← Chapters

အနန္တ သင်္ချိုင်း တောင်ကြား။

Vol. 143 Ch. 1990

အနန္တ သင်္ချိုင်း တောင်ကြား။

Vol. 143 Ch. 1990

လူရိပ် တစ်ရိပ် မြေပြင် ပေါ်သို့၊ ဆင်းသက် လာသည်။ ယဲ့ချင်းဟုန်၊ ကျန်းခွိုက်၊ ပိုင်ယိဟွာ နှင့် ရှောင်ချင်းယန် တို့က ခြေလှမ်း အနည်းငယ် နောက်ပြန် ဆုတ်လိုက် ကြ၏။

“ ရွှေသင်းထောက် ပိုင်ရှောင် ... ။ ”

ပိုင်ရှောင် ဟူသည် မျိုးဆက်ဟောင်း သူတော်စင် တပည့် တစ်ဦး ဖြစ်ပြီး၊ ယခင်က ဘုရင် အဆင့်တွင်၊ ထိပ်တန်း ဆယ်ယောက် အတွင်း ဝင်နိုင် ခဲ့၏။

လက်ရှိ အချိန်၌ အသက် တစ်ရာ နီးပါး ရှိကာ၊ အမည်ခံ သူတော်စင် နယ်ပယ်သို့ ရောက် ရှိနေပြီ ဖြစ်သည်။

တစ်ဖက်တွင် ယဲ့ချင်းဟုန် တို့မှာ၊ ထိပ်ဆုံး ရာဂဏန်း ၌သာ ရှိနေ၏။ သူတို့ (၃)ဦး အနက်၊ ရှောင်ချင်းယန်၏ စွမ်းအား သည်သာ နက်နဲပြီး နားမလည် နိုင်အောင် ဖြစ်နေသည်။

မျိုးရိုး မတူ သော်လည်း၊ ကောင်းကင်ဘုံ ယင်နန်းတော်၏ ဝမ်မျိုးရိုး မျိုးဆက်သစ် များကို ဦးဆောင်ခွင့် ရထား၏။

“ သင်းထောက် ပိုင်ရှောင် ... ၊ မင်း ငါတို့ ကိစ္စတွေကို ဝင်စွက်ဖက် ချင်နေ တာလား။ ”

ပိုင်ယိဟွာက ဒေါသတကြီး ပြန်ကြည့် လာသည်။ ၎င်းတို့သည် မိသားစု တစ်ခုတည်း ဖြစ်သော်လည်း၊ ခံယူချက်ခြင်း မတူချေ။

ထို့ကြောင့် ရင်းနှီးသော ဆက်ဆံ ရေးထက် ရန်လိုမှုသာ ရှိနေ ခဲ့သည်။ ပိုင်ရှောင် မျက်နှာမှာ တည်ငြိမ် နေပြီး၊

“ ပိုင်ယိဟွာ ... ဂိုဏ်း အတွင်းမှာ၊ တပည့် တစ်ဦးကို မသတ်ဖို့ တားမြစ် ထားတယ်၊ ဒါက ငါ့ တာဝန်ပဲ။ ”

“ ဘယ်သူက သတ်နေ လို့လဲ၊ ငါတို့ အားလုံးက သူတော်စင် တပည့်တွေ ပါပဲ၊ ဘယ်သူမှ မသတ် ပါဘူး။ ”

“ လွန်ခဲ့တဲ့ လဝက်က ... သခင်ငယ် ဝူရှောင်ကို အနိုင် ယူပြီး၊ အရှေ့ဘက် ပျက်စီး မြေမှာ သူ့နာမည် ကေျာ်ကြား လာခဲ့တယ်၊ ...

... ကောင်းကင် တာအို ဂိုဏ်းမှာ ... ဓားသမား တစ်ယောက် ရှိတယ် ဆိုတာ ဘယ်သူ မဆို သိပါတယ်။ ”

“ ဟုတ်တယ် ရွှေသင်းထောက်ပိုင် ... ။ ”

သခင်ငယ် ဝူရှောင်သည် ဂီတ မျိုးနွယ်၏ မျိုးဆက်သစ် သခင်ငယ် တစ်ပါး အနေဖြင့်၊ ကျော်ကြား ချေသည်။

ထိုရှုံးနိမ့်မှုက သူ့ကို အကြီးအကျယ် အရှက်ရစေ သကဲ့သို့၊ ယဲ့ချင်းရှန် အမည် လည်း၊ ကျော်ကြား လာခဲ့၏။

“ ဟား ဟား ဟား ... ။ ”

ပိုင်ရှောင်က ရယ်မော လိုက်သည်။ ဤလူများနှင့် ငြင်းခုံရန် စိတ် မ၀င်စားဘဲ၊ ပိုင်ချင်းယွီထံ လှမ်းကြည့်ကာ၊

“ သူတို့နဲ့ ဝေးဝေးနေ။ ”

-ဟု သတိ ပေးလိုက်သည်။

ပိုင်ချင်းယွီသည် ပြင်ပ ကမ္ဘာ၏ အတွေ့ အကြုံ မရှိသော ပန်းတစ်ပွင့် ဖြစ်ပြီး၊ ပိုင်ယိဟွာ၊ ယဲ့ချင်းဟုန်၊ ရှောင်ချင်းယန်၊ ကျန်းခွိုက်၊ တို့နှင့် မတူချေ။

သို့သော် ပိုင်ချင်းယွီက အဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်း နားမလည် နိုင်ဘဲ ဒေါသ တကြီးဖြင့်၊

“ သူကြောင့် ... အစ်မ ပိုင် ထွက်သွား ရတယ်၊ သူ့ကို လွယ်လွယ် လွှတ်ပေး ထားမှာ မဟုတ်ဘူး။ ”

-ဟု ပြန်ပြော လာ၏။

ပိုင်ရှောင်မှ ခေါင်းခါပြီး၊ ဆက်မပြော တော့ဘဲ၊ လင်းယွန်နှင့် အတူ ထွက်သွား တော့ သည်။ ပိုင်ချင်းယွီ ခမျာ ဒေါသ မပြေ သေး သဖြင့်၊ နောက်မှ လိုက်ပါ လာ၏။

“ ပိုင်ရှောင် ဦးနှောက်မှာ ... ၊ တစ်ခုခု မှားနေပြီ၊ ပိုင်-မိသားစုဝင် တစ်ယောက်က ယဲ့ချင်းရှန်နဲ့ ဘယ်လိုများ အတူ ... နေနိုင် ရတာလဲ။ ”

“ သူ တစ်ချိန်လုံး ... မကာကွယ် နိုင်ပါဘူး၊ စောင့်ကြည့် ရအောင်၊ ဘိုးဘေးက သူ့ကို စွန့်ပစ် ထားပြီးပြီ၊ ပိုင်ရှောင် မပြောနဲ့၊ ...

... ကျောက်စိမ်းဓား သူတော်စင်နဲ့ ... ၊ မူလနဂါး မဟာ သူတော်စင် တောင်၊ ကာကွယ် ပေးနိုင်မှာ မဟုတ်ဘူး။ ”

“ လက်သီး တစ်ထောင် သူတော်စင် ဘုရင်။ ”

ကျန်းခွိုက်၏ မျက်လုံးများ တောက်ပ လာသည်။ ယဲ့မိသားစု ဘိုးဘေးမှာ သူတော်စင် ဘုရင် မျှသာ ဖြစ်သော်လည်း၊ ခွန်အား အရာတွင် ကြောက်စရာ ကောင်း၏။

အလွန် အသက် ကြီးရင့် နေကာ၊ ကောင်းကင် တာအိုဂိုဏ်း အတွင်း ပြိုင်ဘက် ကင်းသော အဆင့်အတန်း တစ်ခု ရရှိ ထားသည်။ ဂိုဏ်း၏ အရင်း အမြစ် များမှာ၊ သူ့ထံမှ လာခြင်း ဖြစ်၏။

“ ဟား ဟား ဟား ... ၊ ငါ့ ကျန်းမိသားစုရဲ့ အကြီးအကဲတွေ ကလည်း၊ ယဲ့ချင်းရှန်ကို ကြည့် မရ တော့ဘူး။ ”

ယဲ့ချင်းရှန်သည် ကျန်းယွီကို အနိုင် ယူပြီး၊ ၎င်းဆရာကို စော်ကား ခဲ့၏။ ထို့ကြောင့် သဘာ ဝ အတိုင်း၊ သူ့ကို မကြိုက် ကြချေ။

“ ဒီကောင်က တကယ် မိုက်တယ်၊ ကောင်းကင် တာအို ဂိုဏ်းထဲမှာ ... ဘယ်သူက တန်ခိုး ကြီးလဲ ... ၊ ပြရ သေးတာပေါ့။ ”

“ အနန္တ သင်္ချိုင်း တောင်ကြားရဲ့၊ အချက် အလက် တွေကို၊ လွန်ခဲ့တဲ့ ရက် အနည်း ငယ်က ဒီကောင် ရှာဖွေ နေတယ်၊ ဂိုဏ်းကနေ ထွက် သွားဖို့ ကြံစည် နေတာ ဖြစ်နိုင်မယ်။ ”

“ ကောင်းတယ် ... ၊ သူ့ကို အနီးကပ် စောင့်ကြည့်ထား၊ သူ ဂိုဏ်းကနေ ထွက်သွားဖို့ သတ္တိ ရှိရင် ... ငါတို့ အခွင့် အရေး ယူရအောင်၊ ဒီလိုမှ မဟုတ်ရင် သူ၊ ...

... အမည်ခံ သူတော်စင် ဖြစ်လာတဲ့ အခါ၊ ရွှေမျိုးဆက်နဲ့ ပူးပေါင်း သွားနိုင်တယ်၊ ဒါဆိုရင် ငါတို့ရဲ့ အနာဂတ်ကို ... ၊ လက်လွှတ် လိုက်ရ တာနဲ့ အတူတူပဲ။ ”

ယဲ့ချင်းဟုန် စကားကို ကျန် သုံးယောက်မှ ခေါင်းညိတ်ပြီး၊ ထွက်ခွာ သွားသည်။ ထိုအချိန်၌ လင်းယွန်က ပိုင်ရှောင်နှင့် လမ်းခွဲကာ၊ မရဏ မိုးကြိုး တောင်ထိပ်သို့ ပြန်လာ ခဲ့သည်။

သူ့အရည် အချင်းကြောင့်၊ မရဏ မိုးကြိုး တောင်ထိပ် တပည့် များက အသိအမှတ် ပြုပြီး၊ လမ်း တစ်လျှောက် နှုတ်ဆက် လာကြသည်။

လင်းယွန် တောင်ထိပ် သခင်နှင့် တွေ့ဆုံ လိုက်သည်။ သူက အံ့သြသော လေသံဖြင့်၊

“ မင်း သွားတော့ မလို့လား။ ”

-ဟု ပြန်မေး လာ၏။

“ ဟုတ်တယ် ... တောင်ထိပ် သခင်ကို နှုတ်ဆက်ဖို့ ရောက်လာတာ၊ ပြီးတော့ ... အနန္တ သင်္ချိုင်း တောင်ကြားနဲ့ ပတ်သတ်ပြီး ဘာများ သိသေး လဲလို့ ... မေးမြန်း ချင်တာလည်း ပါတယ် ... ။ ”

လင်းယွန်မှ ပြန်ဖြေသည်။ အချက် အလက် အချို့ကို အကျိုးဆောင် ခန်းမ၌ ကန့်သတ် ထား ချေပြီ။

“ အနန္တ သင်္ချိုင်း တောင်ကြားက ... ၊ နတ်ဘုရား သင်္ချိုင်း တောင်တန်းကြီး အတွင်းမှာ တည်ရှိတယ်၊ မရေ မတွက် နိုင်တဲ့ ရှေးဟောင်း သင်္ချိုင်းတွေ တည်ရာ အရပ်ပဲ၊ ...

... အဲဒီမှာ အပြစ် တွေနဲ့၊ တိမ်ညို တွေသာ ဖုံးလွှမ်း နေတယ်၊ ရွံ့စရာ ... သွေးကျီးကန်း တွေ တွေ့နိုင် သလို၊ လှပပြီး ချစ်စရာ ကောင်းတဲ့ ပန်းလေး တွေလည်း ရှိတယ်၊ အမည်ခံ သူတော်စင် တွေက ...

... အဲဒီ အနန္တ သင်္ချိုင်း တောင်ကြားထဲ မဝင်နိုင်ဘူး၊ အန္တရာယ်တွေ ... ပေါများပြီး၊ ပန်း တွေက ကြောက်မက်ဖွယ် ကောင်းတဲ့၊ ဘီလူး တွေ အဖြစ် ပြောင်းလဲ နိုင်တယ်။ ”

မရဏ မိုးကြိုး တောင်ထိပ် သခင်မှ သူသိထား သမျှကို၊ မျှဝေ ပေးလာ ခဲ့သည်။

“ ထင်တဲ့ အတိုင်းပဲ ... ။ ”

အနန္တ သင်္ချိုင်း တောင်ကြားသည် မရဏ တိုင်းပြည် ဖြစ်၏။ သို့သော် ၎င်း၌ မယုံနိုင်ဖွယ် အသက်ဓာတ်များ ရှိချေပြီ။

“ တောင်ထိပ် သခင် အဲဒီမှာ ... ၊ အသက်ဓာတ်တွေ ဘယ်က လာလဲ သိသလား။ ”

“ နတ်သွေးပန်း (ကောင်းကင်၌ ပွင့်သော ပန်း) ။ ”

တောင်ထိပ် သခင်မှ ပြောကြား လာသည်။ ထိုပန်းသည် အနန္တ သင်္ချိုင်း တောင်ကြား ၌ပင် ရှားပါးသော ပန်းစာရင်း ဝင်၏။

( တရုတ် ဒဏ္ဍာရီလာ ပန်းအမျိုး အစား ဖြစ်သည်။ နှစ်ပေါင်း (၃၀၀၀)လျှင် တစ်ကြိမ် သာ ပွင့်၏။ ဗုဒ္ဓ၏ လူဝင်စားမှု သံသရာ သင်္ကေတ ပေပင်။

(Udumbara) ကို၊ တရုတ် အယူတွင်၊ ကောင်းကင်၌ ပွင့်သော ပန်းငယ် ဖြစ်ပြီး၊ မြန်မာ ရေသဖန်း အပင်နှင့် ခပ်ဆင်ဆင် တူသည်။ )

ထို့နောက် မရဏ မိုးကြိုး တောင်ထိပ် သခင်မှ၊ မြေပုံ တစ်ချပ် လက်ဆောင် ပေးလာ ခဲ့သည်။

“ သတိ ထားပါ ... ၊ အနန္တ သင်္ချိုင်း တောင်ကြားက ထူးခြား ဆန်းကျယ်တယ် မပေါ့ဆနဲ့။ ”

လင်းယွန်မှ ခေါင်းညိတ်ကာ၊ နှုတ်ဆက် ပြန်လာစဉ်၊ ရပ်စောင့် နေသော ပိုင်ချင်းယွီအား မြင်လိုက် ရသည်။

“ ယဲ့ချင်းရှန် ... နင် အနန္တ သင်္ချိုင်း တောင်ကြားကို သွားမလို့ မဟုတ်လား၊ မငြင်းနဲ့ နင်တို့ စကား ပြောနေတာ ... ငါ ကြားတယ်။ ”

ပိုင်ချင်းယွီ တစ်ယောက်၊ သူနှင့် တောင်ထိပ် သခင် တို့၏ စကားဝိုင်းကို မည်သို့ ခိုးနားထောင် နိုင်ခဲ့ သည်အား သိချင် လာ၏။

တောင်ထိပ် သခင် ပင်၊ သူမကို သတိ မထားမိ ခဲ့ချေ။ အသွင် အပြင်ကို ဖုံးကွယ်ရန် ရတနာ တစ်ခုခု ရှိပုံ ရသည်။

“ ဟား ဟား ဟား ... နင်က အခုလို တိတ်တိတ်လေး ထွက်သွားချင် နေတာလား၊ မစဉ်း စားနဲ့၊ ဘာပဲ ဖြစ်​ဖြစ်​ နင့်ခေါင်းကို ယူဖို့ ငါဆုံးဖြတ် ထားတယ်။ ”

“ မင်း ငါ့ကို သတ်ချင် နေရအောင် ... မင်းတစ်သက် ပုရွက်ဆိတ် တစ်ကောင် တောင်၊ သတ်ဖူး ရဲ့လား။ ”

သူမသည် ခိုင်မာသော အုတ်မြစ်၊ ဘုန်း ဝိညာဉ် နှစ်ပါး လက်ရာနှင့်၊ အခြားသော ရတနာ များစွာ ရှိနိုင်မည်။

သို့သော် အတွေ့အကြုံ မရှိ သဖြင့်၊ ရန်သူနှင့် ရင်ဆိုင်သော အခါ၊ ခွန်အား (၃၀%)ပင် မထုတ် နိုင် ခဲ့ချေ။

လင်းယွန် မဆိုနှင့်၊ နိဗ္ဗာန် အဆင့်ရှိ လေလွင့်ကျင့်ကြံသူ တစ်ယောက်ပင် သူမအား သတ်ရန် နည်းလမ်း ရှာနိုင်သည်။

“ ငါ ဘာလို့ ... မသတ်ဖူး ရမှာလဲ ... ၊ ငါ့အစ်မနဲ့ ... မျိုးနွယ်စု အကြီးအကဲ တွေက ငါ့ အရည်အချင်း တွေနဲ့ ...

... ရွှေခေတ်မှာ ထွန်းတောက် နိုင်ပြီး၊ အနာဂတ်မှာ ဧကရာဇ် ဖြစ်လာ နိုင်မယ်လို့ ပြောတယ်။ ”

“ ဟုတ်လား ... ဒါဆို ငါက အနာဂတ် ဧကရာဇ် တစ်ပါးနဲ့ စကား ပြောနေမိ တာပေါ့။ ”

လင်းယွန်မှ ပြုံးကာ ပြောလိုက် တော့သည်။

“ ဟမ့် ... အခုလို သိတာ ကောင်းတယ်။ ”

ပိုင်ချင်းယွီမှ ဂုဏ်ယူစွာ ပြန်ပြောသည်။ သည့်နောက် လင်းယွန်မှ ဂရု မစိုက် တော့ဘဲ၊ သူမအား ဖြတ်ကျော် လာခဲ့သည်။

“ ယဲ့ချင်းရှန် ... ထွက်သွား ဖို့တောင် မစဉ်းစားနဲ့၊ ငါ ဒီနေ့ နင့်ရဲ့ ခေါင်းကို ယူရမယ်၊ ဘာတွေပဲ ဖြစ်ဖြစ်။ ”

ပိုင်ချင်းယွီက ရှေးကျသော ရွေ့လျားမှု နည်းစနစ်ကို သုံးကာ၊ လင်းယွန် နောက်သို့ လိုက်ပါ သွားလေသည်။

သို့သော် လင်းယွန်မှာ သူမထက် ပိုမြန် သောကြောင့်၊ များမကြာခင် မျက်ခြေပျက် သွား တော့၏။

“ ဒီလူ ဘယ်ရောက် ... သွားတာလဲ၊ ယဲ့ချင်းရှန် ငါတို့ တွေ့မယ်၊ ငါနင့်ကို လွယ်လွယ် လွှတ်ထားမှာ မဟုတ်ဘူး။ ”

ထိုအချိန်တွင် လင်းယွန်က ဝါးခမောက် ဆောင်းလျက်၊ နဂါးလေးကို မြင်းအသွင် ပြောင်း စေကာ၊ အနက်ရောင် အဝတ် အစားများ ၀တ်ဆင် ထားခဲ့သည်။

ခရီးမှာ ဝေးလွန်းလှ သဖြင့်၊ နဂါးသွေး မြင်းကို စီးနင်းခြင်း သည်သာ သင့်လျော် ချေပြီ။

ကောင်းကင်း တာအို ဂိုဏ်းမှ လင်းယွန် ထွက်သွား သော သတင်းမှာ၊ တောမီး အလား၊ အရှေ့ဘက် ပျက်စီးမြေ တစ်ခု လုံးကို၊ နေ့ တစ်ဝက် အတွင်း ကြားသိ စေ၏။

သခင်ငယ် ဝူရှောင် ကျေးဇူးကြောင့် လူတိုင်းမှ ယဲ့ချင်းရှန် သတင်းကို စိတ်ဝင်စား နေကြပြီ ဖြစ်သည်။

ငရဲ သစ်ခွ ခြံဝင်း၏၊ သန့်ရှင်းသော သမီးတော်နှင့် အရှုပ်တော် ပုံမှာ၊ ကျော်ကြား ချေပြီ။ ရွှေမျိုးဆက်များ အထိပင်၊ ဖမ်းစားနိုင် သည်ဟူသော သုံးသပ်ချက် ရရှိ ထား၏။

ထို့ကြောင့် လူများစွာက ပိုင်ရှုရင်အား ထွက်ပြေး စေသည့်၊ ထိုလူအား မြင်ချင် နေကြ သည်မှာ သဘာဝ ပေပင်။

“ သူ ဒီလောက် မြန်မြန် ထွက်သွား ... ၊ လိမ့်မယ်လို့ မထင် ထားဘူး၊ မြန်​မြန်​ ဘိုး​ဘေး​ကို ဒီ​အကြောင်း ​ပြောရမယ်။ ”

ယဲ့ချင်းဟုန်မှ စိတ်လှုပ်ရှား နေခဲ့၏။

“ ဟုတ်တယ် ... ၊ အနန္တ သင်္ချိုင်း တောင်ကြားက ... သူ့ အသက်ကို ရယူဖို့ အကောင်းဆုံး နေရာပဲ။ ”

ကျန်းခွိုက်၊ ပိုင်ယိဟွာနှင့် ယဲ့ချင်းဟုန်တို့ သုံးဦးက ၎င်းတို့ မျိုးနွယ်စု များထံ၊ ချက်ချင်း သတင်း ပို့လိုက် ကြသည်။

ယင်-နန်းတော်ရှိ ခြံဝင်း တစ်ခု ထဲတွင်၊ ဝမ်မူယန် တစ်ယောက် ခန္ဓာ ကိုယ်၌ ရနံ့ တစ်ခု လွှမ်းခြုံလျက် တရား ထိုင်နေသည်။

ရှောင်ချင်းယန်က သူမ အနား ရုတ်​တရက်​​ပေါ်လာပြီး၊

“ သန့်ရှင်းသော သမီးတော် ... ကျန်း မိသားစု၊ ပိုင် မိသားစုနဲ့၊ ယဲ့ မိသားစုက လှုပ်ရှား နေပါပြီ၊ ငါတို့ရော ပါဝင် မှာလား။ ”

-ဟု ခပ်တိုးတိုး မေးမြန်း လိုက်၏။

ဝမ်မူယန်မှ ပြုံးပြီး မျက်လုံး ဖွင့်လာသည်။

“ သူ ဘယ်သူလဲ ဆိုတာ ... ၊ ငါ သိချင် နေတာ ကြာပြီ၊ တကယ်လို့ အဲဒီ လူသာ ဆိုရင်၊ နတ်ဂိုဏ်း အတွက် ... ၊ ပြောင်လဲမှု ကြီးကြီး မားမား ယူဆောင် လာပေး လိမ့်မယ်။ ”

***

All Chapters