မျက်လုံး သုံးလုံး ဝိညာဉ် နတ်မိစ္ဆာ ... ။
Vol. 143 Ch. 1998
လင်းယွန်က ထိပ်တိုက် ရင်ဆိုင်ရန်၊ စိတ်ကူးမရှိဘဲ၊ ရှောင်ချင်းယန်အား အဝေးသို့ ခေါ်ဆောင် နေခဲ့သည်။
ယင်းကို သတိ ထားမိ လာသော ရှောင်ချင်းယန်က ပြုံးပြီး၊ သူ့ ဦးတည်ချက်ကို ပြောင်းလဲ လိုက်၏။
အဘယ့်ကြောင့် ယဲ့ချင်းရှန်နှင့် အချိန် ဖြုန်းနေရ မည်နည်း။ ပိုင်ချင်းယွီအား ဖမ်းနိုင်က တိုက်ပွဲပြီး ပေမည်။
ရွေ့လျားမှုကို ကန့်သတ် ချက်သို့ တွန်းပို့လျက်၊ နဂါး မျောက်ဝံနှင့် ပိုင်ချင်းယွီထံ လက်ဖဝါး တစ်ချက် ပေးပို့ လိုက်သည်။
“ ညောင် ... ။ ”
ပြင်းထန်သော ရိုက်ချက် ထိမှန်ကာ၊ နဂါးလေး ခမျာ ကြောင်ပုံစံသို့ ပြန်လည် ရောက်ရှိ သွား၏။
ပိုင်ချင်းယွီ သည်လည်း သွေး တစ်လုတ် အန်ချလိုက် ရသည်။ သူမ ဒဏ်ရာ များမှာ ပို၍ ဆိုးရွား လာခဲ့၏။
သို့တိုင် ရေလှိုင်းဓားကို လွှဲကာ အံကြိတ်လျက် ရှောင်ချင်းယန်ထံ ပြေးဝင် လိုက်သည်။
“ ငရဲ သစ်ခွများ ... ။ ”
သူမ သေဆုံး သွားလျှင်ပင် ပြိုင်ဘက်အား တစ်စုံ တစ်ရာ ပေးဆပ် ခိုင်းရ ပေမည်။
“ ရပ် ... ။ ”
လင်းယွန်မှ အော်ဟစ် လိုက်သည်။ ရှောင်ချင်းယန်သည် ထိပ်တန်း အယောက် သုံးဆယ် အဆင့် ကျွမ်းကျင်သူ ဖြစ်၏။
သူမ ကိုင်တွယ် နိုင်သည့် လူ တစ်ယောက် မဟုတ်ပေ။ သို့သော် အရာ အားလုံး နောက်ကျ သွား ချေပြီ။
ဘုန်းဝိညာဉ် သူတော်စင် နှစ်ပါး လက်ရာ ဓားကို ပိုင်ဆိုင် သော်လည်း၊ စွမ်းအား အပြည့် မထုတ် နိုင်ခဲ့ သဖြင့်၊ ရှောင်ချင်းယန်မှ အထင် အမြင် သေးစွာ ပြုံးသည်။
တိုက်ခိုက်မှုကို ရှောင်ရှားရန် သူ့ခန္ဓာ ကိုယ်အား ဘေးသို့ စောင်းငဲ့ လိုက်ပြီး၊ ဓားအား ဖမ်းဆွဲကာ၊ လက်သီးနှင့် ပြန်လည် ထိုးနှက် လိုက်သည်။
“ ဂျွတ် ... ။ ”
နံရိုးကျိုးသံ ထွက်ပေါ် လာပြီး၊ ပုစွန်ထုပ် သဏ္ဍာန် ကွေးညွှတ်လျက် ပြုတ်ကျ သွားတော့ ၏။
အတွင်း အင်္ဂါများ ဒဏ်ရာ ရရှိကာ၊ နာကျင်မှုကြောင့် မူးမေ့ သေဆုံး မတတ် ခံစား လိုက်ရသည်။
“ အမှိုက် ... ။ ”
ရှောင်ချင်းယန်က ရေလှိုင်းဓား ငုံ့ကြည့်ကာ၊
“ ဒီဓားရဲ့ ဆယ်ပုံ-တစ်ပုံ ... စွမ်းအား ကိုတောင် မထုတ်နိုင်ဘဲ၊ ငါနဲ့ ရင်ဆိုင် ချင်လား၊ ကောင်းပြီ ... မင်း အသက်ကို ... မင်းရဲ့ ဓားနဲ့ပဲ ငါ ယူလိုက်မယ်။ ”
-ဟု ပြောကြား လိုက်၏။
ယဲ့ချင်းရှန်အား သတ်ရန် ကြိုးစားသည့် သတင်း များသာ ပျံ့နှံ့ သွားသော်၊ ကောင်းကင် တာအို ဂိုဏ်း၌၊ သူ ဆက်နေ နိုင်တော့မည် မဟုတ်ချေ။
ထို့ကြောင့် ပိုင်ချင်းယွီအား သတ်ရ ပေမည်။ သည့်အပြင် ဓားသည် ဘုန်းဝိညာဉ်တော် နှစ်ပါး လက်ရာ ဖြစ်ပြီး၊ အမည်ခံ သူတော်စင်များ ကိုပင်၊ လောဘ ဖြစ်စေ၏။
“ အခု ငါ ပိုင်ပြီ ... ၊ ဟား ဟား ဟား ... ။ ”
ရယ်မောလျက် ဓားအား လွှဲခုတ် လိုက်လေသည်။ သို့သော် လင်းယွန် ရောက် လာပြီး သူ့အား ဟန့်တား ခဲ့၏။
“ ထန် ထန် ... ။ ”
ဓားနှစ်လက် ထိပ်တိုက် တွေ့သော အခါ ရှောင်ချင်းယန်မှ ပြုံးသည်။
“ မင်း လာမယ် ဆိုတာ ... ငါ သိတယ်။ ”
“ ငါက ဓားသမားပဲ၊ ငါ့နှလုံးသားကို သစ္စာ ဖောက်လို့ မရဘူး။ ”
လင်းယွန်မှ ပြန်လည် ပြောကြား လိုက်၏။
“ ဟုတ်လား ... ၊ ဒါဆို မင်း သေသွားတဲ့ အခါမှာ၊ အဲဒီ နှလုံးသားက သစ္စာ ရှိဦး မလား၊ ငါ ကြည့်မယ်။ ”
“ မင်း နာလည်မှာ မဟုတ် ပါဘူး။ ”
လင်းယွန်က သူ့ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လျက် ရေှာင်ချင်းယန်အား တွန်း ထုတ် လိုက် လေသည်။
“ သူ့ကို ခေါ်သွား ... ။ ”
အချိန်ရ သည်နှင့် ပိုင်ချင်းယွီအား ကောက်ယူကာ နဂါးလေးထံ ပစ်ပေးကာ၊ သတိ ပေးလိုက်သည်။
“ မိန်းမ တွေက ... ၊ တကယ် ဒုက္ခပေး တာပဲ။ ”
နဂါးလေးက ခေါင်းခါလျက်၊ ပိုင်ချင်းယွီနှင့် အတူ ထွက်ပြေး သွားတော့သည်။
“ မင်းတို့ လွတ်မယ် ထင်လား။ ”
ရှောင်ချင်းယန်က နဂါးလေး နောက် လိုက်သွား ခဲ့ပြန်၏။ ပိုင်ချင်းယန်ကို ထမ်းကာ ပြေးနေ ရသောကြောင့်၊ နဂါးလေးအား လိုက်မီ သွားသည်။
သို့သော် လင်းယွန်က သူ့နောက်ကျောထံ ဓားနှင့် ခုတ်ချ လာ၏။ အန္တရာယ် အငွေ့အသက် နှင့်အတူ၊ ဓား ရောင်ဝါများ လွှမ်းခြုံ လာသည်။
ခန္ဓာကိုယ် တစ်ခုလုံး တောင့်တင်းလျက်၊ အမြန်နှုန်း လျော့ကျ သွား၏။ ထို့ကြောင့် ဆက် မလိုက် တော့ဘဲ၊ နိဗ္ဗာန် ရောင်ဝါဖြင့် အကာ အကွယ် အလွှာကို ဖန်တီး ပစ်သည်။
“ ရွှပ် ... ။ ”
သို့သော် ဓားက ၎င်းအား ဖြတ်ကာ၊ သူ့လည်ပင်းပေါ် ကျရောက် လာ၏။ ထိတ်လန့် စွာဖြင့်၊ ရုတ်တရက် ထူပူ သွားသည်။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
ချက်ချင်း နောက်ဆုတ် လိုက်ရ၏။ ကံကောင်း စွာဖြင့် လည်ပင်း ပြတ်မ သွားချေ။ သွေး အနည်းငယ်သာ စီးကျ လာ၏။ ပြင်ဆင် ထားသော်လည်း ပေါ့ဆ နေမိ သေးသည်။
“ ဘယ်လောက်တောင် ကြောက်စရာ ကောင်း လိုက်တဲ့ ဓားလဲ၊ ဒါ ... မူလ အလင်းပဲ မဟုတ်လား။ ”
ယခင်က ဤဓားဖြင့် သေသွား သောကြောင့်၊ ယဲ့ချင်းရှန်အား ‘အမှိုက်’ အဖြစ်၊ သူ အထင်သေး ခဲ့မိသည်။
ဤသည်မှာ ပြိုင်ဘက်၏ အသက်ကို အဆုံးအဖြတ် ပေးနိုင်သည့် ဓားတစ်ချက် ဖြစ် ချေပြီ။
ရေှာင်ချင်းယန်အား သတ်ရန်၊ အခွင့် အရေး ရှာရ သည်မှာ မလွယ်ချေ။ နိဗ္ဗာန်-အဋ္ဌမမြောက် အသွင် ကူးပြောင်းမှု တွင်သာ ရှိသော်လည်း ဘုရင် အဆင့် ရာဂဏန်း ဝင်သည်။
“ ပါရမီရှင် ဓားသမား တစ်ယောက်က မျှော်လင့် ထားတဲ့ အတိုင်း ပါပဲလား၊ ကျင့်ကြံမှု အားနည်း ပေမယ့် ... မင်း လက်ထဲမှာ ဓားရှိရင် တကယ်ပဲ၊ ...
... အန္တရာယ် ပေးစွမ်း နိုင်တာပဲ၊ ဒါပေမယ့် အခုတော့ ... မင်း ငါ့ကို သတ်ဖို့ အခွင့် အရေးက ... ဆုံးရှုံး သွားပြီ။ ”
ရှောင်ချင်းယန်မှ အေးစက်စွာ ပြောသည်။
“ တိုက်ပွဲ မပြီး သေးဘူး။ ”
လင်းယွန်က အချိန် မဖြုန်း တော့ဘဲ လှည့်ပြေး တော့သည်။ ရှောင်ချင်းယန်က ပိုင်ချင်းယွီအား ပြန်ကြည့် လိုက်ရာ၊ လုံးဝ မတွေ့ရ တော့ချေ။
“ သေ စမ်း ... ။ ”
ရွေ့လျားမှု ပညာရပ်အား ထုတ်ဖော်လျက်၊ လင်းယွန် နောက်သို့သာ ပြေး လိုက်ခဲ့သည်။ သူ့ ခြေဖဝါး အောက်၌၊ ကြာပန်းများ ပွင့်လာ၏။
“ ဝှစ် ... ။ ”
၎င်းတို့အား ငရဲ ကမ္ဘာ တစ္ဆေ မီးတောင် များဖြင့် ဖွဲ့စည်း ထားခြင်း ဖြစ်သည်။ ထို့ကြောင့် လင်းယွန်ကို လိုက်မီ လာသည်။
“ ဖရူး ... ။ ”
လင်းယွန်က အသက် ပြင်းပြင်းရှူ လိုက်ပြီးနောက်၊ ရွှေတောင်ပံ များကို အင်အား အပြည့်ဖြင့်၊ အရှိန် မြှင့်တင် မိသည်။
“ မင်း ... မလွတ် နိုင်ပါဘူး။ ”
လင်းယွန်က ရုတ်တရက် လှည့်ကြည့်ကာ၊ လက်အား ဖြန့် လိုက်သည်။ သံကြိုး ကိုးချောင်း ပြေးထွက် သွား၏။
“ ဝှစ် ... ။ ”
“ လိပ်နက် သံကြိုးများ ... ။ ”
သံကြိုးက လေထဲ လျှပ်စီးမြွေများ အဖြစ် ထင်ရှား လာသောကြောင့်၊ ရှောင်ချင်းယန် ခမျာ မျက်လုံးပြူး သွားသည်။ ကိုယ်ရှိန် သပ်လျက်၊ အစွမ်းကုန် တိမ်းရှောင် လိုက်ရ၏။
“ ဘုန်း ... ဘုန်း ... ဘုန်း ... ။ ”
သို့တိုင် ရင်ဘတ်၊ ညာဘက် ပခုံးနှင့် လက်ကောက်ဝတ်အား အကိုက်ခံ လိုက်ရ၏။ ဟန်ချက်ပျက် သွားပြီး၊ ပါးစပ်မှ သွေးများ စီးကျလျက်၊ မြေပြင်ပေါ် ပြုတ်ကျ သွားသည်။
သို့သော် ဒဏ်ရာမှာ မပြင်း ထန်ချေ။ ယင်းကြောင့် လင်းယွန်က ချက်ချင်း သဘော ပေါက်သွားကာ၊
“ မင်းရဲ့ ကိုယ်လုံး ကိုယ်ပေါက်က ... မွေးရာပါ သူတော်စင် ကိုယ်လုံး ကိုယ်ထည် နီးနီး သန်မာ နေပြီ။ ”
-ဟု ပြောကြား လိုက်သည်။
“ မင်းမှာလည်း ဝှက်ဖဲတွေ အများကြီး ရှိတာပဲ၊ ဒါတေွက သူတော်စင် မူလကို သန့်စင် ရုံနဲ့ ရလာမဲ့ အရာ မဟုတ်ဘူး၊ အမှိုက်က ရွှေဖြစ် လာတာ စိတ်ဝင်စား စရာ ကောင်းတယ်။ ”
ရေှာင်ချင်းယန်မှ လင်းယွန်အား အဓိပ္ပါယ် ပါပါ မျက်ခုံးပင် ပြလာသည်။
“ ယဲ့၊ ပိုင်နဲ့၊ ကျန်း-မိသားစုက ... ငါ့ကို သတ်ချင် နေတာ ငါ သိတယ်၊ ဒါပေမယ့် မင်းက ဘာလို့ ... ငါ့ကို သတ်ချင် နေရ တာလဲ၊ ကြည့် ရတာ ဝမ်မူယန်က မင်းကို ခိုင်းလိုက်ပြီ ထင်တယ်။ ”
လင်းယွင် စကားကြောင့်၊ ရှောင်ချင်းယန် မျက်နှာ ပြောင်းသွားသည်။ တစ်ဖက် လူသည်၊ တိတ်တဆိတ် ခွန်အား များကို၊ ပြန်လည် စုဆောင်း နေချေပြီ။
“ ကောင်းပြီ ... ၊ ငါတို့ရဲ့ လျှို့ဝှက်ချက် တွေကို ဖလှယ် ရအောင် ... ၊ မင်း ဘာလို့ .. ဒီကို လာတာလဲ ... ငါ့ကို ပြောပြပါ၊ ငါနဲ့ ဝမ်မူယန် ပတ်သတ်မှု ကိုလည်း ပြောပြမယ်။ ”
ဤကိစ္စတွင် ဝမ်မူယန် ဝင်ရောက် စွက်ဖက်နေကြောင်း၊ ထိုစကား များက သက်သေ ဖြစ်၏။
“ ငါ ... နတ်သွေးပန်း အတွက် လာတာ။ ”
“ အဓိပ္ပါယ် မရှိတာ ... ၊ ငါက ပိုင်ချင်းယွီ လိုမျိုး၊ လိမ်ညာရ လွယ်တယ်လို့၊ မင်း ထင်နေ တာလား၊ အနန္တ သင်္ချိုင်း တောင်ကြားမှာ လျှို့ဝှက်ချက် တစ်ခု ရှိတာ၊ ...
... လူတိုင်း မသိ နိုင်ဘူး၊ ဘယ်သူ မှလည်း ရှာမတွေ့ ခဲ့ဘူး၊ ဒီအရာ အတွက် မင်း လာတာ မဟုတ်လား။ ”
အနန္တ သင်္ချိုင်း တောင်ကြားတွင် ဝှက်ထားသော နတ်ဘုရား အစီရင် အကြောင်း ရှောင်ချင်းယန်မှ ဆိုလိုခြင်း ဖြစ်ပေမည်။
“ ငါ မသိဘူး၊ နတ်သွေးပန်း အတွက် လာတာ။ ”
“ နတ်သွေးပန်းက ... ဒီတောင်ကြားမှာ ရှိပေမယ့် ... ဘယ်သူမှ ရှာမတွေ့ နိုင်ပါဘူး၊ မင်း လိမ်နေ တာပဲ၊ မင်း ဘယ်သူလဲ ယဲ့ချင်းရှန်၊ ...
... တကယ်တော့ ဘယ်သူ ဖြစ်ဖြစ်၊ ငါ စိတ်မပူ ပါဘူး၊ မင်းက နေလ နတ်ရူရ်ကို ရှာနေ တာလို့ ... ငါ ကြားတယ်၊ ...
... ဘာလဲ ... ၊ အံ့သြ သွားလား၊ မင်း ငါ့ကို နေလ နတ်ရူရ် အကြောင်း ပြောပြရင်၊ ဝမ်မူယန် လက် ကနေ ကယ်တင် ပေးမယ်။ ”
“ ရှောင်ချင်းယန် ... မင်း ဘယ်သူလဲ ငါသိချင် လာပြီ။ ”
“ ဟား ဟား ဟား ... ၊ မင်းကရော ဘယ်သူလဲ ... ၊ ငါ ခန့်မှန်း ကြည့်ရ မလား၊ မင်း မျိုးရိုးက လင်းတော့ မဟုတ်ဘူး မဟုတ်လား။ ”
“ ဟား ဟား ဟား ... မင်းက လင်းမျိုးရိုးက ဖြစ်နေ ရင်တောင် ကိစ္စ မရှိပါဘူး၊ ငါ ဘယ်သူလဲ ဆိုတာ မင်းကို ပြပါ ရစေ။ ”
စကားဆုံး သည်နှင့် အရိုးများ တွန့်လိမ် အက်ကွဲလျက်၊ နတ်ဆိုး ရောင်ဝါများ ဖြာထွက် လာပြီး၊ အံ့ဩဖွယ် ရုပ်သွင် ပေါ် လာသည်။
နဖူးတွင် ဒေါင်လိုက် အက်ကွဲကြောင်း ဖြစ်လာပြီး၊
“ ငါ့ရဲ့ မူလ ရုပ်သွင်ကို ... မသုံး ခဲ့တာ ကြာပါပြီ။ ”
-ဟု ပြောကြား လိုက်သည်။
၎င်းမြင်ကွင်းကြောင့်၊ လင်းယွန် ခမျာ ပင့်သက်ရှိုက် မိ၏။ သူသည် ပယင်း ကမ္ဘာနှင့် ခွန်လွန် တို့တွင်၊ ဝိညာဉ် နတ်မိစ္ဆာ မိသားစုဖြင့်၊ အကြိမ်ပေါင်း များစွာ၊ ရင်ဆိုင် ခဲ့ဖူး၏။
သို့သော် အများစုမှာ၊ အလောင်းများ သို့မဟုတ်၊ သေခါနီး လူသား များ၌သာ၊ ကပ်ညိ နေသူများ ဖြစ်သည်။
ရှောင်ချင်းယန် ကဲ့သို့ လူသား အသွင် ထင်ထင် ရှားရှား ယူကာ၊ မြင့်မြတ်မြေ များသို့ မလာရဲ ကြချေ။ မယုံ နိုင်ဖွယ် ဖြစ်၏။
“ ဘာလဲ ... မင်း အံ့သြ နေလား၊ တကယ်တော့ ခွန်လွန်က ငါတို့ ပိုင်တဲ့ ကမ္ဘာပါ၊ မင်း ခွန်အားကို စုဆောင်း နေတာ ငါသိတယ်၊ ငါလည်း ဒီလိုပဲ လုပ်နေတာ၊ အခု ... အချိန် ကျပြီ၊ မင်း သေလိုက်တော့ ... ။ ”
ရှောင်ချင်းယန်က မူလ ရုပ်သွင်အား ထုတ်ဖော် ပြီးနောက်၊ နိဗ္ဗာန် အထွတ် အထိပ် အသွင် ကူးပြောင်းမှုသို့ ရောက်ရှိ လာ၏။
သူ့လက်ထဲတွင် ရှိသော ရေလှိုင်း ဓားဖြင့် ပေတစ်ထောင်ခန့် ရှည်လျားသည့်၊ လေစုပ်ဝဲကို ဖန်တီးကာ၊ လင်းယွန်ထံ ခုတ်ချ ပစ်သည်။
***