ဝိညာဉ် နတ်မိစ္ဆာ ကိုယ်လုံး ကိုယ်ထည်။
Vol. 143 Ch. 1999
ရှောင်ချင်းယန်မှ သူ့အသွင်ကို ထုတ်ဖော် ပြသပြီး နောက်တွင်၊ အရှိန် အဟုန်နှင့် အစွမ်း သတ္တိများ သိသိ သာသာ မြင့်တက် လာ၏။
ရေလှိုင်းဓားကို လွှဲရုံဖြင့်၊ ဓား စွမ်းအား ဆယ်ပုံ တစ်ပုံခန့်၊ အလွယ် တကူ ထုတ်လွှတ် လာနိုင်သည်။
သူ့ ကျင့်ကြံမှုအား ပေါင်းထည့်သော် တိုက်ပွဲဝင် စွမ်းအားသည်၊ ကြောက်မက်ဖွယ် အဆင့်သို့ ရောက်ရှိ သွား၏။
ရွေးချယ် စရာ မရှိတော့ဘဲ၊ ပန်းသင်္ချိုင်း ဓား၏ ဘုန်းဝိညာဉ် များကို အသက် သွင်းပြီး၊ လင်းယွန်က ထိပ်တိုက် ရင်ဆိုင် ရသည်။
“ ထန် ... ထန် ... ။ ”
ပန်းသင်္ချိုင်း ဓားပင် တုန်ခါလျက်၊ လက်မောင်း တစ်လျှောက် ထုံကျင် သွားကာ၊ ခြေလှမ်း အနည်းငယ် ပြန်ဆုတ် ပေးမိ၏။
ဤအတိုင်းသာ တိုက်ခိုက်မှုအား ခေါင်းချင်းဆိုင် ဖြေရှင်း နေပါက၊ မကြာမီ ဒဏ်ရာ ပြင်းထန်စွာ ရရှိ ပေလိမ့်မည်။
သူ့၌ မိုးပြာ နဂါး ဓားနှလုံးသား၊ ကြယ်ဓား ရည်ရွယ်ချက်နှင့် နေ-လ ထီး ရှိချေ၏။ သို့သော် ၎င်းသည် ဝှက်ဝဲ ဖြစ်သည်။
ရှောင်ချင်းယန်အား မသတ် နိုင်သော်၊ သူ မည်သူ မည်ဝါ ဖြစ်ကြောင်း လူတိုင်း သိသွားနိုင် ပေ၏။ မျက်စိ တစ်မှိတ် အတွင်း ဆယ်ကြိမ် တိုင်တိုင်၊ ထိပ်တိုက် ဆိုင်ရင် ခဲ့ကြသည်။
ရှောင်ချင်းယန်က နတ်မိစ္ဆာ ခန္ဓာဖြင့်၊ ရေလှိုင်းဓားကို ခွန်အား ပေးကာ၊ လင်းယွန်ပေါ် ဖိနှိပ် ထားသည်။
“ မင်းရဲ့ ... ဓားတာအိုက အစွမ်းထက် တော့ရော ဘာဖြစ်လဲ၊ အကြွင်းမဲ့ ခွန်အားတွေရဲ့ ရှေ့မှာ ဘာမှ ... မဟုတ် ပါဘူး၊ ဟား ... ဟား ... ဟား ... ။ ”
ရှောင်ချင်းယန်မှ ရူးသွပ်စွာ ရယ်မော တော့သည်။ သူ့လက်ထဲတွင် ရေလှိုင်း ဓားရှိ သဖြင့် နိဗ္ဗာန်-ပဉ္စမမြောက် အသွင် ကူးပြောင်း ရေး အဆင့် တွင်သာ ရှိခဲ့သော ယဲ့ချင်းရှန် မဆိုနှင့်၊ မိုးပြာ မူလ အဆင့်မှ တစ်စုံ တစ်ဦး ကိုပင်၊ ကြောက်နေမည် မဟုတ်ချေ။
ရေလှိုင်းဓားမှ ဖန်တီး ထားသော ဖြစ်စဉ်များမှာ ကြီးမား လှပြီး၊ လင်းယွန် အပေါ်၊ အလုံးစုံ ကန့်သတ် ထားနိုင်သည်။
“ ဝူး ... ။ ”
ဓားရောင်ဝါ များက လှိုင်းလုံး သဖွယ်၊ ကောင်းကင်နှင့် မြေကြီးကြား ပျံ့လွင့် နေပြီး၊ ‘အူသံ’ အဖြစ်၊ ပြောင်းလဲ သွားကြ၏။
ပတ်ဝန်းကျင် အနှံ့၊ ၎င်းတို့၏ ပုံရိပ်များ ဖုံးလွှမ်း နေပြီး၊ နောက်ဆက်တွဲ ပုံရိပ် များမှာ အစစ် အမှန်များ အလား၊ အထပ်ထပ် ဖြစ်ပေါ် လာတော့သည်။
“ ဝှစ် ... ။ ”
လှုပ်ရှားမှု (၈၀) ကျော်လွန် ပြီးနောက်၊ ပန်းသင်္ချိုင်းဓားမှာ သူ့လက်မှ လွတ်ကျလု နီးပါး ခံစား လာရသည်။ လက်ဖဝါးမှ သွေးများ စီးကျလျက် လင်းယွန်မှ တင်းတင်း ဆုပ်ကိုင် ထားမိ၏။
“ မင်းရဲ့ နက္ခတ် မခေါ် သေးတာကို၊ ငါ သဘောကျတယ်။ ”
ရှောင်ချင်းယန်မှ အထင်ကြီး သွားသည်။ ရေလှိုင်းဓားနှင့် ပြိုင်ဘက်ပေါ် တစ်ဖက် သတ် ရိုက်နှက် နိုင်သင့်၏။
သို့သော် တိုက်ပွဲ ဝင်ကြည့် မှသာလျှင်၊ ယဲ့ချင်းရှန်၏ နိဗ္ဗာန် ရောင်ဝါ ကြိုးသည်၊ (၁) သိန်း ကျော်ပြီမှန်း သိလိုက် ရ၏။
ယင်းသည် နိဗ္ဗာန်-နဝမမြောက် အသွင် ကူးပြောင်းရေး အဆင့် ကျွမ်းကျင် သူများ ၌ပင်၊ မရှိသော ပမာဏ ဖြစ်သည်။
တုန်လှုပ်ဖွယ် ဖြစ်၏။ လင်းယွန် အကြည့်များမှာ အေးစက် နေပြီး၊ သူ့စကားကို လျစ်လျူရှု ထားသည်။
( နင် ... ဘာလုပ် နေတာလဲ၊ ဓား နှလုံးသားနဲ့၊ ကြယ်ဓားကို သုံးရင်တောင် သူ့ကို မသတ်နိုင် သေးဘူး၊ ဒီလူက တိုက်ပွဲ အတွေ့ အကြုံ ရှိတယ်၊ နင် သူ့ကို တစ်ချက်တည်းနဲ့ မသတ် နိုင်တဲ့ အတွက် ... ပြေး။ )
ခရမ်းငယ်မှ သတိ ပေးသည်။
( ငါ ကြိုးစား ကြည့်ဦးမယ်။ )
လင်းယွန်က ပိုးစုန်းကြူး နတ်ဓားအား ထုတ်ဖော်ကာ၊ ဓားဖြင့် ပတ်ခတ် လိုက်သည်။
“ ပိုးစုန်းကြူး ရောင်ခြည်။ ”
“ အာရုဏ်ဦး ရောင်ခြည်။ ”
“ ဆည်းဆာ ရောင်ခြည်။ ”
သို့သော် ပန်းသင်္ချိုင်းအား တစ်စုံ တစ်ယောက်မှ ချုပ်ကိုင်ထား သကဲ့သို့၊ လေထဲ လေးကန်စွာ ရွေ့လျား နေ၏။
ထို့ကြောင့် အသက် ပြင်းပြင်း ရှူလျက်၊ အရိယာ ဓားသုတ္တန်အား ထုတ်ဖော် လိုက်၏။ ခန္ဓာ ကိုယ်မှ ငရဲပန်း ထွက်လာကာ၊ သူ့နောက်၌ တံတိုင်း တစ်ခုလို ဖြစ်တည် လာသည်။
“ ဟိတ် ... ။ ”
လေထဲ ခုန်တက် သွားပြီး၊ နတ်ဘုရား ပုံရိပ်ယောင် ဓားအား ထုတ်ဖော် လိုက်သည်။ ထောင်ပေါင်း များစွာသော ပွင့်ချပ် များက ဓားအလင်း အဖြစ်၊ ပြေးထွက် သွား၏။
ထိုအချိန်တွင် ပန်းသင်္ချိုင်း ကလည်း၊ သူ့ စိတ် ဝိညာဉ်နှင့် ချိတ်ဆက်လျက်၊ ပိုးစုန်းကြူး နတ်ဓားကို ပုံဖော် နေသည်။
“ ရွှပ် ... ။ ”
နတ်ဘုရား ပုံရိပ်ယောင် ဓားဖြင့် ပစ်လွှတ်သော ဓားရောင်ခြည် များက၊ ရေလှိုင်း ဓား၏ ကန့်သတ် နယ်မြေကို ဖြတ်တောက် ပစ်၏။
ယင်းကြောင့် ပန်းသင်္ချိုင်းမှာ အနည်းငယ် လွတ်လပ် သွားပြီး၊ ရှောင်ချင်းယန်ထံ အရှိန် အဟုန်နှင့်၊ ပြေးဝင် နိုင်ခဲ့သည်။
“ ဝှစ် ... ။ ”
ထိုခဏလေး အတွင်း မှာပင်၊ ရှောင်ချင်းယန်၏ ခန္ဓာကိုယ် အနှံ့ ဓားရောင်ဝါ များ ပြည့်နှက် သွားခဲ့၏။
ရှောင်ချင်းယန်မှ မျက်မှောင် ကြုတ်ကာ၊ ဓားထံ ပြန်ကြည့် လိုက်စဉ်၊ ပန်းသင်္ချိုင်း ဓားက လင်းယွန် လက်ထဲ ပြန်ရောက် သွားသည်။
“ သေ စမ်း ... ။ ”
အံကြိတ်ပြီး အနက်ရောင် တောင်ပံ များကို ဆင့်ခေါ်၏။ မိစ္ဆာ စွမ်းအင်များ သိုင်းခြုံ လာကာ၊ ဒဏ်ရာများ ပြန်လည် ကောင်းမွန် လာသည်။
( ဒီကောင်ရဲ့ ... ဓား ရည်ရွယ်ချက်က ကြောက်ဖို့ ကောင်းတယ် ၊ ငါတောင် အနှေးနဲ့ အမြန်၊ အားကုန် သွားနိုင်တယ်၊ တိုက်ပွဲကို မြန်မြန် အဆုံး သတ်မှပဲ။ )
ရှောင်ချင်းယန်မှ စိတ်ပြောင်း သွား၏။ ထိုအချိန်တွင် လင်းယွန် နောက်၌ ရွှေကျီးကန်း တောင်ပံများ ပေါ်လာပြီး၊ လျင်မြန်စွာ ဆုတ်ခွာ သွားတော့သည်။
“ ရွှပ် ... ။ ”
ပျံသန်း နေလျက်မှ၊ ဓား အလင်းများ ဖြင့်လည်း ပစ်ခတ် လာသောကြောင့် အမြန် တိမ်းရှောင် လိုက်ရသည်။
ငရဲပန်း ပွင့်ချပ် ပင်လယ် ကြီးမှာ၊ လင်းယွန်နောက်၌ ပေါ်လိုက်-ပျောက်လိုက် ဖြစ်နေ ခဲ့၏။
“ ရွှပ် ... ။ ”
ခဏချင်း မှာပင် ရှောင်ချင်းယန် တစ်ယောက်၊ သွေးများနှင့် ဖုံးလွှမ်း လာတော့ သည်။ သို့သော် ဒဏ်ရာကို လျစ်လျူရှုပြီး၊ အရူး တစ်ယောက်လို လိုက်ဖမ်း နေဆဲ ဖြစ်၏။
“ ရွှပ် ... ။ ”
မည်မျှ ကြာသွားသည် မသိ။ ငရဲပန်း ပင်လယ်ကြီးပင် အနည်းငယ် မှိန်ဖျော့ လာခဲ့ သည်။
( အခွင့် ကောင်းပဲ။ )
ထိုမြင်ကွင်းကြောင့် ရှောင်ချင်းယန် မျက်လုံးများ တောက်ပလာပြီး၊ ရေလှိုင်း ဓား ဖြင့်၊ အရှိန်မြှင့် လိုက်တော့သည်။
“ မရဏ မိုးကြိုး အသူရာ ရေခဲ။ ”
ဤသည်မှာ ပိုးစုန်းကြူး နတ်ဓားပင် ဖြစ်သည်။ သို့သော် လင်းယွန် အသုံးပြု စဉ်က ကဲ့သို့၊ ထက်ရှခြင်း မရှိချေ။
သို့တိုင် နိဗ္ဗာန် ရောင်ဝါကြိုး (၃)သိန်း နီးပါးကို၊ ထိုတိုက်ခိုက်မှုထဲ သွန်းလောင်းထား သေးသည်။
“ ဖရူး ... ။ ”
လင်းယွန်က ရွှေကျီးကန်း တောင်ပံကို ခတ်လျက်၊ ထိုတိုက်ခိုက်မှုအား ရှောင်ရှားကာ၊ တုန့်ပြန် အခွင့်အရေး ရှာနေ ခဲ့သည်။
ရှောင်ချင်းယန် မှလည်း၊ မနားတမ်း ခုတ်ပိုင်းလာသည်။ လင်းယွန်ကို အခွင့်အရေး လုံးလုံး မပေး တော့ချေ။ ထို့ကြောင့် နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းအား လှည့်ပတ် လိုက်ရ၏။
ကောင်းကင် နဂါးနှင့် နတ်ဖီးနစ်က၊ လင်းယွန်၏ ဘယ်ညာ လက်နှစ်ဖက် လုံးတွင် ရစ်သိုင်းလျက်၊ ဒေါသ တကြီး အော်ဟစ် လာသည်။
“ ဟိတ် ... ။ ”
များမကြာခင် အခွင့်အရေး ရသည်နှင့် ကောင်းကင်ပေါ် ခုန်တက်ကာ၊ လက်သီးဖြင့် ဘယ်-ညာ တွဲလုံး ပစ်လိုက်သည်။
“ ဘုန်း ... ဘုန်း ... ။ ”
ကောင်းကင် နဂါးနှင့် နတ်ဖီးနစ် တို့ လွင့်ပျံသွား၏။ ဤအရာက ရှောင်ချင်းယန် ခန္ဓာ ကိုယ်ကို၊ နှစ်ခြမ်း ကွဲလု နီးပါး ထိမှန် သွားတော့ သည်။
အရိုးများပင် ပေါ်လွင် လာသော်လည်း၊ လျင်မြန်သော အရှိန်ဖြင့်၊ ပြန်လည် ကောင်းမွန် လာ၏။
နတ်ဆိုး စွမ်းအင် များက ဒဏ်ရာ များကို ဖုံးအုပ်ကာ၊ အရည်ပြားများ တွန့်ခေါက် သွားပြီး၊ ပြန်လည် ကောင်းမွန် နေသော မြင်ကွင်းမှာ၊ ရူးသွပ်ဖွယ် ပေပပင်။
ဤမြင်ကွင်းကြောင့် ရှောင်ချင်းယန်သည် လူသား တစ်ယောက်မှ ဟုတ်သေး သည်လော ဟု၊ သံသယ ဝင်လာ မိ၏။
( လင်းယွန် ... သူ့ မျက်လုံးတွေ ... ။ )
ခရမ်းငယ်မှ အော်သည်။
ရှောင်ချင်းယန်၏ ဒေါင်လိုက် အက်ကွဲကြောင်း ပွင့်လာပြီး၊ ကြောက်မက်ဖွယ် ကောင်းသည့်၊ မိစ္ဆာ အငွေ့ အသက်များ ထွက်ပေါ် လာ၏။
“ ဓား .. .။ ”
လက်ကို ဝှေ့ယမ်းလျက်၊ အတောင်ပံများ ခတ်ကာ၊ ရှောင်ချင်းယန်ထံ ချက်ချင်း ပျံသန်း လိုက်သည်။
“ ဝှစ် ... ။ ”
ပြေးလွှား နေစဉ်၊ ပန်းသင်္ချိုင်းအား ဖမ်းဆုပ်ကာ၊ ကနဦး ဓားကို ရုတ်ချည်း ပစ် ထုတ် လိုက်၏။ ယခု တစ်ကြိမ်၌ ထိုဓားကို ထိုဒေါင်လိုက် မျက်လုံးထံ ဦးတည်သည်။
“ မ လုပ် နဲ့ ... ။ ”
ရှောင်ချင်းယန် ခမျာ ထိတ်လန့် သွားပြီး၊ တတိယ မျက်လုံး မဖွင့်ခင်၊ အက်ကွဲ ကြောင်းကို အမြန် ပိတ်ချ လိုက်ရသည်။
ထို့ကြောင့် အငွေ့ အသက်များ ကျဆင်း လာပြီး၊ ခန္ဓာ ကိုယ်သည် လူအသွင်သို့ ပြန်လည် ရောက်ရှိ သွားခဲ့၏။
ကနဦး ဓားမှာ ပိတ်သွားသော ၎င်း၏ နဖူးပြင် သို့သာ ထိမှန်လျက်၊ ပျောက်ကွယ် သွား လေသည်။
“ ဟီးဟီး ... ဟား ဟား ဟား ... ၊ ငါ မင်းဓားကို မရှောင်နိုင် ခဲ့ပေမယ့် ... ၊ ငါ့ အတွက် အခွင့် အရေး ပြန်ရပြီ ထင်တယ်။ ”
သူ့ရှေ့၌ ခြေကုန် လက်ပန်းကျ နေသော လင်းယွန်ထံ၊ ရေလှိုင်း ဓားဖြင့် ခုတ်ပိုင်း ချလိုက် တော့၏။
သို့သော် ဓားသေတ္တာ ထဲမှ၊ ခရမ်းငယ် ပြေးထွက် လာပြီး၊ လင်းယွန်အား ပခုံးမှ ဆွဲယူ သွားလေသည်။
“ ရွှပ် ... ။ ”
“ အ ... ။ ”
သို့တိုင် ဓားက ရင်ဘတ်ပေါ်၊ အဖျားခတ် ထိမှန်သွားပြီး၊ အရိုးထိတိုင် နက်ရှိုင်းသော ပြတ် ရှရာ တစ်ခု၊ ဖြစ်ပေါ် လာစေ၏။
“ အဟွတ် အဟွတ် ... ၊ ကောင်မလေး တစ်ယောက် လား။ ”
နိဗ္ဗာန် ရောင်ဝါကို အကုန် ထည့်သွင်း ထားသဖြင့်၊ ရှောင်ချင်းယန် သည်လည်း သွေး ချောင်းဆိုးလျက်၊ ထွက်ပြေး သွားပြီ ဖြစ်သော လင်းယွန်ထံ မော့ကြည့် လိုက်သည်။
ထို့နောက် ညည်းတွား သံဖြင့်၊
“ ဒီကောင်က ဘာလို့ ... သတ်ရ ခက်နေ ရတာလဲ။ ”
-ဟု ရေရွတ် လိုက်၏။
ဝမ်မူယန်သည် တစ်စုံ တစ်ခုကို စုံစမ်း လိုသောကြောင့်၊ ယဲ့ချင်းရှန်နှင့် တိုက်ရန် သူ့ကို ခွင့်ပြု လိုက်ခြင်း ဖြစ်ပေမည်။
သူ့၌ ဝှက်ဖဲများ မရှိသော်၊ သေဆုံး သွား နိုင်၏။ သူမ၏ လှည့်ကွက်ထဲ ကျရောက် သွား သည့် အပေါ်၊ ခံရ ခက်လာသည်။
လင်းယွန်က မိုင်ရာဂဏန်း အကွာသို့ ရောက်ချိန်၌ ရပ်တန့်ပြီး၊ ရောင်ဝါအား နတ်လိပ် အသွင် ပြောင်းနည်းဖြင့်၊ ဖုံးကွယ် လိုက်သည်။
ပြီးနောက် နဂါးပြာ အရိုးအား အသက် သွင်းရန် ထိုင်လျက်၊ ဒဏ်ရာများကို ပြန်လည် ကုသ နေမိ၏။
သို့သော် ရေလှိုင်းဓား၏ အနှစ်သာရ ကြောင့်၊ ထင်သလောက် မပြီးမြောက် ခဲ့ချေ။ ဆယ့်ငါး မိနစ် အကြာ၌ မျက်လုံးများ ပြန်ဖွင့် လိုက်သည်။
“ ဧကရီ ... ၊ ဝိညာဉ် နတ်မိစ္ဆာ မိသားစုက သတ်ရ ခက်တာလား။ ”
“ မသိဘူး၊ ငါ သူတို့နဲ့ မတိုက် ဖူးဘူး၊ ရှောင်ချင်းယန်က သာမာန် နတ်ဆိုး တစ်ကောင် မှန်းတော့ သိတယ်၊ သူ့ မှာသာ ...
... ငွေရောင် မျက်လုံး ရှိနေရင်တော့၊ အုပ်စိုးရှင် လက်နက် ထုတ်ရင်တောင် ... ၊ နင် လွတ်မြောက်မှာ မဟုတ်ဘူး။ ”
“ အင်း ... ။ ”
လင်းယွန်က ခေါင်းညိမ့်၏။ ရှေးဟောင်း ပျက်စီးမြေတွင် ငွေ-မျက်လုံး အလောင်းကောင် နှင့် ဆက်ဆံ ဖူးသည်။
၎င်းအား ငရဲ သံကြိုး များဖြင့်၊ ချုပ်နှောင်ထား သော်မှ၊ မယုံနိုင် လောက်အောင် အားကောင်း နေခဲ့၏။
“ သူတို့တွေ မသန်မာရင် ... အမှောင် ခေတ်က နှစ်တစ်သိန်း အထိ ... တည်မြဲ ခဲ့ပါ့ မလား၊ ဧကရာဇ် ကိုးပါးတောင် ... သူတို့ အားလုံးကို မသတ်နိုင် ခဲ့ဘူး၊ ...
... အမှောင် ခေတ်တုန်းက လူတွေကို တိရစ္ဆာန်လောက်ပဲ မြင်ကြတယ်၊ မြင့်မြတ်မြေနဲ့ ရှေးဟောင်း သူတော်စင် မိသားစု လောက်သာ၊ သူတို့ နေထိုင်ရာ ဝန်းကျင်ပဲ၊ ထိန်းနိုင် ခဲ့တယ်၊ ...
... ကျင့်ကြံသူတွေ အတွက်၊ မနက်ဖြန် ဆိုတာ မရှိဘူး၊ အသက် ရှင်ဖို့ကို အမြဲ ပူပန်ခဲ့ ရတယ်၊ မျှော်လင့်ချက် မဲ့တဲ့ ခေတ်ပဲ။ ”
လက်ရှိ အချိန်၌ နေရာ အနှံ့တွင်၊ အမှောင် ခေတ် ပြန်လာမည် ဟူသော အသံများ ကြားနေ ရသဖြင့်၊ အနှစ် သုံးထောင် တည်မြဲ ခဲ့သော၊ အေးချမ်းမှုများ ပျက်ပြား သွားနိုင် ပေမည်။
“ သူတို့က နေ-လ နတ်ရူရ် ရှာနေတယ် ဆိုထဲက၊ ကြီးကြီး မားမား တစ်ခုခုကို စီစဉ် နေ တာ ဖြစ်ရမယ်။ ”
“ ဝမ် မူ ယန် ... ။ ”
ဤအချင်း အရာသည် သူမနှင့် ဆက်စပ် နေသောကြောင့်၊ သတ်ဖြတ် လိုသော ဆန္ဒများ ပေါက်ဖွား လာ၏။
“ လောလောဆယ် အဲဒါကို မေ့ထား ရအောင်၊ ရှောင်ချင်းယန်ကို ဘယ်လို ရင်ဆိုင် ရမလဲသာ ... စဉ်းစား သင့်တယ်၊ သူ့ကို အသက် ရှင်ခွင့် ပေးလို့ မရဘူး။ ”
ခရမ်းငယ်မှ တွေးဆဆဖြင့် ဆိုသည်။
“ ငါ့မှာ ... အကြံ တစ်ခုတော့ ရှိတယ်။ ”
လင်းယွန်က ဘဝ-သုံးပါး သစ်သီးကို ထုတ်ယူလျက် ပြောလိုက်၏။ သတ်ဖြတ်ခြင်း မဟာ သူတော်စင်မှ အရင်း အမြစ် အတွက်၊ စိတ်မပူရန် ပြောကြား ထားသည်။
ထို့ကြောင့် သူ့အတွက် အချိန်သာ လို၏။ ရှောင်ချင်းယန်က သန်မာလွန်း သဖြင့် သတ်လို သော်၊ ကြယ်ဓားနှင့် မိုးပြာ နဂါး ဓားနှလုံး သားကို ဖြတ်ကျော်ရ ပေမည်။
***