ပန်းသင်္ချိုင်း ဓား ... ။
Vol. 143 Ch. 1997
ရှောင်ချင်းယန်က လင်းယွန်ထံ လက်သီး တစ်ချက် ပစ်လိုက်စဉ်၊ သူတော်စင် ရောင်ဝါများ ထိပ်တိုက် တွေ့သွားပြီး၊ မြေပြင်၌ အက်ကွဲ ကြောင်းများ ဖြစ်ပေါ် လာ၏။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
လင်းယွန် တစ်ယောက် ခြေလှမ်းပေါင်း များစွာ နောက်ပြန်ဆုတ် လိုက်ရသည်။ အစော ပိုင်းက ယဲ့ချင်းဟုန်နှင့် ထိပ်တိုက် ရင်ဆိုင်ရန် မရွေးချယ် ခဲ့သည်မှာ ကံကောင်း ချေ၏။
“ ဟိတ် ... ။ ”
ရှောင်ချင်းယန်မှ ဟစ်အော်ကာ ဆက်၍ တိုးဝင် လာသည်။ လက်သီး၌ ငရဲ ကမ္ဘာ တစ္ဆေ မီးတောက်များ ရစ်သိုင်းလျက်၊ တိုက်ခိုက် လိုက်တိုင်း ကြောက်စရာ ကောင်းလာ၏။
တစ္ဆေ မီးတောက်မှ တဟုန်းဟုန်း တောက်လောင် လာပြီး၊ လင်းယွန်ကို ဝါးမြို ချင်နေသည်။
ထို့ကြောင့် ပန်းသင်္ချိုင်းကို ပစ်လွှတ်ကာ အဝေးမှ ထိန်းကြောင်း လိုက်ရသည်။ ထိုပုံစံက ရှောင်ချင်းယန်အား မျက်မှောင်ကြုတ်ပြီး နောက်ပြန် ဆုတ်သွား စေ၏။
“ ဖပ် ... ။ ”
သို့မှသာ လင်းယွန်က ဓားကို ပြန်လည် ခေါ်ယူ ဖမ်းဆုပ် လိုက်ရ၏။ ပြီးနောက် မျက်ခုံး နှစ်ဖက်ကြား ချိန်ရွယ် ထိုးသွင်း လိုက်ပြန်သည်။
“ ရွှပ် ... ။ ”
“ ထွက် သွား စမ်း ... ။ ”
“ ဝုန်း ... ။ ”
ရှောင်ချင်းယန်မှ လက်သီးဖြင့် ပြန်လည် ထိုးနှက် တော့သည်။ အနက်ရောင် အခိုး အငွေ့ များ စိမ့်ထွက် လာပြီး၊ လင်းယွန်အား တွန်းကန် ပစ်၏။
ရှောင်ချင်းယန်မှ သူ့အား အနား ကပ်ခွင့် မပေးချေ။ ၎င်းသည် ဓားသမား များနှင့် တိုက် ရာ၌ အတွေ့ အကြုံ များစွာ ရှိကြောင်း၊ ပြသ ရာရောက်သည်။
“ သေ လိုက် တော့ ... ။ ”
ရှောင်ချင်းယန်က မြေပြင်ကို ခြေဖဝါးဖြင့် ပုတ်လိုက်ရာ၊ မီတာ ထောင်ဂဏန်း အထိ ရှည် လျားသော အက်ကွဲရာ တစ်ခု ဖြစ်ပေါ် လာ၏။
တစ်ချိန်တည်း မှာပင် မျှားတစ်စင်း အလား တွန်ကန် အားကို အသုံး ပြုလျက်၊ လင်းယွန်ထံ တဟုန်ထိုး ပြေးဝင်လာ သည်။
သာမန် မျက်စိဖြင့် မမြင် နိုင်ချေ။ မြန်ဆန် လွန်းပြီး၊ လက်ကို ရစ်ပတ် ထားသော ငရဲ ကမ္ဘာ တစ္ဆေ မီးတောက်က၊ နဂါး နှစ်ကောင် အဖြစ် ပြောင်းလဲ ကုန်သည်။
ကောင်းကင်မှ လက်သီးကြီး ကျဆင်း လာသည်နှင့် တစ်ပြိုင်နက်၊ နဂါး နှစ်ကောင်က ကြက်ခြေခတ် အသွင်၊ လင်းယွန်ထံ ပျံသန်း လာတော့၏။
ထိုစွမ်းအားကြောင့် ပတ်ဝန်းကျင် လေဟာနယ် တစ်ခုလုံး၊ ကမောက် ကမ ဖြစ် ကုန်၏။ မိုးပြာ နဂါး ဓား နှလုံးသားပင်၊ အာရုံ မခံနိုင်ချေ။
ရှောင်ရန် အချိန် နှောင်းနေပြီ ဖြစ်ရာ၊ သူတော်စင် ခန္ဓာကိုယ် နှစ်ခုဖြင့်၊ ခံယူလိုက် ရသည်။
“ ဝုန်း ... ။ ”
လင်းယွန် နှုတ်ခမ်းမှ သွေးများ စီးကျ လာခဲ့သဖြင့်၊ ပိုင်ချင်းယွီမှ စိုးရိမ် သွားလေသည်။
“ ဘုရင် အဆင့်က ထိပ်ဆုံး တစ်ရာ၊ တော်တော့်ကို အထင် ကြီးစရာ ကောင်းတယ်၊ နောက်တစ်ကြိမ် မင်းရဲ့ ခွန်အားကို ငါ ခံစား ကြည့်ရမယ်။ ”
လင်းယွန်က နှုတ်ခမ်းမှ သွေးများကို သုတ်ကာ ထွက်ခွာ သွားလေသည်။
“ ဟား ဟား ဟား ... ၊ မင်းအတွက် နောက်တစ်ကြိမ် ဆိုတာ မရှိတော့ ပါဘူး။ ”
ရှောင်ချင်းယန်မှ ရယ်မောပြီး လိုက်ပါ လာလေသည်။ လင်းယွန်က ထွက်ပြေး သွားပြီ ဖြစ်သော်လည်း၊ မလွတ်မြောက် သေးချေ။
သို့သော် နဂါးလေးမှ ရုတ်တရက် ထွက် လာပြီး၊ နဂါး မျောက်ဝံ ပုံစံ ခံယူကာ၊ လက်သီး ဖြင့် ထိုးနှက် လိုက်တော့၏။
“ ဘုန်း ... ။ ”
ရှောင်ချင်းယန်မှာ အံ့အားသင့် သွား လေသည်။ ပြင်းထန် လွန်းသော အရှိန်နှင့် မြေပြင်ပေါ် ပြုတ်ကျ သွားတော့၏။
ဤအခိုက်တွင် လင်းယွန်မှ ပိုင်ချင်းယွီကို ဖမ်းကိုင် လိုက်ပြီး၊ နဂါးလေးထံ ပစ်ပေးကာ၊
“ သွား စို့ ... ။ ”
-ဟု ပြောလိုက်သည်။
“ မင်း ထွက်သွား နိုင်မယ် ထင်လား။ ”
ကျန်းခွိုက်မှ နိဗ္ဗာန် အထွတ်အထိပ် ကျွမ်းကျင်သူ (၃၆) ယောက်နှင့် အတူ ပြေးလမ်း ကို ပိတ်ဆို့ လာသည်။
အမျိုးမျိုးသော ဖြစ်စဉ်များ ထွက်ပေါ် လာသဖြင့်၊ သူတော်စင် နှစ်ပါး ကိုယ်လုံး နှင့်ပင်၊ ရင်ဆိုင် နိုင်မည် မဟုတ်ကြောင်း လင်းယွန် သတိ ပြုမိသည်။
“ အစ်ကိုကြီး၊ ငါ မင်းကို ကာကွယ် ပေးထားမယ်။ ”
နဂါးလေးက ကောင်းကင် နတ်မိစ္ဆာ လက်ကိုင် တုတ်အား ထုတ်ယူကာ ပြောကြား လိုက်သည်။
“ ဝှီး ... ဝှီး ... ဝှီး ... ။ ”
ပိုင်ချင်းယွီအား ပခုံးပေါ် ထမ်းလျက်၊ ဝင်လာသော တိုက်ခိုက်မှု များကို ရင်ဆိုင်ရန် လက်ကိုင် တုတ်အား ဝှေ့ယမ်း တော့၏။
“ ဘုန်း ... ။ ”
သို့တိုင် အချို့သော တိုက်ခိုက်မှုကို ပိုင်ချင်းယွီအား မထိ စေရန်၊ ခန္ခာ ကိုယ်ဖြင့် ခံယူ လိုက်ရသည်။
ပြိုင်ဘက် များမှာ၊ သက်ဆိုင်ရာ အထက် တန်းစားများ ဖြစ်ကြပြီး၊ ဆယ်ယောက် တစ်ဖွဲ့ ဖွဲ့လျက်၊ တာဝန်များ ခွဲဝေ လိုက် ကြ၏။
အချို့က လင်းယွန် နောက်သို့ ဆက်လိုက်လာသည်။ အချို့က နဂါးလေးအား ဝိုင်းရံ လိုက်သည်။
“ ယဲ့ချင်းရှန် ... ၊ ဒီနေ့ မင်း ဘယ်ကို ပြေးမလဲ ကြည့်ရအောင်။ ”
ကျန်းခွိုက်၏ ကောက်ကျစ်သော မျက်လုံးများ၌ ရက်စက် ကြမ်းကြုတ်မှုများ လင်းလက် လာ၏။
ယဲ့ချင်းရှန်သည် သူ့ထက် ကျင့်ကြံမှု မြင့်မားသော ပြိုင်ဘက် ဆယ်ဦးကို ရင်ဆိုင်နိုင် လိမ့်မည်ဟု မထင်ချေ။
ဤမြင်ကွင်းကြောင့် လင်းယွန်က အသက်ပြင်းပြင်း ရှူလိုက်ပြီး၊ နိဗ္ဗာန် ရောင်ဝါကို ဓားထဲသို့ လောင်းထည့် ၏။
“ ဟား ဟား ဟား ... ။ ”
ပန်းသင်္ချိုင်းက တုန်ခါလျက်၊ ကြောက်စရာ တစ်ကွက်မှ မရှိဟု ပြောနေချေပြီ။ ယင်းကြောင့် လင်းယွန် တစ်ယောက် ရယ်မော လိုက်မိ၏။
ဘုန်းဝိညာဉ် နှစ်ပါး အသက် ဝင်လာကာ၊ စွမ်းအားသည် မယုံနိုင်စရာ အမြင့်သို့ ရောက်ရှိ သွားသည်။
ချက်ချင်းပင် နိဗ္ဗာန် ရောင်ဝါမှာ ဒေသ တစ်ခုလုံး အပေါ် ထွန်းလင်းပြီး၊ ဓားရောင်ဝါ အဖြစ် ပြောင်းလဲ လာ၏။
ပညာရှင် ဆယ်ဦးမှာ သတိ လက်လွတ် မခံဝံ့ဘဲ၊ အတူတကွ လက်တွဲ တိုက်ခိုက် လိုက် ကြ လေသည်။
ပေါင်းစပ် တိုက်ပွဲ တစ်ခု ဖြစ်သဖြင့်၊ လေဟာနယ် အက်ကြောင်းများ ဖြစ်ပေါ်ကာ၊ စုပ်ဝဲကြီး ဖြစ်လာ၏။
ပတ်ဝန်းကျင်ရှိ သစ်ပင်များ ပြိုကျပြီး၊ သစ်ပင် ကိုယ်ထည်မှ အရည်များ သွေး အလား စီးကျ လာသည်။
ပန်းသင်္ချိုင်းသည် ထိုရေဝဲနှင့် ထိပ်တိုက် တွေ့သော အခါ၊ အားပြင်းသော လှိုင်းလုံးကြီး တစ်ခု အဖြစ် ပြောင်းလဲ ပေးနိုင် ခဲ့၏။
မြေပြင် ပေါ်တွင် အက်ကြောင်းများ ပြန့်ကျဲလျက်၊ ဓားရောင်ခြည်က ရေဝဲကြီးအား ဖြတ်ကျော် သွားတော့သည်။
လမ်းရှိ ကျောက်တုံးများ အားလုံး အမှုန် အဖြစ်သို့ ပြောင်းလဲ ကုန်သဖြင့်၊ ပြိုင်ဘက်(၁၀) ဆယ်ဦးမှာ၊ အသက်ရှူ ကြပ်သွား ၏။
“ မြန် မြန် ... ။ ”
“ ပြေး ... ။ ”
ထိုအချိန်တွင် ယဲ့ချင်းရှန်က၊ နောက် တစ်ကြိမ် တိုက်ခိုက်ရန် အားယူ နေပြန်ရာ၊ အမြန် လှည့်ပြေး တော့သည်။
“ ဟိတ် ... ။ ”
သို့သော် လင်းယွန် (၁၃) ယောက် တိတိ ခွဲထွက် လာပြီး၊ ဓား တစ်ချက်ဆီ လွှဲခုတ် လာ လေသည်။
(၁၃) ယောက်လုံး ပြန်လည် ပေါင်းစည်း သွားချိန်၌၊ တိုက်ပွဲ တစ်ခုလုံး အသက်ဓာတ်များ ပျောက်ကွယ် သွားပြီ ဖြစ်၏။
ထိုမြင်ကွင်းကို နဂါးလေး၏ ပခုံးပေါ်တွင် တွယ်ကပ်လျက် မြင်လိုက် ရသော ပိုင်ချင်းယွီမှာ ကြောက်ရွံ့ မှုကြောင့်၊ စကား မပြော နိုင်တော့ချေ။
လင်းယွန်သည် အမှန်ပင်၊ ရက်စက် ချေ၏။ ပြိုင်ဘက် (၁၀) ဦးကို၊ အလောင်း တစ်လောင်း ပင် မကျန်အောင် အမှုန့် လုပ်ပစ် ခဲ့သည်။
ဤသည်မှာ ၎င်း၏ ခွန်အား ဖြစ်ပေမည်။ တစ်ဖက်တွင် နဂါး လေးမှာ၊ ကျွမ်းကျင်သူ (၂၀) နှင့် ရင်ဆိုင် နေရသည်။ သူမကို ကာကွယ် နေရ သောကြောင့်၊ ၎င်းခန္ဓာ၌ ဒဏ်ရာများ ဖုံးလွှမ်း လာတော့၏။
“ ဝှစ် ... ။ ”
ထို့ကြောင့် လင်းယွန်က ထွက်ပြေးရန် ဆန္ဒကို စွန့်လွှတ် ပြီးနောက်၊ ကျန်းခွိုက်ထံ တစ်ဟုန်ထိုး ပြေးဝင် လိုက်သည်။
“ အနန္တ နတ်မိစ္ဆာ ... ။ ”
ကျန်းခွိုက်က သတိ ပြန်ဝင် လာပြီး ပြုံးသည်။ သို့သော် သူ့တိုက်ခိုက်မှု မဖွဲ့စည်း နိုင်ခင်၊ လင်းယွန်မှ ပိုးစုန်းကြူး နတ်ဓားဖြင့် ခုတ်ချ လာ၏။
ယင်းမှာ သူတော်စင် ပုံစံ၊ သွေ့ရော်ဓား ဖြစ်သည်။ ၎င်းကို အမည်ခံ သူတော်စင် များသာ လေ့ကျင့်ရန် အရည်အချင်း ပြည့်မီ၏။
ဘုန်း ဝိညာဉ်တော် များဖြင့် အားဖြည့် ထားသော ပန်းသင်္ချိုင်းက၊ ကျန်းခွိုက် အား ချက်ချင်း အပိုင်းပိုင်း ဖြတ်ပစ် တော့၏။
“ ဝှစ် ... ။ ”
ပြီးနောက် သွေးများ စွန်းနေသော ပန်းသင်္ချိုင်းကို လွှဲခါလျက်၊ နဂါးလေး အနား ပျံသန်း ဆင်းသက် လိုက်သည်။
နိဗ္ဗာန် ရောင်ဝါကို ပြန်လည် ရယူရန် သူတော်စင် ဆေးလုံး တစ်လုံးကို ချက်ချင်း သောက်လိုက်၏။
“ သွား ရ အောင် ... ။ ”
သူ့နိဗ္ဗာန် ရောင်ဝါမှာ ကုန်ဆုံး နေပြီ ဖြစ်သည်။ တတ်နိုင် သမျှ အမြန် ပြန်လည် ရယူရန် လိုအပ် နေ၏။
ခေါင်းဆောင် မရှိ သဖြင့်၊ ကျွမ်းကျင်သူ အယောက် နှစ်ဆယ်ကို နဂါးလေးက အလွယ် တကူ ကိုင်တွယ် ဖြေရှင်း လိုက်သည်။
( ခေါင်းဆောင် ဆိုသည်မှာ၊ ကျန်းခွိုက် သေခြင်းကို ရည်ရွယ် ပေ၏။ )
ပိုင်ချင်းယွီမှ မှင်တတ် နေခဲ့သည်။ လက်ရှိ ယဲ့ချင်းရှန်သည် ရက်စက် ကြမ်းကြုတ် လှသော သားသတ် သမားနှင့် တူချေပြီ။
အဆုံးတွင် ကမ္ဘာကြီး၏ ရက်စက် ကြမ်းကြုတ်မှု အပေါ် သူမ နားလည် သွားပြီး၊ ဖြစ်သည်။
ထိုအချိန်တွင် ရှောင်ချင်းယန် အနားသို့ အသားစများ ပျံတက် သွားသည်ကို လင်းယွန် မြင်လိုက် ရ၏။
၎င်းတို့မှ သွေးမြူများ အဖြစ် ပြောင်း လဲကာ၊ သူ့ကို ရစ်သိုင်း နေသော မြင်ကွင်းသည်၊ မယုံ နိုင်ဖွယ် ဖြစ်သည်။
သို့သော် လင်းယွန်မှ အံ့ဩခြင်း မရှိချေ။ ဓားဆွဲကာ လှမ်းတက် လိုက်သဖြင့်၊ ပိုင်ချင်းယွီ တစ်ယောက် ထိတ်လန့် သွား၏။
“ ယဲ့ချင်းရှန် ... နင် ဘာလုပ် မလို့လဲ။ ”
“ သူ့ကို အဝေး ခေါ်သွား လိုက်မယ်။ ”
“ ငါ ... ကူညီမယ်။ ”
“ မလိုဘူး ... ။ ”
လင်းယွန်က ကောင်းကင်ပေါ် ခုန်တက်လျက်၊ ပန်းသင်္ချိုင်းဖြင့် ရှောင်ချင်းယန် ထံ ထိုးညွှန် လိုက်တော့သည်။
***