← Chapters

ကနဦး ဓား။

Vol. 143 Ch. 1996

ကနဦး ဓား။

Vol. 143 Ch. 1996

ယဲ့ချင်းဟုန်၊ ရှောင်ချင်းယန်နှင့်၊ ကျန်းခွိုက် အပါအဝင်၊ ဘုရင် အဆင့် ကျွမ်းကျင်သူ (၃၀) ခန့် ရှိ၏။

ဤအရာက ဘဝင် မြင့်နေသော ပိုင်ချင်းယွီအား ထိတ်လန့်ပြီး၊ စိတ်မသက် မသာ ဖြစ်စေသည်။

သူတော်စင် မိသားစု၏၊ နိဗ္ဗာန် အဆင့် ဉာဏ်ကြီးရှင် များသည် မိုးကြိုး သိမ်းငှက် ဂိုဏ်း မှ၊ တတိယ သခင် လဲ့ထက်၊ များစွာ အားကောင်း ချေ၏။

သူတို့သည် အဆင့်မြင့် တစ္ဆေ ဝိညာဉ် ပညာရပ် များနှင့်၊ မျိုးနွယ်စု နည်းစနစ် မျိုးစုံကို လေ့ကျင့် ထားနိုင်သည်။

ထူးကဲသော အရည်အချင်း များနှင့်၊ ကောင်းချီး မင်္ဂလာများ ရရှိကာ၊ အုတ်မြစ်သည် အခြား သူများထက် ခိုင်မာ၏။

“ ဟမ့် ... နင်တို့တွေ မဟာ သူတော်စင် တစ်ပါးရဲ့ သီးသန့် တပည့်ကို သတ်ဖို့၊ သတ္တိ ရှိ တယ်လား၊ ဒုက္ခ ရောက်မှာကို မကြောက်ဖူးလား။ ”

ပိုင်ချင်းယွီမှ ခြမ်းခြောက် လိုက်၏။

“ ဒါက ကောင်းကင် တာအို ဂိုဏ်း မဟုတ်ဘူး၊ လူ သေတာ သာမန်ပဲ၊ မင်းလည်း ယဲ့ချင်းရှန် ခေါင်းကို ယူချင် နေတာ မဟုတ် ဖူးလား၊ ...

... ဒါက မင်း အတွက် အခွင့်ရေးလေ၊ ယဲ့ချင်းရှန်က မင်းကို သတ်လိုက်တဲ့ အတွက်၊ လက်စားချေ လိုက်တယ် ဆိုရင်၊ ဘယ်သူ သိဦး မှာလဲ၊ ပိုင်မိသားစုက ငါတို့ကို ကျေးဇူးတောင် တင်ဦးမှာ။ ”

ယဲ့ချင်းဟုန်မှ ပြုံးလျက် ပြောလိုက်၏။ ၎င်းတို့အား ဤမျှ ကောက်ကျစ် ကြလိမ့် မည်ဟု မထင်ထား သဖြင့်၊ ပိုင်ချင်းယွီ တစ်ယောက် မျက်နှာ ပျက်သွားသည်။

လင်းယွန် မှာမူ၊ ရှောင်ချင်းယန်အား ကြည့်ကာ အတွေး နက်သွား၏။ ၎င်းထံမှ အန္တရာယ် အငွေ့ အသက်များ ရရှိသည်။

“ ယဲ့ချင်းရှန် ... ၊ ဒီအတွက် ငါ တာဝန် ယူမယ်၊ နင် ငါ့ကို ထားခဲ့ပြီး နောင်မှ သူ့တို့ကို လက်စား ချေပေးပါ။ ”

ထိုသတ္တိ အပေါ် အခြေခံ၍၊ ရေလှိုင်းဓား ဆွဲထုတ်ကာ၊ ဘုန်း ဝိညာဉ်တော် နှစ်ပါးကို အသက် သွင်း လိုက်သည်။

“ ငရဲ သစ်ခွ တောင်ကြား။ ”

ပိုင်ချင်းယွီက အဆင့်မြင့် တစ္ဆေ ပညာရပ် တစ်ခု ဖြစ်သော ငရဲသစ်ခွ ဓားကို ထုတ်ဖော် ပစ် လိုက်၏။

ဘုန်းဝိညာဉ် နှစ်ပါးက ပတ်ဝန်းကျင်ရှိ ဝိညာဉ် စွမ်းအင် များကို၊ တွင်းနက်ကြီး အလား စုပ်ယူ တော့သည်။

ဓားရောင်ဝါ များက လမင်းကြီး ကဲ့သို့ တောက်ပ လာပြီး၊ နီးစပ်ရာ ရန်သူ သုံးယောက် ထံ ပြေးဝင် လိုက်သည်။

“ ရေလှိုင်း ဓား ... ။ ”

ယဲ့ချင်းဟုန်နှင့် ကျန်းခွိုက် မျက်နှာမှာ ပြောင်းလဲ သွား၏။ ဤဓားသည် နာမည် ကြီး ဓားတစ်လက် ဖြစ်ချေပြီ။

“ သူ့ကို ငါ တာဝန် ယူလိုက်မယ်။ ”

ရှောင်ချင်းယန်က ပြုံးပြီး၊ အနက်ရောင် မီးလျှံများ တောက်လောင် နေသော လက်ဖဝါး နှင့် ပြန်လည် ရိုက်ချ လိုက်သည်။

“ ငရဲ ကမ္ဘာ တစ္ဆေ မီးတောက် ... ။ ”

လေခွင်းသံများ မြည်ဟည်းလျက် ပိုင်ချင်းယွီထံ ပြေးဝင် သွားသည်။ ပိုင်ချင်းယွီ ခမျာ မီးတောက် များနှင့်၊ ချက်ချင်း ဖုံးလွှမ်းခြင်း ခံလိုက် ရ၏။

“ ခရစ် ... ။ ”

ရေလှိုင်းဓားကြောင့် ထွက်ပေါ် လာသော ဖြစ်စဉ် များမှာ၊ အက်ကွဲ ကုန်၏။ ယင်းရလာဒ် ကို ကြည့်ကာ၊ နိဗ္ဗာန် ရောင်ဝါကို ရေလှိုင်း ဓားထံ ထပ်မံ လောင်းထည့် သည်။

အကန့်အသတ် မရှိသော အသက်ဓာတ်များ ဖြာထွက် လျက်၊ ထိုအနက်ရောင် မီးတောက်မှာ ပန်းများ ကဲ့သို့ ညှိုးနွမ်း ကုန်၏။

သို့သော် မီးတောက်များ ငြိမ်းသွား ချိန်၌ ရှောင်ချင်းယန်၏ လက်သီးက သူမ ဓားအပေါ် ကျရောက် သွားပြီး၊ ပိုင်ချင်းယန်အား (၁၀) မီတာ အကွာသို့ လွင့်စင် သွားစေ၏။

သူမ ကျင့်ကြံမှုသည် ရှောင်ချင်းယန်ထက် ပိုမို မြင့်မားသော သော်လည်း၊ နိဗ္ဗာန် ရောင်ဝါ၌ မယှဉ်နိုင် ခဲ့ချေ။

ရေလှိုင်းဓား ကြောင့်သာ မဟုတ်က၊ ဤလက်သီးကြောင့် ဒဏ်ရာ အပြင်း အထန် ရရှိ သွား ပေမည်။

“ မင်းကို ငါ ရိုးသားမယ်၊ လွန်ခဲ့တဲ့ (၆) လလောက် ထဲက၊ ငါက ဘုရင် အဆင့် ထိပ်ဆုံး ရာဂဏန်းကို ရောက် နေပြီ၊ ...

... ကျင့်ကြံမှုမှာ ခြေလှမ်း တစ်လှမ်း ထပ်လှမ်း နိုင်ရင်၊ ထိပ်ဆုံး (၁၀)ဦး အဆင့် ဝင် လိမ့်မယ်၊ ယဲ့ချင်းရှန် မင်းသာ ထက်မြက်တယ် ဆိုရင်၊ ...

... မင်းကို ရုတ်တရက် ... ပြောင်းလဲ လာစေတဲ့ လျှို့ဝှက်ချက် ပြောပါ၊ မင်း သန့်စင် ထားတယ် ဆိုတဲ့၊ သူတော်စင် မူလကို ... ငါ စိတ်ဝင် စားတယ်။ ”

အမှန် အတိုင်း ဝန်ခံ ရမည် ဆိုသော်၊ ကောင်းကင် တာအို ဂိုဏ်းရှိ လူတိုင်းမှ ထိုအရာ အပေါ်၊ စိတ်ဝင်စား ကြ၏။

လူများစွာက ၎င်းသည် မဟာ သူတော်စင် မူလ ဖြစ်နိုင် သည်ဟု ထင်ကြေး ပေးသည်။ ကျန်းခွိုက်က၊

“ ယဲ့ချင်းရှန် ... ၊ သူတော်စင် မူလကို အပြည့်အဝ မသန့်စင် ရသေးဖူး မဟုတ်လား၊ အဲဒါကို ငါတို့ ပေးရင် ... သက်သက် သာသာနဲ့ သေခွင့် ရအောင်၊ ကူညီ ပေးမယ်။ ”

“ ဟုတ်တယ် ငါ့မှာ မဟာ သူတော်စင် မူလရှိတယ်၊ သူက နှလုံးသား ထဲမှာ ဆိုတော့ မင်းတို့တွေ တတ်နိုင်ရင် လာယူပါ။ ”

လင်းယွန်က ပြုံးကာ ပြောလိုက်၏။ သူတော်စင် မူလ သာမက၊ နတ်နဂါး အရိုးပင် ရှိချေပြီ။

သူ့စကား ကြားသော အခါ၊ ယဲ့ချင်းဟုန် တစ်ယောက် လောဘတတ် လာသည်။ သူက ပြုံးလျက်၊

“ ဒါဆို တကယ်ပဲ မဟာ သူတော်စင် မူလ ကြောင့်ပေါ့၊ အသူရာ ဓားသူတော်စင်က မင်းကို ပေးခဲ့တာ မဟုတ်လား၊ ဒါပေမယ့် ... မင်းနဲ့ မထိုက်တန်ဘူး၊ အခု ငါ ပိုင်သွားပြီ။ ”

နက္ခတ်ကို ထုတ်ဖော်လျက်၊ လက် နှစ်ဖက်အား ဆန့်ခွဲကာ၊ လင်းယွန်ထံ တစ်ဟုန် ထိုး ပြေးဝင် လိုက်သည်။

ယင်းက နိဗ္ဗာန်-နဝမမြောက် အသွင် ကူးပြောင်း နေပြီ ဖြစ်သော သူ့ရောင်ဝါအား ချက်ချင်း မြှင့်တင် ပေး၏။

နက္ခတ်မှာ အစွမ်း ထက်သော ဓား ရောင်ဝါများ ထုတ်လွှတ် နေသည့် အနက်ရောင် သူတော်စင် ဓားတစ်လက် ဖြစ်သည်။

“ တာအို ဓား ... ။ ”

၎င်းသည် ကောင်းကင် တာအို ဂိုဏ်း၏၊ နတ်ဓား နှစ်လက်မှ တစ်လက် ပေပင်။ တပည့် များစွာက ထိုဓားများကို နက္ခတ် အဖြစ် အသုံးပြုရန်၊ ဖွဲ့စည်း ကြ၏။

“ ယဲ့ချင်းရှန် မင်းနက္ခတ်ကို ထုတ်ပါ၊ ဒါက ကောင်းကင် တာအို ဂိုဏ်း မဟုတ်ဘူး၊ ငါတို့ ပျော်လို့ ရတယ်။ ”

“ မင်းကို သတ်ဖို့ နက္ခတ် မလို ပါဘူး။ ”

လင်းယွန်က ပြန်ပြော သည်။ ထို့ကြောင့် ယဲ့ချင်းဟုန်မှ ရယ်မောလျက် နေရောင်ခြည်များ ကဲ့သို့၊ တောက်လောင် နေသည့် ဓား ရည်ရွယ် ချက်ကို ထုတ်လိုက်သည်။

ဤသည်မှာ တာအို ယန်နန်းတော်၏ အမွေခံ စွမ်းအင် ကျင့်ကြံမှု နည်းစနစ် ဖြစ်သော တာအို ယန် ဓားသုတ္တန် ဖြစ်၏။

နိဗ္ဗာန်- နဝမမြောက် အသွင် ကူးပြောင်းမှုဖြင့် ပေါင်းစပ်သော်၊ စွမ်းအား ကြီးမား ချေပြီ။

လင်းယွန်ပင် အံ့ဩ သွားသည်။ တာအို ယန်ဓားသုတ္တန်သည် လျှော့တွက်၍ မရ နိုင်ပေ။ ကျင့်ကြံမှု အားနည်းချက်ကြောင့် ထိပ်တိုက် ရင်ဆိုင်မည့် အစား ရှောင်တိမ်း နေရသည်။

“ ဟား ဟား ဟား ... ၊ ယဲ့ချင်းရှန် ကောင်းကင် တာအို ဂိုဏ်းမှာ တုန်းက ... ၊ မင်း ဘယ်လောက် ရိုင်းပျ ခဲ့လဲ မှတ်မိလား။ ”

သူ့အား ထိပ်တိုက် ရင်ဆိုင်ရန် မဝံ့သော လင်းယွန်ကို ကြည့်ကာ ရယ်၏။ အမုန်း တရား များ အားလုံးကို၊ စွမ်းအား အဖြစ် ထုတ်ဖော် လိုက်သည်။

“ တာအို ... ။ ”

ဓားရောင်ခြည် များက လေထဲ၌၊ ‘တာအို’ ဟူသော စာလုံး ဖြစ်ပေါ် စေသည်။ လင်းယွန်၏ ဓားရောင်ဝါနှင့် တိုက်မိကာ၊ လေထု ထဲ၌ လှိုင်းပုတ်သံများ ထွက်ပေါ် လာ၏။

လှုပ်ရှားမှု ဆယ်ကြိမ် ပြည့် ပြီးနောက်၊ ယဲ့ချင်းဟုန်၏ ရောင်ဝါမှာ ပို၍ အားကောင်းလာ ကာ၊ လင်းယွန်ကို ဒဏ်ရာများ ပေးလာ နိုင်ခဲ့၏။

“ ဟား ဟား ဟား ... ယဲ့ချင်းရှန် ... ဒါ မင်းလုပ်နိုင်တာ အကောင်းဆုံး ပဲလား၊ မင်းရဲ့ အကောင်းဆုံးကို ပေးပါ။ ”

“ ကောင်းပြီ ... မင်း ဆန္ဒ အတိုင်းပဲ။ ”

လင်းယွန်က ဓားကို ဆွဲထုတ်ကာ၊ ကောင်းကင်နှင့် မြေကြီးကို ခွဲထုတ် နိုင်သည့် ဓား ရောင်ခြည်အား ပစ်ထုတ် လိုက်၏။

‘တာအို’ စာလုံး ပြိုကျ လာပြီး၊ ယဲ့ချင်းဟုန် လည်ပင်း၌ အနီရောင် မျဉ်းကြောင်း ဖြစ်ပေါ် လျက်၊ ဦးခေါင်း ပြုတ်ကျ သွားသည်။

“ ဝှစ် ... ။ ”

လင်းယွန်က ဓား၌ စွန်းထင်း နေသော သွေးစက် များကို လေထဲ လွှဲခါလျက်၊

“ ငါ့မှာ အစွမ်း အစတွေ အများကြီး ရှိသေးတယ်၊ ဒါပေမယ့် မင်း တွေ့ခွင့် မရှိတော့ တာ သနား စရာ ပါပဲ။ ”

-ဟု ပြောကြား လိုက်သည်။

ဤသည်မှာ ကနဦး ဓား ဖြစ်လေသည်။ ထိုဓားကို မြင်ပြီးနောက် ကျန်သူများ ထိတ်လန့် ကုန်၏။ ယဲ့ချင်းဟုန်အား ဓားတစ်ချက်ဖြင့် သတ်ပစ် နိုင်သည်။

“ အလင်း မူလ။ ”

ရှောင်ချင်းယန်နှင့် ကျန်းခွိုက် တို့က ဦးစွာ သတိဝင် လာသည်။ ဂိုဏ်းတွင်း ဒဏ္ဍာရီ အလား နာမည် ကြီးနေသော ဓားချက် ဖြစ်၏။

သို့သော် ယဲ့ချင်းရှန်မှ တစ်ကြိမ်သာ အသုံးပြုခဲ့ သဖြင့်၊ ၎င်းကို သူတို့ အားလုံး မေ့နေ မိကြသည်။

“ ငါ သူ့ကို တာဝန် ယူလိုက်မယ်။ ”

ရှောင်ချင်းယန်မှ ဒေါသ တကြီးဖြင့် မျက်မှောင် ကြုတ်ကာ၊ ပြောလိုက် လေသည်။ ယဲ့ချင်းဟုန်မှာ အမှိုက် တစ်စ ပေပင်။

***

All Chapters