ထောင်ချောက်လည်း ဖြစ်နိုင် ပါတယ်။
Vol. 143 Ch. 2001
“ မင်း ဘာလို ချင်လဲ။ ”
မရဏ မြင့်မြတ်သူနှင့် နတ်ဗိုလ်ချုပ် ရှစ်ပါးကို အေးစက်စွာ ကြည့်ပြီး၊ နဂါးလေးမှ မေး လိုက်သည်။
မရဏ မြင့်မြတ်သူက ခေတ္တမျှ အံ့သြ သွားကာ၊
“ အိုး ... စကားပြော တတ်တဲ့ ကြောင် တစ်ကောင်ပဲ၊ မင်းက ဉာဏ်ကောင်း ပုံရတယ်၊ ငါ့နောက် လိုက်ဖို့ စိတ်ဝင်စားလား။ ”
-ဟု ပြုံးလျက် ဖိတ်ခေါ် လိုက်သည်။
“ မင်းကသာ ... ငါ့ အိမ်မွေး တိရစ္ဆာန် ဖြစ်လာ သင့်တယ်၊ ငါ့ အစ်ကိုကြီးနဲ့ ... ယှဉ်လို့ မရဘူး။ ”
နဂါး လေးသည် ခရမ်းငယ်နှင့် အနေနီး သောကြောင့် မောက်မာ ခြင်းကို အပြည့် အဝ သင်ယူ ထားသည်။
“ မင်းရဲ့ သခင်ဟောင်း အကြောင်း တွေးနေတာလား၊ သူ ... ရှောင်ချင်းယန်ကြောင့် ဒဏ်ရာ အပြင်း အထန် ရခဲ့တယ် ဆိုတာ၊ မင်းမသိ သေးဖူး ထင်တယ်။ ”
သူမသည် ယဲ့ချင်းရှန်တို့ ရန်ပွဲအား အမှောင်ထဲမှ ကြည့်ရှု ခဲ့သည်။ နှစ်ယောက်လုံး ဒဏ်ရာ အပြင်း အထန် ရနေ သည်ကို မြင်ပြီး နောက်၊ အခွင် အရေး ယူရန်ပင် အကြံ ရခဲ့၏။
သို့သော် ယုံကြည်မှု မရှိသေး သဖြင့် ပိုင်ချင်းယွီအား လာရောက် ဖမ်းယူခြင်း ဖြစ် လေသည်။
အဘယ်ကြောင့် ဆိုသော် အနန္တ သင်္ချိုင်း တောင်ကြားသို့၊ ယဲ့ချင်းရှန် လာရောက် ရသည့် အကြောင်း ရင်းအား သိချင်၍ ဖြစ်၏။
“ ယဲ့ချင်းရှန် ဘာဖြစ် သွားလဲ။ ”
ပိုင်ချင်းယွီက စိုးရိမ်လာ၏။
“ သူ့ ဒဏ်ရာ ရသွားတယ်၊ ဒါက တကယ်လား၊ ဟန်ဆောင် နေတာလား ... ၊ ငါ မသိဘူး၊ ဒါပေမယ့် ငါ့လက်ထဲမှာ ... မင်း ရှိနေ သရွေ့တော့ ... သူ နာခံမှု ရှိမှာပါ။ ”
မရဏ မြင့်မြတ်သူ၏ အဖြေကြောင့် ပိုင်ချင်းယွီ မျက်နှာ ဖြူဖျော့ လာ၏။ တစ်ဖက် လူမှ မည်သည် အရာများ စီစဉ်နေ သည်ကို ချက်ခြင်း သိလိုက် ရသည်။
“ သွား သေ လိုက် ... ။ ”
နဂါးလေး မျက်နှာမှာ အေးစက် သွားပြီး၊ အနက်ရောင် အလင်းတန်း အဖြစ်သို့ ပြောင်းလဲ ပြေးဝင် သွားသည်။
လက်သည်း များက သင်တုံးဓား ကဲ့သို့၊ ထက်ရှကာ၊ သူတော်စင် လက်ရာ များ အလား၊ ကြောက်စရာ ကောင်းချေပြီ။
၎င်းသည် မရဏ မြင့်မြတ် သူ၏ နှလုံးသားကို ဦးတည်၏။ မရဏ မြင့်မြတ် သူက အံ့သြ သွားပြီး၊ ပုံရိပ်ယောင် တစ်ခု ချန်ကာ ချက်ချင်း ရှောင်တိမ်း လိုက်သည်။
“ ဗြိ ... ။ ”
သို့တိုင် အဝတ် အစားများ ကုပ်ဖြဲ ခံလိုက်ရပြီး မြေပြင်ပေါ် လဲကျ သွားခဲ့၏။
“ ဘယ်လိုတောင် အစွမ်းထက် လိုက်တဲ့ ကြောင်လဲ။ ”
နဂါးလေးအား ထိတ်လန့်စွာ ကြည့်သည်။ နဂါးလေးမှ စိတ်ပျက် သွားသည်။ ဒဏ်ရာပေး နိုင် သော်လည်း၊ အပေါ်ယံ မျှသာ ဖြစ်၏။
နိဗ္ဗာန် ရောင်ဝါဖြင့် အလွယ်တကူ ကုသ နိုင်ပေမည်။ ထို့ကြောင့် တုံ့ဆိုင်း မနေ တော့ဘဲ နတ်ဗိုလ်ချုပ် များထံ၊ ပစ်မှတ် ပြောင်းလိုက်၏။
“ ဝှစ် ... ။ ”
“ ထန် ... ။ ”
အတစ်ကြိမ်တွင် လက်သည်း များက ငရဲ လမင်း သူတော်စင် ချပ်ဝတ်ပေါ် ထိတွေ့ ခဲ့ပြီး၊ မီးပွားများ ပွင့်လာသည်။
ချပ်ဝတ်များမှာ ဘုန်း သူတော်စင် လက်ရာများ ဖြစ်သဖြင့်၊ ခုခံ နိုင်စွမ်းမှာ မယုံ နိုင်ဖွယ် ကောင်းလွန်း ပေ၏။
ကျန်နတ်ဗိုလ်ချုပ် များက ပြေးတက် လာကြပြီး၊ နဂါးလေးကို လက်သီး များဖြင့် ဝိုင်းထိုး တော့သည်။
“ မင်းက တကယ် ရဲရင့်တာပဲ၊ ငါရဲ့ နတ်ဘုရား ဗိုလ်ချုပ် ရှစ်ပါး ဆိုတာ၊ အမည်ခံ သူတော်စင် ကိုတောင်၊ ရင်ဆိုင် နိုင်တယ်။ ”
မရဏ မြင့်မြတ်သူ စကားကို နဂါးလေးက လျစ်လျူရှုလျက်၊ ပိုင်ချင်းယွီထံ ပြန်၍ ဆုတ်ခွာ လာခဲ့သည်။ ပြီး၊
“ သွား ရ အောင် ... ။ ”
-ဟု ဆိုကာ၊ လှည့်ပြေး၏။
သူ၏ အထွတ်အထိပ် အခြေ အနေမျိုး ဖြင့်ပင်၊ ဤနတ်ဗိုလ်ချုပ် ရှစ်ပါးကို အနိုင် ယူရန် (၄၀%)သာ အခွင့် အရေး ရှိသည်။
ဘေးတွင် ပို၍ လျှို့ဝှက် ဆန်းကြယ်သော မရဏ မြင့်မြတ်သူ ရှိနေ သဖြင့်၊ လက်လျော့ရန် ဆုံးဖြတ် လိုက်ခြင်း ဖြစ်၏။
“ ဟား ဟား ဟား ... ၊ မင်း ထွက်သွား နိုင်မယ်လို့ ထင်နေလား ... သူတို့ နောက်ကို လိုက် ။ ”
မရဏ မြင့်မြတ်သူက၊ နတ်ဗိုလ်ချုပ် ရှစ်ပါးကို အမိန့် ပေးလိုက် တော့သည်။ အဝေးရှိ တောအုပ် အတွင်း တစ်နေ ရာတွင်၊ သစ်ပင်ကြီး တစ်ပင် ပေါ်မှ နေ၍ ရှောင်ချင်းယန်က၊ ထိုမြင်ကွင်းကို ရပ်ကြည့် နေသည်။
သူ့မျက်နှာမှာ သတ်ဖြတ် လိုသော အငွေ့အသတ်များ ရစ်သိုင်း လာခဲ့သည်။ ဒေါသ တကြီးနှင့် လက်သီးကို ဆုပ်ကာ၊
“ ဝမ်မူယန်၊ မင်း ငါ့ကို တကယ် လှည့်စားခဲ့ တာပဲ။
-ဟု ကြိမ်းဝါး လိုက်သည်။
မရဏ မြင့်မြတ်သူနှင့် နတ်ဗိုလ်ချုပ် ရှစ်ပါးမှာ၊ သူ့တိုက်ပွဲကို စောင့်ကြည့် နေခဲ့မှန်း သတိပြု မိလာသည်။
ခဏကြာ စဉ်းစား ပြီးနောက်၊ ဆက်လက် ပုန်းကွယ် နေရန် ဆုံးဖြတ် လိုက်၏။ ဤလူများ သည် သူ ဒဏ်ရာ အပြင်းအထန် ရနေ သဖြင့်၊ ယဲ့ချင်းရှန်အား မကိုင်တွယ် နိုင်ဟု၊ ယူဆထား ပုံ ရချေပြီ။ ထို့ကြောင့် ထိုင်ကြည့် နေသည်မှာ အကောင်းဆုံး ဖြစ်သည်။
ဒဏ်ရာ များမှ ပြန်လည် ကောင်းမွန် လာပြီဖြစ် သော်လည်း၊ ယဲ့ချင်းရှန်နှင့် ချက်ချင်း ရင်ဆိုင်ခြင်း မပြုသေးရန် ဆုံးဖြတ် လိုက်၏။
၎င်းသည် နိဗ္ဗာန်-ပဉ္စမမြောက် အသွင် ကူးပြောင်းမှု တွင်သာ ရှိသည်။ သို့သော် ဓားရေး အရာတွင် ကြောက်စရာ ကောင်း ပေ၏။ ခွဲခြမ်း စိတ်ဖြာခြင်း အဆင့်သို့ ရရှိ ထားသည်။
၎င်းအား အနိုင် ယူရန် လွယ်ကူ သော်လည်း၊ သတ်ရန် မလွယ်ချေ။ မရဏ မြင့်မြတ်သူ တို့နှင့် တိုက်ပွဲ အပေါ၊ စောင့်ကြည့် ခြင်းဖြင့်၊ ယဲ့ချင်းရှန် ၏ အားနည်းချက် များကို၊ မြင် နိုင်မည် ဖြစ်သည်။
“ ဒီတစ်ခါတော့ ... ဒီပွဲကြည့် ပရိသတ် လုပ်တော့မယ်။ ”
ပြုံးလျက် ရေရွတ် လိုက်၏။
တစ်ဖက်တွင် ဘဝ-သုံးပါးဘုံ အတွင်း (၆)လကြာ ကျင့်ကြံ ခြင်းဖြင့်၊ လင်းယွန် ဘေး၌ ကောင်းကင် နဂါးနှင့် နတ်ဖီးနစ် ဖြစ်ပေါ် လာသည်။
“ ခရစ် ... ။ ”
ခန္ဓာကိုယ် ထဲမှ၊ နိဗ္ဗာန် ရောင်ဝါများ စိမ့်ထွက်လာ သဖြင့်၊ ဘဝ-သုံးပါးဘုံ အတွင်း အက်ကြောင်းများ ပေါ်လာ တော့သည်။
များမကြာမီ အဆုံးတွင် ဘဝ-သုံးပါးဘုံ ပြိုကွဲကာ၊ လက်ထဲတွင် ရှိသော အသီး အနှံက မှိန်ဖျော့ လာခဲ့၏။
“ ဒီသစ်သီးရဲ့ ... အစွမ်း ကုန်ပြီ၊ ဘာပဲ ဖြစ်ဖြစ် ... သူက ငါ့ကို အများကြီး ကူညီပေး ခဲ့တာပဲ။ ”
မရဏ အဆင့်မှ လက်ရှိ ကျင့်ကြံမှုသို့ ရောက်ရှိရန်၊ ၎င်းအပေါ် အားကိုးခဲ့ ရလေသည်။ အချို့က သူတော်စင် မူလကို မှီခို အားထား ခဲ့သည်ဟု ထင်ကြ သော်လည်း၊ အမှန်တွင် ဘဝ-သုံးပါး သစ်သီး ဖြစ်သည်။
နိဗ္ဗာန် ရောင်ဝါ (၃)သိန်း (၅)သောင်းသို့ ရောက်ရှိ သွားပေ၏။ အဋ္ဌမတန်း စစ်မှန်သော နဂါး သွေးရည်ကြည် ကြောင့်၊ နှစ်ဆကျော် တိုးလာခြင်း ဖြစ်သည်။
သတ်ဖြတ်ခြင်း မဟာ သူတော်စင်သည် သူ့အား သားမြေး တစ်ယောက် ကဲ့သို့ ဆက်ဆံ ကာ၊ အရင်းအမြစ် မျိုးစုံကို ပေးအပ် ခဲ့၏။
အဋ္ဌမတန်း နဂါး သွေးရည်ကြည်မှာ၊ နဂါးသွေးကို အသုံးပြုပြီး၊ သန့်စင် ထားခြင်း ဖြစ်သည်။ ၎င်းကို ဟင်းချို ကဲ့သို့ သောက်သုံး နိုင်သော ပမာဏမျိုး ပေးအပ် ခဲ့ပေ၏။
နိဗ္ဗာန်- အဋ္ဌမမြောက် အသွင် ကူးပြောင်းမှုကို ရောက်သော်၊ နိဗ္ဗာန် ရောင်ဝါမှာ နောက်ထပ် (၁)သိန်း၊ (၅)သောင်း အထိ၊ တိုးလာ ပေလိမ့်မည်။
နိဗ္ဗာန် အဆင့်၏ နောက်ဆုံး အသွင် ကူးပြောင်းမှု သုံးမျိုးသည်၊ အရေးကြီး လှပြီး၊ ခွန်အားကို များစွာ မြှင့်တင် ပေးချေ၏။
“ ဒါပေမယ့် မီးတောက် သုံးပါးကို၊ မသန့်စင်နိုင် သေးတာ သနား စရာပဲ။ ”
လင်းယွန်က သူ့ဓား ရည်ရွယ်ချက် အတွင်းတွင်၊ ပေါင်းစပ် ထားသော မိုးပြာ မီးတောက် သုံးခုကို ကြည့်လိုက်သည်။
ထိုစဉ်က သူတို့ ဖန်တီး ခဲ့သော ဖြစ်စဉ် ကြီးသည်၊ ကောင်းကင် တာအိုဂိုဏ်း တစ်ဝက် ကို ဖုံးအုပ် ခဲ့သည်။
လေးနာရီကုန် ပြီးနောက်၊ မျက်လုံး ဖွင့်လိုက်ရာ၊ မိုးပြာ နဂါး ရည်ရွယ်ချက်က နိဗ္ဗာန် ရောင်ဝါနှင့် ပေါင်းစပ် သွားပြီး၊ ဧရာမ မိုးပြာ နဂါးကြီး အဖြစ် ထွက်ပေါ် လာသည်။
လက်ရှိ အချိန်၌ ဘဝ-သုံးပါးဘုံ ပျောက်ကွယ် သွားပြီ ဖြစ်သဖြင့်၊ ပြင်ပ လောက အတွင်း၊ ပြန်ပေါ် လာခဲ့သည်။
အနန္တ သင်္ချိုင်း တောင်ကြားရှိ သစ်ပင် များသည် သူတော်စင် သစ်ပင်များ ထက်ပင် မာကြော ကြမ်းတမ်း လှ၏။
သို့သော် မိုးပြာ နဂါးကြောင့်၊ ထိုသစ်ပင် များမှာ အပိုင်းပိုင်း ကြေမွှသွား ကုန်သည်။ ယင်း မြင်ကွင်းကို ကြည့်ပြီး၊ လင်းယွန်မှ ပြုံးလျက် ပန်းသင်္ချိုင်းအား ဆွဲထုတ် လိုက်သည်။
“ ချွမ် ... ။ ”
“ ကနဦး ဓား ... ။ ”
“ ရွှပ် ... ။ ”
ဓားအလင်း သွားရာ လမ်းရှိ၊ အာကာပြင် တွန့်ခေါက်သွားပြီး၊ လေဟာနယ် ကွဲလွဲ သွား လေသည်။
မြေပြင် ပေါ်ရှိ သစ်ပင် များနှင့် ကျောက်တုံးများ အားလုံး၊ ထိုတွန့်ခေါက် သွားသော လေဟာနယ် အတွင်း၊ မျောပါ သွားကုန်၏။
“ ဝှစ် ... ။ ”
ခဏ အကြာတွင် တွန့်ခေါက် နေသော အာကာပြင် အတွင်းမှ၊ အပိုင်း အစများ အဖြစ်၊ ပြန်လည် ကျဆင်း လာခဲ့သည်။
သူ မူပိုင် ဓားရေးမှာ အနည်းငယ် တိုးတက် လာချေပြီ။
“ ဒီတစ်ခါ ... ငါ့ဓားကို ဘယ်လို ရှောင်ကြမလဲ ကြည့်ရအောင်။ ”
ရှောင်ချင်းယန်သည် ဝိညာဉ် နတ်မိစ္ဆာ ကိုယ်လုံး ကိုယ်ပေါက်ဖြင့်၊ သူ့ဓားကို ရှောင်နိုင် ခဲ့သည့် အပြင်၊ လှောင်ပြောင် စကာပင် ဆိုခဲ့ ဖူးသည်။
သူသည် ဓားသမား တစ်ယောက် ဖြစ်၏။ ထို့ကြောင့် ကိုယ်ပိုင် လမ်းအား ဖောက်လုပ် ရ ပေမည်။
ကြယ်၊ နေ၊ လ၊ တောင်၊ မြစ်၊ သားရဲနှင့် လူသား ယဉ်ကျေးမှု အထိပင်၊ နှံ့နှံ့ စပ်စပ် ရှာဖွေ ကာ၊ သူ့ဓားကို ဖန်တီး ရပေမည်။
ထိုအချိန်တွင် သူ့ဓား ရည်ရွယ်ချက်မှာ၊ မည်သူမျှ လက်လှမ်း မမီသော အမြင့်သို့ ရောက် ရှိ သွားမည် ဖြစ်သည်။
ပိုးစုန်းကြူး နတ်ဓားသည် အားကောင်း သော်လည်း၊ ဓားဘိုးဘေးမှ ဖန်တီး ခဲ့ခြင်း ဖြစ် ၏။ သူ့ အပိုင် မဟုတ်ချေ။
တစ်နေ့တွင် သူ့ ကနဦး ဓားသည် ဓားဘိုးဘေး၏ ထိုဓားထက်၊ ကျော်လွန် နိုင် မည်ဟု ယုံကြည်၏။
“ နဂါးလေးကို ရှာဖို့ ... အချိန် တန်ပြီ။ ”
ခရမ်းငယ် အသံ ထွက်ပေါ် လာသည်။
“ အင်း ... ။ ”
လင်းယွန်က ခေါင်းညိတ် လိုက်၏။ ထိုစဉ် မိုင်ထောင်ချီ အကွာ ကောင်းကင်ယံတွင်၊ မီးရှူး မီးပန်းများ ပေါက်ကွဲ လာသည်ကို မြင်လိုက် ရလေသည်။
မီးရှူး မီးပန်များက အနက်ရောင် သစ်ခွပန်းကြီး အသွင် ဖြစ်တည် လာကာ၊ အဆုံး၌ ပျောက်ကွယ် သွားတော့၏။
“ ဒါ ... ပိုင်ချင်းယွီပဲ၊ သူ ... အန္တရာယ် ရှိနေပြီ။ ”
၎င်းသည် ငရဲ သစ်ခွ ခြံဝင်းမှ၊ သူတော်စင် တပည့် တစ်ဦး၏၊ အချက်ပြမှု အမှတ် အသား ဖြစ်လေသည်။
“ ထောင်ချောက်လည်း ဖြစ်နိုင် ပါတယ်။ ”
ခရမ်းငယ်မှ မှတ်ချက် ပေး၏။ သူမသည် ပိုင်ချင်းယွီ အပေါ် ကောင်းမွန်သော အမြင်မျိုး မရှိချေ။
***