ဒီလောကမှာ နေထိုင်ခွင့် ရနေတာ ကိုက ... နူးညံ့ သိမ်မွေ့ ခြင်းပဲ။
Vol. 143 Ch. 1995
“ ရွှပ် ... ။ ”
ရွှေကျီးကန်း တောင်ပံကို ဆင့်ခေါ်လျက် ပန်းသင်္ချိုင်းအား ဆွဲကာ ခုတ်ပိုင်း ပစ်လိုက် သည်။
“ အ ... အ ... ။ ”
သေွးကျီးကန်း ခမျာ အော်ဟစ်လျက်၊ ဓားအား ရှောင်ရန် ပိုင်ချင်းယီကို လွှတ်ချ လိုက် တော့၏။
ဤအမြင့်မှ ပြုတ်ကျ သွား ပါက၊ သူမ ဒဏ်ရာ ပြင်းထန်စွာ ရရှိ နိုင်ပေမည်။ ထိုစဉ် ကြောင်နက် တစ်ကောင်က ပြေးဝင်ပြီး သူမအား ဖမ်းယူလျက်၊
“ အရမ်း လေးတယ်။ ”
-ဟု မှတ်ချက်ပြု လိုက်သည်။
“ ဟမ့် ... ကြောင် တစ်ကောင်က ငါ့ကို ဖက်တီးလို့ ခေါ်ချင်နေ တာလား၊ ဘယ်လိုများ သတ္တိ ရှိလိုက်လဲ။ ”
ဒဏ်ရာရထား သော်လည်း နဂါးလေး၏ ညည်းညူ စကားကြောင့်၊ ပိုင်ချင်းယွီမှ ဒေါသ ထွက်လာ မိ၏။
ထိုအချိန်တွင် လင်းယွန်က မြေပြင်ပေါ် ဆင်းသက်ကာ၊ ပိုင်ချင်းယွီ လက် ကောက်ဝတ် အား၊ ဆုပ်ကိုင် လိုက်သည်။ သွေးကျီးကန်းမှာ လေထဲ ကွဲကြေ သွား၏။
( ဒီမိန်းမက အရမ်း စိတ်ပျက် စရာ ကောင်းတယ်၊ နင် သူ့ကို သေတဲ့ အထိ စောင့်ကြည့်လိုက် သင့်တယ်။ )
ခရမ်းငယ်မှ စိတ်ဆိုးသော လေသံနှင့် ပြောလာ၏။ လင်းယွန်က သူတော်စင် ဆေးလုံး တစ်လုံးကို ခွံ့ကျွေးပြီး၊
“ နဂါးလေး ... ၊ မင်းက သူ့ကို ခေါ်လာခဲ့။ ”
-ဟု တာဝန် ပေးလိုက်သည်။
“ အစ်ကိုကြီး၊ သူက အရမ်း လေးတယ်။ ”
နဂါးလေးမှ သတိ လစ်နေသော ပိုင်ချင်းယွီအား မသယ်ချင် သဖြင့်၊ ညည်းတွား တော့သည်။ ထိုစကားကို သတိ လစ်နေသော ပိုင်ချင်းယွီက ကြားသွားပြီး၊
“ ငါ မလေးဘူး ... ။ ”
-ဟု ငြင်းဆန်၏။
သေမင်းနှင့် မျက်နှာချင်းဆိုင် နေရချိန် တွင်ပင်၊ ကိုယ် အလေးချိန် အတွက်၊ စိတ်ပူနေ သောကြောင့်၊ လင်းယွန်မှ ပြုံးမိသည်။
“ မဟုတ်ဘူး တကယ် လေးတယ်။ ”
နဂါးလေးက မကျေ မနပ်ဖြင့် ထပ်ပြော၏။
အမွှေးတိုင် လောင်ကျွမ်းချိန် တစ်ဝက် အကြာတွင်၊ လူသုံးယောက် ထိုနေရာသို့ ရောက် ရှိ လာသည်။
“ အစောက မြင်လိုက် ရတဲ့ ... ရွှေရောင် တွေက ရွှေကျီးကန်း တောင်ပံတွေ ... ဖြစ်မယ် ထင်တယ်။ ”
ယဲ့ချင်းဟုန်မှ ပြောသည်။ ကျန်းခွိုက်က စကား မဆိုဘဲ၊ အဖြူရောင် အလင်း တန်းများ ထုတ်လွှတ်ကာ မျက်လုံးမှိတ် လိုက်၏။
လေထဲတွင် ဖုန်မှုန့် များက၊ အရောင် မျိုးစုံဖြင့် တောက်ပ လာသည်။ မျက်လုံး ပြန်ဖွင့် လိုက်သော အခါတွင်၊ ကွဲပြားသော အငွေ့ အသက် များကို ခံစား လိုက်ရ၏။
ဤသည်မှာ မျက်လုံး နည်းစနစ် တစ်ရပ် ဖြစ်ပြီး၊ ခွန်လွန်၌ အနည်းငယ် မျှသာ ရှိသည်။ ရှားပါး ပေ၏။
ကျန်းခွိုက် အသုံး ပြုသော မျက်လုံး နည်းစနစ်သည်၊ ကျန်း မိသားစု၏ ရှေးဟောင်း အမွေ ဖြစ်သည်။
အနန္တ နတ်မိစ္ဆာ မျက်ဝန်း- ဟု ခေါ်၏။ အထွတ် အထိပ် ရောက်သော် အာကာပြင် ကို ပင်၊ ထွင်းဖောက် မြင်နိုင်သည်။
“ ယဲ့ချင်းရှန်နဲ့ ပိုင်ချင်းယွီပဲ၊ သူတို့ သွေးကျီးကန်း တစ်ကောင်ကို သတ်ဖြတ်သွား တယ်။ ”
ကျန်းခွိုက်မှ ပြောကြား လိုက်သည်။
“ ပိုင်ချင်းယွီလည်း ရှိနေ တာလား ဒုက္ခပဲ ... ။ ”
ယဲ့ချင်းဟုန်က မျက်မှောင်ကြုတ်လျက် ညည်းတွား လေသည်။
“ ဘာလို့လဲ ... ၊ ဒါက အနန္တ သင်္ချိုင်း တောင်ကြား မဟုတ်လား၊ လူသေတာ မဆန်း ပါဘူး၊ ယဲ့ချင်းရှန်က ပိုင်ချင်းယွီကို သတ်လိုက် တာလို့ ပြောလိုက်ရုံပေါ့၊ သူ့အတွက် ငါတို့က လက်စား ချေတာ ဆိုရင်၊ ပိုင်-မိသားစုက ကျေးဇူးတောင် တင်ဦးမယ်။ ”
ယဲ့ချင်းဟုန်နှင့် ကျန်းခွိုက်က အချင်းချင်း ပြန်ကြည့်၏။ သူတို့ နှစ်ဦး သည်လည်း ရက်စက် ကြမ်းကြုတ် သူများ ဖြစ်သည်။ သို့တိုင် ရှောင်ချင်းယန်ထက် နူးညံ့နေ သေး၏။
ယဲ့ချင်းဟုန်က ပြုံးရယ်လျက်၊
“ အရမ်း ကောင်းတယ် သွားရအောင်။ ”
-ဟု ပြောကြား လိုက်သည်။
ကျန်းခွိုက်က လေထဲ ခြေရာ ခံကာ၊ လမ်းအား ဦးဆောင်၏။ သည်နေ့ ယဲ့ချင်းဟုန် တစ်ယောက် သေကို သေရ ပေမည်။
လေးနာရီ ကုန်လွန် ပြီးနောက်၊ လင်းယွန်မှ ရပ်လိုက်ပြီး အနား ယူရန် ဆုံးဖြတ် တော့သည်။ ထိုအချိန်တွင် ပိုင်ချင်းယွီ သည်လည်း နိုးလာ၏။
သူမ အသား အရည်မှာ၊ ပုံမှန် ပြန်ဖြစ် လာပြီး၊ အဝတ်အစား အသစ်ကို လဲလှယ် ဝတ် ဆင်လိုက်သည်။
သည့်နောက် စိတ်ဓာတ် ကျနေသော အသွင်ဖြင့်၊
“ ယဲ့ချင်းရှန် ... နင် ငါ့ကို ကာကွယ် စောင့်ရှောက် နေစရာ မလို တော့ဘူး၊ ထားခဲ့ လိုက် ... ။ ”
-ဟု ပြောကြား လာ၏။
“ ထွက်ပေါက်က မဝေး သေးဘူး၊ မင်း ပြန်သွား ချင်ရင် အဆင် ပြေတယ်၊ ဒါပေမယ့် အခုတော့ မလွယ် တော့ဘူး။ ”
လင်းယွန်က သူ့ကိုယ် ထဲမှ အစိမ်းရောင် အရည် များကို၊ အဝေးသို့ တောက်ထုတ် ပစ် လိုက်၏။
အဝေးရှိ သစ်ပင်ကြီး တစ်ပင်၏ ပင်စည်၌ အပေါက်ကြီး တစ်ယောက် ဖြစ်ပေါ် လာသည်။ ယင်းသည် ရေလှိုင်းဓား၏ အနှစ် သာရ ဖြစ်၏။
“ ဒါက အဆိပ် မဟုတ်ဘဲ ... ကျင့်ကြံခြင်း ကိုတောင် အကျိုးပြု တာကြောင့်၊ အလွယ်တကူ သတိ မပြုမိ စေဘူး၊ ဖြစ်နိုင် တာက ငါ့နောက် ခြေရာခံဖို့ ... ထည့်ခဲ့တာ မဟုတ်လား။ ”
လင်းယွန်က မေးလိုက်သည်။
“ နင် ... ဘယ်တုန်းက၊ သတိ ထားမိ သွားတာလဲ။ ”
ပိုင်ချင်းယွီမှ မယုံနိုင်စွာ မေးမိ၏။
“ ရေလှိုင်း ဓားကို ဆွဲလိုက် လိုက်တဲ့ အချိန်။ ”
“ ဒါဆို နင်က မသိဟန် ဆောင်ပြီး၊ ငါ့ကို ဒီနေရာ အထိ၊ တမင်တကာ သွေးဆောင် ခဲ့တာ ပေါ့။ ”
“ အကုန် လုံးတော့ မဟုတ်ဘူး၊ မင်းက ငါ့ နောက်လိုက် နေတာ ပိုပြီး လုံခြုံမယ်၊ မဟုတ်လို့ ငါ့ကို ခြေရာခံ မရဘဲ၊ လှည့်ပတ် သွားလာ နေခဲ့ရင်၊ မင်းအတွက် သေခြင်းပဲ။ ”
“ ဒါ ... ။ ”
“ ဘာပဲ ဖြစ်ဖြစ် ... ၊ မင်းက ပိုင်ရှုရင်ရဲ့ ညီမပဲ၊ မင်းကို ဒီမှာ သေခွင့် ပေးလို့ ... မရဘူး။ ”
ပိုင်ချင်းယွီ တစ်ယောက် မျက်နှာ ဖြူဖျော့ သွား၏။ ဖြစ်ပျက်ခဲ့ သမျှ အားလုံး ပြန်ပြောင်း သတိရ လာကာ၊ တုန်လှုပ် မိသည်။
အရာ အားလုံးသည် ယဲ့ချင်းရှန်၏ ထိန်းချုပ်မှု အောက်တွင် ရှိနေကြောင်း သိလိုက် ရသည်။ ထို့ကြောင့် အရိုး ထိတိုင်၊ ထွင်းထား သော မာနမှာ၊ ပျော်ကျ သွားခဲ့၏။
“ မင်း ဒဏ်ရာတွေ ... ပြန်ကောင်း လာပြီလား။ ”
လင်းယွန်က မေးသည်။
“ ဟင့်အင်း ... ။ ”
ပိုင်ချင်ယွီက အပြစ် ရှိနေ သဖြင့်၊ ခေါင်းငုံ့ကာ ခါယမ်းပြ လိုက်ပြီး၊
“ ယဲ့ချင်းရှန် ... ၊ နင် ... ငါ့အစ်မရဲ့ အပျိုစင် ... ။ ”
“မဟုတ်ဘူး ... ။ ”
လင်းယွန်က သူမ စကား မဆုံးခင် ငြင်းဆိုသည်။ ထို့နောက် ပိုင်ရှုရင် အကြောင်း သူ သိထားသည် များကို၊ ပြန်ပြော ပြမိ၏။
“ ဒါဆို ... ငါ့အစ်မ စောင့်နေတဲ့ လူက ဘယ်သူလဲ။ ”
“ မသိဘူး ... ၊ ဒါပေမယ့် အဲဒီ လူက ငါမဟုတ် တာတော့ သေချာတယ်။ ”
ပိုင်ချင်းယွီက သက်ပြင်း ချလျက်၊
“ ထင်တော့ ထင်သားပဲ၊ ငါ့ အစ်မက ... နင့်လို လူကို စိတ်ကူးမှာ မဟုတ်ဘူး ဆိုတာ ငါ သိပါတယ်။ ”
-ဟု ပြောကြား လာတော့သည်။
“ ဟုတ်တယ် ... ဒါပေမယ့် မင်းအစ်မ စိတ်ကူးယဉ် ခဲ့တဲ့ လူကလည်း မကောင်း ပါဘူး။ ”
“ တိတ်စမ်း ... ၊ ငါ့အစ်မ စိတ်ကူးယဉ်တဲ့ လူက ဉာဏ်ရည် ထက်မြက်တဲ့ သူရဲကောင်းပဲ၊ သိမ်မွေ့ပြီး တည်ကြည် ရမယ်၊ အစ်မက နင့်လို ပြောင်ချော်ချော် လူတွေထက်၊ တည်ငြိမ်တဲ့ လူတွေကို ပိုကြိုက်တယ်၊ ...
... ဒါကြောင့် ငါ့ခဲအိုက ခွန်လွန်မှာ နာမည်ကြီး တစ်ယောက် ဖြစ်ရမယ်၊ မဟုတ်ရင် ငါ့ အစ်မက လျှို့ဝှက် ထားမှာ မဟုတ်ဘူး။ ”
စကားပြောနေစဉ် သူမက လင်းယွန်အား ခိုးကြည့်ကာ၊
“ ငါ့ခဲအိုက ... နင့်ထက် ပိုသန်မာပြီး သတ္တိရှိရမယ်။ ”
-ဟု သုံးသပ် စကား ဆိုလာ တော့၏။
လင်းယွန် တစ်ယောက် မျက်ခုံးပင့် သွားသည်ကို မြင်သော အခါ၊
“ ဟုတ်တယ်လေ၊ နင်က ... တကယ် ပျင်းစရာ ကောင်းတယ်၊ စကား ဘယ်လို ပြော ရမယ် တကယ် မသိဘူး၊ ငါ့ကို ... မြှောက်ပင့် ချင်တဲ့ လူတွေ ဘယ်လောက် ရှိလဲ ... နင် သိလား၊ နင်က လုံးဝ လူရိုင်းပဲ။ ”
ယဲ့ချင်းရှန်သည် အလွန် ကြောက်စရာ ကောင်းပြီး၊ ကောလဟာလ များနှင့် မတူမှန်း သူမ သတိ ပြုမိ ခဲ့သည်။
စကား ပြောနေစဉ်၊ သူမ အသွင်မှာ ရွှင်လန်းလာ တော့သည်။ ပိုင်ရှုရင်သည် အပြစ် ကင်းစင်သော ကျောက်စိမ်း ဆိုသော်၊ သူ့ညီမမှာ အေးချမ်းသော နွေဦး ရာသီ ဖြစ်သည်။
“ မင်းက ကိုယ်တိုင် ... မခံစား ဖူးတော့၊ ဒီကမ္ဘာကြီးရဲ့ နူးညံ့ သိမ်မွေ့ ခြင်းကို ... မသိဘူး မဟုတ်လား၊ မင်း နူးညံ့တိုင်း ... ဒါကို နူးညံ့မှုလို့ မသတ်မှတ် နိုင်ဘူး၊ လောကမှာ နေထိုင်ခွင့် ရနေတာ ကိုက နူးညံ့ သိမ်မွေ့ ခြင်းပဲ။ ”
လင်းယွန်မှ ပြန်ပြောသည်။
“ ယဲ့ချင်းရှန် ... ၊ နင့် ဘဝမှာ ဘာတွေ တေွ့ကြုံဖူးလဲ၊ နင့်ရဲ့ ဘဝနဲ့- သေခြင်း ဆိုင်ရာ အတွေ့အကြုံ တေွကို ပြောပြပါ၊ ...
... နင့်လို ထက်မြက်တဲ့ ဓားသမား တစ်ယောက်ရဲ့ ... နှလုံးသား ထဲမှာ ဘာတွေ ရှိနေလဲ၊ ငါ သိချင်တယ်။ ”
ပိုင်ချင်းယွီက ရုတ်တရက် စိတ်ဝင် တစား မေးလာသည်။
“ ငါ့နှလုံးသား ထဲမှာ ... ဓားတစ်လက်ပဲ ရှိတယ်၊ ဒီဓားနဲ့ ငါချစ်တဲ့ လူတွေကို ကာကွယ် ရမယ်။ ”
“ ချွင် ချွင် ... ။ ”
ထိုအချိန်တွင် ရေလှိုင်း ဓားက တစ်စုံ တစ်ခုကို ခံစား လိုက်ရ ဟန်ဖြင့်၊ တုန်ခါ လာ တော့သည်။
“ ရေလှိုင်း ဓားက၊ သတ်ဖြတ်ခြင်း ရည်ရွယ်ချက်ကို၊ ကောင်းကောင်း ... ခံစား နိုင်တယ်၊ အခုလို ... ကြောက်ရွံ့ နေတာမျိုး၊ တစ်ခါမှ မကြုံဖူး သေးဘူး။ ”
ပိုင်ချင်းယွီက အဝေးကို ငေးကာ၊ ထိတ်လန့် သွားသည်။
“ မကြောက် ပါနဲ့ ... ၊ ယဲ့ချင်းဟုန်နဲ့ အဖွဲ့က ငါ့နောက် လိုက်လာတာ နေမယ်။ ”
လင်းယွန် စကားဆုံး ချိန်၌၊ လူများစွာ ရောက်ရှိ လာ၏။ ရှေ့ဆုံးတွင် ရှောင်ကျင်းယန်၊ ကျန်းခွိုက်နှင့် ယဲ့ချင်းဟုန် တို့အား မြင်လိုက် ရသည်။
ယဲ့ချင်းဟုန်က ပြုံးပြီး၊
“ မျှော်လင့် ထားတဲ့ အတိုင်း ပါလား၊ ယဲ့ချင်းရှန် ငါတို့ လာမှန်း သိတာတောင်၊ မင်း ... ထွက်သွားဖို့ ရည်ရွယ်ချက် မရှိ ဖူးပဲ။ ”
-ဟု လှောင်ပြောင် ချီးကျူး လိုက်၏။
“ မင်းတို့ကို ... ငါ ကြောက်မယ်လို့ ထင်နေတာလား ... ၊ မင်းက အရှုံး သမားပဲ။ ”
“ ဟား ဟား ဟား ... ၊ မင်းရဲ့ ယုံကြည်မှု ရှိနေပုံကို ငါ ... သဘော ကျတယ်၊ သူတော်စင် မူလကို သန့်စင် ထားလို့၊ သန်မာ လာပေမယ့် မင်းက အရင်လို မိုက်မဲ နေတုန်းပဲ၊ ဒီနေရာက ကောင်းကင် တာအို ဂိုဏ်း မဟုတ်ဘူး။ ”
“ နင်တို့ ဘာလုပ်ဖို့ ... ကြိုးစား နေတာလဲ၊ ငါတို့ အားလုံးက ကောင်းကင် တာအို ဂိုဏ်းရဲ့ သူတော်စင် တပည့် တွေပါ၊ တပည့် အချင်းချင်း သတ်တာ အပြစ်ပဲ။ ”
ပိုင်ချင်းယွီမှ ဝင်ပြောသည်။
“ ညီမ ချင်းယွီ ... ၊ ဒီလူက မင်းရဲ့ ဂုဏ် သိက္ခာကို ညစ်ညမ်း စေတယ်၊ ဒါကြောင့် ဒီနေ့ တရား မျှတမှုကို ... ငါတို့ ရှာပေးမယ်။ ”
ကျန်းခွိုက်က ပြုံးကာ ပြောလာ၏။
“ တိတ်စမ်း ... ၊ နင်တို့ သူ့ကို သတ်ချင်ရင် ငါ့ကို အရင် ဖြတ်ကျော်ရ လိမ့်မယ်။ ”
ပိုင်ချင်းယွီမှ ထရပ်ကာ လင်းယွန်အား ကွယ်လိုက်သည်။ ယဲ့ချင်းဟုန်၊ ကျန်းခွိုက်နှင့် ရှောင်ချင်းယန်က အကြည့်ချင်း ဖလှယ် လိုက်ကြ၏။
“ ဟား ဟား ဟား ... ၊ ငါတို့က မင်းကိုရော လွှတ်ထားမယ် ထင်တာလား၊ ဒီနေ့ နှစ်ယောက် စလုံး သေရမယ်။ ”
ကျန်းခွိုက် စကားဆုံး သည်နှင့် လူ အယောက် သုံးဆယ် ခန့်က၊ ပိုင်ချင်းယွီ တို့ကို၊ ဝိုင်းရံ လာသည်။
နက္ခတ် များကို ဆင့်ခေါ်လျက်၊ နိဗ္ဗာန် အထွတ် အထိပ် ရောင်ဝါအား ထုတ်ဖော် လာ ကြ၏။
ဤသည်မှာ မျိုးနွယ်စု သုံးစု၏ သစ္စာ စောင့်သိသော ကျွန်များ ဖြစ်ပြီး၊ တစ်ယောက် ချင်းစီသည်၊ တတိယ သခင် လဲ့ထက်၊ များစွာ အားကောင်း နေပေ၏။ သေရမည် ကိုပင် မကြောက် ကြချေ။
***