← Chapters

အခန်း (၁၁၆)

Vol. 8 Ch. 116

အခန်း (၁၁၆)

Vol. 8 Ch. 116

ဖှေးနှင့် မဟူရာမုန်တိုင်းတို့သည့် သစ်သားဂိတ်တံခါးအနီးသို့တဖြည်းဖြည်း တိတ်ဆိတ်စွာချည်းကပ်လာကြသည်။

လမင်းသည် တိမ်မဲများ၏အနောက်သို့ဝင်ကာ ပုန်းရှောင်သွားပြီဖြစ်ပြီး အေးစိမ့်သောလေညင်းတစ်ခုသည် မြေပေါ်ရှိ သစ်ရွက်​​​ခြောက်များကို လွှင့်စင်အောင် တိုက်ခတ်လျှက်ရှိသည်။ သေခြင်းတရားသည် အမှောင်ထဲတွင် ပုန်းကွယ်နေသကဲ့သို့ပင်။

ဤတိတ်ဆိတ်ငြိမ်သက်နေမှုသည် အချိန်မရွေးပင် ပရမ်းပတာဆန်ပြီး သေစေနိုင်သောတိုက်ပွဲအဖြစ်သို့ လျှင်မြန်စွာပြောင်းလဲသွားနိုင်သည်။

ဖှေးသည် အဆောက်ဦးနှင့် တစ်စတစ်စပို၍နီးကပ်လာသည်။

“သေစမ်း မဟုတ်တော့ဘူးဟ...”

ပင်မဂိတ်တံခါးနှင့် ၄ကိုက်ခန့်သို့ရောက်ရှိသည့်အချိန်တွင် ဖှေး၏ မျက်နှာအရောင်မှာရုတ်တရက်ပြောင်းလဲသွားတော့သည်။ ရုတ်တရက် ထူထပ်သည့်သွေးနှံ့တစ်ခုကိုရရှိလိုက်သောကြောင့်ပင်။ အနံမှာ အပူတစ်ချို့က်ိုပါသယ်ဆောင်လာပုံရ၏။ ဖှေးတစ်စုံတစ်ခုကို တွေးလိုက်မိပြီး ကြီးမားသည့်သစ်သားဂိတ်တံကားကို ကန်ဖွင့်ကာ အမြန်ပြေးဝင်သွား၏။

ဖုန်း....

ပေါင်၅၀၀ခန့်ရှိသော သစ်သားဂိတ်တံခါးမှာ လွှင့်ထွက်သွားပြီး ဖှေးနှင့် ခွေးနက်ကြီးတို့ဝင်ရောက်လာကြသည်။

အထဲတွင် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ဖှေးထိတ်လန့်သွား၏။ ခွေးနက်ကြီးလဲထိတ်လန့်ကာ ကြက်သေသေသွားသည်။

“ဘာတွေဖြစ်ကုန်တာလဲ...”

အဆောက်ဦးထဲမှမြင်ကွင်းမှာ ဖှေးစိတ်ကူးထဲတွင်ပင် မတွေးဖူးပေ။ ဂိတ်တံခါးအနောက်တွင် အလောင်း၃၀ခန့်လဲနေကြပြီး သူတို့အားလုံးမကြာသေးခင်ကမှ သေသွားသည်မှာ ထင်ရှားသည်။ ဒဏ်ရာများမှ သွေးများစီးကျနေဆဲ ဖြစ်ပြီး သွေးများမှာပူနွေးဆဲ ဖြစ်သောကြောင့် ဆောင်းညအောက်တွင်ရေနွေးငွေ့များပျံနေကြသည်။ အ​သေးစိတ်ကြည့်ပြီးနောက်တွင် ထိုသေဆုံးနေသူများမှာ ချမ်းဘော့ဒ်စစ်သည်များမဟုတ်သဖြင့် ဖှေး အနည်းငယ်စိတ်အေးသွားသည်။

သွေးနံ့များမှာ လေထုထဲတွင် ပြန့်နှံ့နေသည်။

အဆောက်ဦးတစ်ခုလုံးမှာတိတ်ဆိတ်နေပြီး ခြောက်ခြားဖွယ်ပင်။ ဖှေးနဲ့ခွေးကြီးသတိဖြင့် အဆောက်ဦးအတွင်းပိုင်းသို့ဆက်သွားကြသည်။ လမ်းတစ်လျှောက်တွင် အသက်ရှင်နေသူလုံးဝမတွေ့ရချေ။ လှေကားပေါ်၊ သစ်ပင်အောက်၊ နံရံထောင့် စသည်တို့တွင် အလောင်းများဖြင့်သာ ပြည့်နှက်နေသည်။ ထိုလူများမှာ အသက်ရှင်လျှက်ရှိစဥ်က သူတို့မရင်ဆိုင်နိုင်သည့် အရာတစ်ခုနှင့် တွေ့လိုက်ရသည်မှာ ထင်ရှားသည်။ အများစုမှာ သူတို့၏လက်နက်များကို ဆွဲထုတ်ရန်ပင်အချိန်မရလိုက်ချေ။ သူတို့၏မျက်နှာပေါ်တွင်ကြောက်မက်ဖွယ်အရာတစ်ခါအားတွေ့လိုက်ရသကဲ့သို့ အမူအယာဖြင့်သေဆုံးလျှက်ရှ်ကြသည်။

ဖှေးအနီးကပ်လေ့လာကြည့်လိုက်သည်။

အလောင်းတစ်ခုခြင်းစီတွင် အရိုးရောက်သည်အထိပင်နက်ရှိုင်းသည့်ဒဏ်ရာလေးခုခန့်ရှိသည်ကိုဖှေးတွေ့ရသည်။ ပိုဆိုကံဆ်ိုးသောလူများမှာ သူတို့၏ခန္ဓာကိုယ်အစိတ်ပိုင်းများ ပြုတ်ထွက်သည်အထိပိုင်းဖြတ်ထားခြင်းခံရသည်။ မြင်ကွင်းမှာ သည်းထိတ်ရင်ဖိုရုပ်ရှင်ကားထဲမှ ငရဲခန်းတစ်ခုကဲ့သို့ပင်။

ဖှေးနှင့် ခွေးနက်ကြီးတို့မှာ နောက်ဆုံးဟောခန်းအတွင်းသို့ အမြန်ပြေးဝင်လာကြသည်။ ဤအခန်းမှာ မင်းသား အိုဘီနာနေထိုင်သည့် အခန်းဖြစ်သည်။ ဤအခန်းသည်လည်း အလောင်းများဖြင့်ပြည့်နှက်နေသည်။ သို့သော်ဤနေရာတွင်မူတိုက်ခိုက်မှု အကျွင်းကျန်များကို ဖှေးတွေ့ရှိလိုက်ရသည်။ လူသတ်သမားမှာ မီးစွမ်းအင်သုံးစစ်သည် သို့မဟုတ် မှော်ဆရာတစ်ယောက်ဖြစ်ပုံရသည်။ မီးလောင်ကျွမ်းရာများကိုတွေ့နေရသည်။ တစ်ချို့အလောင်များဆိုလျှင် ပြာဖြစ်သည်အထိလောင်ကျွမ်းခြင်းခံထားရသည်။ ဤအခန်းထဲရှိ အနံ့သက်သည် သွေးနှင့် အသားတူးသည့်အနံ့များဖြင့် ရောထွေးနေလျှက်ရှိသည်။ ဖှေး အသေးစိတ်သေချာလိုက်လံကြည့်ရှုသည်။

ဖှေး၏မျက်လုံးများသည်ခန်းမဆောင်တစ်နေရာတွင်လဲလျောင်းနေသော အလောင်းတစ်ခုထံသို့ကျရောက်သွားသည်။

ထိုအလောင်းသည် တောက်ပနေသော ချပ်ဝတ်တစ်ခုကိုဝတ်ဆင်ထားသည်။ မှော်စွမ်းအင်များဖြင့်ပြည့်နှက်နေပြီး စျေးကြီးသည့် ပစ္စည်းတစ်ခုဖြစ်သည်မှာ အထင်ရှားပင်။ အလောင်းမှာ ဆံပင်ရွှေရောင်နှင့်ဖြစ်ပြီး ရုပ်ရည်မှာ အသက်ရှင်နေပါက ခန့်ညားသည်ဟုပြောနိုင်၏။ ကျောက်မြတ်ရတနာများ စီချယ်ထားသည့်ရွှေရောင်သရဖူတစ်ခုကိုလည်း ဝတ်ဆင်ထားသည်။ သူ၏ကြောက်လန့်နေသော အမူအယာမှာသူမသေခင်က ဖြစ်ပျက်နေသည်များကို မယုံနိုင်သည့််ဟန်ပင်။ သူ၏လည်ပင်းမှာ ချွန်ထက်သောအရာတစ်ခုဖြင့်လှီးဖြတ်ခံထားရပုံရ၏။

ဤအဆောက်ဦးနှင့် ခြံဝန်းထဲတွင် မည်သူမျှ အသက်ရှင်မကျန်ခဲ့ပေ။ သရေ့စ်တိုင်းပြည်မှ သံတမန်အဖွဲ့တစ်ခုလုံးနှင့် သရေ့တိုင်းပြည်မှ စစ်သည်၂၀၀ ကျော်မှာ အမည်မသိရန်သူတစ်ယောက်၏ သတ်ဖြတ်ခြင်းကိုခံလိုက်ရပုံရ၏။ အနည်းငယ်မျှပင်ပြန်လည် ခုခံနိုင်လိုက်ပုံမရချေ။ ညလေထုသည်ဖှေးအား အရိုးထိအောင်ပင်အေးစိမ့်နေစေသည်။

ခန္ဓာကိုယ်အပူချိန်အရ တိုက်ပွဲမှာ လွန်ခဲ့သည့်၁၀မိနစ်ခန့်က ဖြစ်ပွားခဲ့ပုံရသည်။ ဤအချက်ကြောင့် ဖှေးပိုပြီး အံဩမိသည်။ သရေ့စ်တိုင်းပြည်မှ သံတမန်အဖွဲ့နေထိုင်ရာနေရာနှင့် ရေကန်တိုင်းပြည်မှ သံတမန်အဖွဲ့နေထိုင်ရာနေရာတို့မှာ ၃မိုင်ခန့်သာ ကွာဝေးသည်။ သူ မိုဒရစ်နှင့် ဘတ်စ်တို့နှင့် အတူရှိနေချိန်တွင် သိပ်မဝေးသောနေရာတွင် လူ၂၀၀ ကျော်ခန့်အသတ်ခံလိုက်ရသည်ဟူသည့် အဓိပ္ပာယ်ပင်။ သရေ့စ်တိုင်းပြည်တွင်လည်း ကြယ်အဆင့်စစ်သည်အနည်းငယ်ရှိသည်ဖြစ်သော်လည်း ဖှေး တစ်စုံတစ်ရာမျှ အာရုံမရလိုက်ချေ။ ပုံမှန်အတိုင်းဆိုပါက ဖှေးတိုက်ပွဲမှ စွမ်းအင်များကို အာရုံခံမိမည်ဖြစ်သည်။

ဤသည်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။

မည်မျှအဆင့်ရှိ စစ်သည်သို့မဟုတ် မှော်ဆရာမျိုးက ဤကဲ့သို့ပြုလုပ်နိုင်ပါမည်နည်း။

ထို့အပြင် မည်သည့်အတွက် တိုက်ခိုက်သူသည် သရေ့စ်တိုင်းပြည်မှ မင်းသားအား သတ်ဖြတ်ခဲ့ပါသနည်း။

အခြေအနေမှာ ပို၍ရှုပ်ထွေးလာသည်ဟု ဖှေးခံစားမိနေသည်။

ယခင်က ဟားရှ်ဇန်းလုပ်ကြံမှုကိစ္စအား ဖြေရှင်းပြီးနောက်တွင် အရာအားလုံး၏ အရင်းမြစ်ကို သိရှိရတော့မည်ဟု ထင်ခဲ့သော်လည်း ယခုအခါတွင် အမှန်တရားမှ ပို၍ဝေးကွားလာသကဲ့သို့ပင် ခံစားလိုက်ရသည်။

ဖှေးရုတ်တရက် သူ၏အနောက်မှ ခြေသံများကို ကြားလိုက်ရသည်။

“အရှင်မင်းကြီး...ဒါတွေက...”

ဘတ်စ်နှင့် မင်းသားမိုဒရစ်တို့ရောက်ရှိလာခြင်းဖြစ်သည်။ အပြင်တွင် အချိန်အတန်ကြာစောင့်ပြီးတွင် တိုက်ခိုက်သည့်အသံများကိုလည်းမကြားရ ဖှေး၏အသံကိုလည်းမကြားရသောကြောင့် စိတ်ပူကာ လိုက်ပါဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ မြေပြင်ပေါ်ရှိအလောင်းများကိုတွေ့သောအခါ သူတို့လဲ အခြေအနေမှာ လွဲမှားနေမှန်းသိလိုက်ရ၏။

“ဒီလူတွေကို သတ်တာငါမဟုတ်ဘူး....ငါစဝင်လာကတည်းက သူတို့တွေက သေပြီးနေပြီ...”

ဖှေးမျက်မှောင်ကြုံ့ကာ သူကြုံရသည့်အရာများကိုပြောပြလိုက်သည်။ ဘတ်စ်နှင့် မိုဒရစ်တို့နှစ်ဦးလုံးထိတ်လန့်သွားကြသည်။ မှော်ချပ်ဝတ်နှင့် အလောင်းအား အသေချာစစ်ဆေးကြည့်ပြီးနောက်တွင် မိုဒရစ်အော်လိုက်သည်။”ဒါက...သရေ့စ်တိုင်းပြည်ရဲ့မင်းသား အိုဘီနာပဲ....အိုဘီနာက[သိမ်းငှက်ငါးကောင်]အဖွဲ့ထဲကတစ်ယောက်ဖြစ်ပြီး ကြယ်လေးလုံးအဆင့်အစွမ်းရှိတယ်...ဘယ်လိုလူမျိုးကများ တစ်ချက်ထဲနဲ့သူ့လည်ပင်းကို ပိုင်းသွားတာလဲ...”

ဖှေး သူ၏ခေါင်းကိုခါရမ်းလိုက်သည်။

အမဲရောင်ခွေးကြီးမှာလဲ သဲလွန်စရလို့ရငြား ခန်းမဆောင်ထဲတွင် အနံ့လိုက်ခံကြည့်နေသည်။

“ကြယ်၆လုံးအဆင့်ရှိတဲ့ဆရာတွေပဲ ဒါမျိုးလုပ်နိုင်လိမ့်မယ်...နောက်ပြီး တစ်ယောက်ထဲတော့မဖြစ်နိုင်ဘူး...ဒါမှမဟုတ်ဘူးဆ်ုရင် ဒီလောက်များထဲလူတွေကို ဒီလောက်မြန်မြန်သတ်နိုင်မှာမဟုတ်ဘူး....”

မိုဒရသ်သူ၏ရှာဖွေတွေ့ရှိမှုကြောင့် သူကိုယ်တိုင်ထိတ်လန့်သွားသည်။

“အရှင်မင်းကြီး ကျွန်တော်တို့ဒါကိုဘယ်လိုကိုင်တွယ်ကြမလဲ...”

ဘတ်စ်မှာတည်ငြိမ်နေသည့် ပုံပေါက်သည်။ သို့သော်သူသည် ဝန်ကြီးချုပ်တစ်ယောက်ဖြစ်သည်။ စစ်သည်တစ်ဦးမဟုတ်ပေ။ ထို့ကြောင့် ဤကဲ့သို့သွေးထွက်သံယိုမြင်ကွင်းများနှင့် အသားမကျသေးပေ။ သူ၏မျက်နှာမှာဖြူဖက်ဖြူလျှော်ဖြစ်နေပြီး မအန်မိအောင်မနည်းထိန်းချုပ်ထားရ၏။

“လူတွေအားလုံးကို ဒီအဆောက်ဦးကနေ ထွက်သွားခိုင်းလိုက်ကြ...ဒီနေရာကို ချိတ်ပိတ်ဖို့အတွက် ဘရွတ်ကို စစ်သည်တွေလွှတ်ခိုင်းလိုက်...ယာယီအနေနဲ့ ဒီမှာဖြစ်ခဲ့တာတွေကို ဘယ်သူ့ကိုမှ အသိမပေးနဲ့ဦး...”ဖှေးပြောလိုက်သည်။ ဤသည်မှာ လက်ရှိအခြေအနေအရ ဖှေးလုပ်နိုင်သည့် တစ်ခုတည်းသောအရာပင်။

အခြေအနေမှာ ပို၍ပင်ရှုပ်ထွေးလာသည်။ ကြီးမားကြမ်းကြုတ်သည့် ကြံစည်မှုကြီးတစ်ခုတွင် ချမ်းဘော့ဒ်တိုင်းပြည် ပါဝင်ပတ်သက်နေသည်မှာ အထင်အရှားပင်။ ဤသတ်ဖြတ်မှုကို အမှန်တကယ်ပင် ကြယ်၆လုံးအဆင့်စစ်သည်များက ပြုလုပ်ခဲ့ပါက သူတို့ထဲမှတစ်ယောက်သည် ချမ်းဘော့ဒ်တိုင်းပြည်အား အလွယ်တကူပင် ဖျက်ဆီးပစ်နိုင်သည်။

All Chapters