← Chapters

အနန္တ သင်္ချိုင်း တောင်ကြား။

Vol. 143 Ch. 1994

အနန္တ သင်္ချိုင်း တောင်ကြား။

Vol. 143 Ch. 1994

လှိုဏ်ဂူထဲ ဝင်လိုက်သော အခါတွင် မဝေး လှသော အရပ်၌ အခြား အဖွဲ့ တစ်ဖွဲ့က သူ့ကို စောင့်ကြည့် နေသည်ကို မတွေ့ လိုက်ရချေ။။

ထိုအဖွဲ့ကို ဦးဆောင် သူမှာ ပိုင်ယိဟွာ ဖြစ်သည်။ သူသည် ရှောင်ချင်းယန် တို့နှင့် အတူ လာခဲ့ သော်လည်း၊ ပိုင်ချင်းယွီကို တွေ့ ပြီးနောက် စိတ်ပြောင်း သွား၏။

သူ့နောက်တွင် ပိုင်မိသားစု၏ ကျွမ်းကျင်သူ များလည်း ပါ၏။ သူတို့ အားလုံး နိဗ္ဗာန် အထွတ် အထိပ်တွင် ရှိနေသည်။

“ အစ်ကို ယိဟွာ ... ၊ ငါတို့က ချင်းယွီကို တကယ် ဂရု မစိုက်တော့ ဖူးလား။ ”

ပိုင်မိသားစုဝင် တစ်ယောက်မှ မေးသည်။ ယမန် နေ့ညက မိုးကြိုး သိမ်းငှက် အဖွဲ့ လက်၌ ဒုက္ခ ရောက်နေစဉ်၊ ကူညီချင် သော်လည်း ပိုင်ယိဟွာမှ တားဆီး ခဲ့သည်။

“ အင်း ... ။ ”

“ တစ်ခုခု ဖြစ်သွားရင် ... ဘယ်လို လုပ်မလဲ။ ”

အခြား တစ်ယောက်က စိုးရိမ်​သော လေသံဖြင့် မေးသည်။

“ အဲဒါဆို ပိုတောင် ကောင်းသေးတယ်၊ ပိုင်ချင်းယွီ သေသွားရင်၊ ယဲ့ချင်းရှန် အတွက် သေခြင်းပဲ၊ ပိုင်ရှုရင် ကိုယ်တိုင် သူ့ဆီ သွားလိမ့်မယ်။ ”

“ ဒါဆို အခု ... ယဲ့ချင်းရှန် ကိုရော ဘာဆက်လုပ် မလဲ။ ”

“ အဲဒီ ကောင်မလေး ရှိနေတော့ အဆင် မပြေဘူး၊ ဒါပေမယ့် စိတ်မပူနဲ့၊ ကျန်း မိသားစုနဲ့ ယဲ့ မိသားစုက သူ့ကို ငါတို့ထက် ပိုမုန်းတီး ကြတယ်၊ ရှောင်ချင်းယန် ကလည်း၊ ...

... ဝမ် မိသားစုကို ဦးဆောင်ပြီး၊ သွေးလ ဂိုဏ်းပါ ရောက်လာတာ ဆိုတော့ ... သူ့ဘဝက မလွယ်တော့ ပါဘူး။ ”

ထို့ကြောင့်ပင် ပိုင်ယိဟွာ တစ်ယောက် စိတ်ပြောင်း သွားပြီး၊ ၎င်းတို့နှင့် ပူးပေါင်း ရာမှ အကြောင်း ပြချက် ရှာပြီး၊ ထွက်ခွာ လာခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် သူ၌ ထုတ် မပြော ရသည့်၊ အခြားသော အကြောင်းအရာ တစ်ခု ရှိသေး သည်။

တတိယ သခင်ကို သတ်လိုက် ခြင်းသည် သူ့အား အံ့သြသွား စေ၏။ ထိုကဲ့သို့သော လူမျိုး အား သူလည်း သတ်နိုင်သည်။ သို့သော် ဤမျှ မလွယ်ချေ။

“ သူတို့ နောက်က ငါတို့ ဝင်မယ်၊ ရောက်လာ ပြီးမှတော့ ... လက်ဗလာနဲ့၊ မပြန် နိုင်တာ သဘာဝ ပါပဲ၊ နတ်သွေးပန်း အတွက် လည်း စိတ်ကူး ထားတယ်၊ ...

... ယဲ့ချင်းရှန် ကတော့ မျိုးနွယ်စု သုံးစု အင်အားနဲ့ ... သေဖို့ သေချာတယ်၊ မသေ ခဲ့ရင် တောင် ဝှက်ဖဲ တွေကို မြင်ရ လိမ့်မယ်။ ”

ထိုအချိန်တွင် လင်းယွန်က ဂူထဲမှ ထွက်ပြီးနောက်၊ လုံးဝ ခြားနားသော ကမ္ဘာသစ် တစ်ခုအား မြင်တွေ့ လိုက် ရသည်။

ဤနေရာ၌ ကြယ်များ မရှိချေ။ လေထုမှာ လတ်ဆတ်ခြင်း မရှိဘဲ၊ ဝိညာဉ် စွမ်းအင်များ ပါးလျ နေ၏။

ဤသည်မှာ မြေအောက် ကမ္ဘာ ဖြစ်​သည်။ အဝေး၌ မြို့ တစ်မြို့၏ ကောက်ကြောင်း အသွင် အပြင်ကို မြင်နေ ရ၏။

ထိုမြို့သည် ရှေး​ဟောင်း နဂါး မြို့တော် ဖြစ်သည်။ မြင့်မြေမြေ ခြောက်ပါးမှ ၎င်းကို စီမံ အုပ်ချုပ် သ​ဖြင့်၊ မြေအောက် ကမ္ဘာ၌ ဘေးကင်းသော ဇုန် ဖြစ်လာသည်။

နဂါး မြို့တော်ကို ခြောက်ပါးသော မြင့်မြတ်မြေ-ဟု ခေါ်တွင်ပြီး၊ မြောင်ရင်သည် ထိုအရပ်၌ ရှိနေ နိုင်၏။

လင်းယွန်က အနန္တ သင်္ချိုင်း တောင်ကြားသို့ တိုက်ရိုက် ပျံသန်း သွားခဲ့သည်။ (၆)နာရီ ကုန် လွန် ပြီးနောက်၊ ကြက်သွေးရောင် မြူများ ဖုံး နေသည့် တောင်ကြားကို မြင်လာ ရ၏။

ထိုနေရာ၌ သင်္ချိုင်း များစွာ ရှိ​ပြီး၊ ဝိညာဉ် စွမ်းအင်များ သိပ်သည်းစွာ ရစ်သိုင်း နေသည်။ သင်္ချိုင်း အနီး တစ်ဝိုက်တွင်၊ ပန်းရိုင်း ပင်များ များစွာ ပေါက်​ရောက် နေ၏။

မွှေးကြိုင်သော ပန်းရနံ့ များက၊ လေထုနှင့် ပေါင်းစပ်ကာ၊ တောင်ကြား အနှံ့ မြူအသွင် ပျံ့နှံ့ နေသည်။

( ဧကရီ နတ်သွေးပန်းကို ... ဘယ်လို ရှာရ မလဲ။ )

သို့သော် ခရမ်းငယ်မှ ချက်ချင်း ပြန် မဖြေနိုင်ချေ။ တစ်စုံ တစ်ရာအား ထိတ်လန့် နေပုံ ရသည်။

( လင်းယွန် ... ၊ ဒီတောင်ကြားမှာ ထူးဆန်းတာ တစ်ခု ရှိတယ်၊ နတ်ဘုရား အဆင့် အစီရင်ကို ခင်းကျင်း ထားတယ်၊ တစ်ချိန်က ငါ နေတဲ့ တောင်ထိပ် မှာတောင်၊ ဒီလို မြင့်မြတ်တဲ့ အစီရင်မျိုး ခင်းကျင်း နိုင်တာ မဟုတ်ဘူး။ )

မြင့်မြတ်သော အစီရင် များကို နတ်ရူရ်များဖြင့် တည်ဆောက် ရပြီး၊ ခွန်လွန်၌ ပျောက်ဆုံး နေသည်မှာ ကြာပြီ ဖြစ်သည်။

လက်ရှိ ခွန်လွန်၏ အစီရင် များမှာ ဝိညာဉ်ရေးရာ အဆင့် ၌သာ ရှိ၏။ ၎င်းတို့ကို သူတော်စင် ရူရ်ဖြင့် ဖန်တီး ရသည်။

နတ်ရူရ် များသည် မြင့်မြတ်ပြီး အစွမ်း ထက်လှ သဖြင့်၊ ရှေးဦးခေတ် ၌ပင် ရှားပါး၏။ ၎င်းတို့ကို နတ်ဘုရားများ အတွက်၊ ရည်ရွယ် ခင်းကျင်း ကြခြင်း ဖြစ်သည်။

( အနန္တ သင်္ချိုင်း တောင်ကြားက ထူးဆန်းကောင်း ထူးဆန်း နိုင်တယ်၊ ဒါပေမယ့် အန္တရာယ် မရှိပါဘူး၊ လူတွေ ဒီကို မကြာခဏ လာနေကြ တာပဲ။ )

လင်းယွန်မှ နှစ်သိမ့် လိုက်၏။

( အဲဒီ လူတွေက ... ၊ အရမ်း အားနည်း ကြလို့ နေမှာပေါ့၊ သူတို့က အစီရင်ကို အသက် မဝင်စေ နိုင်ဘူး၊ ဆင်ကို လှုပ်ဖို့ ... ကြိုးစား နေတဲ့ ပုရွက်ဆိတ်နဲ့ တူတယ်။ )

ခရမ်းငယ်၏ စကားကြောင့် လင်းယွန် တစ်ယောက် တိတ်ဆိတ် သွား၏။ နေရာ မှန်သို့ ရောက်ရှိ လာပုံ ရသည်။

ဘဝ ရည်ရွယ်ချက်ကို ဤနေရာ၌ ဆုပ်ကိုင် နိုင်သော ဝမ်ယွဲ့မှာ တိုက်ဆိုင်မှု မဟုတ် နိုင်ချေ။

( နတ်သွေးပန်းက အစီရင်ရဲ့ အဓိက အပင် ဖြစ်နိုင်တယ်။ )

( ဟုတ်လား ဒါဆို ... ရှာကြည့် ရအောင်၊ ပန်းကို ယူသွားစရာ မလို ပါဘူး၊ ပန်းသင်္ချိုင်းက ရနံ့ကို ဝါးမျို ဖို့ပဲ လိုတာ။ )

( ကောင်းပြီ ... ဒါပေမယ့် အန္တရာယ် တစ်ခုခု ရှိလာရင်၊ ချက်ခြင်း ထွက်သွား ရမယ်။ )

ဤတစ်ကြိမ်တွင် ခရမ်းငယ် တစ်ယောက် လေးနက် နေ၏။ အနန္တ နတ်မိစ္ဆာ တောင်ထိပ် သွားတုန်း ကတောင်၊ သူမ မကြောက်​ ခဲ့ချေ။

( ဒါက မြင့်မြတ်တဲ့ အစီရင်ရဲ့ ဗဟိုချက် ဆိုတာ သိနေ မှတော့၊ ရှာရတာ မခက် ပါဘူး၊ ငါတို့က ရူရ်တွေ နောက်ကို လိုက်ရုံပဲ။ )

စကားဆုံး သည်နှင့်၊ ခရမ်းငယ် နဖူးရှိ တံဆိပ်များ လင်းလျက်၊ ရူရ်များ အသက်ဝင် လာ​တော့သည်။

( တွေ့ပြီ ... ။ )

ခဏ အကြာတွင်၊ သူမ မျက်လုံးများ ပွင့််လာပြီး၊ ဦးတည်ရာ တစ်ရပ်ထံ ​မော့​ကြည့် လိုက်သည်။

ထိုအချိန်တွင် ယဲ့ချင်းရှန်- ဟူသော ခေါ်ဆိုသံ ထွက်ပေါ် လာ၏။ ပိုင်ချင်းယွီအား ရုတ်တရက် မြင်လိုက်ရ သဖြင့်၊ လင်းယွန်မှ စိတ်ပျက် သွားသည်။

“ မင်း သေချင်လို့ လိုက်လာ တာလား။ ”

“ ဟား ဟား ဟား ဒီတောင်ကြားက အန္တရာယ် ရှိနိုင် ပေမယ့် ... ၊ တားမြစ် နယ်မြေ အဆင့်မှာ မရှိသေး ပါဘူး၊ ငါ့ ခွန်အားနဲ့ ဘာကို ကြောက်နေ ရမှာလဲ။ ”

“ ငါ့နောက်ကို ဘာလို့ လိုက်နေ တာလဲ။ ”

“ ငါက နင့်ကို တစ်ကြိမ် ကယ်တင် ပေးမို့ စောင့်နေတာ၊ အဲဒီ အကြွေး ပြီးသွားရင် ... ငါတို့ တရား မျှတတဲ့၊ တိုက်ပွဲ တစ်ခု ဆင်နွှဲ နိုင်ပြီ။ ”

“ မင်းအကူ အညီ မလိုဘူး၊ နေခဲ့ ... ငါ ပြန်လာရင် တိုက်​ကြမယ်၊ မဟုတ်လို့ လိုက်လာ ရင် ... မင်း သေလိမ့်မယ်။ ”

“ ဟမ့် ... ၊ နင် ဘယ်သူ့ကို အထင်သေး နေတာလဲ၊ ငါ့ရဲ့ ခွန်အား အစစ် အမှန်ကို မြင်ရ သေးလို့လား။ ”

နှစ်ဦးသား စကား အခြေတင် ပြောနေစဉ်၊ ရုတ်တရက် လင်းယွန် မျက်နှာ ပြောင်းသွားပြီး၊ ခုန်ပေါက် ရေှာင်တိမ်း လိုက်၏ ။

“ ဝှစ် ... ။ ”

ကြက်သွေးရောင် အလင်တန်း တစ်ခုက သူ့အား ပွတ်ဆွဲ သွားကာ၊ ပိုင်ချင်းယွီ ပခုံးပေါ်၊ ထိုးဖောက် သွား​တော့သည်။

၎င်းမှာ (၃)မီတာ နီးပါး ရှိသော ကြက်သွေးရောင် အခိုးအငွေ့ များဖြင့် ဖုံးလွှမ်း နေသည့် သွေးကျီးကန်း ခြေသည်း ဖြစ်သည်။ လူမျက်နှာနှင့် နှုတ်သီး ပါရှိသော ရွံစရာ သတ္တဝါမျိုး ဖြစ်၏။

ကုပ်ဖမ်းခြင်း ခံလိုက် ရသောကြောင့် ပိုင်ချင်းယွီမှာ ဓားမဆွဲနိုင် တော့ချေ။ နာကျင်စွာ ရုန်းကန် မိ၏။ သို့သော် ရုန်းလေ၊ ခြေသည်း များက နစ်ဝင် လာလေ ဖြစ်သည်။

ထိုကာလ အတွင်း သွေးကျီးကန်း၏ အခိုး အငွေ့ များက၊ သူမ ခန္ဓာကိုယ်ထဲ ဖြည်းညှင်းစွာ ဝင်ရောက် လာသည်။

မျက်နှာ ပေါ်တွင် နီရဲ နေသော ကြက်သွေးရောင် မျဉ်းကြောင်းများ ပေါ်လာပြီး နိဗ္ဗာန် ရောင်ဝါ ဖရိုဖရဲ ဖြစ်လာ ခဲ့၏။

“ အိုး ... အပျိုစင်လေး ပါလား၊ သွေးက ဘယ်လောက်များ ... ချိုလိုက် မလဲ။ ”

သွေးကျီးကန်းမှ လူစကား ပြောလာ၏။

“ မင်း ဝံ့သလား။ ”

ကောင်းကင်မှ အေးစက်သော အသံ ထွက်ပေါ် လာသဖြင့်၊ သွေးကျီးကန်းက မော့ ကြည့် လိုက်သည်။

(၁၀)မိုင် အကွာ ထိတိုင်၊ ရွှေရောင် အလင်းများ ဖြာလျက်၊ ပုံရိပ် တစ်ရိပ် ရုတ်ချည်း ပျံသန်း လာတော့၏။

***

All Chapters