← Chapters

အခန်း (၁၁၅)

Vol. 8 Ch. 115

အခန်း (၁၁၅)

Vol. 8 Ch. 115

“သရေ့စ်တိုင်းပြည်က ဟုတ်လား...”

ဖှေး စိတ်လှုပ်ရှားသွားသည်။ ကြီးမားသည့်အထင်အမြင်လွဲမှုနှင့်အတူ သဲလွန်စမှာပျောက်ကွယ်သွားပြီဟု သူထင်ထားသောကြောင့်ပင်။ သူလျှင်မြန်စွာပင် သေချာအောင်မေးလိုက်သည်။ “အဲ့တာသူဆိုတာ သေချာရဲ့လား မင်းသားမိုဒရစ်...”

“ကျွန်တော်မှားမယ်တော့မထင်ဘူး...ဘာလို့လဲဆိုတော့ သူက အနည်းငယ်သာရှိတဲ့ သရေ့စ်တိုင်းပြည်က ဆရာတွေထဲကတစ်ယောက်ပဲ...သူ့အလုပ်က [သိမ်းငှက်ငါးကောင်]ထဲက တစ်ယောက်ဖြစ်တဲ့ မင်းသား အိုဘီနာကို ကာကွယ်ဖို့လို့ ကျွန်တော်သိရတယ်...ဘုရင်အလတ်ဇန္ဒား သူက ပြီးခဲ့တဲ့တိုက်ပွဲမှာတုန်းက မြေစွမ်းအင်အတွင်းအားကို အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်ဆိုရင်တော့လုံးဝမမှားနိုင်ဘူး သူမှသူပဲ...” မင်းသားမိုဒရစ်မှာ သူ၏ရွှေဝိုင်ခွက်ကိုကိုင်လျှက် ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေလိုက်၏။

“ဟားဟား ဟုတ်တယ် ဒီကောင်က မြေစွမ်းအင်အသုံးပြုတဲ့စစ်သည်ပဲ...ကောင်းတယ်..ဟားဟား...”

ဖှေး အလွန်ပျော်ရွှင်သွားသည်။ သူ ဟားရှ်ဇန်းထံသို့ လမ်းလျှောက်သွားပြီး လည်ပင်းမှဆွဲထူခါပါးအားသုံးချက်ခန့်ရိုက်လိုက်သည်။ ဟားရှ်ဇန်း၏ ပါးစပ်မှသွေးများပန်းထွက်လာသည်။ နာကျင်မှုအောင် သတိလစ်နေသော ဟားရှ်ဇန်းမှာနိုးလာခဲ့သည်။ သူလှုပ်ရှားရန်ကြိုးစားကြည့်သောလည်း ခြေလက်များမှနာကျဥ်မှုများကြောင့် မလှုပ်နိုင်တော့ချေ။ အစောင့်များမှာ ဖှေး၏အမိန့်အရ ဟားရှ်ဇန်း၏ ခြေလက်များကိုရိုက်ချိုးထားပြီး သံကြိုးများဖြင့် တင်းကြပ်စွာတုပ်နှောင်ထားသည်။

“ဒါဆို မင်းကိုပို့လိုက်တာ အိုဘီနာပေါ့ဟုတ်လား...”

ဖှေး ဟားရှ်ဇန်းကို လည်ပင်းမှကိုင်ပြီး ကြမ်းကြမ်းတန်းတန်းမေးလိုက်သည်။

ဟားရှ်ဇန်းမှာ သူ၏မျက်လုံးများကို ဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်သည်။ ယခုအချိန်တွင် သူသည် သူ၏အခြေအနေကိုကောင်းစွာနားလည်နေပြီဖြစ်သည်။ သူသည်ပြင်းပြင်းထန်ထန်ဒဏ်ရာရနေရုံသာမက သူ့အားတုပ်နှောင်ထားသော သံကြိုးများမှာ အဆင့်မြင့်စစ်သည်များ မှော်ဆရာများကို ချုပ်နှောင်ရန်အတွက် အထူးပြုလုပ်ထားသည့် သံကြိုးများလည်းဖြစ်သည်။ ထို့ကြောင့် ဟားရှ်ဇန်း၏ အစွမ်းအကုန်သုံးနိုင်လျှင်ပင်လျှင် လွတ်မြောက်ရန်မလွယ်ကူချေ။ ထို့အပြင် သူ့အား ဤအခြေအနေရောက်အောင် ရိုက်နှက်ခဲ့သည့် ဖှေးမှာလည်းဘေးတွင်ရှိနေသောကြောင့် လွတ်မြောက်ရန်မှာ လုံးဝပင်မဖြစ်တိုင်တော့ချေ။

သူဖှေးအား တစ်ချက်စိုက်ကြည့်လိုက်ပြီး တစ်ဖက်သို့လှည့်ကာဘာမှပြန်မပြောချေ။

“ဒီကောင် သေခါနီးဖြစ်နေတာတောင် မာနမလျှော့သေးပါလား...”ဖှေးတွေးလိုက်မိသည်။

သို့သော် ဖှေး၏ အပြုမူများမှာ ရပ်တံ့မသွားချေ။ ဟားရှ်ဇန်း၏ မျက်နှာအား နှစ်ချက်ထက်မံရိုက်နှက်လိုက်သည်။

အဝေးမှကြည့်ပါက ဟားရှ်ဇန်း၏မျက်နှာပေါ်တွင် ပေါင်မုန့်နှစ်ခြမ်းကပ်ထားသကဲ့သို့ပင်။ သူ၏ နှုတ်ခမ်းများမှာ ဖူးယောင်နေပြီး သွားများလည်းတစ်ချောင်းမှမရှိတော့ပေ။ သူ၏နှုတ်ခေါင်းရိုးပင်ကြိုးကြေနေသောကြောင့် အသက်ကောင်းမွန်စွာရှူမရချေ။

ပါတီပွဲအတွင်းမှလူများလည်း ဤမြင်ကွင်းကြောင့် စိတ်မသက်မသာဖြစ်နေကြသည်။ “ဘုရား ဘုရား ဒီချမ်းဘော့ဒ်တိုင်းပြည်ရဲ့ဘုရင်က အတော်ကြမ်းတမ်းကာလား...လက်နဲ့ရိုက်တာကလဲ တူနဲ့ထုနေသလိုပါပဲလား...သူမှာခွန်အားတွေက ဘယ်လောက်တောင်ရှိတာလဲ....”

လူများ အခြင်းခြင်းတီတိုးပြောဆိုနေကြသည်။

“ဝုတ် ဝုတ် ဝုတ်”

မဟူရာမုန်တိုင်းမှာ ရွှင်မြူးနေသည်။ ဝက်ကင်တစ်ကောင်အားစားသောက်နေခြင်းကို ရပ်တံ့လိုက်ပြီး သူ၏မျက်နှာတွင် ကြမ်းတမ်းသောအမူအယာဖြင့် ခေါင်းထောင်ကာဟောင်လိုက်သည်။ သို့သော် ဘတ်စ်မှ စိုက်ကြည့်လိုက်ပြီးနောက်တွင် ခွေးကြီးမှာ ငြိမ်ကျသွားပြီး ဝက်ကင်ကိုသာ ပြန်လည်ကိုက်စားနေတော့သည်။

ဤအရာကိုမြင်ပြီးနောက်တွင် ရေကန်တိုင်းပြည်မှ လူများသည် “ဒီလိုကြမ်းတမ်းတဲ့ခွေးနဲ့ ဒီလိုကြမ်းတမ်းတဲ့ဘုရင်နဲ့ တော်တော်လိုက်ဖက်ပါပေတယ်”ဟု တွေးလိုက်မိကြသည်။

တစ်ဖက်တွင်လည်း ဖှေးသည်ဟားရှ်ဇန်းအား​ မြေပေါ်သို့ ပြန်လည်ပစ်ချလိုက်ပြီး အတန်ကြာစဥ်းစားပြီးနောက်တွင် မေးလိုက်၏။ “ဦးလေးဘတ်စ် ဒီသရေ့စ်တိုင်းပြည်ကလူတွေ ဘယ်မှာနေနေကြလဲဆိုတာကို ဦးလေးသိလား...”

“အရှင်..သွားပြီးတော့....” ဘတ်စ်ဖှေး၏အကြံစည်အား ချက်ချင်းပင်ရိပ်မိလိုက်သည်။ ဘတ်စ်အနည်းငယ် စဥ်းစားကာအကြံပေးလိုက်သည်။ “အရှင်မင်းကြီး ကမူးရှူးထိုးမလုပ်ပါသေးနဲ့ဦး..ကျွန်တော်တ်ို့ဘာတွေဖြစ်နေတယ်ဆိုတာကို သိပ်မသေချာသေးဘူးလေ...နားလည်မှုလွဲတာတွေဖြစ်လာမယ်ဆိုရင် တိုင်းပြည်တွေကြားမှာ တင်းမှာကုန်လိမ့်မယ်...”

ဖှေး ပြုံးကာ သူ၏ခေါင်းကိုခါရမ်းလိုက်သည်။ “ကျွန်တော် ကမူးရှူးထိုးလုပ်နေတာမဟုတ်ပါဘူး...ဒီသရေ့စ်တိုင်းပြည်က ချမ်းဘော့ဒ်တိုင်းပြည်နဲ့ရန်ဘက်ဖြစ်တဲ့ မဟူရာတိုင်းပြည်ကို အမြဲ အထောက်ပံ့ပေးနေတဲ့တိုင်းပြည်မလား...ဒီကောင်တွေက ငါ့ရဲ့ထီးနန်းတက်ပွဲကိုဂုဏ်ပြုဖို့လာတာမဟုတ်ဘူးဆိုတာသေချာတယ်...ဒါက အဲ့သောက်မင်းသား အိုဘီနာကိုဖမ်းဖို့အခွင့်ရေးပဲလေ...တကယ်လို့နားလည်မှုလွဲတာတွေရှိမယ်ဆိုရင်လဲ သူတို့တိုင်းပြည်ရဲ့ ဘုရင်ကိုယ်တိုင်လာစကားပြောရလိမ့်မယ်...”

ဤအပြုမူကြောင့် ပါတီပွဲအတွင်းမှလူများ ထက်မံ၍ ထိတ်လန့်အံ့သြကုန်ကြသည်။

ဘတ်စ်တစ်ယောက် ခနတာစဥ်းစားပြီး နောက်ဆုံးတွင် ခေါင်းငြိမ့်ကာပြောလိုက်သည်။ “ကျွန်တော်တို့ လမ်းပါ့ဒ် နဲ့ဘရွတ်ကိုအရင် အသိမပေးသင့်ဘူးလား...အရှင်တစ်ယောက်ထဲသွားမယ်ဆိုရင်...”

“ကျွန်တော်တစ်ယောက်ထဲလဲ အဆင်ပြေပါတယ်...”

ဖှေးပြောပြီးနောက်တွင် အမဲရောင်ခွေးကြီးအား လက်ဝှေ့ရမ်းပြလိုက်သည်။ ဝက်သားကင်အား စားသောက်နေဆသာခွေးကြီးမှာ ချက်ချင်းပင် ဖှေး၏ဘေးနားသို့ပြေးလာတော့သည်။

ဤနေရောတွင် ဖှေးမသိသေးသည့်လူများစွာရှိနေသောကြောင့် ဘတ်စ်အား အသေးစိတ်အချက်လက်များပြောမပြသေးချေ။ သို့သော်လက်ရှိအခြေအနေများအရ သရေ့စ်တိုင်းပြည်မှာ တရားခံဖြစ်သည်မှာ သေချာသလောက်ပင်။ သူမင်းသား အိုဘီနာကိုဖမ်းလိုက်နိုင်ပါက တခြားသတင်းများပင်ရရှိနိုင်သေးသည်။ ထို့​ကြောင့် ဖှေးဤကဲ့သို့အခွင့်ရေးကို လက်လွှတ်ခံမည်မဟုတ်ပေ။

“ဘုရင်အလတ်ဇန္ဒား ခနနေပါဦး...” မင်းသားမိုဒရစ်မှာ ရုတ်တရက်ပြောလိုက်သည်။ “ခင်ဗျားစိတ်မရှိဘူးဆိုရင် ကျွန်တော်လည်း ရေကန်တိုင်းပြည်က စစ်သည်တွေကိုခေါ်ယူလာပြီး လိုက်ပါအကူညီပေးချင်ပါတယ်..”

“အား..အဲ့လိုဆိုရင်တော့ အတော်အဆင်ပြေမှာပဲ...ကျေးဇူးတင်ပါတယ်...”

ဖှေး ပျော်ရွှင်သွားပြီး ချက်ချင်းပင် ကျေးဇူးကြောင်းပြောလိုက်သည်။

သူ၏ မူလအကြံစည်မှာ မင်းသားအိုဘီနာအပါအဝင် သရေ့စ်တိုင်းပြည်မှ ပို့လွှတ်လိုက်သည့် အရေးကြီးပုဂ္ဂိုလ်များကိုသာ ဖမ်းဆီးရန်ဖြစ်သည်။ သို့သော် ထိုတိုင်းပြည်မှ သာမန်စစ်သည်များမှာ လွှတ်မြောက်ကုန်ကြမည်ဖြစ်သည်။ အကယ်၍ မင်းသားမိုဒရစ်သည် နေရာတစ်ခုလုံးက်ုစစ်သည်များဖြင့် ဝိုင်းပိတ်ဆို့ပေးထားပါက သရေ့တိုင်းပြည်မှလူအားလုံးက်ု လက်ရဖမ်းဆီးနိုင်မည်ဖြစ်သည်။

မင်းသား မိုဒရစ်မှာ ချမ်းဘော့ဒ်တိုင်းပြည်၏ မိတ်ဆွေအစစ်မှန်တစ်ယောက်ဖြစ်ပုံရ၏။

မိနစ်အနည်းငယ် ကြားပြီးနောက်တွင် ဖှေးနှင့်မိုဒရစ်တို့မှာ အမှောင်ရိပ်ကိုအသုံးချပြီး သရေ့တိုင်းပြည်မှလူများတည်းခိုနေသည့် အဆောက်အုံအား စစ်သည်များစွာ​ဖြင့် ဝိုင်းရံလိုက်ကြသည်။ ဤအဆောက်ဦးသည် ချမ်းဘော့ဒ်တိုင်းပြည်၏လူပြတ်သောနေရာတွင်တည်ရှိသည်ဖြစ်ပြီး တစ်ခြားအဆောက်ဦးနေရာများဖြင့် ဆက်ဆက်နေခြင်းမရှိချေ။ အဆောက်ဦး၏ သစ်သားဂိတ်တံကားမှာ ပိတ်ထားလျှက်ရှိပြီး တံခါးဝတွင် ချိတ်ဆွဲထားသော မီးအိမ်နှစ်ခါမှာ လေနဲ့အတူ ယိမ်းလျှက်ရှိကြသည်။ နေရာတစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်လျှက်ရှိ၏။

မိုဒရစ်သည် သူ၏စစ်သည်များကို အဆောက်ဦး၏ ထွက်ပေါက်များအားလုံးကို ပိတ်ဆို့ထားရန်အမိန့်ပေးလိုက်သည်။ သူနှင့် သူ့ကိုယ်ရံတော်များမှာ ပင်မဂိတ်တံခါးတွင် စောင့်ကြပ်လျှက်ရှိကြသည်။ ဤသည်မှာ ချမ်းဘော့ဒ်နှင့် သရေ့စ်တ်ုင်းပြည်တို့ကြားတွင် ဖြစ်ပွားသည့်ကိစ္စဖြစ်သောကြောင့် ရေကန်တိုင်းပြည်၏ ပေးနိုင်သည့်အကူညီမှာ ဤမျှလောက်သာဖြစ်သည်။ ဖှေးနှင့်အတူလိုက်ပါ၍ အဆောက်ဦးအတွင်းသို့ဝင်ကာ မတိုက်ခိုက်တော့ချေ။

All Chapters