ဓားကို ထားခဲ့ ... ။
Vol. 143 Ch. 1992
၎င်းမှာ ခရမ်းရောင် အဝတ် အစားကို ဝတ်ဆင် ထားသော၊ လူလတ်ပိုင်း အရွယ် အမျိုးသား တစ်ဦး ဖြစ်သည်။
ရမ္မက် လွှမ်းပြီး၊ ရိုင်းစိုင်းသော စကားများ ဖြစ်ချေ၏။ မတုံ့ပြန် သော်လည်း ပိုင်ချင်းယွီ၏ မျက်နှာ လေးနက် သွားသည်။
“ ရွှပ် ... ။ ”
ချက်ချင်း ရေလှိုင်း ဓားကို ဆွဲကာ၊ ထိုလူလတ်ပိုင်း အရွယ် အမျိုးသားအား ခုတ်ချ ပစ်လိုက်သည်။
“ ထန် ... ။ ”
၎င်း၏ ချပ်ဝတ်သည် သူတော်စင် လက်ရာ ဖြစ်သော်လည်း၊ ရေလှိုင်းဓား၏ ထက်မြက်မှုကို တားဆီး နိုင်ခြင်း မရှိချေ။
ချပ်ဝတ်ကို အဖြတ်ခံ လိုက်ရ သဖြင့်၊ ရင်ဘတ်၌ ပြတ်ရှ ရာကြီး နှင့်အတူ၊ လွင့်စင် သွား တော့၏။
ပါးစပ်မှ သွေးများ စီးကျ လာပြီး၊ ယိမ်းယိုင်လျက် နိဗ္ဗာန် ရောင်ဝါဖြင့် ဒဏ်ရာကို ချက်ချင်း ပိတ်ပစ် လိုက်သည်။
“ ဘယ်က ခွေးလဲ၊ ထွက်သွားစမ်း ... ။ ”
ပိုင်ချင်းယွီက လူလတ်ပိုင်း အရွယ် အမျိုးသားကို ရွံရှာစွာ ကြည့်ပြီး အော်ငေါက် လိုက်သည်။ ဓားချက် သည် အသက်ကို ယူနိုင် သော်လည်း၊ သတ်ဖြတ်ရန် ရည်ရွယ်ချက် မရှိ သဖြင့်၊ သေဆုံးခြင်း မရှိ ခဲ့ချေ။
“ ငါတို့ မိုးကြိုး သိမ်းငှက် အဖွဲ့သား တစ်ယောက်ကို၊ မင်း ဘယ်လိုများ ... နာကျင် အောင် လုပ်ဝံ့ သလဲ၊ အသက်ရှင် ရတာ ... ပင်ပန်း နေပြီလား၊ ဟမ့် ... ။ ”
စားပွဲ အနည်းငယ်မှ လူများ မတ်တပ် ထရပ်ပြီး၊ အော်ငေါက်လာ တောသည်။ အခန်းရှိ အခြားသော ကျင့်ကြံသူများ ကလည်း၊ မိုးကြိုး သိမ်းငှက် အမည်ကို ကြားသော အခါတွင်၊ မျက်နှာများ ပြောင်းလဲ ကုန်၏။
၎င်းတို့သည် အနက်ရောင် တောင်တန်း (၇)သွယ် ဟူသော သူတော်စင် (၇)ပါး၏ လက် အောက်ခံ တပ်ဖွဲ့ ဖြစ်ချေပြီ။
ထိုသူတော်စင် (၇) ပါးတွင်၊ အရိုးဖြူ ဓားမော့ သူတော်စင် သည်လည်း ပါဝင်၏။ လင်းယွန်မှာ လိပ်နက် ပင်လယ် ကွေ့၌ ၎င်းတပည့်ကို သတ်ခဲ့ ဖူးသည်။
ထိုအဖွဲ့သည် အရှေ့ဘက် ပျက်စီး မြေ၌ ကျော်ကြားလှပြီး၊ မိစ္ဆာ ကျင့်ကြံသူများ များစွာ ခိုလှုံရာ အဖွဲ့စည်း ဖြစ်သည်။
လူလတ်ပိုင်း အရွယ် အမျိုးသားက ခက်ခက်ခဲခဲ ဟန်ချက် ထိန်းညှိကာ နောက် ဆုတ်သွား တော့သည်။ သူက၊
“ တတိယ သခင်၊ ဒီကောင်မလေးမှာ လျှို့ဝှက်ချက် တစ်ခု ရှိတယ်၊ သူ့ဓားက သာမန် မဟုတ်ဘူး။ ”
-ဟု လူရွယ် တစ်ယောက်အား ပြောကြား လိုက်တော့သည်။
“ တတိယ သခင်၊” -ဟု ခေါ်သော လူရွယ်သည် အရပ် ရှည်ပြီး၊ ကြွက်သားများ ဖောင်းကား ဖုထစ် နေ၏။
ကျင့်ကြံမှုကို ထုတ်ဖော် ပြသခြင်း မရှိ သော်လည်း၊ ဖုံးလွှမ်း နေသော သူ့ရောင်ဝါမှာ ကြောက်မက်ဖွယ် ကောင်းသည်။
“ တကယ်ပဲ၊ မိုးကြိုး သိမ်းငှက် အဖွဲ့ရဲ့ ... တတိယ သခင်ပဲ၊ သူက ... ဘုရင် အဆင့် ဝင်တဲ့ ကျွမ်းကျင်သူ မဟုတ်လား။ ”
“ ဒီကောင်မလေး တော့ ... ဒုက္ခ ရောက်ပြီ။ ”
အရှေ့ဘက် ပျက်စီးမြေတွင် ကျင့်ကြံသူ သန်းနှင့်ချီ ရှိသော်လည်း၊ နိဗ္ဗာန် အဆင့် ရောက် နိုင်သူ တစ်သိန်းသာ ရှိသည်။
၎င်းအနက်မှ အသန်မာဆုံး လူ (၁၀,၀၀၀) ကိုသာ ဘုရင် အဆင့် သတ်မှတ်ပေး လေချေ၏။ ယင်းသည် များသည်ဟု မထင်ရ သော်လည်း၊ နည်းသည် ဟုလည်း မဆို သာချေ။
ထိုအဆင့် တွင် ပါရှိသော မည်သူ မဆို၊ နိဗ္ဗာန်-နဝမမြောက် အသွင် ကူးပြောင်း ရေးရှိ၊ သာမန် ကျင့်ကြံသူ သုံးဦးအား၊ ကိုင်တွယ် ဖြေရှင်း နိုင်သည်။
ထွားကြိုင်းသော လူရွယ်သည် တတိယ သခင်လဲ့ ဖြစ်သည်ကို လူတိုင်း သိရှိ ပြီးနောက်၊ ပိုင်ချင်းယွီအား ဂရုဏာ သက်လာ ကြ၏။
“ တတိယ သခင်၊ ငါတို့ တာဝန် ယူလိုက်မယ်။ ”
တတိယ သခင် လဲ့ နောက်မှ၊ လူလေးယောက် လှမ်းတက် လာ၏။ သူတို့ အားလုံး နိဗ္ဗာန်-အဋ္ဌမမြောက် အသွင် ပြောင်းမှုတွင် ရှိသည်။
နိဗ္ဗာန် ရောင်ဝါအား ဖြန့်ကျက်ပြီး၊ ပိုင်ချင်းယွီထံ ပြေးဝင် လာ၏။ လေးယောက် သား အဆင့်နိမ့် တစ္ဆေ ဝိညာဉ် ပညာရပ် ဖြစ်သော၊ ကြယ်သုတ်သင်ခြင်း လက်သီးကို ထုတ်ဖော် လိုက်ကြသည်။
“ ဟိတ် ...။ ”
ပိုင်ချင်းယွီ တစ်ယောက် လေးယောက် တစ်ယောက် တိုက်ခိုက် နေစဉ်၊ လင်းယွန်မှ ဝိုင်ကို အရသာခံ သောက်နေ၏။
“ ..... ။ ”
အစွမ်းပြ နေသော ရေလှိုင်း ဓားကို ကြည့်ကာ၊ ပန်းသင်္ချိုင်းအား အဆင့် မြှင့်တင်ရန်၊ အတွေးဝင် လာသည်။ များမကြာခင် ရန်သူ လေးယောက် ခမျာ ရှုံးနိမ့် သွား၏။
မိုးကြိုး သိမ်းငှက် အဖွဲ့အား လျစ်လျူရှု နေသဖြင့်၊ ပိုင်ချင်းယွီ၌ ခိုင်မာသော နောက်ခံ ရှိရ မည်ဟု၊ တစ်စုံ တစ်ယောက်မှ၊ ရှုမြင် လာခဲ့သည်။
တတိယ သခင် လဲ့က ထိုမြင်ကွင်းကို မမျှော်လင့် ထား သောကြောင့်၊ ပါးစပ် ဟောင်း လောင်း ပွင့်သွား၏။
မျက်နှာ ပြောင်းလဲ လျက်၊ ရန်လိုသော အငွေ့ အသက်များ ပျောက်ကွယ် သွားကာ၊ ချက်ချင်း ပြုံးပြလာ တော့သည်။
“ မျက်မမြင် ဖြစ်တာမို့ ... တောင်းပန် ပါတယ် မိန်းကလေး၊ သူတို့ကို ချမ်းသာ ပေးနိုင် မယ်လို့ ... မျှော်လင့် ပါတယ်။ ”
၎င်းက မြေပြင်ပေါ် ဒူးထောက်လု နီးပါး ဦးညွှတ် တောင်းပန်သည်။ ပိုင်ရှုရင်မှ ဝင့်ကြွား သော အသွင်နှင့်၊ လင်းယွန်ထံ တစ်ချက် ငဲ့ ကြည့်ပြီး၊
“ ငါ့ကို သုံးကြိမ် ကန်တော့ရင်၊ ချမ်းသာ ပေးလိုက်မယ်။ ”
-ဟု ပြောကြား လိုက်သည်။
တတိယ သခင် လဲ့က ပြတ်ပြတ် သားသားပင်၊ ချက်ချင်း ဒူးထောက် ချကာ ကန်တော့ လေသည်။
“ အခုလို ... အသက် ချမ်းသာ ပေးတဲ့ အတွက် ... ၊ ကျေးဇူး တင်ပါတယ် ... ၊ မိန်းကလေး ... ။ ”
“ ထွက်သွား ... ။ ”
ပိုင်ချင်းယွီက ဝင့်ကြွားစွာ မောင်းထုတ် ပစ်လိုက်၏။ တတိယ သခင်မှ ပြုံးပြီး၊ နောက် ပြန်ဆုတ် နေစဉ်၊ သူ့အင်္ကျီ လက်အတွင်းမှ တစ်စုံ တစ်ခုကို ထုတ်ယူ လိုက်သည်။
“ ရွှပ် ... ။ ”
သည့်နောက် ဤအရာဖြင့်၊ ပိုင်ရှုရင်ထံ ပစ်လွှတ် လိုက်တော့၏။ ထိုအရာကို သတိပြု မိသော အခါ၊ ပိုင်ချင်းယွီ တစ်ယောက် ရှောင်ရန် နောက်ကျ သွား၏။
အနက်ရောင် အရည်များက သူတော်စင် ချပ်ဝတ်ကို ထိုးဖောက် ဝင်ရောက်ပြီး၊ ဝမ်းဗိုက် အောက်ပိုင်းထံ စီးဆင်း လာတော့သည်။
“ နင် ငါ့ကို ... ၊ ခိုးကြောင် ခိုးဝှက် တိုက်ခိုက်ဖို့ သတ္တိ ရှိလား။ ”
ဒေါသ ထွက်လာပြီး၊ အော်ငေါက်လျက် ရေလှိုင်းဓားဖြင့်၊ ၎င်းထံ ချက်ချင်း ခုတ်ချ ပစ် လိုက်သည်။
သို့သော် တတိယ သခင် လဲ့သည် ကြောက်ရွံခြင်း မရှိချေ။ တည်တည် ငြိမ်ငြိမ်ဖြင့် သူမအား ကြည့်နေ ခဲ့သည်။
ပိုင်ချင်းယွီ တစ်ယောက်၊ ခြေ နှစ်လှမ်း လှမ်းပြီးနောက်၊ မြေပြင်ပေါ် လဲကျ သွားသည်။ နာကျင်မှုကြောင့် မျက်နှာ ပျက်ယွင်းလျက် ဝမ်းဗိုက်အား အုပ်ကိုင် လိုက်၏။
မျက်နှာ ဖြူဖျော့ လျက်၊ နှုတ်ခမ်းများ တဆက်ဆက် တုန်ယင်ကာ၊ တဖြည်းဖြည်း မည်းနက် လာတော့သည်။
“ ဟား ဟား ဟား ... ၊ ဒါ ... ငရဲ ကမ္ဘာ နဂါးတစ္ဆေရဲ့ သွေးပဲ ... ၊ အမည်ခံ သူတော်စင် တောင်မှ ဖြေရှင်း နိုင်မှာ မဟုတ်ဘူး၊ ငါ့ရဲ့ မိုးကြိုး သိမ်းငှက် အဖွဲ့က ...
... တစ်စုံ တစ်ဦးကို၊ ဒဏ်ရာ အနာ တရ ဖြစ်စေ တယ်လား၊ မင်း ... သေချင် နေတာပဲ၊ ဟား ဟား ဟား ... ။ ”
တတိယ သခင်က ရယ်မောလျက်၊ ခြေတစ်လှမ်း လှမ်းတက် လိုက်ပြီး၊ ပိုင်ချင်းယွီ လက်မှ ဓားကို အဝေးသို့ ကန်ထုတ် ပစ်သည်။
ပိုင်ချင်းယွီ ခမျာ နာကျင် သော်လည်း၊ သဘာဝ အတိုင်း အံကြိတ်လျက်၊ အဆိပ်အား ကြိုးစား ဖယ်ရှား နေမိ၏။
ဤမြင်ကွင်းကို တတိယ သခင်မှ မြင်ချေသည်။ သူတော်စင် နယ်ပယ် အောက် မည်သူမျှ အဆိပ်ကို မဖြေရှင်း နိုင်သဖြင့်၊ ပြုံးကာ လွှတ်ထား လိုက်၏။
ပိုင်ချင်းယွီ လက်ကို နင်းပြီး၊
“ မင်းက ... ငါ ရှိခိုးကန်တော့ တာကို ခံယူချင်တယ် မဟုတ်လား၊ ကောင်းပြီ မင်းရဲ့ အဝတ် တွေကို ချွတ်ပြီး၊ စိတ်ကြိုက် ကစား ပေးမယ်။ ”
-ဟု ပြောကြား လိုက်သည်။
ပိုင်ချင်းယွီ ဒဏ်ရာရ သွားသည်ကို မြင်ပြီးနောက်၊ ခရမ်းရောင် ဝတ် လူလတ်ပိုင်း အရွယ် အမျိုးသားက၊ လှမ်းထွက် လာ၏။
“ ဘုန်း ... ။ ”
ထို့နောက် ပိုင်ချင်းယွီအား အနည်းငယ် ကန်ကျောက်လျက်၊
“ တတိယ သခင် ... ၊ ဒီကောင်မလေးက တော်တော် ခေါင်းမာတယ်၊ ကျွန်တော် အရင် သင်ခန်းစာ ပေးလိုက် ရမလား၊ ဒါမှ တတိယ သခင်ကို ဘယ်လို ပြုစုရမယ် ဆိုတာ သိမှာ။ ”
“ ဟား ဟား ဟား ... ။ ”
ထိုစကားကို ကြားသော အခါ၊ မိုးကြိုး သိမ်းငှက် အဖွဲ့သား များက ကျယ်လောင်စွာ ရယ်မော လိုက်ကြ၏။
“ ဟား ဟား ဟား .... တိတ် စမ်း၊ ဒီကောင်မလေးက အပျိုစင်ပဲ၊ ငါ သူ့လို လူကို ပို ကြိုက်တယ်။ ”
ရိုင်းစိုင်း ကြမ်းတမ်းသော စကား များကြောင့်၊ ပိုင်ချင်းယွီ တစ်ယောက် ရှက်ရွံ့ နာကျင်မှု လာကာ၊ မျက်ရည်ကျ လုနီးပါး စိတ်ပျက် အားငယ် သွားသည်။
အဆိပ်သည် သူမ သွေးထဲ၊ ဖြည်းညှင်းစွာ ရောနှော သွားပြီး၊ အတွင်း အင်္ဂါ များထံ ပျံ့နှံ့ လာတော့၏။
“ ဒီဓား ... ။ ”
တတိယ သခင်က ဓားကို ကောက်ကိုင် လိုက်သော အခါတွင်၊ မျက်နှာ ပြောင်းလျက်၊ နှလုံး ခုန်သံများ မြန်လာ ခဲ့သည်။
ပိုင်ချင်းယွီမှ ဓားကို၊ လွှဲချိန် မရ သည်မှာ၊ ကံကောင်း သွား၏။ သူတော်စင် ရူရ်ပေါင်း (၁) သောင်း ရှိချေပြီ။
သူတော်စင် ရူရ် (၅) သောင်း ပမာဏ ရောက်သော်၊ အနန္တ သူတော်စင် လက်ရာ အဆင့် ရောက်ပေ၏။
ရူရ်ပေါင်း တစ်သိန်း ရှိက၊ ပြိုင်ဘက်ကင်း အနန္တ သူတော်စင် လက်ရာ ပေပင်။ သာမာန် သူတော်စင် မိသားစုများ ၌ပင်၊ အဆင့်နိမ့် အနန္တ သူတော်စင် လက်ရာ နှစ်ခု မျှသာ ရှိသည်။
ဘုန်း သူတော်စင် လက်ရာ၏ တန်ဖိုးမှာ၊ ဒသမတန်း အနန္တ သူတော်စင် လက်ရာ များနှင့် ယှဉ်နိုင်ပြီး၊ တန်ဖိုးအား တိုင်းတာ၍ မရချေ။
( လင်းယွန် ... ၊ နင် သူ့ကို တကယ် မကူညီဖူးလား၊ သင်ခန်းစာ ပေးတဲ့ အနေနဲ့ ရပ်ကြည့် နေတာတော့ ကောင်း ပါတယ်၊ ဒါပေမယ့် ... လျစ်လျူရှု မနေ သင့်ဘူး။ )
ခရမ်းငယ်မှ ဝင်ပြော လာသည်။
( မင်း ... မှန်တယ်၊ ငါ လျစ်လျူရှု မနေ နိုင်ဘူး။ )
လင်းယွန်က ခွက်ကို ပြန်ချကာ ဝါးခမောက်အား ဖြုတ်လိုက်သည်။ ထို့နောက် တတိယ သခင် ဆိုသူထံ လှည့်ကြည့်ပြီး၊
“ ဓားကို ထားပြီး ... မင်းတို့ ထွက်သွား နိုင်တယ်။ ”
-ဟု ပြောကြား လိုက်တော့သည်။
***