← Chapters

အခန်း (၁၁၄)

Vol. 8 Ch. 114

အခန်း (၁၁၄)

Vol. 8 Ch. 114

ထိုအချိန်တွင် အပြင်တွင်ရှိနေကြသောအစောင့်များ အထဲသို့ပြေးဝင်လာကြသည်။

အဆောက်ဦးအတွင်းတွင် ဖြစ်ပျက်နေသည့်အသံများမှာ ကျယ်လောင်သောကြောင့် အပြင်ရှိစစ်သည်များ သတိထားမိသွားပုံရ၏။ ခြေလှမ်းအသံများသည် ပို၍ပို၍သိပ်သည်းစပြုလာပြီး အစောင့်မျာစရေလှိုင်းကဲ့သို့ပြေးဝင်လာကြသည်။ သူတို့ဖှေးကို ဝိုင်းလိုက်ကြပြီး သူတို့၏ချွန်မြနေသော လက်နက်များဖြင့် ရွယ်လိုက်ကြ၏။

ဤမြင်ကွင်းတစ်ခုလုံးသည် ပန်းပွင့်ကြီးတစ်ပွင့်ကဲ့သို့ပင် ဖှေးနှင့် ခွေးကြီးမှာ ပန်းပွင့်အလည်မှ အူတိုင်ဖြစ်ပြီး အစောင့်များမှာပွင့်ဖက်များကဲ့သို့ပင်။

ဖောက်ထွင်းဝင်ရောက်လာသူများအား ဝိုင်းထားလိုက်ပြီးဖြစ်သော်လဲ အဆောက်ဦးအတွင်းရှိလူများလုံခြုံသွားသလို မခံစားရသေးပေ။ အထူးကာကွယ်ခြင်းခံထားရသည့် ဝတ်ကောင်းစားလှများနှင့် ခပ်ချောချောလူငယ်အပါအဝင်ပင်။ ဖှေးထံမှ ထုတ်လွှင့်နေသောစွမ်းအင်များအရ ဤကဲ့သို့အစောင့်များဖြင့်ပင် ဖှေးနှင့် ခွေးနက်ကြီးကို တားဆီးနိုင်မည်မဟုတ်သေးကြောင်းကို ခံစားမိကြသည်။

“ဝုတ် ဝုတ် ဝုတ်”

ခွေးကြီးလည်း သခင်၏ဆန္ဒနှင့်အညီ ဟိန်းဟောက်လိုက်သည်။ ခန်းမအတွင်းမှ လူများမှာ ထိုခွေးကြီး ပါးစပ်မှမီးတောင်များထွက်လာတော့မလားဟုပင် ထင်မှတ်နေရ၏။

“ဒီမှာတာဝန်ရှိတဲ့လူ ဘယ်သူလဲကွ...ရှေ့ထွက်ခဲ့စမ်းကွာ....”

ဤနေရာတွင် သူနဲ့သိသည့်သူတစ်ယောက်မျှ မတွေ့ရသဖြင့် ဖှေးထင်တိုင်းကြမ်းနေခြင်းဖြစ်သည်။ ဘုရင်တစ်ပါး၏ ဟန်ပန်အမူအယာကိုလုံးဝမတွေ့ရတော့ချေ။ ဟားရှ်ဇန်း၏ ခေါင်းပေါ်အား ခြေထောက်တင်ကာ ပြုမူနေသည့်ပုံမှ သူပုန်တစ်ယောက်ကဲ့သို့ပင်။

“အဟွတ် အဟွတ် အဟွတ်... ဟိုဟာ...အရှင်မင်းကြီး..” ခနတာ တိတ်ဆိတ်သွားပြီးနောက်တွင် တစ်စုံတစ်ယောက်၏အသံထွက်ပေါ်လာသည်။

“မင်း ငါနဲ့လာဆက်ဆံမနေနဲ့ ငါကမင်းတ်ို့ရဲ့ ဘုရင်မဟုတ်ဘူး...” ဖှေး ထိုပုဂ္ဂိုလ်၏ စကားကိုချက်ချင်းပင်ဖြတ်ပြောလိုက်သည်။ “မင်းတို့တွေ ငါ့ကိုသတ် ဖို့လူလွှတ်လိုက်တာ ငါ့ကို ဘုရင်လို့မသတ်မှတ်လို့ပဲ...” ဟု ဖှေးစိတ်ထဲတွင် တွေးလိုက်မိသည်။ သူထက်မံ ဆဲဆိုရန်ပြင်လိုက်သည့်အချိန်တွင် သူထိုအသံအား ရင်းနှီးနေသလိုရှိမှန်း ရုတ်တရက်ခံစားလိုက်ရ၏။ ဒီအသံက တစ်ယောက်ယောက်အသံနဲ့တူနေတယ်....ဟမ်

ဖှေး အနည်းငယ်အံ့သြသွားသည်။

ခနအကြာတွင် ခန့်ညားသည့် အသက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက် လူအုပ်ထဲမှထွက်လာပြီး...ပြောလိုက်သည်။ “အရှင်မင်းကြီး....”

“အု”

မဟူယာမုန်တိုင်းမှာ ပထမဦးဆုံးတုန့်ပြန်လိုက်သည်။

နဂါးတစ်ကောင်ကဲ့သို့ပင် ကြမ်းတမ်းနေသည့် သားရဲကြီး၏ အမူယာမှာ ချက်ချင်းပင် နူးညံ့သွားသည်။ သခင်၏အရှေ့တွင်ရှိသော အမြီးတနှံ့နှံ့ဖြင့်ခွေးငယ်လေးတစ်ကောင်သကဲ့သို့ပြောင်းလဲသွားတော့သည်။

ဖှေးတစ်ယောက်လဲ ပါးစပ်အဟောင်းသားဖြစ်သွား၏။

“ဟမ်...ဒါက...အယ်..မဟုတ်သေးပါဘူး...အန်ကယ်ဘတ်စ် ဘာလို့ အန်ကယ်ဒီရောက်နေတာလဲ...”ဖှေး သူ၏မျက်နှာကိုလက်ဖြင့်ကွယ်ကာပြောလိုက်၏။

သူရှက်သွား၏။

ဤကိစ္စတွင် တစ်စုံတစ်ခု နားလည်မှုလွဲနေပုံရနေသည်။ လူအုပ်အတွင်းမှ ထွက်လာသည့်လူမှာ သူ၏ယောက္ခမလောင်း ဘတ်စ်ပင်။ ဘတ်စ် အရိုသေပေးလိုက်ပြီး ရှင်းရှင်းလင်းလင်းပြန်ဖြေလိုက်သည်။ “အရှင်မင်းကြီး ကျွန်တော်တို့ မနက်ဖြတ်ကျင်းပမယ့်ပါတီအတွက် ဟောဒီက ရေကန်တိုင်းပြည်က အိမ်ရှေ့မင်းသား မိုဒရစ်ကို ကျွန်တော်လာရောက်ဖိတ်ကြားနေတာပါ...ကျွန်တော်မျိုး မိတ်ဆက်ပေးပါရစေ..ဒါကတော့ [ကျွမ်းကျင်ဆယ်ယောက်]ထဲက တစ်ယောက်ဖြစ်တဲ့ မင်းသားမိုဒရစ်ပါ...”

ကောင်းကင်ကြီးတစ်ခုလုံးချာချာလည်နေသကဲ့သို့ ဖှေးခံစားလိုက်ရသည်။

“ဒီနားလည်မှုလွဲတာက တော်တော်ဆိုးတာပဲ...”

ဖှေးတွေးလိုက်မိသည်။ ဖှေးသိရသလောက်ဆိုပါက ရေကန်တိုင်းပြည်သည် ချမ်းဘော့ဒ်တိုင်းပြည်နှင့် ရင်းနှီးသော မဟာမိတ်အဖြစ်တည်ရှိလာသည်မှာ နှစ်ပေါင်း၁၀၀ပင်ကျော်ပြီဖြစ်ပြီး ချမ်းဘော့ဒ်တိုင်းပြည်အား အန္တရာယ်ကြုံလာပါက အကြိမ်ကြိမ်လဲ ကယ်တင်ခဲ့ဖူးသည်။ “ဒီတိုင်းပြည်ကတော့ ငါ့ကို လုပ်ကြံဖို့ လူသတ်သမားလွှတ်မှာမဟုတ်လောက်ဘူး....”

“ကျွန်တော် နားလည်မှုလွဲသွားပုံရတယ်...”

ဖှေးအခြေအနေများ ဤကဲ့သို့ဖြစ်လာမည်ဟူထင်မထားပေ။

ဖှေးသည် သူသေခါနီးဖြစ်အောင်ထိရိုက်ထားသောလူမည်သူဆိုသည်ကိုသာ သိချင်ရုံဖြစ်သည်။ ယခုအခါတွင်မူ သူအလွန်ရှက်ရွံ့နေ၏။

ကံကောင်းထောက်မစွာပင် သူ၏ ယောက္ခမလောင်းမှာ ဆက်ဆံရေးပြေပြစ်သူဖြစ်သည်။

အဖိုးကြီးမှာမျက်နှာပူပုံမရပေ။ အဖွဲ့နှစ်ဖွဲ့လုံးအား တစ်ဖက်နှင့်တစ်ဖက်နားလည်မှုရစေရန်ရှင်းပြပြီး မိတ်ဆက်ပေးလိုက်၏။ ဝတ်ကောင်းစားလှများဝတ်ဆင်ထားသော ရုပ်ရည်သန့်သန့်ပြန့်ပြန့်နှင့် ကောင်လေးမှာ ရေကန်တိုင်းပြည်၏ တတိယမင်းသား မိုဒရစ်ပင်။

ဘတ်စ်၏ရှင်းပြမှုကြောင့် အဆောက်ဦးအတွင်းရှိ အ​ခြေအနေမှာ ပုံမှပြန်ဖြစ်သွားပြီဖြစ်သည်။ အစောင့်စစ်သည်များလည်း ချွေးများပြန်လျှက် အဆောက်ဦးအတွင်းမှ ပြန်လည်ထွက်ခွာသွားကြသည်။

ပါတီပွဲကို ဆက်လက်ကျင်းပ၏။

သို့သော် လူတိုင်းမှာဖှေးအား ထူးဆန်းသောအမူအယာများဖြင့် ငေးကြည့်လျှက်ရှိကြသည်။ ပါတီပွဲအတွင်းသို့ ရိုင်းစိုင်းစွာရောက်ရှိလာသည့်လူမှာဘုရင်အလတ်ဇန္ဒားဖြစ်သည့်အတွက် အလွန်အံ့သြနေကြပုံရသည်။

“အလတ်ဇန္ဒားက သုံးနှစ်ကလေးဉာဏ်ရည်ပဲရှိတဲ့ ကျပ်မပြည့်တဲ့လူတစ်ယောက်လို့လူတွေပြောပြောနေကြတာ ကြားဖူးတယ်...သူဘယ်လိုလုပ် ဒီလိုအစွမ်းထက်တဲ့ဆရာတစ်ယောက်ဖြစ်လာတာလဲ...”

ကံကောင်းထောက်မစွာပင် မိုဒရစ်မှာအလွန်ကြင်နာတတ်သည့် မင်းသားတစ်ပါးပင်။ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုမှာအမြဲရှိနေပြီး သူ၏အပြောအဆိုအယူအရာတို့မှာ တော်ဝန်မျိုးနွယ်အစစ်မှန်ကဲ့သို့ပင်။ သူပုန်တစ်ယောက်ကဲ့သို့သော ဖှေး၏အမူအယာများနှင့် တစ်ခြားစီပင်။

ပါတီပွဲမှာ တဖြည်းဖြည်းပို၍ စည်ကားစပြုလာသည်။

ဖှေးလည်း သူ၏ရှက်ရွံ့နေမှုတို့ကို သည်းခံပြီး ဘတ်စ်နှင့် မင်းသားမိုဒရစ်တို့အား ဖြစ်ကြောင်းကုန်စင်ကိုပြောပြလိုက်သည်။

“ဟမ်...ကျွန်တော်ဒီလူကိုသိတယ်....”

မင်းသား မိုဒရစ်မှာ ဖှေးဖမ်းဆီးလာသည့် ဒဏ်ရာများဖြင့် လူအား အသေအချာကြည့်ပြီးပြောလိုက်သည်။”ဒီလူက ဟားရှ်ဇန်းပဲ....သရေ့စ်တိုင်းပြည်က မင်းသားအိုဘီနာရဲ့ သက်တော်စောင့်တစ်ယောက်ပဲ။ သရေ့စ်တိုင်းပြည်မှာ နည်းနည်းပဲရှိတဲ့ ကြယ်လေးလုံးစစ်သည်တွေထဲကတစ်ယောက်ပေါ့....”

All Chapters