← Chapters

ရန်သူများ ... ။

Vol. 143 Ch. 1993

ရန်သူများ ... ။

Vol. 143 Ch. 1993

ရုတ်တရက် စကားပြော လာသော လင်းယွန်ကြောင့်၊ တတိယ သခင် လဲ့နှင့် အဖွဲ့မှ လှည့်ကြည့် လာသည်။

ခရမ်းရောင်ဝတ် လူလတ်ပိုင်း အရွယ် အမျိုးသားက၊ လင်းယွန်အား အထင် အမြင် သေးစွာ ကြည့်ပြီး၊

“ ငါ့ရဲ့ မိုးကြိုး သိမ်းငှက် ကိစ္စကို ... မင်း ခေါင်းဝင် လျှိုတာလား ... ဟမ့်၊ ငရဲကို ဘာထင် နေလဲ။ ”

-ဟု အော်ငေါက် ပစ်သည်။

သူ့အမြင်၌ လင်းယွန်သာ သတ္တိ ရှိသော်၊ မိန်းကလေးကို မရိုက်ခင် ကပင် မတ်တပ် ထရပ် သင့်ချေ၏။

“ ဝှစ် ... ။ ”

“ ခွမ်း ... ။ ”

“ အား ... ။ ”

လင်းယွန်မှ ပြုံးပြီး ခွက်ဖြင့် ပစ်​ပေါက် လိုက်သည်။ ခွက်တွင် ဓားတစ်လက် ပါရှိသော ကြောင့်၊ ခရမ်းရောင် ဝတ် လူလတ်ပိုင်း အရွယ် အမျိုးသား၏ နဖူးကို ထိမှန်၊ ကွဲသွား စေ၏။

ဤမြင်ကွင်းကြောင့် ခန်းမ တစ်ခု လုံးကို တိတ်ဆိတ် သွားသည်။ အထူး သဖြင့် တတိယ သခင်လဲ့ ဖြစ်၏။

သူ့ အမြင် သည်၊ ဤနေရာရှိ လူတိုင်းထက် သာလွန် သဖြင့်၊ မည်မျှ ကြောက်စရာ ကောင်းခဲ့ သည်ကို၊ သတိ ပြုမိသည်။

လူငယ်သည်၊ မိန်းကလေး ထက် ပို၍ သန်မာပေသည်။ ထိုအချိန်တွင် ၎င်းမှ လက်ဝှေ့ ယမ်းကာ ဓားအလင်းဖြင့်၊ ပစ်ခတ် လာ၏။

“ ရွှပ် ... ။ ”

ထိုဓားအား လွတ်မြောက်ရန် မဖြစ်နိုင် သောကြောင့်၊ သေကွင်း သေကွက်များ ကိုသာ လွတ်အောင် ရှောင်လိုက် ရသည်။ ဓားဖျားက သူ့ လက်မောင်းကို လှီးဖြတ် သွားချေ၏။

နာကျင်မှုကြောင့် အော်ဟစ် လု မတတ် ဖြစ်လာ သဖြင့်၊ အံကြိတ်ကာ တောင့်ခံ လိုက်ရ သည်။ ရှက်လွန်း သဖြင့်၊ အသံ မထွက်ရဲခေျ။

ထိုအချိန်တွင် ရေလှိုင်းဓားနှင့်၊ ပိုင်ချင်းယွီကို ကြီးမားသော စွမ်းအား တစ်ခုက ဖုံးအုပ်လျက်၊ လင်ယွန်ထံ ဆွဲယူ သွားတော့၏။

“ အဆိပ်က တကယ့်ကို ... အစွမ်း ထက်တာပဲ။ ”

သစ်​မြစ်များ ကဲ့သို့၊ သေးငယ်သော အနက်ရောင် နဂါး အမျှင်များ၊ သူမ ခန္ဓာကိုယ် အနှံ့ ပျံ့နှံ့ နေ၏။

“ ငါ့ကို မထိနဲ့ ၊ နင် ... ။ ”

ပိုင်ချင်းယွီမှ ရုန်းကန် နေစဉ်၊ လင်းယွန် လက်ဖဝါးက သူမ ပခုံးပေါ် ဆုပ်ကိုင် လာသည်။ ပြီးနောက် နဂါးပြာ အရိုး ဖြန့်ကျက်လျက်၊ ဒဏ်ရာနှင့် အဆိပ်ကို ကုသပေး ၏။

ထို့ကြောင့် ငရဲ ကမ္ဘာ တစ္ဆေ နဂါး၏ သွေးအဆိပ်မှာ၊ ချက်ချင်း ပျောက်ကွယ် သွား တော့သည်။ အပြာရောင် အလင်းများ ဖုံးလွှမ်း သွားပြီး၊ အသား အရေမှာ လျင်မြန်စွာ ပြန်၍ ကောင်းမွန် လာ​၏။

“ သူ့ကို သတ် ... ။ ”

တတိယ သခင်က အံကြိတ်လျက်၊ အမိန့် ပေးလိုက်ရာ၊ မိုးကြိုး သိမ်းငှက် အဖွဲ့သားများ အားလုံး လှုပ်ရှား လာတော့သည်။

“ ကျာ့ ... ။ ”

“ ဝှစ် ... ။ ”

လင်းယွန် မှာမူ၊ ပိုင်ချင်းယွီ ပခုံးပေါ် လက်တင် မပျက်ချေ။ ကျန်လက် တစ်ဖက်ဖြင့် လည်း တိုက်ခိုက်မှုများ ခုခံလျက်၊ အားလပ် ချိန်တွင် ဝိုင်ငှဲ့ သောက်နေ ခဲ့သည်။

ဓားရောင်ဝါသည် နဂါး ကဲ့သို့၊ ဝင်ရောက် လာသော လူများကို၊ အကွဲအပြဲ ဖြစ်အောင် ရိုက် ထုတ်ပစ်သည်။

ပိုင်ချင်းယွီ ခမျာ ထိတ်လန့် သွား၏။ ယခု ကဲ့သို့ သွေးထွက် သံယို မြင်ကွင်းမျိုး၊ ပထမဆုံး အကြိမ် မြင်ဖူး​ခြင်း ဖြစ်သည်။

“ မင်း ဘယ်လို သတ္တိ ရှိလဲ။ ”

တတိယ သခင်က ဒေါသ ထွက်ကာ၊ ကျင့်ကြံမှုကို အပြည့်အဝ ထုတ်လွှတ်လျက် တိုက်ပွဲ အတွင်း ဝင်ရောက် လာသည်။

၎င်း၏ အငွေ့ အသက်ကြောင့်၊ ခန်းမ တစ်ခုလုံး တုန်လှုပ် လာ၏။ ဤ တည်းခို ခန်း အတွင်းတွင်၊ သူတော်စင် ရူရ် များဖြင့် ခိုင်ခံ့​အောင် တည်ဆောက် ထားသည်။ အမည်ခံ သူတော်စင်ပင် ဖျက်စီး နိုင်မည် မဟုတ်ချေ။

“ မြန်မြန် ... ထွက်ရအောင်၊ သူ ပေါက်ကွဲ လာပြီ။ ”

သို့တိုင် သစ်ပင်ကြီး ယိမ်းထိုး မတတ် လှုပ်ခါလာ သဖြင့်၊ လူတိုင်း လွတ်ရာသို့ ဆုတ် ခွာ လိုက်ကြသည်။

ထိုအချိန်တွင် လင်းယွန် တစ်ယောက် ဆုံးခန်းတိုင် သွားပြီဟု မြင်လာ၏။ ဤသည်မှာ သူတို့ အမြင် ဖြစ်သည်။ လင်းယွန်က ပိုင်ချင်းယွီ ပခုံးအား လွှတ်ကာ၊ ဝိုင်ခွက်ကို ပြန်ချ လိုက်၏။

“ ဝှစ် ... ။ ”

ပြီးနောက် ကောင်းကင်ပေါ် ပျံတက် သွားကာ၊ မျက်စိ တစ်မှိတ် အတွင်း တတိယ သခင် ရှေ့ ရောက်ရှိ သွားသည်။

“ ဖောက် ... ။ ”

တတိယ သခင် နဖူး၌ လက်ညှိုးချောင်းရာ အပေါက် တစ်ခု ပေါ်လာပြီး၊ ဒဏ်ရာမှ သွေးများ စီးကျလာ တော့သည်။

လေထဲ ၌ပင် တစ်ပါတ် လှည့်ကာ၊ မူလ နေရာသို့ လင်းယွန် ပြန်ရောက် လာ၏။ စားပွဲ ပေါ်ရှိ ဝိုင်ခွက်ကို ကောက်ယူ လိုက်ချိန်၌၊ တတိယ သခင် တစ်ယောက်၊ လဲကျ အသက်ပျောက် သွားပြီ ဖြစ်သည်။

လင်းယွန်က ဝိုင်ခွက် နှုတ်ခမ်းတွင် တေ့လျက် မော့သောက် နေသည်ကို၊ လူတိုင်း တိတ်ဆိတ်စွာ ငေးကြည့် နေမိကြ၏။

ချက်ချင်း တံတွေး မြိုချကာ၊ ကျောရိုး တစ်လျှောက် အေးစက် သွားသည်။ ထိတ်လန့် မှုမှာ အတိုင်းအဆ မရှိချေ။

“ ဖြောင်း ဖြောင်း ဖြောင်း ... ။ ”

ထိုအချိန်တွင် ခန္ဓာကိုယ်မှ အချိုး အဆစ် လှပသော အမျိုး သမီး တစ်ယောက် လက်ခုပ် တီးလျက် ဝင်ရောက် လာသည်။

သူမက ခရမ်းရောင် ဝတ်စုံကို ဝတ်ဆင် ထားပြီး၊

“ သခင်လေး ယဲ့က ... ၊ သခင်ငယ် ဝူရှောင်ကို အနိုင်ယူ နိုင်တာ အံ့သြစရာ မရှိ တော့ ပါဘူး ... ၊ ဘုရင် အဆင့် ကျွမ်းကျင် သူကို၊ ခေွးသတ် သလို နိုင်တာပဲ။ ”

-ဟု ပြောကြား လာသည်။ သူမ စကားကြောင့် လင်းယွန်ကို ထိတ်လန့် တကြား ပြန့်ကြည့် မိကုန်၏။

“ သူက ယဲ့ချင်းရှန်လား။ ”

“ ဖြစ်နိုင်တယ် ... ၊ အနန္တ သင်္ချိုင်း တောင်ကြားကို လေ့ကျင့်ရေး ဆင်းမယ် လို့ ... ငါ ကြားခဲ့တယ်။ ”

“ ငရဲ သစ်ခွ ခြံဝင်းရဲ့ ... သန့်ရှင်းသော သမီးတော်နဲ့ ... သူ့ ဆက်ဆံရေးက မရိုးရှင်းဘူး၊ လူတော်တော် များများက မကျေမနပ် ဖြစ်နေ ကြတယ်။ ”

ဝန်းကျင်မှ ဆွေးနွေး သံများ ထွက်ပေါ် လာ၏။ တစ်ဖက်တွင် လင်းယွန်မှ မျက်မှောင် ကြုတ်လျက်၊ တွေးနေ မိသည်။

ထိုအမျိုးသမီးအား သူ မသိချေ။ သို့သော် ရင်းနှီးသော သွေးအငွေ့ အသက်ကို ခံစား နေရ သည်။

အမျိုးသမီး နောက်တွင် လူကိုးဦး လိုက်ပါ လာသည်။ ၎င်းတို့ အားလုံးက ကြက်သွေးရောင် သူတော်စင် ချပ်ဝတ်အား ၀တ်ဆင် ထား၏။

ရင်ဘတ် ပေါ်တွင် သွေးလမင်းပုံ ရေးဆွဲ ထားသဖြင့်၊ ယင်းသည် ငရဲ လမင်း သူတော်စင် ချပ်ဝတ် ဖြစ်မှန်း နားလည် လိုက်သည်။

၎င်းအား သွေးလ ဂိုဏ်း၏ ထူးခြားသော ဘုန်းသူတော်စင် လက်ရာ ရတနာ အဖြစ် ယူဆ နိုင်၏။

သိုင်း​လောက ရေနွေးကြမ်း သောက်ပွဲ၌ နတ်ဗိုလ်ချုပ် နှစ်ပါးက ဤချပ်ဝတ်ဖြင့် လူတိုင်း ကို၊ နှိမ်နင်း ခဲ့သည်။

ယခုမူ ကိုးဦးစလုံး ထိုချပ်ဝတ်ကို ၀တ်ဆင်ထား သဖြင့် အမျိုးသမီးမှာ ရာထူးကြီး မည်မှန်း နားလည် လာ၏။

“ သူက မရဏ မြင့်မြတ်သူပဲ ... သွေးလ ဂိုဏ်းရဲ့ သမီးတော် တွေကို၊ တိုက်ရိုက် အမိန့် ပေး နိုင်တယ်။ ”

ပိုင်ချင်းယွီမှ တိုးတိုးလေး ပြောသည်။ သွေးလ ဂိုဏ်းနှင့် ရန်စ ရှိနေ သည်မှာ လင်းယွန် ဖြစ်သည်။ ယဲ့ချင်းရှန် မဟုတ်ချေ။ ထို့ကြောင့် သူ့ထံ လာသော အမျိုးသမီးကို ကြည့်ကာ၊ လင်းယွန်မှ မျက်မှောင်ကြုတ် သွား၏။

( ဝမ်မူယန်ကို ... နင် ... မေ့နေ တာလား၊ အဲဒီ ကောင်မလေးက သွေးလ ဂိုဏ်းနဲ့ ဆက်စပ် နေနိုင်တယ်။ )

ခရမ်းငယ်မှ သတိ ဝင်​ပေးသည်။

“ ယဲ့ချင်းရှန် ... မင်း ဘာအတွက် ... ဒီကို လာတာလဲ ပြောပါ၊ နတ်သွေးပန်းကို ရှာဖို့ လာ တယ် လို့တော့ မပြောနဲ့။ ”

မရဏ မြင့်မြင့်သူက ပြုံးကာ ပြောသည်။ အပြုံးမှာ ချစ်စရာ ကောင်းလှပြီး ပုရိသများကို ဒူးထောက် ကျသွား စေမည်။

“ အနန္တ သင်္ချိုင်း တောင်​ကြားကို ... ၊ ငါတို့ ဘာအတွက်ပဲ လာလာ ... နင့်လို မိစ္ဆာမနဲ့ ဘာ ဆိုင်လဲ။ ”

“ ဟား ဟား ဟား ... ယဲ့ချင်းရှန် မင်းက၊ ဒီလို ကောင်မလေး မျိုးကို သဘောကျ တယ်လို့ မပြောနဲ့၊ မင်းနဲ့ အတူ ငါ့ကို ခေါ်သွားလို့ ရတယ်​နော်၊ သူ့လို ကလေးတွေ မသိတဲ့၊ ပျော်စရာ တချို့ ငါ သင်ပေး နိုင်တယ်။ ”

မရဏ မြင့်မြတ်သူ၏ စကားကြောင့်၊ ပိုင်ရှုရင်မှ အံကြိတ်ကာ သူမ ဓားကို လှမ်းဆွဲ လိုက်သည်။

“ တည်းခိုခန်းမှာ ဘယ်သူမှ မလွန် စေနဲ့။ ”

နောက်ဆုံးတွင် တည်းခိုခန်း ဆိုင်ရှင် ပေါ်လာ၏။ ဤနေရာတွင် ရုန်းရင်း ဆန်ခတ် ဖြစ်လေ့ ဖြစ်ထ ရှိသဖြင့်၊ ရန်ပွဲတိုင်း သူ ဝင်ပါမည် မဟုတ်ချေ။

သို့သော် ကောင်းကင် တာအို ဂိုဏ်းနှင့်၊ သွေးလ ဂိုဏ်းတို့ အရေးတွင် ချွင်းချက် ဖြစ် ပေမည်။

သူ့ ကျင့်ကြံမှုမှာ အမည်ခံ သူတော်စင် နယ်ပယ် ဖြစ်သည်။ သူသည် လင်းယွန်နှင့် သမီး​တော်ကို မကြောက် ရွံ့ဘဲ၊ နောက်ခံ ကိုသာ ကြည့်သည်။

“ မင်းတို့ ... နတ်ဘုရား သင်္ချိုင်း တောင်တန်းကို ဝင်ချင်ရင် ... ၊ ငါ့ဆီက သွေး မီးတောက် သလင်းကျောက် ဝယ်ပြီး၊ ဒီမှာ ဆက်နေလို့ ရတယ်၊ မဟုတ် ရင်တော့ ... ချက်ချင်း ထွက်သွားပါ။ ”

ဆိုင်ရှင်က လူတိုင်းကို ကြည့်ပြီး၊ အေးစက်စွာ ပြောကြား လိုက်၏။ မရဏ မြင့်မြတ်သူက လင်းယွန်ကို ပြုံးပြကာ လှည့်ထွက် သွားသည်။

လူ တစ်ဦးသည် တံဆိပ်အား အက်ကြောင်းကို ဖြတ်ကျော်လို ပါက သွေး မီးတောက် သလင်းကျောက် လို အပ်သည်။

သွေးမီးတောက် သလင်း ကျောက် များသည် ထူးခြားကာ ​မြင့်မြတ်မြေ များ၌ပင် မ​ရှိ​ချေ။ ဤတည်းခိုခန်း ပိုင်ရှင် ၌သာ ရှိ၏။

နတ်ဘုရားသ င်္ချိုင်း တောအုပ် အတွင်း သစ်ထွင်အိမ် အများအပြား ရှိကြပြီး ဤအိမ်များ နောက်ကွယ်မှ အင်အားစုကို၊ လူ အနည်း ငယ် မျှသာ သိကြသည်။

ပိုင်ချင်းယွီက မဝယ်ရသေး သဖြင့်၊ သူမ အတွက် ဝယ်ယူ လိုက်သည်။ သူမ ပေးချေသော နိဗ္ဗာန် ဆေးလုံး များမှာ၊ အညစ် အကြေများ ကင်းစင် နေသဖြင့်၊ ဆိုင်ရှင်မှ ရွှင်မြူး သွား၏။

အဘယ့်ကြောင့် ဆိုသော်၊ ဤဆေးလုံး တစ်လုံးသည်၊ သာမန် ဆေးလုံး တစ်ဒါဇင်နှင့် ညီမျှ ပေသည်။

သို့တိုင် သူမက ထိုအရာကို ထည့် မတွက် ခဲ့ဘဲ၊ သာမန် ဆေးလုံး အရေ အတွက် အတိုင်း ပေးချေလာ သောကြောင့် ဖြစ်သည်။

“ ယဲ့ချင်းရှန် ... ၊ နင် ဝိုင် ကြိုက်လား။ ”

ပိုင်ချင်းယွီက ဝိုင်ပုလင်း တစ်လုံးကို ပေါ့ပေါ့ ပါးပါး ဟန်ဆောင်လျက်၊ လင်းယွန်ထံ ကမ်းပေး လိုက်သည် ။

“ ဒါက ငါ့အဖိုး ပေးလာတဲ့ ... ၊ နဂါး မျိုးရိုးဝိုင်ပဲ၊ နာမည် ကတော့ နှလုံးသား ​လောင်​မြိုက်ခြင်း။ ”

အသက်ကို ကယ်တင် ခဲ့သည့် အတွက် ကျေးဇူး ပြန်ဆပ် လိုသော်လည်း၊ မာနကြောင့် ခပ်တင်းတင်း ပြောကြား လိုက်သည်။

နဂါး ဝိုင်သည် အခြား သူများ အတွက် မယုံနိုင်ဖွယ် တန်ဖိုး ရှိသည်၊ အထူး သဖြင့် နာမည် ကြီး ဝိုင်များ ပေပင်။

လင်းယွန် အတွက်မူ ၎င်းမှာ မထူးဆန်း သော်လည်း၊ စကား ပြောလို စိတ် မရှိ သဖြင့်၊ လက်ခံ လိုက်သည်။

မနက် လင်းလာသော အခါ လူတိုင်းက သွေးမီးတောက် သလင်းကျောက် ကိုင်လျက် ​တောအုပ် ဆီသို့၊ ဦးတည် သွားကြ၏။

သူတို့ လမ်းတွင် လျှို့ဝှက် ဆန်းကြယ်ပြီး အေးစက် နေသော ဂူကြီး တစ်လုံး ရှိနေ ခဲ့၏။ ဂူအတွင်း မဝင်ခင် လင်းယွန်က နောက်ပြန် လှည့်ကြည့် လိုက်သည်။

ယမန် နေ့ညက မရဏ မြင့်မြတ်သူ အမျိုးသမီးအား၊ ပြုံး​လျက် လိုက်ပါလာ သည်ကို မြင်လိုက် ရသည်။

သူမ နောက်တွင်၊ လင်းယွန်နှင့် ရင်းနှီး နေသော မျက်နှာ များကို မြင်လိုက်ရ ပြန်၏။ ၎င်းတို့မှာ ရှောင်ကျင်းယန်၊ ယဲ့ချင်းဟုန်နှင့် ကျန်းခွိုက်တို့​ ဖြစ်သည်။

သူတို့က နိဗ္ဗာန် အထွတ် အထိပ် ရောက်ရှိနေသည့်၊ ကျွမ်းကျင်သူ များကို ခေါ်ဆောင် လာ၏။ သူ့ကို ဖမ်းရန် မျိုးနွယ်စု အင်အားကို ထုတ်ယူ လာချေပြီ။

ထိုသူများ အားလုံးက လင်းယွန်ကို ‘ဖော်ရွေသော’- အပြုံးများဖြင့် ကြည့်လာ ကြ၏။

ဤနေရာ ဒေသ၌ မူလ နဂါး မဟာ သူတော်စင်၏ သီးသန့် တပည့် ဟူသော ရာထူး မှာ အသုံး မဝင်ကြောင်း၊ သတိ ပေးနေခြင်း ဖြစ်လေသည်။

***

All Chapters