← Chapters

ငါ့နာမည် ပန်းသင်္ချိုင်း ... ၊ ပန်းတွေနဲ့ လူတွေကို မြှပ်နှံ ပေးတယ်။

Vol. 143 Ch. 2002

ငါ့နာမည် ပန်းသင်္ချိုင်း ... ၊ ပန်းတွေနဲ့ လူတွေကို မြှပ်နှံ ပေးတယ်။

Vol. 143 Ch. 2002

မရဏ မြင့်မြတ်သူက တောအုပ် အတွင်း ရပ်ပြီး၊ ကောင်းကင် ပေါ်ရှိ မီးရှူး မီးပန်း များထံ မော့ကြည့် နေခဲ့သည်။

မနီး မဝေးတွင်၊ နတ် ဗိုလ်ချုပ် ရှစ်ပါးမှ၊ စောင့်ကြပ် နေသော နဂါးလေးကို ပိတ်လှောင် ထားသည့်၊ လှောင်အိမ် တစ်လုံး ရှိ၏။

နတ်ဘုရား ဗိုလ်ချုပ် ရှစ်ပါး တို့သည် မိုးပြာ မူလ အဆင့်ရှိ အမည်ခံ သူတော်စင် တစ်ပါးကို တိုက်ခိုက် နိုင်သည်။

နဂါးလေးမှာ ထွက်ပြေး လွတ်မြောက် နိုင် သော်လည်း၊ လင်းယွန် ပြောသည်ကို ပြန် သတိ ရပြီး၊ ပိုင်ချင်းယွီ နှင့်အတူ၊ အဖမ်းခံရန် ကြံရွယ် လိုက်ခြင်း ဖြစ်သည်။

ပိုင်ရှုရင် ကိုမူ၊ သွေးလ ဂိုဏ်းမှ သန့်စင် ထားသော၊ မိစ္ဆာ သော့ခတ်ခြင်း လှောင်အိမ်၌ ထည့်ထား၏။ မရဏ မြင့်မြတ်သူ အဆိုအရ၊ အမည်ခံ သူတော်စင် တစ်ပါးပင် မချိုးဖြတ် နိုင်ချေ။

“ ကြောင်နက်လေး ... ၊ ယဲ့ချင်းရှန် ရောက်လာဖို့ ဘယ်လောက် ကြာမယ် ထင်လဲ။ ”

“ ငါ့အစ်ကို ကြီးကို ... လာစေ ချင်တာ သေချာလား၊ မင်း ဘယ်လောက် ဒုက္ခရောက် မယ် ဆိုတာ မသိ ဘူးလား၊ မင်း ငါ့ကို အခု ချက်ချင်း လွှတ်လိုက်ရင်၊ ...

... အသက် ရှင်ခွင့် ရဦးမယ်၊ ငါ့အစ်ကို ကြီးက ... မင်းခွန်အား လောက်နဲ့၊ ရန်စ သင့်တဲ့ လူမျိုး မဟုတ်ဘူး။ ”

နဂါးလေးမှ ပြန်ပြော လိုက်၏။

“ မင်း လျှာက ထက်မြက်တယ်၊ မင်း အစ်ကိုကြီးကို ဖမ်းပြီးရင်၊ အဲဒီလို ဆက်ပြော နိုင်ဦးမလား ကြည့်မယ်။ ”

စကားဆုံး သည်နှင့် စွမ်းအင် အလင်းဖြင့်၊ နဂါးလေးထံ ပစ်လွှတ် လိုက်၏။ နဂါးလေး ခမျာ နာကျင်မှုကြောင့် တွန့်လိမ် သွားသည်။

“ မင်း စောင့်နေ ... ၊ ငါ ထွက်နိုင်တဲ့ အခါ အပိုင်းပိုင်း ခွဲပစ်မယ်။ ”

နဂါးလေးက ကျိန်ဆဲ လိုက်သည်။

“ ဟား ဟား ဟား ... ၊ အပြင် ထွက်ချင် လို့လား၊ ဒါဆို ငါ့အိမ်မွေး တိရစ္ဆာန် အဖြစ် နေဖို့ ဆုံးဖြတ် ပြီးမှ၊ ဆက်ပြောပါ။ ”

မရဏ မြတ်မြတ် သူက လျှပ်စီးဖြင့် နောက်တစ်ကြိမ် ပစ်လွှတ် လာလေရာ၊ နဂါး လေး ခမျာ အော်ဟစ် လိုက်မိ ပြန်၏။

တစ်ဖက်တွင် ပိုင်ချင်းယွီက လှောင်အိမ် ထဲမှ နေ၍ မကြည့်ရက် တော့ချေ။

“ သူက ကြောင် တစ်ကောင်ပါ၊ မင်း ဒီလိုပုံစံနဲ့ ညှဉ်းပန်း နှိပ်စက်ဖို့ ... မလို ပါဘူး။ ”

“ ဟား ဟား ဟား ... ၊ သူက သာမန် ကြောင်တစ်ကောင် မဟုတ်ဘူး၊ နတ်ဗိုလ်ချုပ် ရှစ်ပါးတောင် အသက် ဆုံးရှုံးလု နီးပါးပဲ၊ မင်းထက် အများကြီး သန်မာတယ်။ ”

ပိုင်ချင်းယွီမှ ဆက်မပြော နိုင်တော့ချေ။ အံကြိတ်လျက် တိတ်ဆိတ် သွား၏။ သူ့၌ နဂါး သွေးလွှတ်ကြောများ ပျက်စီးကာ၊ ဒဏ်ရာ ပြင်းထန်စွာ ရရှိ ထားသည်။

“ ယဲ့ချင်းရှန် လာနေပြီ။ ”

မရဏ မြင့်မြတ်သူ စကားကြောင့်၊ နတ်ဗိုလ်ချုပ် ရှစ်ပါးက၊ သစ်ပင် အောက်တွင် ရပ်ကာ၊ ငရဲ လမင်း သူတော်စင် ချပ်ဝတ်ကို အသက် သွင်းခဲ့သည်။

ချပ်ဝတ် များမှ ကြက်သွေးရောင် မီးလျှံများ လောင်ကျွမ်း လာပြီး၊ ရောင်ဝါက ကြောက်စရာ ကောင်းလာ၏။

များမကြာခင် ယဲ့ချင်းရှန် တစ်ယောက် မြင်ကွင်းထဲ ဝင်လာ၏။

“ ယဲ့ချင်းရှန် ... ၊ နင် အရမ်း နောက်ကျတယ်။ ”

မရဏ မြင့်မြတ်သူမှ မိတ်ဆွေ တစ်ယောက်ကို စောင့်မျှော်နေ သကဲ့သို့ ပြုံးကာ ပြော၏။ လင်းယွန်က မျက်မှောင် ကြုတ်ကာ၊

“ သွေးလ ဂိုဏ်းနဲ့ ... ငါ့ကြားမှာ ရန်ငြိုး မရှိဘူး၊ သူ့ကို လွှတ်လိုက်ပါ၊ ဒီကိစ္စတွေ မဖြစ် ခဲ့ဖူး လို့ပဲ၊ ထားလိုက် ရအောင်။ ”

“ အဲဒါက ... ငါ ဆုံးဖြတ် ရမှာ၊ နင် ဒီကို လာရတဲ့ ... ရည်ရွယ်ချက် အမှန်က ဘာလဲ၊ နင် ဘယ်သူလဲ ပြောပါ။ ”

လင်းယွန် ထံမှ အေးစက်သော သတ်ဖြတ်လို စိတ်များ ပေါ်လာပြီး၊

“ သူတို့ကို လွှတ်လိုက်ဖို့ ... ၊ အကြံပေး ချင်တယ်၊ ဒါ ... ငါရဲ့ နောက်ဆုံး သတိ ပေးခြင်း ပဲ။ ”

“ ယဲ့ချင်းရှန် မင်းကိုယ်မင်း ဘယ်သူ ထင်နေလဲ၊ ဘုရင် အဆင့်က ထိပ်တန်း (၃၀) ကတောင်၊ ငါ့ရှေ့မှာ ဒီလောက် မာန မကြီးရဲ ကြဘူး။ ”

“ ကောင်းပြီ ... ။ ”

လင်းယွန်က ခေါင်းကို မော့ကာ၊ ပန်းသင်္ချိုင်းအား စက်ဝိုင်း သဏ္ဍာန် လွှဲရမ်း လျက်၊ ပစ်ထုတ် လိုက်သည်။

“ ရွှပ် ... ။ ”

မြန်လွန်း သဖြင့် အနားရှိ၊ နတ်ဘုရား ဗိုလ်ချုပ် တစ်ပါး၏ နှလုံးသားထဲ ဖောက်ဝင် သွား တော့သည်။

ငရဲ လမင်း သူတော်စင် ချပ်ဝတ်မှာ၊ လုံးဝ မတားဆီး နိုင်ခဲ့ချေ။ နတ်ဗိုလ်ချုပ် ခမျာ မျက်နှာ ဖြူဖျော့လျက်၊ ရင်ဘတ်ထံ ငုံ့ကြည့်သည်။

“ ဒါ ... ။ ”

အံ့ဩခြင်း နှင့်အတူ၊ မြေပြင်ပေါ် လဲကျ အသက်ပျောက် သွားတော့သည်။။ ငရဲ လမင်း သူတော်စင် ချပ်ဝတ်မှာ၊ တဖြည်းဖြည်း ပြန်လည် ကောင်းမွန် လာခဲ့သည်။

ဤမြင်ကွင်းကြောင့် မရဏ မြင့်မြတ်သူနှင့် ကျန်နတ် ဗိုလ်ချုပ် များမှာ၊ မျက်လုံးများ ပြူး ကုန်ကြသည်။

ငရဲ လမင်း သူတော်စင် ချပ်ဝတ်သည် မာကြောရုံ သာမက၊ ယခင် အသုံးပြုခဲ့ ဖူးသော နတ်ဗိုလ်ချုပ် များ၏ စွမ်းအား ပါရှိသည်။

ခွန်လွန်ကို နှစ်ပေါင်း သုံးထောင် စိုးမိုး ခဲ့စဉ်က၊ နတ်ဗိုလ်ချုပ်များ အတွက် အဆောင် အယောင် ဖြစ်သည်။ သူတော်စင် များပင်၊ သတိထား ရင်ဆိုင် ကြရ၏။

သို့သော် ပန်းသင်္ချိုင်း ရှေ့၌ ဘာမှ မဟုတ်ခဲ့ချေ။ ပန်းသင်္ချိုင်းသည် ဘုန်းကြီးသော သူတော်စင် လက်ရာ ဖြစ်ပြီး၊ လင်းယွန်နှင့် ချိတ်ဆက် ထားသည်။

ယင်းကြောင့် တခြားသော ဘုန်း ဝိညာဉ် လက်ရာများ ကိုပင်၊ ထိုးဖောက်ရ မခက် ခဲ့ချေ။ လင်းယွန်က ပန်းသင်္ချိုင်းအား ဖမ်းယူ ပြန်၍ ဖမ်းယူ လိုက်သည်။

“ သူတို့ကို လွှတ်လိုက် ... ၊ ငါ မင်းနဲ့ အချိန် မဖြုန်းချင်ဘူး။ ”

မရဏ မြင့်မြတ်သူက ပြုံးလျက် ပိုင်ချင်းယွီအား လှောင်အိမ် ထဲမှ ဆွဲယူကာ၊ လည်ပင်းကို ဆုပ်ကိုင် လိုက်၏။

“ ယဲ့ချင်းရှန် ... ၊ ဒီလို အလှတရား လေး တစ်ယောက်ကို ... မင်း စွန့်လွှတ်နိုင် လို့လား၊ ဒူးထောက် စမ်း ... ။ ”

“ လက်ရှိ အခြေ အနေကို၊ မသိ သေးပုံ ရတယ်၊ မင်းကို လွှတ်ပေးဖို့ ... ငါ တောင်းဆို နေတာ မဟုတ်ဘူး၊ မင်း အတွက် လွတ်လမ်း ချန်ပေး ထားတာ။ ”

ပြီးနောက် လက်ဝှေ့ ယမ်းလိုက်ရာ၊ ပန်းသင်္ချိုင်းက ထပ်မံ ပျံထွက် သွားပြီး၊ နတ် ဗိုလ်ချုပ် များကို၊ သတ်ဖြတ် တော့၏။

“ ရပ် ... ။ ”

မရဏ မြင့်မြတ် သူ၏ မျက်နှာ ပြောင်းလဲ သွားပြီး၊ ပိုင်ချင်းယွီ လည်ပင်းကို ချက်ချင်း ညှစ် ပစ်လိုက်သည်။

“ ရွှပ် ... ။ ”

သို့သော် ပန်းသင်္ချိုင်းက သူမ အနောက် ရောက်လာပြီး၊ နောက်စေ့ထံ တိုးဝင် လာ၏။ ယင်းက မရဏ မြင့်မြတ် သူအား ချက်ချင်း ထိတ်လန့် သွားကာ၊ ပိုင်ချင်းယွီကို လွှတ်လျက် ရှောင်တိမ်း ပေးလိုက် ရသည်။

ပိုင်ချင်းယွီက ချုပ်နှောင်ခြင်းမှ လွတ်သည်နှင့်၊ လင်းယွန် ရှိရာ အရပ်သို့၊ အမြန် ထွက်ပြေး တော့၏။

လင်းယွန်က သူမ ပခုံးကို ဆုပ်ကိုင်ပြီး၊ အနက်ရောင် နိဗ္ဗာန် ရောင်ဝါ များ၊ ချွေးပေါက် များမှ စိမ့်ထွက် လာအောင်၊ နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်း စွမ်းအင်ဖြင့်၊ ကူညီ ပေးလိုက်သည်။

ထိုမြင်ကွင်းက မရဏ မြင့်မြတ် သူကို ထိတ်လန့် သွားစေ၏။ ရက် အနည်းငယ် နှင့် ယဲ့ချင်းရှန် တစ်ယောက်၊ မည်သို့ သန်မာလာ သည်ကို၊ နားမလည် နိုင်တော့ချေ။

ပိုင်ချင်းယွီ မျက်နှာ နီရဲ လာသည်။ ဒဏ်ရာများမှ အနည်းငယ် ပြန်၍ ကောင်းမွန် လာသည်။ သို့သော် တိုက်ပွဲ မဝင်နိုင် သေးချေ။

“ ဒူးထောက် ... ။ ”

ရုတ်တရက် လင်းယွန်က အော်ငေါက် လိုက်ရာ၊ ကြီးမားသော ဖိအား တစ်ခု ပခုံးပေါ် ကျရောက်လာ သဖြင့်၊ မရဏ မြင့်မြတ်သူမှ ဒူးညွှတ် ကျသွား၏။

သို့သော် မြေကြီးနှင့် ဒူးဆစ် မထိခင် သူမ ခန္ဓာကိုယ်မှာ အရိုး မရှိတော့ သလို ပျော့ပျောင်း ညွှတ်ကျ သွားလေသည်။

“ ဝှစ် ... ။ ”

လင်းယွန်က လှမ်းဆွဲ လိုက်ရာ၊ အဝတ်စ သည်သာ လက်ထဲ ပါလာ၏။ ခန္ဓကိုယ်မှာ မိစ္ဆာ သော့ခတ်ခြင်း လှောင်အိမ်ထဲ၊ ရောက်ရှိ သွားလေသည်။

ဗလာကျင်း နေသော ခန္ဓာကိုယ် အပေါ်၊ အဝတ် တစ်ထည်ဖြင့် ပြန်လည် ဖုံးအုပ်လျက်၊ မရဏ မြင့်မြတ်သူက ပြုံးကာ၊

“ ယဲ့ချင်းရှန် ... မင်း ငါ့ကို မြင်ချင်ရင်၊ ဒီလောက် အထိ အားစိုက် နေစရာ မလို ပါဘူး၊ ငါ့ကို ... ပွင့်ပွင့် လင်းလင်း ပြောလို့ ရပါတယ်၊ ခစ် ခစ် ခစ် ... ။ ”

-ဟု ရယ်မော လိုက်သည်။

လင်းယွန်က ပန်းသင်္ချိုင်းကို ပြန်လည် ခေါ်ယူပြီး၊ လှောင်အိမ် ထဲမှ နဂါးလေးထံ လှမ်း ကြည့်ကာ၊

“ မင်း ... ဟန်ဆောင် နေတာကို ရပ်လိုက်။ ”

-ဟု ပြောကြား လိုက်သည်။

နဂါးလေးက ရှက်ရွံ့စွာ ပြုံးပြီး၊ သူ့ လက်သည်း များကို ဖွင့်လိုက်၏။ ကြက်သွေး ရောင် လျှပ်စီးများ ခန္ဓာကိုယ် အပေါ်၊ ဖုံးလွှမ်း လာကာ၊ ကြီးမားသော နဂါး မျောက်ဝံ ပုံစံသို့ ပြောင်းလဲ သွာလေသည်။

ပြီးနောက် လှောင်အိမ်ထဲ ရောက်ရှိ လာသည့်၊ မရဏ မြင့်မြတ်သူထံ လက်သီးဖြင့် လှမ်းထိုး လိုက်သည်။

“ ဂါး ... ။ ”

“ ဝုန်း ... ။ ”

“ အွတ် ... ။ ”

မိစ္ဆာ သော့ခတ်ခြင်း လှောင်အိမ်မှာ၊ အပိုင်း အပိုင်း ကွဲထွက် သွားသည်။ မရဏ မြင့်မြတ်သူ သည်လည်း သစ်ပင်ကြီး တစ်ပင်ထံ၊ လွင့်စဉ် ထိမှန် သွားတော့၏။

“ အွတ် ... ။ ”

သစ်ပင်ဖြင့် ရိုက်မိ ပြီးနောက်၊ မြေပြင်ပေါ် ပြုတ်ကျ လာသော မရဏ မြင့်မြတ်သူ နှုတ်ခမ်း မှ၊ သွေးများ စီးကျ လာသဖြင့်၊ နတ် ဗိုလ်ချုပ် (၇)ပါး တို့က၊ ကူညီရန် ပြေးလွှား သွားခဲ့ ကြသည်။

“ ယဲ့ချင်းရှန် ... ငါ သေရ တော့မယ် ထင်တယ်၊ နင်က တကယ် ကောင်းတဲ့ လူပါ၊ ငါ့ အစ်မက လွဲလို့ ဘယ်သူမှ ... ၊ ငါ့အပေါ် ဒီလောက် မကောင်း ဖူးဘူး။ ”

ထိုအချိန်တွင် ပိုင်ချင်းယွီက ဖြူဖျော့ နေသော အသွင်ဖြင့်၊ တိုးတိုးလေး ပြောကာ၊ ညွှတ်ကျ သွားသည်။ လင်းယွန်က ရင်ခွင်ထဲ ဖမ်းဆွဲထား လိုက်ရ၏။

“ သွေးလ ဂိုဏ်းက ... ငါ ထင်ထား တာထက်တောင် ... ညံ့ဖျင်း နေပါလား။ ”

လှောင်ပြောင် ရှုံ့ချ သံနှင့် အတူ၊ ရှောင်ချင်းယန်က မျိုးနွယ်စု အသီးသီးမှ ကျန်ရှိ နေသော ကျွမ်းကျင်သူ များကို ဦးဆောင်ကာ၊ အတူ အမှောင်ထဲက ထွက်လာ ခဲ့သည်။

မရဏ မြင့်မြတ်သူက ရှောင်ချင်းယန်ကို မြင်သော အခါ မျက်လုံးများ တောက်ပ လာ၏။ သူမက၊

“ ရှောင်ချင်းယန် ... ၊ ယဲ့ချင်းရှန်ကို သတ်လိုက်ပါ၊ သန့်ရှင်းသော သမီးတော်က မင်းရဲ့ အကူအညီကို၊ အမှတ် ရနေ ပါ့မယ်။ ”

“ ငါက အကူ အညီ ပေးပြီး၊ သူမ မှတ်မိအောင် လုပ်ဖို့ လိုအပ် တယ်လို့၊ မင်း ပြော နေတာလား၊ စကားပြော ဆင်ခြင်ပါ၊ မင်းနဲ့ ငါ နောက်မှ စာရင်း ရှင်းမယ်။ ”

ရှောင်ချင်းယန်က ပြန်ပြောသည်။ သည့်နောက် နိဗ္ဗာန် ရောင်ဝါများ ထုတ်လွှတ် လျက်၊ ကောင်းကင်ပေါ် ခုန်တက်ကာ၊ သူနှင့် အတူ ပါလာသော၊ နိဗ္ဗာန် အထွတ် အထိပ် အဆင့်၊ ကျွမ်းကျင်သူ (၁၀)ဦးကို၊

“ သွားကြ ... ၊ ယဲ့ချင်းဟုန်နဲ့ ကျန်းခွိုက် အတွက် ... သူ့ကို လက်စား ချေပါ။ ”

-ဟု အမိန့်ပေး လိုက်သည်။

လင်းယွန်က အသက် ပြင်းပြင်း ရှူပြီး၊ ပန်းသင်္ချိုင်းကို တင်းကျပ်စွာ ဆုပ်ကိုင်လျက်၊ ခုတ်ပိုင်း ချလိုက်သည်။

စူးရှ တောက်ပသော ဓားအလင်း တစ်ခုက၊ ပထမဆုံး အလင်း ကဲ့သို့ ကမ္ဘာပေါ် ကျဆင်းလာ ခဲ့သည်။

“ ဒီဓား ပဲလား ... ။ ”

ရှောင်ချင်းယန်မှ လှောင်ပြောင် လိုက်၏။ ဓားရောင်ခြည်ကို မြင်ပြီး၊ ကျွမ်းကျင်သူ (၁၀)ဦး ကမူ၊ နောက်ဆုတ် ချင်နေ ခဲ့သည်။

သို့သော် ဆန္ဒ ရှိသော်လည်း၊ ဆုတ်ခွာရန် မဖြစ်နိုင် တော့မှန်း သိလိုက် ကြ၏။ အာကာပြင် တွန့်ခေါက် အက်ကွဲ သွားကာ၊ သူတို့အား (၁၀)ဦးကို စုပ်ယူ လာတော့သည်။

“ ဘုတ် ... ဘုတ် ... ။ ”

အာကာပြင် ပြန်လည် ငြိမ်သက် သွားချိန်၌ ခန္ဓာကိုယ် အပိုင်းအစများ မြေပြင်ပေါ်၊ အတုံး အရုန်း ပြုတ်ကျ လာခဲ့သည်။

ရှောင်ချင်းယန်ပင် လက်တစ်ဖက် ဆုံးရှုံး သွားပြီး၊ သွေးများ ဖုံးလွှမ်း သွားလျက် ဒဏ်ရာမှ အရိုးများ ထွက်ပေါ် လာ၏။

“ ဒါ ... ။ ”

ကြောက်ရွံ့မှုမှာ အတိုင်း မရှိချေ။ မရဏ မြင့်မြတ်သူက ဤမြင်ကွင်းကြောင့် အံ့သြသွား လေသည်။ ချက်ချင်း တုန်လှုပ် လာ၏။

ဓားတစ်ချက် တည်းဖြင့်၊ နိဗ္ဗာန် အထွတ် အထိပ်၊ ကျွမ်းကျင်သူ (၁၀)ဦးကို သတ်ပစ်ပြီး၊ ရှောင်ချင်းယန် လက်အား၊ ဖြတ်နိုင် ခဲ့သည်။

“ မြန် မြန် ... ယဇ်ပူဇော် ရအောင်။ ”

ထို့ကြောင့် ကြောက်လန့် စွာဖြင့် အမိန့် ပေးလိုက် ရသည်။ နတ်ဗိုလ်ချုပ် (၇) ပါး လုံးက၊ ချက်ချင်း ဂါထာ တစ်ပုဒ် ရွတ်ဆို တော့၏။

“ မြင့်မြတ်သော မီးလျှံ၊ ငါ့ခန္ဓာ ကိုယ်ကို လောင်ကျွမ်းပြီး၊ နာကျင် ခြင်းမှ လွတ်မြောက် ပါစေ၊ သွေးလ အတွက်၊ ငါ့သွေးကို ဘိုးဘေး တွေဆီ၊ ပေးအပ် ပါတယ်။ ”

သူတို့ ရွတ်ဆို နေစဉ် မှာပင်၊ ရှောင်ချင်းယန်၏ ဒေါင်လိုက် အက်ကွဲကြောင်း ပေါ်လာပြီး၊ ဝိညာဉ် နတ်မိစ္ဆာ ခန္ဓာကိုယ်၊ အသက်ဝင် လာ၏။

အရိုးများ တွန့်ကွဲလျက်၊ ခန္ဓာကိုယ် ဖောင်းကား လာကာ၊ တတိယ မျက်လုံး ပေါ် လာခဲ့သည်။

နတ်ဗိုလ်ချုပ် (၇) ပါးက မီးလျှံများ လောင်ကျွမ်းလျက်၊ ရှောင်ချင်းယန်နှင့် အတူ တိုးကပ် လာ၏။

“ မြင့်မြတ်သော မီးလျှံ၊ ငါ့ခန္ဓာ ကိုယ်ကို လောင်ကျွမ်းပြီး၊ နာကျင် ခြင်းမှ လွတ်မြောက် ပါစေ၊ သွေးလ အတွက်၊ ငါ့သွေးကို ဘိုးဘေး တွေဆီ၊ ပေးအပ် ပါတယ်။ ”

လင်းယွန်က သတိလစ် နေသော ပိုင်ချင်းယွီအား မြေပြင်ပေါ် အသာချ လိုက်ပြီး၊

“ ခဏ အိပ်နေဦး ... သူတို့ကို သတ်ပြီးရင် မင်းကို ငါ ကယ်မယ်။ ”

-ဟု ပြောကြား လိုက်သည်။

“ ဟိတ် ... ။ ”

ဤလူများ အားလုံးကို သတ်ပစ် သင့်၏။ ထို့ကြောင့် ကောင်းကင်ပေါ် ပျံတက်ကာ ဓားကို ထိုးချိန် လိုက်သည်။

နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းကို ဖြန့်ကျက်လျက်၊ နတ်ဗိုလ်ချုပ်များ နောက်၌၊ ရုတ်တရက် ပေါ်လာ၏။

“ ရွှပ် ... ။ ”

“ ..... ။ ”

“ ရွှပ် ... ။ ”

“ ..... ။ ”

တစ်ယောက် တစ်ချက် နှုန်းဖြင့်၊ အလောင်းများ မြေပြင်ပေါ် ပျံ့ကျဲ ကုန်တော့ သည်။ နောက်ဆုံး ဗိုလ်ချုပ် တစ်ပါးအား သတ်နေစဉ်၊ လင်းယွန် တစ်ယောက် မျက်မှောင်ကြုတ် သွားမိ၏။

“ မင်း သေလိုက်တော့ ယဲ့ချင်းရှန်။ ”

ရှောင်ချင်းယန်သည် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ကာ၊ ခွန်အား အပြည့်ဖြင့် တိုက်ခိုက် လာသောကြောင့် ဖြစ်သည်။

ဝိညာဉ် နတ်မိစ္ဆာ ခန္ဓာကိုယ်နှင့်၊ နက္ခတ်ကို ဆင့်ခေါ် ထားလေရာ၊ ရေလှိုင်း ဓား၏ စွမ်းအား (၅၀%) တိုးထွက် လာ၏။

စွမ်းအားမှာ ကြောက်ရမည့် အမြင့်သို့ ရောက်ရှိ သွားသည်။ ဤပုံစံဖြင့် ယဲ့ချင်းရှန်ကို ဒဏ်ရာ ကြီးကြီး မားမား ပေးနိုင် ပေမည်။

“ ထန် ... ထန် ... ။ ”

“ ဝှစ် ... ။ ”

သို့သော် လင်းယွန်က ရုတ်တရက် လှည့်ကြည့် လိုက်ပြီး၊ သူ့ဓားကို လွှဲကာ၊ ဟန့်တား လာ၏။

“ ဝှစ် ... ။ ”

ဓား နှစ်လက် ရိုက်မိ ပြီးနောက်၊ ရေလှိုင်းဓားမှာ သူ့လက်မှ လွတ်ကာ၊ သစ်ပင် ကြီး တစ်ပင်ထံ၊ လွင့်စဉ် စိုက်ဝင် သွားသည်။

“ ဘုန်း ... ။ ”

“ အွတ် ... ။ ”

ဓားနှင့် အတူ ရှောင်ချင်းယန် သည်လည်း၊ သွေးတစ်လုတ် အန်လျက် သစ်ပင်ဖြင့် ရိုက်မိ သွားခဲ့သည်။

“ ကြယ်ဓား ရည်ရွယ်ချက်။ ”

မြေပြင်ပေါ်မှ ချက်ချင်း ကုန်းရုန်း ထကာ၊ အံ့သြသော အမူ အရာနှင့် ပြိုင်ဘက်ထံ ပြန်၍ မော့ကြည့် လိုက် မိသည်။

ယဲ့ချင်းရှန် နဖူး၌ ကြယ်များ တောက်ပ နေ၏။ ဤသည်မှာ ကြယ်ဓား ရည်ရွယ်ချက် ဖြစ်သဖြင့်၊ ချက်ချင်း နောက်တစ်လှမ်း ဆုတ်လိုက် မိသည်။

ဓားရည်ရွယ်ချက်အား အောင်မြင်မှု တစ်ခု ရယူနိုင် ခဲ့လျှင်ပင် ယဲ့ချင်းရှန်မှာ၊ ဤမျှ အစွမ်း ထက် လာစရာ အကြောင်း မရှိချေ။

“ မင်း ... မင်း ဘယ်သူလဲ။ ”

ပထမဆုံး အကြိမ် အဖြစ်၊ ကြောက်ရွံ့ သွားခဲ့သည်။ တစ်ဖက် လူက သွေးများ စီးကျ နေသော ဓားကို ကိုင်ထားလျက်၊

“ ငါက ... ပန်းတွေနဲ့ လူတွေကို ... ၊ မြှုပ်နှံ ပေးတယ်။ ”

-ဟု ပြန်ဖြေ လာလေသည်။

ရှောင်ချင်းယန် အပါအဝင်၊ မရဏ မြင့်မြတ်သူ သည်လည်း၊ နဝေ တိန်တောင် ဖြစ် သွား တော့၏။

***

All Chapters