← Chapters

အခန်း (၁၁၇)

Vol. 8 Ch. 117

အခန်း (၁၁၇)

Vol. 8 Ch. 117

သရေ့စ်တိုင်းပြည်မှ လူများတည်းခိုခဲ့သည့် အဆောက်ဦးကို ဘရွတ်နှင့် စစ်သည်များရောက်ရှိလာကြပြီး လျှင်မြန်စွာပင် ချိတ်ပိတ်လိုက်ကြသည်။

ဖှေး မှုခင်းဆရာဝန်တစ်ချို့ကိုလဲ အခင်းဖြစ်ပွားထဲ့သည့်နေရာအား စုံစမ်းရန်အမိန့်ပေးလိုက်သည်။ သူမမြင်လိုက်ရသည့် သဲလွန်စတစ်ခုအားတွေ့ရန်မျှော်လင့်နေ၏။ ဤအလောင်းများကို မကြာမှီအချိန်တွင် မီးသဂြိုလ်ရမည်ဖြစ်သည်။ သို့မဟုတ်ပါက ပုပ်ပွလာပြီး ကူးစက်ရောဂါများ ဖြစ်ပွားလာနိုင်သောကြောင့်ပင်။

ဖှေးအား ကူညီပေးခဲ့သည့် ရေကန်တိုင်းပြည်မှ စစ်သည်များကိုလည်း ဤကိစ္စနှင့်ပတ်သက်ပြီး နှုတ်ပိတ်နေကြရန် မင်းသားမိုဒရစ်က အမိန့်ပေးထားသည်။ သို့သော်ဖြစ်ပွားခဲ့သည့်ကိစ္စမှာကြီးမားသောကြောင့် ကြာကြာဖုံးကွယ်နိုင်မည်မဟုတ်ချေ။

ဖှေး ဘတ်စ်နှင့် မင်းသားမိုဒရစ်တို့ ရေကန်တိုင်းပြည်၏တည်းခိုဆောင်သို့ပြန်လာသည့်အချိန်တွင်ဦးအတွင်းမှ ရေကန်တိုင်းပြည်မှ စစ်သည်တစ်ချို့ပြေးထွက်လာပြီး”အရှင့်သား...ဘုရင်အလတ်ဇန္ဒား....ဟားရှ်ဇန်းလို့ခေါ်တဲ့ အကျဥ်းသား..သူသေသွားပြီ...”

သတင်းကြောင့်သူတို့အားလုံး ထိတ်လန့်အံ့သြကုန်ကြသည်။

“သေပြီ...ဟုတ်လား...ဘယ်လိုသေသွားတာတုန်း...”ဖှေး စိတ်ဆိုးစွာမေးလိုက်သည်။

သရေ့စ်တိုင်းပြည်မှ သံတမန်အဖွဲ့တစ်ခုလုံးနအသက်ခံရပြီးနောက်တွင် ဖှေးတွင်ကျန်ရှိနေသည့် တစ်ခုထဲသော သဲလွန်စမှာမြေစွမ်းအင်သုံးစစ်သည်သာကျန်တော့သည်။ ထို့ကြောင့် ဖှေးပြန်ရောက်ရောက်ခြင်း ဟားရှ်ဇန်းအား စစ်ဆေးရန်ကြံစည်နေခဲ့ခြင်းဖြစ်သည်။ သို့သော် တစ်ခုတည်းကျန်ရှိနေသည့်သဲလွန်စမှာ ဤကဲ့သို့အသုံးသက်သွားလိမ့်မည်ဟု ​မည်သူမျှထင်မထားပေ။

“ကိုယ့်ကိုယ်ကို သတ်သေသွားတာပါ။ သူ့ပါးစပ်ထဲမှာ ဝှက်ထားတဲ့ အဆိပ်ဆေးလုံးတစ်ခုရှိတယ်...အရှင်တို့လဲ ထွက်သွားရော သူအဲ့တာကို ဝါးစားလိုက်ပြီးတော့ ကိုယ့်ကိုယ်ကိုသက်သေသွားတာပဲ...”

စစ်သည်မှာရှင်းပြသည်။

ဖှေး ဟောခန်းအတွင်းသို့သာ လမ်းလျှောက်ပြီးဝင်လာခဲ့သည်။ သူ့ကြောင့် ပြင်းထန်စွာဒဏ်ရာရရှိနေသော ဟားရှ်ဇန်းမှာ ယခုအခါတွင် သေဆုံးနေပြီးဖြစ်သည်။ အဆိပ်ကြောင့် သူ၏နှုတ်ခမ်းတွင် အဖြူရောင်အမြုပ်များစီးကျနေသည်။ သူ၏ အမူအယာမှာ တောင့်တင်းကာ ကြောက်မက်ဖွယ်ပင်။ သူ၏ ဦးခေါင်းပေါ်မှအရေပြားသည် အမဲရောင်အဖြစ်သို့ပြောင်းလဲသွားပြီဖြစ်ပြီး သူ၏ နှုတ်ခမ်းနှင့် လည်ပင်းတို့မှာလည်း ခရမ်းရောင်ပြောင်းနေသည်။ ဤအချက်များမှာ ဟားရှ်ဇန်းသည်သေစေနိုင်သည့်အဆိပ်တစ်ခုကြောင့်သေဆုံးသွားသည်မှာ သေချာ၏။

“လီးပဲကွာ နောက်ဆုံးသဲလွန်စတော့ သွားပါပြီ....”

မမြင်နိုင်သောလက်ကြီးတစ်ခုသည် နောက်ကွယ်မှအရာအားလုံးကို ထိန်းချုပ်နေသည်ဟုပင် ဖှေးခံစားမိသည်။ ဖြစ်ပျက်နေသော အရာများအားလုံးကို မြင်နိုင်သောလည်း သဲလွန်စတစ်စုံတစ်ခုမျှ မကျန်ခဲ့ပေ။

သေဆုံးနေသော ဟားရှ်ဇန်း၏ မျက်နှာကို ငေးကြည့်နေရင်း ဖှေးတစ်စုံတစ်ခုကိုတွေးလိုက်မိသည်။ သူ၏ လူရိုင်းဇာတ်ကောင်၏ ထားသိုရာအကန့်အတွင်းမှ ပုလင်းအလွတ်တစ်လုံးကို ယူလိုက်ပြီး ဟားရှ်ဇန်းနှုတ်ခမ်းရှိ အဆိပ်မြုပ်အနည်းငယ်ကို ယူလိုက်သည်။ ထို့နောက်တွင် ပုလင်းအား ထားသိုရာနေရာအတွင်းသို့ပြန်ထားလိုက်သည်။

“သူလဲသေသွားပြီဆိုတော့ ဘာမှအသုံးဝင်တော့တာမဟုတ်ပါဘူး..ဘရွတ် ဒီအလောင်းကိုလည်း သယ်သွားပြီး သရေ့စ်တိုင်းပြည်က လူတွေသေဆုံးနေတဲ့နေရာက်ုထားပြီး အတူထားလိုက်။ နောက်ပြီး အဲ့အလောင်းတွေနဲ့အတူတူပဲစီမံလိုက်ကွာ....ဂရုတော့စိုက်..ဒီအလောင်းမှာက သေစေနိုင်တဲ့အဆိပ်တွေနဲ့ပြည့်နေတယ်...”

ဖှေး ဘုရင့်နန်းတော်သို့ပြန်လာသည့်အချိန်တွင် ညသန်းခေါင်အချိန်ပင်ရောက်နေပြီဖြစ်သည်။ သူယနေ့ဖြစ်ပျက်ခဲ့သည့်အရာများကို တွေးနေဆဲပင်။ ယနေ့တွင် အရာများစွာဖြစ်ပျက်သွားခဲ့သည်။ ဖြစ်ပျက်သွားခဲ့သောအရာမ​ျားသည်လည်း ကြောက်မက်ဖွယ်ပင်။ ဖှေးတွေးရင်းတွေးရင်းဖြင့် ပို၍ပင်စိုးရိမ်လာနေ၏။ ချမ်းဘော့ဒ်တိုင်းပြည်ထဲတွင် ကိစ္စကြီးတစ်ခုဖြစ်နေသည်မှာ အသေအချာပင်။

“ဒီလူတွေ ဘာလို့ချမ်းဘော့ဒ်က်ို လာကြတာလဲ....”

“ဒဏ္ဍာရီလာရှေးဟောင်းမြေတွေအ​ကြောင်းကိုများ သိသွားကြတာလား....”

ဤသည်မှာတော့မဖြစ်နိုင်ချေ။ ထိုကဲ့သို့ဆိုပါက ယခုအချိန်တွင် ချမ်းဘော့ဒ်၏အနောက်ဘက်တောင်ထဲတွင် ပရမ်းပတာဆန်နေလောက်ပြီဖြစ်သည်။ သို့သော် လွန်ခဲ့သည့်ရက်ပေါင်းအနည်းငယ်အတွင်း ထိုနေရာသည် ချမ်းဘော့ဒ်၏ အတိတ်ဆိတ်အငြိမ်သက်ဆုံးနေရာပင်။ သို့သော် အကြောင်းရာမှလွဲ၍ ဖှေး ချမ်းဘော့ဒ် သို့စွမ်းအားကြီးစစ်သည်များမှော်ဆရာများ လာရောက်ကြမယ့်အကြောင်းပြချက်ကို စဥ်းစားမရချေ။ အဆင့်၆အဖွဲအဝင်တိုင်းပြည်ငယ်လေး၏ ထီးနန်းတင်မြှောက်ပွဲမှာ ဤမျှလောက်ဘစိတ်ဝင်စားစရာကောင်းသည့်အရာမဟုတ်ပေ။

ဖှေး ထိုကိစ္စများကို တွေးရင်းတွေးရင်းဖြင့် အိပ်ပျော်သွားတော့သည်။

နောက်တစ်နေ့တွင်...

ထီးနန်းမြှောက်ပွဲကျင်းပရန် ၂ရက်သာလိုတော့သည်ဖြစ်သည်။ အန်ဂျယ်လာနှင့် အမ်မာတို့နှစ်ယောက်နှင့်အတူ မနက်စာစားပြီးနောက်တွင် ကိစ္စတစ်ခုရှိသည်ဟန်ဖြင့် သူမတို့နှစ်ယောက် ထွက်ခွာသွားသည်ကို ငေးကြည့်ရင် ဖှေး နန်းတော်ဆောင်ထဲတွင် ကျန်ရှိနေခဲ့သည်။

ဖှေး သူ၏လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်အား လယ်ဗယ်မြှင့်တင်ရန်အတွက် ဒိုင်ယာဘလို ကမ္ဘာအတွင်းသို့ဝင်ရောက်ရန်ပြင်ဆင်နေသည့်အချိန်တွင် အိုလတ်ဂ်တစ်​​ယောက် နန်းတော်ဆောင်ထဲသို့ ကပျာကယာပြေးဝင်လာသည်က်ိုတွေ့လိုက်ရသည်။

“အရှင်မင်းကြီးမနေ့ညက အနောက်ဘက်တောင်တန်းတွေမှာရှိတဲ့ တားမြစ်နယ်မြေထဲကို တစ်စုံတစ်ယောက်ခိုးဝင်ခဲ့ပါတယ်...” အိုလတ်ဂ် ချွေးများကိုသုတ်ပြီး လျှောက်တင်လိုက်သည်။

“ဘာ....ငါ့ကိုသေချာပြောပြစမ်း.. “ ဖှေး အံ့သြသွားသည်။ သူဆိုးဝါးသည့်အရာတစ်ခုအား ရုတ်တရက်တွေးလိုက်မိသည်။ သူစိုးရိမ်နေသောအရာအမှန်တကယ်ဖြစ်လာမည်ကို သူထိတ်လန့်လျှက်ရှိသည်။

All Chapters