← Chapters

အမျိုးသမီး တစ်ယောက်၊ ကြောင် တစ်ကောင်။

Vol. 143 Ch. 2000

အမျိုးသမီး တစ်ယောက်၊ ကြောင် တစ်ကောင်။

Vol. 143 Ch. 2000

လင်းယွန် တစ်ယောက် ဘဝ-သုံးပါး နယ်ပယ်တွင်၊ အောင်မြင်မှု တစ်ခု ရယူ နေချိန် ၌၊ နဂါးလေးနှင့် ပိုင်ချင်းယွီမှာ ပုန်းအောင်း နေခဲ့သည်။

နဂါးလေးက လက်သည်းဖြင့် ကျောက်တုံးများကို ကုပ်ယူကာ ဂူပေါက် ပိတ် ပစ်လိုက်သည်။

အလင်း ရောင်နှင့် နွေးထွေးမှု ရရှိရန် အတွက်၊ မီးလျှံ သလင်း ကျောက်အား ထုတ်ယူ လိုက်၏။

“ အား ကျွတ် ကျွတ် ... ။ ”

ပိုင်ချင်းယွီ နိုးလာသော အခါတွင် နာကျင်မှုကြောင့်၊ သူမ နှုတ်ခမ်းများ လှုပ်ယမ်း သွား လေသည်။

သွေးကျီးကန်း လက်သည်းသည်၊ သူမ ပခုံးအား နက်ရှိုင်းသော ဒဏ်ရာ အဖြစ် ကျန်ရစ် စေခဲ့၏။ ဒဏ်ရာမှ သွေးများ ယိုစီး ကျ လာသည်။

နံရိုးများ အားလုံးကို ကျိုးကုန်ပြီး၊ မျက်နှာ ဖြူဖျော့လျက်၊ မျက်ရည်များ ပါးပြင်ပေါ်၊ စီးကျ လာတော့သည်။

ဒဏ်ရာမှာ ပြင်းထန် ရုံမျှ မက၊ နဂါး သေွးလွှတ်ကြော များပင်၊ ပျက်စီး သွားသည်။ ယင်းက ဆွံ့အ သွားပြီဟု အဓိပ္ပါယ် ရ၏။

“ ဘာ လို့ လဲ ... ။ ”

ဒုက္ခိတ တစ်ယောက် အဖြစ်၊ အသက် ရှင်ရတော့ မည်မှန်း သိလိုက် ရသည့် အတွက်၊ ပိုင်ချင်းယွီ ခမျာ ထိတ်လန့် သွားသည်။

ပါရမီရှင် တစ်ယောက် အနေဖြင့်၊ လက်မခံ နိုင်စရာ ပေပင်။ အရေး အကြီးဆုံးမှာ၊ သူ့အစ်မ ဆီက လက်ဆောင် ဖြစ်သော ရေလှိုင်း ဓားကို ဆုံးရှုံး လိုက်ရ​ခြင်း ဖြစ်သည်။

“ ဘာ လို့ လဲ ... ။ ''

“ ပါးစပ် ပိတ်ထား၊ ရန်သူ တွေကို ကြားစေချင် လို့လား၊ မင်းက တကယ့်ကို စိတ် အနှောက် အယှက် ပေးတာပဲ၊ မင်း အသက်ကို ကယ်ဖို့ ... ငါ့အစ်ကိုကြီး ဘာလုပ် ခဲ့လဲ၊ မင်း မသိ ဘူးလား။ ”

နဂါးလေးက ပိုင်ချင်းယွီကို အထင်အမြင် သေးစွာဖြင့် အော်ငေါက် ပစ်၏။ ရှောင်ချင်းယန် ၏ ကြောက်မက်ဖွယ် ရောင်ဝါကို မေ့မရနိုင် သေးချေ။

“ ငါ အရမ်း နာတယ် ... ။ ”

ပိုင်ချင်းယီမှ ငိုသည်။

“ စိတ်ပျက် စရာပဲ ... ။ ”

နဂါးလေးက သူတော်စင် ဆေးလုံး တစ်လုံးကို ထုတ်ယူကာ ကမ်းပေး လိုက်သည်။

“ မလိုချင် တော့ဘူး၊ ငါ သေပါစေ။ ”

ဒုက္ခိတ တစ်ယောက် အဖြစ်၊ အသက်ရှင် ရသည်ထက် ​ရေှာင်ချင်းယန် လက်တွင် သေရ သည်က ပိုကောင်း ပေမည်။

“ ဒီဒဏ်ရာ လောက်လေးနဲ့ ... သေချင် နေတာလား၊ ငါ့ အစ်ကိုကြီး ဒဏ်ရာ ရတုန်းက မင်းထက် အများကြီး ပိုဆိုးတယ်၊ လက် မလျှော့ခဲ့ဘူး ... ။ ”

နဂါးလေးမှ ပြောလိုက် မိ သော်လည်း သူလျှာချော် သွားသည်ကို သတိ ပြုမိ သဖြင့်၊ ပါးစပ် အမြန် ပိတ်လိုက် ရ၏။

“ အိုး ... မှန်တယ်၊ ယဲ့ချင်းရှန်က အတိတ်တုန်းက အားနည်း ခဲ့တယ်၊ သူ ... ငါ့ကို ပြန်ကောင်း အောင် ကူညီပေး နိုင်​လိမ့်မယ်။ ”

“ အဲဒါတော့ ငါလည်း မသိဘူး ... ၊ ငါ့ အစ်ကိုကြီး မလုပ်နိုင် ရင်တောင် သခင် ဖီးနစ် လုပ်နိုင် လိမ့်မယ်၊ ဒါပေမယ့် သူက ... မင်းကို မုန်းနေတာ၊ ကယ်မှာ မဟုတ်ဘူး။ ”

“ နင် ... ။ ”

ပိုင်ချင်းယွီက ငြင်းခုံရန် ပြင်လိုက် သော်လည်း၊ ပါးစပ်ထဲ သူတော်စင် ဆေးလုံး ဝင်ရောက်လာ သဖြင့်၊ စကား မပြော နိုင် တော့ဘဲ၊ မျိုချ လိုက်ရသည်။

သို့မှသာ ပြင်ပ ဒဏ်ရာများ တဖြည်းဖြည်း ပြန်လည် ကောင်းမွန် လာပြီး၊ သက်တောင့် သက်သာ ဖြစ်လာ ခဲ့၏။

နဂါး သွေးလွှတ်ကြော များမှာ၊ ပျက်စီး နေဆဲ ဖြစ်ပြီး၊ အတွင်း အင်္ဂါများ အတွက်မူ၊ အချိန် အနည်းငယ် လိုပေ ​သေးသည်။

ထိုအချိန်တွင် နဂါးလေး တစ်ကောင်၊ သူ့ဒဏ်ရာ များကို လျှာဖြင့် လျက်နေ ခဲ့သည်ကို၊ တွေ့လိုက် ရသည်။

ဤသည်မှာ သူမ အတွက် ဝင်လာသော တိုက်ခိုက်မှု များကို တားဆီး ခဲ့​ခြင်း၏ အကျိုး ဆက် ဖြစ်သဖြင့်၊ နှလုံးသားက ချက်ချင်း ပျော့ပျောင်း သွား၏။

“ ကြောင် ဖက်တီးလေး၊ ရော့ မင်း အတွက်။ ”

ငွေ​ရောင် သူတော်စင် ​ဆေးလုံး တစ်လုံးကို ထုတ်ယူပြီး ကမ်းပေး မိ၏။

“ လေးနက်သော ဘဝ ​ဆေးလုံး၊ မင်းက တကယ် ချမ်းသာ တာပဲ။ ”

လေးနက်သော ဘဝ ဆေးလုံးသည်၊ နဝမတန်း သူတော်စင် ကုသရေး ဆေးလုံး ဖြစ်၏။ ထို့ကြောင့် နဂါးလေးမှ ချက်ချင်း မြိုချပစ်သည်။

“ ဟမ့် ... ငါ့မှာ ရတနာတွေ အများကြီး ရှိတယ်၊ နင် ... နာခံနေ သရွေ့ အကျိုး ကျေးဇူး တွေ ရလိမ့်မယ်။ ”

ပိုင်ချင်းယွီမှ ဂုဏ်ယူစွာ ပြော​ကြား လိုက်သည်။

“ ငါက ... မင်းကို မုန်းတီး နေတော့တာ မဟုတ် ပါဘူး။ ”

“ ဒါဆို စောစောက ငါ့ကို ဖက်တီးလို့ ဘယ်သူ ပြောတာလဲ၊ ငါ ဖက်တီး မဟုတ်ဘူး၊ အရမ်း လှတယ်။ ”

“ ဒါ​ပေမယ့် ငါ့လို ကြောင် တစ်​ကောင်ရဲ့ မျက်လုံး ထဲမှာတော့ ... မင်းက ဝနေတယ်။ ”

“ ဒါဆို ... ငါက ကြောင် တစ်ကောင်ရဲ့ အမြင်မှာ ချစ်ဖို့ ကောင်းတယ်လို့ ပြောချင် တာ မဟုတ်လား။ ”

နဂါးလေးက ပြန်လည် ငြင်းခုံချင် သော်လည်း၊ သူမ၏ သူတော်စင် ဆေးလုံးကို စားသုံးထား သောကြောင့်၊ ခေါင်းညိမ့်ပြ လိုက်သည်။

“ ဟုတ်တယ် မင်းက အရမ်း​ ချစ်​ဖို့​ ကောင်းပါတယ်၊ ဒါနဲ့ ငါ့ အစ်​ကိုကြီး​ နောက်​ကို ဘာလို့ လိုက်​​နေ တာလဲ။ ”

“ နင်က ... ကြောင် တစ်ကောင်ပဲ၊ ဒါကို ဘယ်နားလည် နိုင်မှာလဲ၊ ဂိုဏ်းက ထွက်သွားတဲ့ ငါ့အစ်မ အတွက် တစ်ခုခု လုပ်ရမယ်။ ”

“ မင်း အစ်မနဲ့ ... ငါ့အစ်ကို ကြီးက ဘာမှ မဆိုင်ဘူး၊ မင်းအစ်မ ထွက်သွားခင် ... ငါ့အစ်ကို ကြီးကို ဓားရေးတောင် သင်ပေးခဲ့ သေးတယ်။ ”

“ ဟုတ်ပါတယ် ... အခု ငါ့အမှားကို သိပါပြီ။ ”

သူ့၌ အပြစ် ရှိသဖြင့်၊ ပိုင်ချင်းယွီမှ ခေါင်းညိမ့်ပြ လိုက်၏။ ထို့ကြောင့် ယဲ့ချင်းရှန် အား ဒုက္ခ မပေး လိုတော့ဘဲ၊ သေလို​ခြင်း ဖြစ်သည်။

“ တော်ပြီ ... တော်ပြီ၊ မငို နဲ့တော့ ... မိန်းကလေးတွေ ငိုရင် နားညီးတယ်၊ အမှားကို ဝန်ခံတဲ့ အတွက် ကောင်းပါတယ်၊ ငါ့အစ်ကို ကြီးက ခွင့်လွှတ် မှာပါ။ ”

“ တကယ်လား ... ။ ”

“ တကယ် ... ။ ”

“ နင်က တကယ် ရဲရင့်တယ်၊ ငါ့ ... ဝန်းကျင်က ယောက်ျား တွေထက် သာတယ်၊ နင်သာ လူသား ဆိုရင် ... ငါ့အတွက် သင့်လျော် မှာ၊ နောင် ... နင့်ကို ကြောင်ငတုံးလို့ မခေါ် တော့ဘူး။ ”

“ ငါ ... မင်းကို စိတ်မဝင် စားဘူး ... ၊ စစ်မှန်တဲ့ ချစ်​ခြင်းကို မခံစားရခင်၊ ငါ့ကိုယ်ငါ သန့်ရှင်းအောင် နေရမယ်။ ”

“ ဟား ဟား ဟား ကောင်းပြီ ... မင်း ဘယ်လို ကြောင်မ အမျိုး အစားကို ကြိုက်လဲ၊ ပြန်ရောက်ရင် ငါ ရှာပြီး မိတ်ဆက် ပေးမယ်။ ”

“ တကယ်လား ... ။ ”

နဂါးလေးက ရုတ်တရက် ရှက်ရွံ့စွာ​ဖြင့်၊

“ ရှာမနေနဲ့ လုံလောက်ပြီ။ ”- ဟု ခပ်တိုးတိုး ပြောကြား လိုက်သည်။

“ ဘာကို လုံလောက် တာလဲ ... ။ ”

“ မင်းမှာ ... နဂါးဖြူ မြင်း ရှိတယ် မဟုတ်လား၊ သူလို တစ်စုံ တစ်ယောက်ကို၊ ငါ သဘော ကျတယ်။ ”

“ အိုး ... ၊ ဟား ဟား ဟား ... ၊ နင်က ငါ့မြင်းကို လိုချင် နေတာလား၊ ယဲ့ချင်းရှန်ရဲ့ အိမ်မွေး တိရိစ္ဆာန် ပီသ ပါပေတယ်၊ သခင်နဲ့ တစ်ထပ် တည်းပဲ၊ ...

... လန်လေးက ... နတ်နဂါးမြင်း အမျိုး အစားပါ၊ သူ့သွေးက အရမ်း သန့်စင်တယ်၊ ငါ သူ့ကို ချစ်တယ်။ ”

“ သူ့နာမည်က လန်လေး တဲ့လား၊ သူက ငါ့ရဲ့ အချစ်ဦးပဲ။ ”

“ ဟမ့် ... ၊ နင်က အရူးပဲ။ ”

ပိုင်ချင်းယွီက ဟစ်အော် လိုက်သည်။ ထို့နောက် ပြုံးလျက်၊

“ နင့်ကိုယ်နင် ကြောင်တစ်ကောင်မှန်း မသိဘူးလား၊ ကြောင်တစ်ကောင်က ဘာလို့ မြင်းမကို လိုချင် နေရ တာလဲ။ ”

“ ငါက ကြောင်ဖြစ်ချင် နေတယ်လို့ ထင်လား၊ ရွေးချယ်စရာ မရှိ လို့သာ၊ တစ်ချိန်က နေဝင်ချိန် အောက်မှာ ​မြူးထူး ခုန်ပေါက်ပြီး၊ ငါက ငါမကြိုက်တဲ့ လူတွေကို၊ ...

... ကန်ကျောက်တဲ့ မြင်း တစ်ကောင် ဖြစ်ခဲ့ဖူးတယ်၊ ဒါပေမယ့်… ငါ့ရဲ့ ပျော်ရွှင်ခြင်း တွေက ကုန်ဆုံး သွားပါပြီ။ ”

နဂါးလေးက သက်ပြင်းချ လိုက်သည်။ ၎င်းကို မြင်ပြီးနောက်၊ ပိုင်ချင်းယွီမှ နဂါးလေး ခေါင်းအား ပွတ်သပ် ကာ၊

“ ကောင်းပြီ ... ၊ ငါ လန်လေးကို သစ်ပင် တည်းခိုခန်းမှာ ထားခဲ့တယ်၊ ပြန်သွားတဲ့ အခါ မိတ်ဆက် ပေးမယ်၊ နင် ... သူ့အပေါ် ကောင်းကောင်း ဆက်ဆံ ရမယ်။ ”

“ တကယ် လား ... ။ ”

နဂါးလေးက ချက်ခြင်း ပိုင်ချင်းယွီပေါ် ခုန်တက် လာ၏။ ယင်းကြောင့် မျက်မှောင် ကြုတ် လိုက်ပြီး

“ နင့်ရဲ့ အပြုံးက တကယ်ကို ရယ်စရာ ကောင်းတယ်၊ ကြောင်နာ ခွေးကိုက်ခံ နေရ သလိုပဲ။ ”

-ဟု ဝေဖန် လိုက်၏။

“ ဒါဆို နောက် ဘယ်တော့မှ ငါမပြုံး တော့ဘူး၊ ငါတို့ ပြန်သွားတဲ့ အခါ မင်းကို ကူညီ ပေးဖို့၊ သခင် ဖီးနစ် ဆီမှာ ... ငါ တောင်းပန် ပေးမယ်။ ”

နဂါးလေးက အပြုံးကို ချက်ချင်း ရပ်ပစ် လိုက်သည်။

“ တကယ် လား ... ။ ”

“ အင်း ... ၊ တကယ် ... သခင် ဖီးနစ်က ... ၊ ငါ့ကို သဘော ကျတယ်၊ ငါ တောင်းဆိုရင် ... သူ လုပ်ပေး မှာပါ။ ”

“ ဒါဆို ကတိ ... ။ ”

“ အင်း ... ကတိ။ ”

နဂါးလေးနှင့် ပိုင်ချင်းယွီက လက်ဖဝါးချင်း ရိုက်လိုက်၏။ ပိုင်ချင်းယွီမှ ကတိတောင်း လိုက် သော်လည်း အလေး အနက် မထားချေ။

သခင် ဖီးနစ်သည် မည်သူ ဖြစ်မည်ကို မသိခေျ။ ဤကြောင်သည် ချစ်စဖွယ် ကောင်း ပြီး သူမ၏ စိတ်ခံစားမှု များကို၊ ငြိမ်သက် သွားစေသည်။

သုံးရက် အကြာတွင် နဂါးလေးက၊

“ ဒီနေရာ မလုံခြုံ တော့မှာ ... ကြောက်မိတယ်။ ”

-ဟု ပြောကြား လာ၏။

“ ဘာလို့လဲ ... ။ ”

“ အစ်ကိုကြီးသာ ရှောင်ချင်းယန်ကို သတ်နိုင်ရင် ... ၊ ငါတို့ကို လာရှာ လိမ့်မယ်၊ မရှာ ခဲ့ရင် တစ်ခု ခုတော့ ဖြစ်သွားပြီ၊ ဒါကြောင့် ရှောင်ချင်းယန်က အစ်ကိုကြီး ပေါ်လာအောင် လုပ်ဖို့၊ ငါတို့ကို ရှာလိမ့်မယ်။ ”

“ ငါ့ ... ခဲအို ရှိရင် ကောင်းမယ် ... ၊ ရှောင်ချင်းယန် လောက်တော့ ဂရုစိုက် နေစရာ မလိုဘူး။ ”

“ မင်းရဲ့ ခဲအိုက ... ငါ့အစ်ကိုကြီး လောက် မတော်ဘူး။ ”

နဂါးလေးက အထင် အမြင် သေးစွာ ပြန်ပြောသည်။

“ ငါ့ ခဲအိုက သူရဲကောင်းပဲ၊ ယဲ့ချင်းရှန်က သန်မာ ပေမယ့် ... သူ့ကို မမီ ပါဘူး။ ”

“ ငါ့ အစ်ကိုကြီးက ... ၊ မင်း ခဲအိုကို လွယ်လွယ် ခုတ်သတ် နိုင်တယ်။ ”

“ ဟမ် ... ငါ့ခဲအိုက ယဲ့ချင်းရှန်ကို လက် တစ်ချောင်း တည်းနဲ့ အလွယ် တကူ အနိုင် ယူ နိုင်တယ်။ ”

“ မဟုတ်ဘူး ... ၊ ငါ့အစ်ကိုကြီး ကသာ လက်တစ်ချောင်း တည်းနဲ့၊ မင်းခဲအိုကို အလွယ် တကူ သတ်ပစ်မှာ။ ”

“ ငါ့ခဲအိုက တစ်ချက်တည်းနဲ့ သတ်မှာ။ ”

“ ကြွားနေတာ၊ ဆက်ကြွား ... ။ ”

နဂါးလေးမှ လှောင်ပြောင် လိုက်သည်။ ထိုစဉ် ခြေသံများ ရုတ်တရက် ကြားလိုက် ရ သဖြင့်၊ နှစ်ယောက်သား ပါးစပ် ပိတ်ကျ သွားသည်။

“ ဝုန်း ... ။ ”

ဂူပေါက် အဝတွင် ပိတ်ထားသော ကျောက်တုံးကြီးများ ဘေးသို့ ရွေ့သွားပြီး လူကိုး​ယောက် ပေါ်လာ၏။

ဤသည်မှာ သစ်ပင် တည်းခိုခန်းတွင် တွေ့ခဲ့သော မရဏ မြင့်မြတ်သူနှင့် နတ်ဘုရား ဗိုလ်ချုပ် ရှစ်ယောက်တို့ ဖြစ်သည်။

မရဏ မြင့်မြတ်သူက ပိုင်ချင်းယွီအား မှိုရသော မျက်နှာ မျိုးဖြင့် လှမ်းကြည့် လာတော့ သည်။

“ နောက်ဆုံးတော့ ... မင်းကို တွေ့ပြီ။ ”

***

All Chapters