ငါ့မောင်လေးက ... ငါ့ အတွက် တစ်ကမ္ဘာ လုံးနဲ့ ... ရန်ဖြစ် ရဲတယ်။
Vol. 143 Ch. 1989
“ ကျွန်တော့် သူငယ်ချင်းမှာ၊ သူ့ကို အရမ်း ဂရုစိုက်တဲ့ စီနီယာ အစ်မ တစ်ယောက် ရှိခဲ့ ဖူး တယ်။ ”
လင်းယွန်က မြောင်ရင် အမူအရာကို သတိထား ကြည့်ကာ၊ တင်ပျဉ်ခွေ ချိတ်ထိုင် လိုက်၏။
“ သူတို့ရဲ့ ဆက်ဆံ ရေးက ... ၊ သိုင်း မောင်နှစ်မ တွေထက် သာလွန် ပေမယ့် ... ၊ သူငယ်ချင်းက နား မလည် ခဲ့ဘူး၊ သူ့အစ်မ အဖြစ်သာ မြင်ခဲ့ပြီး၊ ချစ်တဲ့ လူကို ရှာဖို့ပဲ အာရုံစိုက် နေခဲ့တယ် ... ။ ”
မြောင်ရင်က ပုံပြင်ကို နားထောင် နေလျက်မှ ရုတ်တရက် ပြုံးလိုက်ကာ၊
“ အဲဒီ စီနီယာ အစ်မက လှလား။ ”
“ လှတယ် ... ၊ သူက စီနီယာ အစ်မ မြောင်ရင် လိုပဲ ... ။ ”
မြောင်ရင်မှ မျက်လုံးများ မှေးစင်း သွားတော့၏။ ယဲ့ချင်းရှန်သည် နောက်ဆုံးတွင် သူ့မြေခွေး အမြီးကို ထုတ်ပြ လာချေပြီ။
ထို့ကြောင့် လှောင်ပြောင် လိုသော လေသံဖြင့်၊
“ ယဲ့ချင်းရှန် ... ၊ ပိုင်ရှုရင် ကိုလည်း ... မင်း ဒီလိုပဲ ပြောခဲ့ တာလား။ ”
-ဟု ပြန်မေး လိုက်၏။
သူမ အပြုံးသည် လင်းယွန်ကို နာကျင် စေ၏။ စိတ်ထဲ၌ ခါးသီးမှုများ ရှိသော်လည်း၊ ထုတ် မပြ နိုင်ချေ။
မမြင် နိုင်သော လက် တစ်စုံက၊ သူ့ နှလုံးသားကို ဆုပ်ကိုင် ထားသလို ပေပင်။ သို့သော် အားတင်း ပြုံးပြ လိုက်ပြီး၊
“ သူတို့ နှစ်ယောက် စလုံးမှာ ... ၊ နာကျင် စရာတွေ အများကြီး ရှိတယ်၊ သူငယ်ချင်း တွေနဲ့ မိသားစုကို ဆုံးရှုံး ရပုံချင်း ဆင်တယ်၊ ပြဿနာ တွေကို၊ ဖြေရှင်း ပြီးတဲ့ အချိန်မှာ၊ ...
... သူငယ်ချင်းက သူ့ချစ်သူနဲ့ ပြန်တွေ့ သွားတယ်၊ အဲဒါကြောင့် သူ့ရဲ့ စီနီယာ အစ်မက အားပေးပြီး၊ ဒီအခွင့် အရေးကို လက်လွတ် မခံဖို့ ပြောကာ၊ ထွက်သွား တော့တယ်၊ ...
... နှစ်တွေ ကြာလာ ပြီးတဲ့နောက်၊ သူငယ်ချင်းက သူ ဘယ်လောက် မှားခဲ့တယ် ဆိုတာ သိသွားလို့ ... အရမ်း နာကျင် နေခဲ့ ရတယ်။ ”
မြောင်ရင်က သက်ပြင်း ချလျက်၊
“ နှလုံးသား ထဲက လမင်းပဲ ... ၊ သူ့ရဲ့ စီနီယာ အစ်မက လရောင်ထက် မနိမ့်ကျ ပါဘူး။ ”
လူသား တိုင်း၏ နှလုံးသားတွင် လမင်း တစ်စင်း ရှိသည်။ ၎င်းအား လက်လှမ်း မမီနိုင် သဖြင့်၊ အမြဲ တမ်းတ နေတတ်၏။
ယောက်ျား တိုင်း၏ နှလုံးသားတွင် မိန်းကလေး နှစ်ယောက် ရှိသည်။ အချစ်ဦးသည် လိုက် မမီသော လမင်း ဖြစ်ပြီး၊ ဘေးတွင် ရပ်နေ သူမှာ ဘဝ ဖြစ်သည်။
ဆုစီယာကို လင်းယွန်၏ လမင်း အဖြစ် သတ်မှတ် နိုင်ပြီး၊ ရှင်းယန်သည် သူ့ဘဝ ဖြစ်ပေ မည်။
သူ့အား လောဘကြီး သူ တစ်ယောက် အဖြစ် သတ်မှတ် နိုင်၏။ အဘယ့်ကြောင့် ဆို သော်၊ အားလုံးကို ပိုင်ဆိုင် လို၍ ပေပင်။
“ ယဲ့ချင်းရှန် ... မင်းက သူငယ်ချင်း အကြောင်း ပြောနေ တာလား၊ မင်း အကြောင်း ပြောနေ တာလား။ ”
မြောင်ရင်မှ လှောင်ပြုံးဖြင့် မေး၏။
“ စီနီယာ အစ်မသာ ... ဆိုရင်၊ သူငယ်ချင်းကို ခွင့်လွှတ် ပေးမှာလား။ ”
လင်းယွန်မှ မေးသည်။ မြောင်ရင်မှ ပြန်မဖြေချေ။ အနည်းငယ် စဉ်းစား ပြီးနောက်၊
“ မင်းရဲ့ သူငယ်ချင်း ဆိုတာ ... မင်းပဲလို့ ဘာလို့ ဝန်မခံ ရတာလဲ။ ”
-ဟု ပြန်မေး လိုက်သည်။
“ စီနီယာ အစ်မ ... ၊ မင်း ခွင့်လွှတ် မှာလား။ ”
လင်းယွန်က သူ့မေးခွန်းကို ထပ်ပြီး မေးလိုက်သည်။ မြောင်ရင်မှ ပြုံးရွှင် စွာဖြင့်၊
“ ယဲ့ချင်းရှန် ... ၊ မင်းက တော်တော် ချစ်တတ်မယ်လို့ ငါ မထင်ခဲ့ဘူး၊ ကောလဟာလ တွေက အမှန် ဖြစ်ပုံပဲ။ ”
“ ဘာ ကောလဟာလ တွေလဲ ... ။ ”
“ လွန်ခဲ့တဲ့ တစ်နှစ်က ... သူရဲ့ အပျိုစင် ဘဝကို၊ မင်း ယူသွားတဲ့ အတွက် ... သူ့နောက် မလိုက်ဖို့ ... ၊ ပိုင်ရှုရင်က တားခဲ့ တယ်လို့ ငါ ကြားတယ်၊ ...
.. အစ ကတော့ ငါ မယုံချင် ပေမယ့်၊ အခု ယုံမှ ရတော့မယ် ထင်တယ်၊ မင်းရဲ့ ... စီနီယာ အစ်မ ဆိုတာ ... ယဲ့-မိသားစုက မဟုတ်လား၊ လမင်း ကတော့ ပိုင်ရှုရင်ပေါ့။ ”
ထိုစကားကြောင့် လင်းယွန် ပါးစပ် ပိတ်ကျ သွားသည်။ ဝမ်းနည်းမှုများ ချက်ချင်း ဝင်ရောက် လာတော့၏။
“ ဟား ဟား ဟား ... ၊ ကောင်းပြီ ... ငါမင်းကို မနှောင့်ယှက် တော့ဘူး၊ ဒီမေးခွန်းကို မေးလာတဲ့ အတွက် ... မင်းက အရွယ် မရောက် သေးဖူး ဆိုတာ သေချာတယ်၊ ...
... ဘာလို့လဲ ဆိုတော့ မင်းရဲ့ စီနီယာ အစ်မကို၊ ခုချိန်ထိ မင်း ကောင်းကောင်း နား မလည် လို့ပဲ။ ”
“ ဘာကို ဆိုလိုချင် တာလဲ။ ”
လင်းယွန်မှ အမှန်ပင် နားမလည် တော့ချေ။
“ မင်းရဲ့ အစ်မက မင်းကို အပြစ် မတင် ပါဘူး၊ သူက မင်းအတွက် အကောင်းဆုံး တွေပဲ ပေးချင် ခဲ့ပုံ ရတယ်။ ”
မြောင်ရင်က ရှင်းပြ၏။ သို့သော် စကား ပြောနေစဉ်၊ သူမ အမူ အရာမှာ တစ်စုံ တစ်ရာ တွေးမိလာ သကဲ့သို့၊ ငေးငိုင် သွား၏။
“ ငါ့မှာလည်း ... ၊ မင်းလို သူငယ်ချင်း တစ်ယောက် ရှိခဲ့ဖူးတယ်၊ သူရဲ့ ဂျူနီယာ မောင် လေးက မင်းနဲ့ တူတယ်၊ မဟုတ်ဘူး ... သူက မင်းထက်တောင် ပိုကြည့် ကောင်းတယ်။ ”
မြောင်ရင် စကားကြောင့် လင်းယွန် ခေါင်းငုံ့ကျ သွား၏။ နှလုံးသား တစ်ခုလုံး တဒိတ်ဒိတ် ခုန်လာပြီး၊
“ အစ်မ ... ၊ ငါလည်း မင်းရဲ့ ဂျူနီယာ မောင်လေး ပါပဲ။ ”
“ ယဲ့ချင်းရှန် ... မင်း တခြား သူကို အခွင့်ကောင်း ယူတာ မကောင်းဘူး၊ ငါ့ဘဝမှာ မောင်လေး တစ်ယောက်ပဲ ရှိတယ်၊ သူက ငါ့ အတွက် တစ်ကမ္ဘာ လုံးနဲ့ ရန်ဖြစ် ရဲတယ်။ ”
ထို့နောက် ထရပ်ကာ အဝေးသို့ ပျံသန်း ထွက်ခွာ သွားတော့သည်။ တရွေ့ရွေ့ ပျောက် ကွယ် သွားသော မြောင်ရင်ကို၊ လင်းယွန်မှ ငေးကြည့် နေမိ၏။
“ ယဲ့ချင်းရှန် တကယ်တော့ ... ၊ ချစ်ခြင်း မေတ္တာ ဆိုတာ အမြဲတမ်း သန့်စင် ပါတယ်။ ”
မြောင်ရင်၏ အသံက လေထဲ ဝဲကျန်ရစ် ခဲ့သည်။ အချိန် အတော်ကြာ ပြီးနောက်၊ စိတ် ရှင်းသွားကာ၊ လင်းယွန်မှ ပြုံးလိုက်၏။
“ ငါ့အတွေး ... မှားနေ ပုံပဲ။ ”
သုံးရက် အကြာတွင် နဂါးပြာ တံဆိပ်၊ ရွှေနဂါး တံဆိပ်၊ ငွေနဂါး တံဆိပ်နှင့် နဂါးဖြူ တံဆိပ် စသည် တို့ကို ထုတ်ဖော် နိုင်ခဲ့သည်။
အဆုံး မရှိသော နိဗ္ဗာန် ရောင်ဝါကို လက်ဆယ်ချောင်း အတွင်း လောင်းထည့် လိုက် သည်နှင့်၊ တံဆိပ် ခုနစ်ခု ပေါင်းစပ် သွား၏။
လက်ဖဝါးမှ ခုနစ်စဉ် (၇)သွယ် ဖြာထွက် လာပြီး၊ သူ့နောက်၌ ကန့်လန့်ကာများ အလား၊ အလွှာလိုက် ဖြစ်ပေါ် လာသည်။
ပြီးပြည့်စုံသော အဓိပတိ နဂါးတံဆိပ် ဖြစ်ချေပြီ။ ၎င်းမှ ထုတ်လွှတ်သော ရှေးဟောင်း ရောင်ဝါဖြင့်၊ ဒေသ တစ်ခု လုံးကို လွှမ်းခြုံ ထားပေ၏။
အဓိပတိ နဂါး တံဆိပ်၏ တန်ခိုးတော်က၊ သူ့ကိုပင် ကြောက်ရွံ့ လာစေရာ၊ သက်ပြင်း ချ လိုက်မိသည်။
အဓိပတိ နဂါး တံဆိပ်ကို အလျင်စလို မလုပ်ဆောင်ရန်၊ ဆရာ သခင်မှ သတိ ပေးခဲ့ သည့် အကြောင်း ရင်းအား၊ ယခု နားလည် လာပြီ ဖြစ်သည်။
အတွေး တစ်ချက်ဖြင့်၊ တံဆိပ်ကို ပြန်လည် ဖြေလျော့ပစ် လိုက်သည်။ ပိုင်ရှုရင်နှင့် ရှင်းယန် ထွက်သွားပြီး ဖြစ်သောကြောင့်၊ ကောင်းကင် တာအို ဂိုဏ်းသည်၊ ရုတ်တရက် ဗလာကျင်း သွား၏။
“ ငါလည်း သွားရမယ့် ... အချိန် ရောက်ပြီ။ ”
လင်းယွန်က သတ်ဖြတ်ခြင်း မဟာ သူတော်စင်ထံ သွားကာ၊ သူ့ ရည်ရွယ်ချက်ကို ပြောပြ လိုက်သည်။
အနန္တ သင်္ချိုင်း တောင်ကြားသည် အမည်ခံ သူတော်စင်များ အတွက်ပင် အန္တရာယ် ရှိသော ကြောင့်၊ သူမ စိတ်ပူပုံ ရသည်။ သို့သော် စဉ်းစား ပြီးနောက်၊ သဘောတူ ခဲ့၏။
အပြန် လမ်းတွင် ပိုင်ရှုရင်နှင့် ရုပ်ချင်း ဆင်သည့် အမျိုးသမီးငယ် တစ်ဦးက သူ့လမ်း၌ ပိတ်ရပ် နေခဲ့သည်။ ဤသည်မှာ ပိုင်ရှုရင် ညီမ ပိုင်ချင်းယွီ ဖြစ်ကြောင်း မှန်းဆ နိုင်၏။
သူမက သူ့အား တော်ဝင် သမီးတော် ခြံဝင်း အပြင်၌ အချိန်အတော်ကြာ စောင့်ဆိုင်း နေပုံရ ချေပြီ။
“ ယဲ့ချင်းရှန် ... ၊ ဒီနေ့ နင့်ကို ငါသတ်မယ်။ ”
လင်းယွန်က ခြေလှမ်း ရပ်လိုက်ပြီး၊
“ ငါက မူလ နဂါး မဟာ သူတော်စင်ရဲ့ သီးသန့် တပည့်ပဲ၊ မင်း ... ငါ့အသက်ကို ယူဝံ့ သလား၊ အဲဒီ အစား စီနီယာ အစ်ကို အဖြစ် ခေါ်သင့်တယ်။ ”
-ဟု ပြန်ပြော လိုက်သည်။
ပိုင်ချင်းယွီမှ ငြင်းခုံခြင်း မရှိဘဲ၊ ရွေ့လျားမှု နည်းစနစ်အား ထုတ်လျက်၊ အနား ရောက်လာ ခဲ့သည်။
“ နင့်ကို ... စီနီယာ အစ်ကိုလို့ ခေါ်ထိုက် မယ်လို့ ထင်လား၊ ငါ့အစ်မရဲ့ အပျိုစင် ဘဝကို ယူခဲ့တဲ့ အတွက်၊ သေသင့်တယ်။ ”
လင်းယွန်က စိတ်ပျက် သွားသည်။ သူ့မျက်ဝန်း ထဲ၌ ပိုင်ချင်းယွီသည် ကလေးငယ် တစ်ယောက်သာ ဖြစ်၏။ ထို့ပြင် ပိုင်ရှုရင် ညီမ ဖြစ်နေ သဖြင့်၊ သင်ခန်းစာ ပြန်မပေး လိုတော့ချေ။
“ ယဲ့ချင်းရှန် ... ၊ နောက်ဆုံးတော့ မင်း ထွက်လာပြီ။ ”
ရုတ်တရက် ရှောင်ချင်းယန်၊ ပိုင်ယိဟွာ၊ ကျန်းခွိုက်နှင့် ယဲ့ချင်းဟုန်တို့ ရောက်ရှိ လာ ခဲ့သည်။ ၎င်းတို့ လေးယောက်မှာ အောင်မြင်မှု တစ်ခု ထပ်မံ ရရှိ ထားကြ၏။
“ ယဲ့ချင်းဟုန် ... ၊ မင်း အိပ်ရာ ထဲမှာ အနည်းဆုံး တစ်နှစ် ခွဲလောက် နေရ မယ်လို့ ငါ ထင်နေတာ။ ”
လင်းယွန်က လှမ်းပြော လိုက်သည်။
“ ယဲ့ချင်းရှန် ... ငရဲ သစ်ခွ ခြံဝင်းရဲ့ သန့်ရှင်းသော သမီးတော်က ... မင်းကြောင့် ဂိုဏ်းက ထွက်သွားတာ မဟုတ်လား။ ”
ပိုင်ယိဟွာက အေးစက်စွာ မေးခွန်း ထုတ်လာသည်။
“ ယဲ့ချင်းရှန် ... ၊ ငါ နင့်ကို အခွင့် အရေး ပေးမယ်၊ နင် ငါ့ကို အနိုင်ယူ နိုင်ရင် .. ဒီကိစ္စကို ထားလိုက်မယ်၊ နင် ... ရှုံးရင်၊
... လက်နှစ်ဖက်ကို၊ ကိုယ်တိုင် ဖြတ်ပြီး ဂိုဏ်းကနေ ထွက်သွားပါ၊ ဘယ်တော့မှ ပြန် မလာနဲ့။ ”
ပိုင်ချင်းယွီမှ ဝင်ပြောလာ ပြန်၏။
“ ကောင်းပြီ ... ဒါဆို လာပါဦး။ ”
ဤကောင်မ လေးသည် သည်ကမ္ဘာ ကြီးပေါ်ရှိ အန္တရာယ်များ အကြောင်း သိပုံ မရ သေးချေ။
မလျော် ကန်သော အတွေး များဖြင့်၊ အခြားသူများမှ သွေးထိုး လှုံ့ဆော်မှုကို ခံထားရ ချေပြီ။ ဆိုလို သည်မှာ သူမ၌ ဦးနှောက် ‘ပါ’ မလာချေ။
“ နက္ခတ် တွေကို မသုံးဖို့ ... သတိ ပေးပါ ရစေ။ ”
လင်းယွန်မှ ပြော လိုက်၏။
“ ကောင်းပြီ ... ။ ”
ပိုင်ချင်းယွီ ခမျာ ရွှင်မြူး သွားပြီး၊ သူမ၏ နိဗ္ဗာန် ရောင်ဝါအား သူတော်စင် ဓားထံ လောင်း ထည့် လိုက်သည်။
ထိုဓားကို ဂိုဏ်းမှ လူတိုင်း သိ၏။ ဘုန်းဝိညာဉ်တော် နှစ်ပါး ပါသော ရေလှိုင်းဓား ဖြစ်သည်။ ဓားကိုယ်ထည်တွင် ရေများ စီးဆင်း နေပုံ ထွင်းထု ထား၏။
လင်းယွန်မှ အံ့အားသင့် သွားသည်။
“ ဘာလို့လဲ ငါတို့ရဲ့ နက္ခတ် တွေကို အသုံးပြုခွင့် မရှိဘူး လို့ပဲ ... ပြောခဲ့ တာလေ၊ ဘုန်း သူတော်စင် လက်နက်တွေ အကြောင်း မပါဘူး မဟုတ်လား။ ”
ပိုင်ချင်းယွီမှ ပြုံးရယ်လျက်၊ နိဗ္ဗာန်-နဝမမြောက် ရောင်ဝါအား ထုတ်ဖော် လိုက်လေ သည်။ ယင်းကြောင့် လင်းယွန်မှ မျက်မှောင် ကြုတ် သွား၏။
သတ်ဖြတ်ခြင်း မဟာ သူတော်စင်မှ၊ ကျင့်ကြံမှု အားနည်း လွန်းသည်ဟု သူ့အပေါ် မှတ်ချက် ပေးခဲ့ သည်မှာ လွန်အံ့ မထင်ချေ။
ဤငလေးမ လေးသည်ပင်၊ သူ့ထက် သာလွန် နေ၏။
“ ချွမ် ... ။ ”
ပန်းသင်္ချိုင်းအား ဆွဲထုတ် လိုက်သဖြင့်၊ တောက်ပသော အလင်းတန်း တစ်ခုက သူ့ကို သိုင်းခြုံလာ တော့၏။
“ ဓားကိုင်တာ မဆိုးဘူး။ ”
ပိုင်ချင်းယွီမှ ဘုန်း ဝိညာဉ် တော်ကို အသက်သွင်းကာ၊ ဓားအလင်းအား ရေလှိုင်းများ အဖြစ်၊ ပစ်လွှတ် လာသည်။
သူမ ဝန်းကျင်၌ သမုဒ္ဒရာ အလား၊ ဓားလှိုင်းများ ရစ်သိုင်း သွား၏။ အာကာပြင် ကိုပင် တုန်လှုပ် စေသည်၊
“ ကြယ်တာရာ မြစ်ရေများ။ ”
ပိုင်ချင်းယွီက ကောင်းကင်ပေါ် ခုန်တက် လိုက်ရာ၊ ဓားလှိုင်း တစ်ခုက သူမ ခြေထောက် အောက်သို့ ဝင်လာပြီး၊ ထမ်းပေး လေသည်။
ဓား၏ တန်ခိုးသည် ကြောက်မက်ဖွယ် ကောင်းချေ၏။ ပိုင်ချင်းယွီသည် ပိုင်ရှုရင်၏ ညီမ ဖြစ်ထိုက် လေသည်။
လင်းယွန်က ပန်းသင်္ချိုင်းအား ပစ်လွှတ် လိုက်မိသည်။ ဓားမှ လှစ်ခနဲ ပျောက်သွားပြီး၊ ပြန်ပေါ် လာသော အခါ၊ ကြောက်မက်ဖွယ် ဓားရောင်ဝါများ ထုတ်ပြ လာ၏။
ယင်းက ပိုင်ချင်းယွီ၏ ရေလှိုင်း ဖြစ်စဉ် များကို၊ ဖျက်ဆီး တော့သည်။ သူမက ရေလှိုင်း ဓားအား အရှိန် မြှင့်ကာ ခုတ်ပိုင်း လာရ၏။
“ ထန် ... ထန် ... ။ ”
“ ချလွမ် ... ။ ”
ပန်းသင်္ချိုင်းမှာ ဒေါသကြီး လာ၏။ တစ်ဖက်တွင် ဝှက်ဖဲအား ထုတ်ဖော်ခွင့် မရခဲ့ သဖြင့်၊ ပိုင်ချင်းယွီ တစ်ယောက် ဓားလွတ်ကျ သွားလေသည်။
“ ဒီကောင့်ကို နားမလည် နိုင်တော့ဘူး၊ အချိန်တိုတို အတွင်း နိဗ္ဗာန် အဆင့်ကို ချိုးဖြတ် နေတာ၊ ကြောက်စရာ ကောင်းတဘ်။ ”
ပိုင်ယိဟွာက ခပ်တိုးတိုး ပြောသည်။
“ အဲဒါ အဓိက မဟုတ်ဘူး၊ အရေး အကြီးဆုံးက သူ နိဗ္ဗာန်-ပဉ္စမ မြောက် အသွင် ကူးပြောင်းမှု ရောက်ရင်၊ ပိုင်ချင်းယွီထက် အားနည်း နေမှာ မဟုတ်ဘူး၊ ...
... ပိုင်ချင်းယွီက ပိုင်ရှုရင် ညီမ ပီပီ၊ သူတော်စင် ကိုယ်လုံး ကိုယ်ပေါက် ရှိတယ်၊ ငယ်ငယ် တည်းက သုံးစွဲ ခဲ့တဲ့ အရင်း အမြစ် တွေက ငါတို့ထက် များတယ်၊ ...
... ဒါကို နိဗ္ဗာန် ပဉ္စမမြောက် အသွင် ကူးပြောင်းမှုရဲ့ ယဲ့ချင်းရှန်က အလွယ် တကူ ရင်ဆိုင် နိုင်တယ် ဆိုတော့၊ ဒီကောင်သာ နိဗ္ဗာန်-နဝမမြောက် ...
... အသွင် ကူးပြောင်းမှု ရောက်လာရင် ... ဘုရင် အဆင့် တန်းဝင် သွားမှာ အသေ အချာပဲ၊ အခွင့်အရေး ပေးလို့ မရဘူး။ ”
လေးယောက်သား တုန်လှုပ် ခြောက်ခြား သွား၏။ တစ်ဖက်လူ ထံမှ လေးလံသော ဖိအားကို ခံစားလိုက် ရ၏။
“ နင်က စက်ဆုပ် စရာပဲ။ ”
ပိုင်ချင်းယွီမှ သူမ၏ ရှုံးနိမ့် မှုကို မယုံကြည်ချေ။
“ ငါ့ခွန်အား တစ်ဝက်တောင် မထုတ်ရ သေးဘူး။ ”
-ဟု ပြောကြား လာသည်။
ထိုစကားကြောင့် လင်းယွန်က ပြုံးလျက်၊
“ မင်း ငါနဲ့ တိုက်ခိုက်ချင် သေးရင် ... ၊ ပြန်သွားပြီး လေ့ကျင့် လာခဲ့ ... ။ ” -ဟု ပြော ကြား လိုက်သည်။
ပိုင်ချင်းယွီက အံကြိတ် တော့၏။ သူမ ဟူသည် အစ်မ ပိုင်နှင့် မယှဉ်နိုင် သော်လည်း ငယ်စဉ် ကပင် ပါရမီရှင် ဖြစ်သည်။
ဘဝ တစ်လျှောက် နာမည်ကြီး များကိုသာ ရှုံးနိမ့် ဖူး၏။ လင်းယွန် ကဲ့သို့ လူယုတ်မာများ မပါခေျ။
လင်းယွန်မှ ခေါင်းခါပြီး၊ သူမကို လျစ်လျူရှု လိုက်၏။ ပိုင်ချင်းယွီမှာ အားနည်းခြင်း မရှိသော် ငြားလည်း၊ တိုက်ပွဲ အတွေ့ အကြုံ ကင်းမဲ့ နေသည်။
သူမတွင် သတ်ဖြတ် လိုသော ဆန္ဒပင် မရှိချေ။ သူမ အစ်မနှင့် နှိုင်းစာသော် နူးညံ့သော ပန်း တစ်ပွင့် မျှသာ ဖြစ်သည်။
“ ငါတို့ ... မင်းကို ထွက်သွားခွင့် ပေးလို့လား။ ”
ယဲ့ချင်းဟုန်မှ လှမ်းတက် လာ၏။
“ ပိုင်ရှုရင်ကြောင့် ငါတို့ရဲ့ တိုက်ပွဲကို အပြည့်အ၀ မခံစား နိုင်ခဲ့ ကြဘူး၊ အခု ဘာလို့ မစမ်းကြည့် ရတာလဲ။ ”
ပိုင်ယိဟွာ ကပါ နောက်မှ လိုက်ပါ လာသည်။
“ ဘုရင် အဆင့် အမြင့် ဆုံးမှာ၊ ရပ်တည် နေတဲ့ ... မင်းတို့ လေးယောက်က၊ နိဗ္ဗာန်-ပဉ္စမ အသွင် ကူးပြောင်းမှုက၊ တစ်စုံ တစ်ယောက် အပေါ်၊ အနိုင်ကျင့် ချင်နေလား။ ”
ရုတ်တရက် မေးမြန်း သံနှင့် အတူ၊ ကြောက်မက်ဖွယ် သူတော်စင် ရောင်ဝါ တစ်ခု လွင့်ပျံ့ လာ သဖြင့်၊ လေးယောက်သား နောက် အမြန် ဆုတ်လိုက် ရတော့သည်။
***