← Chapters

အခန်း (၁၁၈)

Vol. 8 Ch. 118

အခန်း (၁၁၈)

Vol. 8 Ch. 118

ဖှေး နှင့်ထောင်မှူး အိုလတ်ဂ်တို့ အနောက်ဘက်တောင်တန်းများတွင်ရှိသော တားမြစ်နယ်မြေသို့ရောက်လာကြသည်။

ကံကောင်းထောက်မစွာပင် ဖောက်ထွင်းဝင်ရောက်သူသည် မြေအောက်လိုဏ်ဂူများထဲသ်ို့ ဝင်သည့် ဝင်ပေါက်နေရာအား အတိအကျသိပုံမရချေ။ ဖောက်ထွင်းဝင်ရောက်သူမှာ အနောက်ဘက်တောင်တန်းများတွင်သာ လျှောက်ရှာဖွေနေခဲ့ခြင်းဖြစ်သည်။ ပီးရာ့စ်နှင့် ဒရော့ဂ်ဘာတို့နှင့် တွေ့ရှိပြီးခနတာတိုက်ခိုက်ပြီးနောက်တွင် အလျှင်မြန်ဆုတ်ခွာသွားခဲ့သည်။ ချမ်းဘော့ဒ်တွင် သေဆုံးမှုနှင့် ဆုံးရှုံးမှု တစ်စုံတစ်ရာမရှိခဲ့ပေ။

“အဲ့လူက အမဲရောင်ဝတ်ရုံနဲ့ ပြီးတော့မျက်နှာကိုလည်းဖုံးထားတယ် ညကလဲမှောင်နေတော့ ကျွန်တော် ဘယ်သူလဲသိပ်မမြင်လိုက်ရဘူး...အဲ့လူက တော်တော်လဲသန်မာတယ် ကျွန်တော်တို့အနားတောင် မကပ်လိုက်နိုင်ဘူး...သူ့ကြည့်ရတာလဲ ပြသနာမဖြစ်ချင်တဲ့ပုံပဲ ဘယ်သူ့ကိုမှလဲ သတ်ဖြတ်ဖို့အစီစဥ်ရှိပုံမရဘူး...ကျွန်တော်တို့နဲ့ ခနတိုက်ခိုက်ပြီး ပြန်ဆုတ်သွားတော့တာ...သူကတစ်ခုခုလိုက်ရှာနေပုံရတယ်...”

ပီးရာ့စ်အပါအဝင် အစောင့်စစ်သည်များသည် သူတို့၏ မျက်နှာတွင် ရှက်ရွံ့သောအမူအယာဖြင့် မနေ့ညက ဖြစ်ပျက်ခဲ့သမျှကိုဖှေးအားပြောပြနေကြသည်။ ဖှေးဂရုတစိုက်နားထောင်နေပြီး နောက်ဆုံးတွင် စိတ်အေးသွားသည်။

ဖောက်ထွင်းဝင်ရောက်လာသူမှာ ကြယ်အဆင့်စစ်သည်တစ်ဦးဖြစ်သည်မှာ ထင်ရှားသည်။ အစောင့်စစ်သည်များသည် တိုက်ပွဲအတွေ့ကြုံနှစ်ပေါင်းများစွာရှိသော်လည်း ထိုရန်သူနှင့် မရင်ဆိုင်နိုင်ခဲ့ကြချေ။ ကံကောင်းစွာပင် ဖောက်ထွင်းဝင်ရောက်သူမှာ အနည်းငယ်တိုက်ခိုက်ပြီး ထွက်ပြေးသွားသည်။ အစောင့်များ လိုက်ဖမ်းနိုင်ရန်ကြိုးစားကြသော်လဲ ဖောက်ထွင်းဝင်ရောက်သူ၏ ဆံပင်တစ်မျှင်ပင်မရလိုက်ကြချေ။

“ဟုတ်ပြီ.. ဒီလောက်ဆို ငါနားလည်ပြီး...မင်းတို့လဲကိုယ့်နေရာကိုယ်ပြန်ကြတော့...ဒီကစပြီး ပိုပြီး သတိကြီးကြီးထားကြ....”

ဖှေး လက်ဝှေ့ရမ်းလိုက်ပြီး အစောင့်များကို​ပြန်လွှတ်လိုက်သည်။ ထို့နောက်တွင် မဟူရာမုန်တိုင်းနှင့်အတူ အနောက်ဘက်တောင်တန်းများတွင် ဖောက်ထွင်းဝင်ရောက်သူ၏ သဲလွန်စတစ်စုံတစ်ခုရာကို လိုက်ရှာကြည့်သော်လည်း မတွေ့ရချေ။ နောက်ဆုံးတွင် လူတစ်ယောက်နှင့် ခွေးတစ်ကောင်သည် အနောက်ဘက်တောင်ထိပ်တွင် ရပ်ကာ အဝေးသို့ငေးကြည့်လိုက်သည်။ ဆောင်းဦးနံနက်ခင်း၏ အေးမြသောလေမှာ တိုက်ခတ်နေပြီး သစ်ရွက်များ လွှင့်ခါနေသည်။ ထွက်ပေါ်လာစနေရောင်ခြည်သည် ချမ်းဘော့ဒ်နန်းတော်အပေါ်သို့ ပတ်ဖြန်းကျနေသည်။ လှပပြီးတိတ်ဆိတ်သော တိုင်းပြည်တစ်ခုပင်။

ဤသည်မှာ အေဇာရုတိုက်ပေါ်တွင် ဖှေး၏တစ်ခုတည်းသော အိမ်ပင်။

“ဘယ်သူပဲ ဖြစ်နေနေ ချမ်းဘော့ဒ်ကို ထိဖို့ကြိုးစားလာမယ်ဆိုရင်တော့ သူတို့လက်တွေကို ငါ မသနားပဲ ဖြတ်ပစ်မယ်....”

ဖှေး လက်သီးဆုပ်ကာ သူ၏စိတ်ထဲတွင် ကျိမ်ဆိုလိုက်သည်။

အေးမြသောလေသည် ဖှေး၏စိတ်ကို တဖြည်းဖြည်းဖြင့်ငြိမ်သက်လာစေသည်။ သူ၏ ယခင်ကတွေးခေါ်ပုံများမှားနေသည်ကို လျှင်မြန်စွာပင် သတိထားမိလာသည်။ သူသည်တစ်စုံတစ်ယောက်တွေးစေလိုသည့်အတိုင်း တွေးနေခဲ့မိခြင်းဖြစ်သည်။ ပြသနာများနှင့်ကြုံတွေနေရသည့် အကြောင်းပြချက်မှာ တစ်ခုတည်းသာရှိသည်။ သူလုံလုံလောက်လောက် သန်မာခြင်းမရှိသောကြောင့်ပင်။ အကယ်၍ဖှေးသည်သာ နေအဆင့် ဆရာတစ်ပါးဖြစ်ပြီး ချမ်းဘော့ဒ်သည် အဆင့်၉အင်ပါယာကြီးတစ်ခုဖြစ်ပါက မည်သူမျှ ဤကဲ့သို့ ပြသနာလာရှာရဲမည်မဟုတ်ပေ။ ထို့ကြောင့် ဖှေး၏တစ်ခုတည်းသော ရည်ရွယ်ချက်မှာ သူနှင့်သူ၏တိုင်းပြည်၏ အစွမ်းကို မြှင့်တင်ရန်သာဖြစ်သည်။

ဖှေး အသေချာစဥ်းစားဆုံးဖြတ်ပြီးနောက်တွင် သူ၏စိတ်များမှာ အမှောင်ထဲတွင်အလင်းရောင်စတင်ဝင်ရောက်လာသကဲ့သို့ ကြည်လင်သွားသည်။ ဖှေး မြေအောက်လိုဏ်ဂူအတွင်းသို့ တိုက်ရိုက်သွားကာ ကျောက်အခန်းတစ်ခုထဲသို့ဝင်ပြီး စစ်သည်တစ်ယောက်အား တံခါးပေါက်ဝကိုစောင့်ကြပ်စေလိုက်သည်။ ထို့နောက်တွင် ဒိုင်ယာဘလိုကမ္ဘာသို့ ဝင်ရောက်ပြီး လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်အားရွေးချယ်ပြီး သူ၏ဇာတ်ကောင်အား စတင်၍လယ်ဗယ်မြှင့်တင်လိုက်သည်။

အချိန် ၃နာရီခန့်ကုန်ဆုံးပြီးနောက်တွင် ဖှေးပထမဆုံး အလုပ်လေးခုအား လုပ်ကြံသတ်ဖြတ်သူဇာတ်ကောင်ဖြင့် ပြီးမြောက်သွားပြီးဖြစ်သည်။ ဖှေးအမျိုးမီးကိုယ်ရံတော် နောက်တစ်ယောက်ကိုလည်း ရရှိပြီးဖြစ်သည်။ သူမ၏နာမည်မှာ အီရာနာဖြစ်သည်။ သူမသည်ဆံပင်အပြာရောင်နှင့် လှပသော အမျိုးသမီးငယ်တစ်ယောက်ဖြစ်ပြီး လျှပ်စီးလေးသည်တော်တစ်ဦးဖြစ်သည်။ ဖှေးမျှော်လင့်ထားသကဲ့သို့ပင် သူမသည်လည်း လူရိုင်းဇာတ်ကောင်မဟုတ်သော ဇာတ်ကောင်များရရှိသည့် အမျိုးသမီးကိုယ်ရံတော်များကဲ့သို့ပင်။ သူမတွင် ကိုယ်ပိုင်ဉာဏ်ရည်နှင့် ကိုယ်ပိုင်အတွေးခေါ်ရှိပုံမရချေ။ ကွန်ပျူတာစက်ရုပ်တစ်ခုကဲ့သို့ ဖြစ်နေ၏။

“ဒါတော်တော်ထူးဆန်းတာပဲ...ဘာလို့ လူရိုင်းဇာတ်ကောင်အနေနဲ့ ဒိုင်ယာဘလိုကမ္ဘာကပဲ ကွန်ပျူတာဇာတ်ကောင်တွေက လူသားဆန်နေရတာလဲ...တစ်ခြား ပါလာဒင်တို့ မှော်ဆရာဇာတ်ကောင်အနေနဲ့ဆိုရင် ဒီကလူတွေက အသိဉာဏ်မရှိတဲ့ စက်ရုပ်လိုတွေဖြစ်ကုန်တာပဲ...”

ဤသည်မှာ ဖှေးခေါင်းထဲတွင်အမြဲရှိနေသည့် မေးခွန်းတစ်ခုပင်။

အလုပ်လေးခုအားပြီးမြောက်ပြီးနောက်တွင် ဖှေူကျန်ရှိနေသောအချိန်အား တွက်ချက်ကြည့်ပြီး လုပ်ကြံသူဇာတ်ကောင်အား လယ်ဗယ်ဆက်မမြှင့်တော့ပဲ လူရိုင်းဇာတ်ကောင်အဖြစ်ပြောင်းလဲပြီး ဒိုင်ယာဘလိုဘမ္ဘာထဲသို့ရောက်ရှိလာခဲ့သည်။ အာကာရာထံမှ ဆေးပုလင်းဖော်စပ်နည်းများ နာရီဝက်ခန့်လေ့လာသင်ကြားပြီနောက်တွင် ဖှေးချယ်စီထံသို့ထွက်လာခဲ့သည်။

“ဟေး ပန်းပဲဆရာမ​လေး ချပ်ဝတ်အခြေအ​နေဘယ်လို ရှိလဲ...”

မှော်တူနှင့် ပန်းပဲထုကာအလုပ်များနေသည့် ချယ်စီမှာ ဖှေးကားစကားပြန်မပြောနိုင်သေးပေ။ သူမ၏ နဖူးမှ စီးကျနေသော ချွေးများကိုသုပ်လိုက်ပြီး ဖှေးထံသို့ ရွှေရောင်ဦးဆောင်းတစ်ခုကို ပစ်ပေးလိုက်သည်။ ထိုအချိန်တွင် သူမသည် ရင်ဘက်ချပ််ဝတ်အား ဆက်လက်ထုလုပ်နေဆဲ ဖြစ်သည်။

“ဆရာဒါတွေကို ချက်ချင်းလိုအပ်နေသာသိလို့ကျွန်မလဲ တစ်ညလုံးလုပ်နေခဲ့တာပဲ...ဒါပေမယ့် ဒီဦးထုပ်တစ်လုံးပဲ ပြီးသေးတယ်...”

ဖှေး ဦးဆောင်းအားဖမ်းယူကာ ကျေးဇူးတင်စကားပြောပြီး ဂရုတစိုက်ကြည့်လိုက်သည်။

ဦးဆောင်းမှာ ဝေဝါးသော ရွှေ​ဆောင်ပတ်လည်တွင်တောက်ပနေသည်။ ထိုဦးဆောင်းမှာ အေဇာရုတိုက်တွင် သုံးနေကြဖြစ်သည် T ပုံသဏ္ဍာန်ဦးဆောင်းကဲ့သို့မဟုတ်ပေ။ ဦးထုပ်၏ဘေးတစ်ဖက်စီတွင် အဝါရောင်ဦးချိုနှစ်ဖက်ကို တပ်ဆင်ထားသည်။ ထို ဦးချွန်နှစ်ဖက်ကြားထဲတွင် အနည်းငယ်ပို၍တ်ုသော ဆူးချွန်များကို အတန်းလိုက်တပ်ဆင်ထားပြီး ကောင်းကင်ပေါ်သို့ဦးတည်ထားသည်။ ဤ ဦးဆောင်းတွင် လျို့ဝှက်ဆန်းကျယ်သည့် မှော်ပညာပါရှိသည်။ သေချာကြည့်ပါက အားနှင့်ဝင်ရောက်တိုက်ခိုက်တော့မည့် ကျွဲရိုင်းတစ်ကောင်၏ သဏ္ဌာန်ရအား မြင်နိုင်သည်။

တောရက်စ် ဦးဆောင်းဖြစ်သည်။

“ကောင်းတယ် ဟားဟား ဒါအကောင်းဆုံးပဲ ချာစီ...ဒါငါလိုချင်တဲ့ပုံနဲ့တစ်ပုံစံထဲပဲ...နင်ငါ့ရဲ့ဒီဇိုင်းကို အသက်ဝင်လာအောင်လုပ်လိုက်တာပဲ....ပန်းပဲမှာတော့ တကယ့်ဆရာတစ်ဆူပါပဲ...”

+20ချပ်ဝတ်စွမ်းအားရှိပြီး တပ်ဆင်သူသည် လယ်ဗယ်၁ရှိ လျှပ်စစ်စွမ်းအင်တစ်ခုကိုအသုံးပြုတိုက်ခိုက်နိုင်မည်ဖြစ်သည်။

ဤဦးဆောင်းမှာ ဖှေးလက်ရှိအသုံးပြုနေသော ဦးဆောင်းလောက်မကောင်းသော်လည်း အပိုရသည့်အစွမ်းမှာ အတော်ကောင်းမွန်သည်။ ထို့အပြင် ဤသည်မှာ ချယ်စီ၏လေ့ကျင့်မှုလက်ရာသာရှိသေးတယ်..ကျောက်မြတ်စများကိုအသုံးပြုပြီး လုပ်ခဲ့ခြင်းသာဖြစ်သည်။ ချယ်စီကျွမ်းကျင်လာပါက ပိုအဆင့်မြင့်သော မှော်တလင်းကျောက်များကို အသုံးပြုပြီး ဖှေးဆန္ဒအတိုင်းအဆင့်မြင့်ချပ်ဝတ်များ လက်နက်များထုတ်လုပ်နိုင်လာမည်ဖြစ်သည်။ တစ်နေ့တစ်ချိန်တွင် ဤချောမောသည့် ပန်းပဲဆရာမချယ်စီသည် ပြီးပြည့်စုံသော ရွှေရောင်သူတော်စဥ်ချပ်ဝတ်၁၂စုံကိုပင် ပြုလုပ်နိုင်လာမည်ဟု ဖှေး ယုံကြည်သည်။

ဒိုင်ယာဘလိုကမ္ဘာထဲတွင် နေထိုင်နိုင်ရန်ကျန်ရှိနေသည့် အချိန်နာရီဝက်ခန့်အား ချယ်စီပြုလုပ်ပေးခဲ့သော အပြာရောင်မှော်ဓားအား ပြန်လည်မွမ်းမံရန်အတွက် ချယ်စီအားတောင်းဆိုလိုက်သည်။

ပြန်လည်မွမ်းမံလိုက်သည့် မှော်ဓားမှာ ရွှေရောင်အဖြစ်သို့ပြောင်းလဲသွားသည်။ ဒီဇိုင်းမှာ ရိုးရှင်းသည်။ အလှဆင်ထားသော ကနုတ်ကဝများမပါရှိချေ။ ဓားသွားနှစ်ဖက်ပါသောဓားဖြစ်ပြီး ထိပ်ဖျားမှာ ချွန်ထက်နေသည်။ ဓားကိုယ်မှာထူထပ်ပြီး လက်ကိုင်အား လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်နိုင်သည်။ မှော်တလင်းကျောက်မှားနှင့် ပါဝင်နေသောမှော်စွမ်းအင်များကြောင့် ဓားမှာကြည့်ရသည်မှာ အလွန်လှပနေသည်။

+20 တိုက်ခိုက်ရာတွင် ထိခိုက်စေနိုင်မှုနှင့် +20တိုက်ခိုက်ရာတွက် တိကျမှု

ဤသည်မှာ ရွှေရောင်ဓား၏ဂုဏ်သတ္တိများပင်။

ဖှေး ဓားသွားကိုထိကိုင်ကြည့်လိုက်ရာ သူ၏နောက်ကြောများပင် အေးစိမ့်သွားသကဲ့သို့ခံစားလိုက်ရသည်။

“ဒီနေ့ကစပြီး ဒီဓားကို အက်စ်ကာလီဘာလို့ခေါ်တော့...”

ဗြိတိန်သမိုင်းမှ ဘုရင်အာသာကိုင်ဆောင်ခဲ့သည့် ဓားနာမည်ဖြစ်သည်။

ဖှေး ထွက်ခွာရမည့်အချိန်မှာ နီးကပ်လာပြီဖြစ်သည်။ သို့သော် ဖှေး ဒိုင်ယာဘလိုကမ္ဘာမှ မထွက်ခွာမှီ သူ၏ခေါင်းထဲတွင် ကြားနေကျဖြစ်သည့် အေးစက်စက်အသံနှင့် အဆက်သွယ်ရရန်ကြိုးစားပြီး တောရက်စ်ဦးဆောင်းနှင့် ရွှေရောင်ဓား အက်စ်ကာလီဘာတို့ကို အပြင်သို့ လွှဲပြောင်းရန်ပြင်ဆင်သည်။

ဤသည်မှာ ဖှေး ဒိုင်ယာဘလိုကမ္ဘာမှလက်နက်များကို အပြင်သို့သည်ဆောင်သွားရန်ကြိုးစားသည်မှာ ပထမဆုံးအကြိမ်မဟုတ်ပေ။ အရင်တစ်ကြိမ်ကြိုးစားကြည့်စဥ်က သူ၏လယ်ဗယ်မှာ မလုံ​လောက်သေး၍ လွှဲပြောင်း၍မရသေးဟု အေးစက်စက်အသံမှ ပြန်ဖြေကြားခဲ့သည်။ ယခုအချိန်တွင်ဘဖှေးထက်မံ ကြိုးစားကြည့်ချင်းဖြစ်သည်။

“တော့ရက်စ်ဦးဆောင်း လွှဲပြောင်းမှုအောင်မြင်နိုင်ချေ 100% လွှဲပြောင်းခ စရိတ် ရွှေဒင်္ဂါး၁၀၀၀၀၊ မှော်ဓား အက်စ်ကာလီဘာ လွှဲပြောင်းမှုအောင်မြင်နိုင်ချေ 100% လွှဲပြောင်းခစရိတ်100%၊ လွှဲပြောင်းမှုအား အတည်ပြုပါသလား...”

ပြန်လည်ဖြေကြားမှုကြောင့် ဖှေးအံ့သြသွားသည်။ အောင်မြင်နိုင်ချေ 100%ဆိုသည်မှာ မယုံနိုင်စရာပင်။

“အတည်ပြုပါတယ်...”

“လွှဲပြောင်းမှုအောင်မြင်ပါတယ်...စစ်သည်ဖှေး...သင်ဟာဘုရားပေးတဲ့ အစွမ်းသုံးခုထဲကတစ်ခုဖြစ်တဲ့ [ပေးခြင်း]အစွမ်းကို အသုံးပြုနိုင်သွားပါပြီ...သင်ဟာ မှော်ဓားအက်စ်ကာလီဘာနဲ့ တောရက်စ်ဦးဆောင်းတို့ကို ဘယ်သူ့ကိုမဆိုပေးပြီး အသုံးပြုလို့ရပါပြီ...အကြိမ်ရေအကန့်သက်လဲမရှိပါဘူး....”

ဖှေး အလွန်ပျော်ရွှင်သွား၏။

ချမ်းဘော့ဒ် အနောက်ဘက်တောင်တန်းထဲတွင်ရှိ မြေအောက်လိုဏ်ဂူထဲတွင်ဖြစ်သည်။

ဖှေး ဒိုင်ယာဘလိုကမ္ဘာမှနေ၍ ကျောက်တုံးအခန်းထဲသို့ပြန်လည်ရောက်ရှိလာခဲ့သည်။ ဖှေးခနတာစဥ်းစားပြီး လက်ကိုဝှေ့ရမ်းလိုက်သည်။ ထို့နောက်တွင် အပြာရောင်ပေါ်တယ်တစ်ခုပေါ်လာပြီး အထဲမှ ချယ်စီထွက်ပေါ်လာခဲ့သည်။

“ငါနင့်အတွက် လက်ထောက်အနည်းငယ်ရှာထားပေးတယ်...”ဖှေး မြေအောက်လိုဏ်ဂူ​ဟောခန်းကြီးအတွင်းတွင် ပန်းပဲထုနေကြသော ချမ်းဘော့ဒ်မှာ ပန်းပဲဆရာများကို ညွှန့်ပြကာပြုံးပြီးပြောလိုက်သည်။ “အကူညီနဲ့ဆ်ု နင်အလုပ်များပိုတွင်မလားလို့ပါ...နောက်ပြီး သူတို့လက်ရာတွေက သိပ်မကောင်းသေးဘူး နင်သူတ်ို့ကိုနည်းနည်းပြပေးလို့ရမလား...တပည့်အနေနဲ့ လက်ခံလိုက်ရင်တော့ အကောင်းဆုံးပေါ့ဟာ...”

ဖှေးမှာ ကလေးငယ်အား သကြားလုံးဖြင့်လှည့်စားရန်ကြိုးစားနေသောလူတစ်ယောက်ကဲ့သို့ပင်။ ချမ်းဘော့ဒ်မှ ပန်းပဲဆရာများချယ်စီ၏ မယုံနိုင်ဖွယ်ပန်းပဲပညာများကိုသင်နိုင်ရန့်အတွက် ချယ်စီအားမြှောက်ပင့်နေခြင်းဖြစ်သည်။

All Chapters