စျေးပြော ... ။
Vol. 143 Ch. 1991
ဝမ်မူယန်သည် လျှို့ဝှက် ဆန်းကြယ်ပြီး၊ ရှောင်ကျင်းယန်ပင် သူမ ရုပ်ရည်အား၊ မမြင်နိုင် ခဲ့ချေ။
သူမ၌ မွေးရာပါ သူတော်စင် နှလုံးသားနှင့် လနတ် သမီး ယင်-ခန္ဓာကို ပိုင်ဆိုင် ထားသည်။ သည့်အပြင် မျက်နှာ တစ်ထောင် နတ်မိစ္ဆာ ပညာရပ် ကိုလည်း ကျင့်ကြံ ထားချေ၏။
ထို့ကြောင့် ဝမ်မိသားစု ဘိုးဘေးပင် သူမ မျက်နှာကို အစစ်-အတု မခွဲခြား နိုင်တော့ချေ။
“ သူ ဘာအတွက် ... အနန္တ သင်္ချိုင်းကို သွားလဲ မင်း သိလား။ ”
ဝမ်မူယန်မှ မေးသည်။
“ မသိခဲ့ ပါဘူး ... ၊ အနန္တ သင်္ချိုင်း တောင်ကြားမှာ၊ အဖိုးတန်ဆုံး ရတနာက၊ နတ်သွေးပန်းပဲ ရှိပါတယ်။ ”
ရှောင်ချင်းယန်က ပြန်ဖြေ၏။
“ နတ်သွေး ပန်းကို ရဖို့ ဆိုတာ ... မလွယ်ပါဘူး၊ သူ့ကို ဥဒုမ္ဗရပန်း လို့လည်း ခေါ် ကြတယ်။ ”
ထိုသို့ စကားပြော နေစဉ် ဝမ်မူယန် မျက်လုံးများ တောက်ပ လာပြီး၊ ပြုံရယ်လျက်၊
“ နေဦး နတ်သွေးပန်း ... နတ်သွေးပန်း၊ အဲဒါက ရတနာ တစ်ခုပဲ မဟုတ်လား၊ ဒါဆို သူ ဘာလုပ် နိုင်လဲ စဉ်းစား ကြည့်ရအောင် ... ။ ”
“ သန့်ရှင်းသော သမီးတော် ... ၊ မင်း နတ်ဘုရား သင်္ချိုင်း တောင်တန်းကို ... သွား မလို့ လား။ ”
“ ငါ အောင်မြင်မှု ရယူဖို့ အရေးကြီးတဲ့ အခိုက်အတန့် ရောက်နေတယ်၊ အဲဒီ နေရာကို ချက်ချင်း ထွက်သွားလို့ မရဘူး၊ ဒါပေမယ့် ... သွားဖို့တော့ ဆုံးဖြတ် ထားတယ်။ ”
“ ဘာလို့ သွားချင် ရတာလဲ သန့်ရှင်းသော သမီးတော်၊ နတ်သွေးပန်း အတွက်လား ... ဒါမှ မဟုတ် ယဲ့ချင်းရှန် ကြောင့်လား။ ”
“ နှစ်ခု စလုံး ... ။ ”
ဝမ်မူယန်က ပြုံးကာ ပြေကြား လိုက်သည်။ သို့မှသာ ရှောင်ချင်းယန်မှ၊
“ ကျွန်တော် ကိုယ်တိုင် လှုပ်ရှား မှာမို့၊ ယဲ့ချင်းရှန်က လူသေ တစ်ယောက် ဖြစ်နေ ပါပြီ၊ သွားချင်တယ် ဆိုရင်တော့ ... သန့်ရှင်းသော သမီးတော်က၊ နတ်သွေးပန်း အတွက် ... သွားနိုင် ပါတယ်။ ”
-ဟု ပြောကြား လိုက်သည်။
“ ကောင်းပြီ နတ်သွေးပန်း အတွက် ငါ့မှာ အစီစဉ် ရှိတယ်၊ မင်းက သူတို့နဲ့ အတူ သွားပြီး၊ ယဲ့ချင်းရှန်ရဲ့ ... ရည်ရွယ်ချက်ကို ဖော်ထုတ်ပါ၊ သူ့ကို မသတ်နဲ့ ... အရှင် လိုချင်တယ်။ ”
ရှောင်ချင်းယန်မှ အနည်းငယ် တွေဝေ သွားပြီးနောက်၊ ခေါင်းညိတ် ပြလိုက် တော့၏။
“ ဒါနဲ့ သန့်ရှင်းသော သမီးတော်၊ နေ-လ နတ်ရူရ်ရဲ့ လျှို့ဝှက်ချက်ကို ဘယ်တော့ ပြောပြ မှာလဲ။ ”
“ စိတ်လျော့ ထား ... ၊ အဲဒါကို ငါ ပြောပြ ရင်တောင်၊ မင်း ယူနိုင် ဦးမှာ မဟုတ်ဘူး၊ အချိန် မတန် သေးဖူးလို့ သိထားပါ။ ”
“ ဟုတ်ကဲ့ ... ။ ”
ရှောင်ချင်းယန် တစ်ယောက် ဆုတ်ခွာ သွားသည်။ (၇)ရက် ကုန်ပြီးနောက် နတ်ဘုရား သင်္ချိုင်း တောအုပ်သို့၊ လင်းယွန် ရောက်ရှိ လာသည်။
နတ်ဘုရာ သင်္ချိုင်း တောအုပ်သည်၊ နတ်ဘုရား သင်္ချိုင်း တောင်တန်း၏ ခြေရင်းတွင် တည်ရှိပြီး၊ လျှို့ဝှက် ဆန်းကြယ် ချေ၏။
မိစ္ဆာ အငွေ့ အသက်များ လွှမ်းခြုံနေသည့် သွေးမြူများ ဖုံးလွှမ်း နေသော တောအုပ်ကြီး ပေပင်။
အရှေ့ဘက် ပျက်စီးမြေတွင် ကျော်ကြား လှပြီး၊ အတွင်း သို့တိုင် မည်သူမျှ ခြေမချ ဖူးချေ။ ရှေးခေတ် နတ်ဘုရားများ သေဆုံးရာ အရပ် အဖြစ်၊ ပြောစမှတ် ပြုကြသည်။
သို့သော် စိုးရိမ်စရာ မရှိချေ။ လင်းယွန် ရည်ရွယ်ချက်မှာ နတ်ဘုရား သင်္ချိုင်း တောအုပ် မဟုတ်ဘဲ၊ နတ်ဘုရား သင်္ချိုင်း တောင်ကြား ဖြစ်လေသည်။
တောင်တန်း အတွင်း ပိုင်းမှာ ရှေးကျပြီး၊ လျှို့ဝှက် ဆန်းကြယ်သော ကမ္ဘာ တစ်ခု ဖြစ်၏။ နတ်ဘုရား သင်္ချိုင်း တောင်ကြားသည်၊ ၎င်း၌ တည်သည်။
စီနီယာ အစ်မ ရှင်းယန်သည် နတ်ဘုရား သင်္ချိုင်း တောင်တန်း အတွင်း၊ နတ်သွေး ပန်းကို ရှာဖွေရန် ထွက်ခွာပြီး ဖြစ်၏။
တောင်တန်းကို တံဆိပ် တစ်ခုဖြင့် ပိတ်ထား သော်ငြားလည်း၊ အချိန် ကြာလာ သည်နှင့် အမျှ တဖြည်းဖြည်း အားနည်းကာ၊ တံဆိပ်၌ အက်ကြောင်းများ ပေါ်လာ ခဲ့၏။
ယင်းက အမည်ခံ သူတော်စင်အောက် မည်သူ မဆို ဝင်ရောက် နိုင်ပြီ ဖြစ်သည်။ (၄) နာရီ ကုန်လွန် ပြီးနောက်၊ တောအုပ် အတွင်း တရား ထိုင်နေ ခြင်းမှ ရပ်နား လိုက်၏။
ထိုစဉ် မြင်းဖြူ စီးနင်းလျက်၊ တစ်စုံ တစ်ယောက် ချဉ်းကပ် လာသည်။ မြင်းဖြူ၌ နဂါးသွေး အချို့ ပိုင်ဆိုင် ထားသဖြင့်၊ သာမာန် နတ်ဆိုး သားရဲ များမှာ၊ ၎င်းအား ကြောက်ရွံ့ ပေမည်။
သို့သော် နဂါးလေး မပါချေ။ မြင်းဖြူက နဂါးလေးကို အဝေးမှ ကြည့်ကာ ချက်ချင်း ရပ် လိုက်သည်။
မြင်းစီး သူမှ ဆက်သွားရန် ကြိုးစား သော်လည်း၊ နဂါးလေးနှင့် မိုင်တစ်ရာ အတွင်း ချဉ်းကပ် ဝံ့ခြင်း မရှိ ခဲ့ချေ။
ရွေးချယ် စရာ မရှိတော့ သဖြင့်၊ မြင်းစီး သူက၊ ထိုနေရာမှ လမ်းဆင်း လျှောက် လာရ လေသည်။ ယင်းမှာ ပိုင်ချင်းယွီ ဖြစ်၏။
အဖြူရောင် အဝတ် အစားများ ၀တ်ဆင် ထားသည်။
“ ယဲ့ချင်းရှန် ... ၊ နင် ဝါးခမောက် ဆောင်းထားလို့၊ ငါ မမှတ်မိဘူး မထင် လိုက်နဲ့၊ ... ။ ”
“ ငါ့ကို ဘယ်လို ရှာတွေ့ တာလဲ။ ”
“ ဒါက လျှို့ဝှက်ချက်ပဲ၊ နင့်ကို အလွတ် မပေး ဖူးလို့ ... ငါ ပြောခဲ့တယ် မဟုတ်လား၊ နင့် ခေါင်းကို ... ငါ ပိုင်တယ်။ ”
ပိုင်ချင်းယွီက ပြန်ဖြေ၏။ လင်းယွန်မှ ဝါးခမောက်ကို ဆောင်းလျက်၊
“ မင်းမှာ အကြိမ် တစ်ရာ အခွင့် အရေး ရှိရင်တောင် ... ၊ ငါ့ကို သတ်နိုင်မှာ မဟုတ်ဘူး။ ”
-ဟု ပြန်ပြော လိုက်သည်။
“ သိပ်သေချာ မနေ နဲ့ဦး ... ၊ နင် ဒီကို လာတာ လူတော်တော် များများ သိကြတယ်၊ ဒါကြောင့် သူတို့ နင့်ကို သတ်မဲ့ အချိန်ကို ကြည့်ဖို့၊ ငါလိုက် လာတာ။ ”
“ မဆိုး ပါဘူး၊ ဦးနှောက်ကို ဘယ်လို သုံးရမယ် ဆိုတာ၊ မင်း ... သိလာပြီ။ ”
“ အသေ အချာပဲ ... ။ ”
ပိုင်ချင်းယွီက ဂုဏ်ယူစွာ ပြုံးပြ လာ၏။ ထိုစဉ် လင်းယွန်မှ လက်လှိုင်းဖြင့်၊ မြင်းဖြူတွင် ချိတ်ထားသော ဓားအား လှမ်းခေါ် မိသည်။
“ ဟီး ... ဟစ် ဟစ်။ ”
မြင်းဖြူက ထွက်ပြေးရန်၊ ကြိုးစား လိုက် သော်လည်း၊ နဂါးလေးမှ ပြုံးလျက် လမ်းပိတ် ပစ်တော့သည်။
“ ဝှစ် ... ။ ”
ရေလှိုင်း ဓားက လင်းယွန် ဆန္ဒကို ခုခံ သော်လည်း မအောင်မြင်ချေ။ ရုန်းကန်လျက် ပျံသန်း လာတော့၏။
“ ငါ့ဓား ... ။ ”
ပိုင်ချင်းယွီမှ အော်သည်။ ဤအရာသည် သဘာဝအတိုင်း သူမကို ထိတ်လန့် စေခဲ့၏။။
“ ဒါ ... မဖြစ် နိုင်ဘူး။ ”
ရေလှိုင်းဓား ဟူသည်၊ သူမ အတွက် သွန်းလုပ် ထားသော၊ ဘုန်း ဝိညာဉ်တော် နှစ်ပါး လက်ရာ ဖြစ်သည်။ ထို့ကြောင့် မည်သူမျှ၊ သူမ ခွင့်ပြုချက် မရှိဘဲ၊ ဆွဲနိုင်မည် မဟုတ်ချေ။
“ ပြန် ပေး ... ။ ”
“ ချလွမ် ... ။ ”
လင်းယွန်မှ ရေလှိုင်းဓားကို စစ်ဆေး ကြည့်သည်။ ၎င်းအား သိမ်းယူရန် ရည်ရွယ်ချက် မရှိချေ။ သူ့၌ မှန်းဆချက် တစ်ခု ရှိနေ ၍သာ ဆွဲထုတ် ကြည့်ခြင်း ဖြစ်သည်။
ဘုန်း ဝိညာဉ် နှစ်ပါး လက်ရာသည် ထူးခြားပြီး၊ သူ၏ ‘ဓားကျိုး စေသော ခန္ဓာမှ၊’ သက်ရောက်မှု ရှိ-မရှိ သိချင် နေ၏။
သို့သော် စမ်းသပ် မကြည့် တော့ဘဲ စိတ်လျော့ကာ၊ ပိုင်ချင်းယွီထံ ပြန်ပေး လိုက် သည်။
“ နင် ... ဘယ်လို လုပ်လိုက် တာလဲ။ ”
ပိုင်ချင်းယွီမှ မေး၏။
“ ကမ္ဘာ ပေါ်မှာ ... မင်း မသိတဲ့ အရာတွေ အများကြီး ရှိတယ်၊ ငါ့နောက်က လိုက်နေတာ ရပ်ပါ၊ နတ်ဘုရား သင်္ချိုင်း တောင်တန်းက မင်းလို ကလေးတွေ အတွက် ... အသက် ဆုံးရှုံးဖို့ လွယ်တယ်။ ”
လင်းယွန်က နဂါးသွေး မြင်းပေါ် ခုန်တတ်ကာ၊ လျင်မြန်စွာ ပျောက်ကွယ် သွား တော့သည်။ ပိုင်ချင်းယွီ ကလည်း မြင်းပေါ် ခုန်တက် လိုက်ပြီး၊
“ သူ့ နောက်လိုက် ... ။ ”
-ဟု အမိန့်ပေး လိုက်လေသည်။
သုံးရက် အကြာတွင်၊ သစ်ပင်ကို ထွင်းလျက်၊ ဆောက်ထားသော တည်းခိုဆောင် တစ်ခု ရှေ့၌ ရပ်လိုက်၏။
နတ်ဘုရား သင်္ချိုင်း တောင်တန်း အတွင်း လူများစွာ ဝင်ထွက် သွားလာကြ သဖြင့်၊ တစ်စုံ တစ်ဦးမှ ဖန်တီး ထားခြင်း ဖြစ်သည်။
၎င်းသည် သတင်း အချက် အလက်များ ဖလှယ်ရန် အတွက်၊ ရိုးရှင်းသော ဆုံရပ် တစ်ခု လည်း ဖြစ်၏။
မည်သူ မဆို နတ်ဘုရား သင်္ချိုင်း တောင်တန်းသို့၊ ဝင်ရောက် လိုသော်၊ ပိုင်ရှင် ထံမှ သွေးမီးတောက် သလင်းကျောက် ဝယ်ယူရ ပေမည်။
တည်းခိုခန်း အတွင်း ဝင်လိုက် သည်နှင့်၊ သွေးမီးတောက် သလင်းကျောက် ဝယ်ယူရန်၊ ခေါ်ဆောင် သွား၏။
ပြီးနောက် အပေါ် ထပ်သို့ တက်ကာ၊ ဝိုင်တစ်အိုး မှာလျက် နားစွင့် နေခဲ့သည်။ နဂါး လေးမှာ ကြောင်ပုံစံ ပြောင်းလျက်၊ လင်းယွန် နှင့်အတူ ဝိုင်သောက် တော့၏။
“ နတ်သွေးပန်း ပေါ်လာ တော့မယ်၊ မြင့်မြတ်မြေ တွေရဲ့ ... ဘုရင် အဆင့် ပါရမီရှင် အားလုံး ... ၊ အဲဒီ နေရာကို သွားနေ ကြပြီ။ ”
“ နတ်သွေးပန်းက နတ်ဘုရား သင်္ချိုင်း တောင်တန်းရဲ့၊ တန်ဖိုး အရှိဆုံး ရတနာ တစ်ပါး ပါပဲ၊ ဘုရင် အဆင့်က ကျွမ်းကျင်သူ အများကြီး စုဝေး နေမှာ သေချာတယ်။ ”
“ ဘုရင် အဆင့်မှာ ... ပထမ ဖြစ်တဲ့ ကျင်းရွှမ်ယီသာ ရောက်လာ ရင်တော့ လူတိုင်း လက်လျော့ ရမယ်။ ”
“ ကျင်းရွှမ်ယီက ဘုရင် အဆင့်မှာ၊ နှစ်ပေါင်းများစွာ ပထမ နေရာ ကနေ၊ ရပ်တည် ထားတယ်၊ သူက အမည်ခံ သူတော်စင် နယ်ပယ်ကို အချိန် မရွေး၊ ...
... တက်ရောက် နိုင်တဲ့ အတွက်၊ သူသာ တကယ်ရောက် လာရင်၊ မြင့်မြတ်မြေ (၆)ပါးက သူတော်စင် တပည့် တွေတောင်၊ ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။ ”
နိဗ္ဗာန် အဆင့်တွင် ဘုရင် အဆင့် သတ်မှတ်ချက် ရှိပြီး၊ ၎င်း အဆင့်ဝင် ကျွမ်းကျင် သူများ အကြောင်း၊ အချက် အလက် များစွာ ကြားသိ ရပေ၏။
“ ဘုရင် အဆင့် ပထမ ... ။ ”
လင်းယွန်မှ ရေရွတ် လိုက်သည်။ လက်ရှိ အင်အားနှင့် သူ မည်သည့် အဆင့်၌ ရပ်တည်နိုင် မည်ကို သိချင် လာ၏။
ခန်းမ အတွင်းတွင် အမျိုး မျိုးသော ဆွေးနွေးမှုများ ရှိခဲ့ပြီး၊ တစ်စုံ တစ်ဦးသည်၊ အင်ပါ ရီယန်၊ ပင်မ နတ်ဘုရားနှင့်၊ နဂါး သွေး လွှတ်ကြောတွင် ပထမ ရခဲ့သော ပန်းသင်္ချိုင်း အကြောင်းပင် ပြောဆို လာ၏။
လက်ရှိ အချိန်တွင်၊ နိဗ္ဗာန် အဆင့်သို့ ရောက်ရှိနေ မည်ဟု ထိုလူက ထင်မြင် ယူဆ ထားသည်။
၎င်းမှ ပန်းသင်္ချိုင်းသည် ကျင်းရွှမ်ယီနှင့် ယှဉ်ပြိုင် နိုင်ဖွယ် ရှိသည်ဟု ထင်ကြေး ပေးလာ ခဲ့၏။ ထောက်ခံသူ ရှိ သကဲ့သို့၊ ကန့်ကွက်သူ များလည်း ရှိသည်။
ကျင်းရွှမ်ယီ ဟူသည် လျှို့ဝှက် ဆန်းကြယ် သူ ဖြစ်သည်။ မိစ္ဆာ ကျင့်ကြံသူ များကပင် သူ့ကို ကိုးကွယ် ကြ၏။
“ ဒေါက် ဒေါက် ... ။ ”
ရုတ်တရက် အမျိုးသမီး တစ်ယောက် ဝင်လာ သဖြင့်၊ ခန်းမ တစ်ခုလုံး တိတ်ဆိတ်သွား လေသည်။
အမျိုးသမီးသည် ဤနေရာနှင့် မအပ်စပ် လှချေ။ သူမက အခန်း အတွင်း လှည့်ပတ်ကြည့် လိုက်ကာ၊ ဝမ်းသာ အားရဖြင့်၊ လင်းယွန် အနား ဝင်ထိုင် တော့သည်။
“ နင့်မှာ ကြောင်လည်း ရှိတာလား၊ ဒီကြောင်က တော်တော် ချစ်ဖို့ ကောင်းတာပဲ။ ”
“ နတ်ဘုရား သင်္ချိုင်း တောင်တန်းက မင်းအတွက် မသင့်လျော်ဘူး၊ ငါ့နောက်ကို ဆက် လိုက် နေဦးမယ် ဆိုရင်၊ သေလိမ့်မယ်။ ”
လင်းယွန်မှ ခပ်ပြတ်ပြတ် ပြောကြား လိုက်သည်။
“ ယဲ့ချင်းရှန် ... နင်ငါ့ကို ကျိန်ဆဲ နေတာလား၊ ငါတို့ရဲ့ အရင် တိုက်ပွဲမှာ၊ ငါသာ သတိ လက်လွတ် မဖြစ်ရင် ... ၊ နင်က ငါ့ ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်ဘူး။ ”
ပိုင်ချင်းယွီမှ အေးစက်စွာ ပြောသည်။ သူမသည် ပိုင်ရှုရင် ကဲ့သို့ ထက်မြက် သော်ငြား လည်း၊ နူးညံ့ လွန်း၏။
မြင့်မြတ်မြေများ တိုက်ပွဲတွင် ဝင်ရောက် ခဲ့ပါက၊ သူမကို လူငယ်များ ဝိုင်းရံကြ မည်မှာ သေချာ သည်။
သို့သော် ဤနေရာတွင် လူတန်းစား အမျိုးမျိုး ရှိသောကြောင့်၊ သနားစရာ ဖြစ်၏။ လူများစွာ၏ အကြည့် များက ရိုင်းပျ ချေပြီ။
နောက်ဆုံးတွင် နိဗ္ဗာန်-အဋ္ဌမ မြောက် အသွင် ကူးပြောင်းရေး အဆင့်ရှိ၊ မိစ္ဆာ ကျင့်ကြံ သူ တစ်ဦးမှ၊ စိတ် မထိန်းနိုင် တော့ဘဲ၊ သူတို့ အနား လျှောက်လှမ်း လာပြီး၊
“ ကောင်လေး ... ကြက်ပေါက် လေးကို နတ်ဘုရား သင်္ချိုင်း တောင်တန်းဆီ ခေါ်လာတာ လား၊ ပြောပါ ... သူနဲ့ ကစားဖို့ ... ၊ မင်းကို ငါ ဘယ်လောက် ပေးရ မလဲ။ ”
-ဟု ရမ္မက် လွှမ်းနေသော အပြုံး မျိုးဖြင့် မေးမြန်း လာတော့သည်။
***