ဟားရှ်ဇန်း၏ မျက်နှာပေါ်သို့ခြေထောက်တင်လိုက်ပြီး လူတစ်ယောက်ခြင်းစီ၏ မျက်နှာအမူယာများကို လိုက်လံကြည့်ရှုသည်။ သူ့အားမည်သူမျှ မျက်လုံးခြင်းယှဥ်၍မကြည့်ရဲ ကြချေ။

All Chapters