← Chapters

အဂ္ဂိရတ်ခန်းမ၏အဓိကနေရာ

Vol. 89 Ch. 1248

အဂ္ဂိရတ်ခန်းမ၏အဓိကနေရာ

Vol. 89 Ch. 1248

အခန်း (၁၂၄၈) အဂ္ဂိရတ်ခန်းမ၏အဓိကနေရာ

ထိန်းချုပ်ရေးဗဟိုတွင် အနက်ရောင်မြူခိုးအရိပ်များစွာရှိနေပြီး ၊ ထိုအရိပ်များက ထိုနေရာတွင် ပြဿနာကြီးကြီးမားမားရှိနေကြောင်း ပြဆိုနေသည်။

ရန်ကျောက်ကဲ တည်နေရာကို ခွဲခြမ်းစိတ်ဖြာလိုက်သည့်အခါ ထိုနေရာက အဂ္ဂိရတ်ခန်းမ၏ အရေးကြီးသောနေရာတစ်ခုဖြစ်ကြောင်း သဘောပေါက်သွားသည်။

အဂ္ဂိရတ်ခန်းမ၏ “ဗဟိုခန်းမ” ၊ ဗဟိုဆေးလုံးခန်းမ ၊ ဆေးသိုလှောင်ရုံ ၊ ဆေးပစ္စည်းများသိုလှောင်ရုံ ...။

ဤ အရေးပါသော နေရာများအားလုံး အမှောင်ရိပ်များဖြင့် ဖုံးလွှမ်းနေခဲ့သည်။

ထိန်းချုပ်ရေးဗဟိုက ဧည့်ကြိုနေရာ သို့မဟုတ် ပင်မခန်းဆောင်ဖြစ်ပြီး ထိန်းချုပ်ရေးအပိုင်း၏ ထိပ်ပိုင်းဖြစ်သည်မှာ ပြောနေစရာမလိုပေ။

မှတ်သားရမည့်အချက်မှာ ဤနေရာက များပြားလှစွာသော အဖိုးတန်နတ်ဆေးဖော်ဆပ်နည်းများနှင့် ဝိညာဉ်ဆေးလုံးဖော်ဆပ်နည်းများ သိမ်းဆည်းထားရာနေရာ ဖြစ်နေခြင်းပင်။

သိုင်းကျမ်းစာကြည့်တိုက်တွင် မှတ်တမ်းတင်ထားသည်ထက်ပင် ပိုမိုများပြားစွာ ရှိနေနိုင်ပြီး သိုင်းကျမ်းစာကြည့်တိုက်တွင် မှတ်တမ်းတင်ထားခြင်းမရှိသော ဆေးလုံးဖော်စပ်နည်းအချို့ကိုပင် ဤနေရာတွင် မှတ်တမ်းတင်ထားသည်။

ဗဟိုဆေးလုံးခန်းမကို များသောအားဖြင့် ဆေးလုံးများသန့်စင်ရာ ဆိတ်ငြိမ်ခန်းအဖြစ် အအသုံးပြုကြသည်။ ထိုနေရာက အကောင်းဆုံးနှင့် အကြီးမားဆုံးပတ်ဝန်းကျင်တစ်ခု ဖြစ်သည်။

ယခင်ကဆိုလျှင် ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုအပါအဝင် မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်၏ ထိပ်တန်းအဆင့် ဆေးပြင်းဖိုများ ၊ မီးပြင်းဖိုများစွာကို ဤနေရာတွင် သိမ်းဆည်းထားသည်။

မိုးကောင်းကင်ခုံရုံးတွင် ဆေးလုံးသန့်စင်ရန်အတွက် ဗဟိုဆေးလုံးခန်းမကို အသုံးပြုရန် အရည်အချင်းရှိသူ အနည်းငယ်သာ ရှိသည်။

ဆေးသိုလှောင်ခန်းကတော့ လူအများစုကို စွဲဆောင်မှုအရှိဆုံးနေရာ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော ထိုနေရာအား အပြင်လူများဝင်ခွင့်မရှိသည့်အပြင် အောင်မြင်စွာသန့်စင်ထားသော ဆေးလုံးအမြောက်အမြားကို သိမ်းဆည်းထားသောကြောင့် ဖြစ်၏။

မဟာကပ်ဘေးကြီးကာလအတွင်း ထိုခန်းမက ပျက်ဆီးခဲ့ခြင်း မရှိပေ။

ထို့ကြောင့် မည်သည့်အမှားအယွင်းမှ မရှိဘူးဆိုလျှင် ဆေးသိုလှောင်ရုံက ပကတိအတိုင်း ရှိနေပေလိမ့်မည်။

ဆေးပစ္စည်းသိုလှောင်ရုံကတော့ ဆေးလုံများသန့်စင်ရန်အတွက် လိုအပ်သော ရတနာပစ္စည်းများစွာကို သိမ်းဆည်းထားသည်။ အဖိုးတန်မှုအရ နှိုင်းယှဉ်ကြည့်လျှင် ဆေးသိုလှောင်ရုံနှင့် များစွာကွာခြားခြင်း မရှိပေ။

ရန်ကျောက်ကဲမျက်ဝန်းများ လှည့်ပတ်သွားပြီး တောက်ပသောအလင်းတန်းများထဲမှ မသန့်စင်ပုံရသော အရိပ်များကို အာရုံစိုက်လိုက်သည်။

ထိုအရိပ်များက အဂ္ဂိရတ်ခန်းမထဲသို့ဝင်လာသော ရန်တိနှင့် အခြားသူများကို ကိုယ်စားပြုသည်။

သူတို့က ရန်ကျောက်ကဲကဲ့သို့ အဂ္ဂိရတ်ခန်းမထဲတွင် ကိုယ်ပိုင်လမ်းကြောင်း ရှာဖွေနိုင်ခြင်း မရှိကြပေ။ ထို့ကြောင့် လှုပ်ရှားခြင်းမရှိဘဲ ရပ်တန့်နေကြသည်။

အဂ္ဂိရတ်ခန်းမအတွင်းမှ စကြာဝဠာဗလာနယ်ထဲတွင် မည်သို့လျှောက်လှမ်းရမည်ကို နည်းစနစ်မသိရှိပါက တူညီသည့်နေရာမှာပင် ထပ်ခါထပ်ခါ လည်ပတ်ပြီး ပိတ်မိနေမည် ဖြစ်၏။

အတိုင်းအတာတစ်ခုအထိ ကျင့်ကြံခြင်းအဆင့်မြင့်မားမှသာလျှင် ဤနေရာမှ စည်းမျဉ်းများကို လျစ်လျူရှုပြီး မိမိစိတ်တိုင်းကျ လျှောက်လှမ်းသွားနိုင်မည် ဖြစ်သည်။

သို့သော် ရန်ကျောက်ကဲတို့အုပ်စုမှလူများ၏ ကျင့်ကြံခြင်းအဆင့်က ထိုသို့သောအဆင့်သို့ ရောက်ရှိခြင်း မရှိသေးပေ။

“တိကျတဲ့နေရာတစ်ခုကို ပစ်မှတ်ထားပြီး လမ်းဖွင့်မပေးနိုင်တာ နှမျောစရာပဲ ၊ တကယ်လို့ တစ်ခုကိုဖွင့်နိုင်မယ်ဆိုရင် အကုန်ပွင့်သွားမှာပဲ”

ရန်ကျောက်ကဲ အံတစ်ချက်ကြိတ်ရင်း နှမျောတသစွာဖြင့် ပြောလိုက်သည်။

“အဲဒီလိုသာဖွင့်လိုက်နိုင်ရင် ‌နောက်ပိုင်း ဒီထဲကို တစ်ယောက်ယောက်ဝင်လာမယ်ဆိုရင်တောင် သူတို့အတွက် အဆင်ပြေပြီးသားပဲ”

ရန်ကျောက်ကဲက ခပ်စောစောရောက်လာရခြင်း၏ အားသာချက်ကို အလွယ်တကူ စွန့်လွှတ်မည်မဟုတ်ပေ။

သူက စိတ်ထဲမှ ညည်းညူလိုက်ပြီးနောက် လေထဲတွင် အင်းသင်္ကေတများ စတင်ရေးဆွဲလိုက်သည်။

လေထုထဲတွင် စည်းတံဆိပ် တစ်ခုပြီးတစ်ခုထွက်ပေါ်လာပြီး ထိုအရာများက လှပနက်နဲသည့် ကျမ်းစာတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ရန်ကျောက်ကဲက ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကို နော်ကတစ်ကြိမ်ဆင့်ခေါ်လိုက်ပြီး ထိုအရာထက်တွင် တံဆိပ်တုံးခတ်နှိပ်သည့်ပမာ ကျမ်းစာကို ရိုက်နှိပ်လိုက်သည်။

ထို့နောက်မှာတော့ နက်နဲသည့် အင်းသင်္ကေတများက ကောင်းကင်ထက်သို့ ပျံတက်သွားပြီး ကြယ်ရောင်များတောက်ပနေသော ဗလာနယ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။

အချိန်ခဏအတွင်းမှာပင် ကောင်းကင်ထက်မှ ကြယ်စင်ရောင်အလင်းတန်းများ တပြိုင်တည်းတုန်ခါသွားပြီး အပြာရောင်အဖြစ် ပြောင်းလဲသွားသည်။

အလင်းတန်းများ၏ စီးဆင်းမှုအရှိန်အဟုန် နှေးကွေးသွားသော်လည်း လုံးဝ ရပ်တန့်သွားခြင်းမရှိဘဲ အဆက်မပြတ် စီးဆင်းနေဆဲ ဖြစ်၏။ အလင်းတန်းများက စနစ်ကျသည့် ပတ်လမ်းများဖြင့် အခြေခံကျကျ နှေးကွေးစွာ ရွေ့လျားနေကြသည်။

ထို့နောက်မှာတော့ အလင်းတန်းများအတွင်းမှ ‘မသန့်စင်’ မှုများက တဖြည်းဖြည်းကြည်လင်လာပြီး လူသားပုံရိပ်များအဖြစ် ပြောင်းလဲသွားကြသည်။

လူရိပ်များက ဝေဝါးနေဆဲဖြစ်ပြီး မည်သူမည်ဝါဖြစ်ကြောင်း မခွဲခြားနိုင်ပေ။

သို့သော် ပုံရိပ်များ၏လှုပ်ရှားမှုက ပိုမိုရှင်းလင်းကာ အသက်ဝငန်လာသည်။ ထိုပုံရိပ်များက တူညီသောနေရာတွင်မရှိကြဘဲ ကိုယ်ပိုင်လမ်းကြောင်းများ ရှာဖွေနေကြဟန် ရှိ၏။

“ငါ ဒီနေရာနဲ့ သိပ်မရင်းနှီးသေးလို့ပေါ့ကွာ ၊ ငါသာ အချိန်ပေးပြီး သေချာ ဆက်လေ့လာနိုင်မယ်ဆိုရင် ဒီနေရာကို ပိုပြီးကောင်းအောင် ထိန်းချုပ်နိုင်မှာ ၊ အဲဒါဆိုရင် အဖေနဲ့ တခြားသူတွေကို လွယ်လွယ်နဲ့ ဆက်သွယ်လို့ရမှာ ၊ ဒါပေမဲ့ စိတ်မကောင်းစရာက အချိန်မရှိတာပဲ”

ရန်ကျောက်ကဲက နေရာကို ဆက်လက်စောင့်ကြည့်ရင်း တွေးလိုက်သည်။

တစ်ချိန်တည်းမှာပင် တစ်ယောက်ယောက်က သူ့အလုပ်ကို နှောက်ယှက်နေသည်ဟု မသိမသာ ခံစားလိုက်ရပြီး သူသည်လည်း ဤနေရာကို ထပ်မံထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ တားဆီးခံလိုက်ရသည်။

သူ့ကိုတားဆီးလာသူမှာ ဘုံခုနစ်ဆင်းဆေးလုံးကမ္ဘာတွင် ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကိုအသုံးပြုပြီး ထောင်ချောက်ဆင်ခဲ့သူ ဖြစ်နိုင်သည်။

ရန်ကျောက်ကဲ၏ ပုံရိပ်တစ်ချက်လှုပ်ခါသွားပြီး နံဘေးတွင် လူရိပ်တစ်ခုပေါ်လာသည်။

အခြားသူမဟုတ် ၊ ရန်ကျောက်ကဲ၏ “မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား” ပင် ဖြစ်၏။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ကြယ်စင်ကောင်းကင်ကို ခေါင်းမော့ကြည့်လိုက်သည်။

ရန်ကျောက်ကဲက သူ၏ကိုယ်ပွားကို ဤရောတွင်ထားရစ်ခဲ့ပြီး ရန်ကျောက်ကဲက ဆက်လက်ခရီးထွက်ခွာလာခဲ့သည်။

အဂ္ဂိရတ်ခန်းမ၏ စကြာဝဠာအတွင်း ပြောင်းလဲခြင်းဆိုင်ရာ နိယာမများအပြင် လမ်းကြောင်းများနှင့်ပတ်သက်၍လည်း ရန်ကျောက်ကဲက အများစုကို နားလည်ထားပြီး ဖြစ်၏။

ယခု မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို ထိန်းချုပ်ရေးဗဟိုတွင် ထားရစ်ခဲ့ပြီး သူက အမှောင်ထုဖုံးလွှမ်းနေသော နေရာများသို့ စွန့်စားထွက်ခွာလာခဲ့သည်။

ရန်သူက အခြားအရာများနှင့် အလုပ်ရှုပ်နေဟန်ရှိပြီး သူတို့ကိုတားဆီးရန်အတွက် ဝင်ရောက်လုပ်ဆောင်နိုင်ခြင်း မရှိသေးပေ။ ဤသည်မှာ ကောင်းမွန်သည့်အစပြုမှုဟု ဆိုနိုင်သည်။

သို့သော် အခြားတစ်ဖက်တွင်လည်း ထိုရန်သူက သူ၏အလုပ်ကို ပြီးဆုံးအောင်လုပ်မည်ဖြစ်ရာ ၊ ထိုအလုပ်သာ ပြီးမြောက်အောင်မြင်သွားလျှင် ရန်ကျောက်ကဲနှင့် အခြားသူများအားလုံး ဒုက္ခရောက်မည် ဖြစ်၏။

သို့ဖြစ်ရာ ရန်သူ၏အစီအစဉ်ကို လမ်းတစ်ဝက်တွင်တားဆီးခြင်းက သဘာဝအတိုင်း အကောင်းဆုံး ဖြစ်ပေမည်။

ရန်ကျောက်ကဲ တစ်ယောက်တည်း ခဏမျှ လမ်းလျှောက်နေပြီးနောက် ဗလာနယ်အလွှာများကို ဖြတ်ကျော်လာခဲ့သည်။  အတန်ကြာပြီးမှ သူက ခြေလှမ်းများကို အရှိန်လျှော့လိုက်၏။

သူမှတ်မိသလောက် အဂ္ဂိရတ်ခန်းမဆောက်လုပ်ထားသည့် အတွင်းပိုင်းဖွဲ့စည်းပုံကိုအခြေခံကြည့်မည်ဆိုလျှင် အမှောင်ရိပ်လွှမ်းမိုးနေသော ဧရိဘာနှင့် အတော်လေးနီးကပ်လာပြီ ဖြစ်သည်။

သူရောက်နေသည့်နေရာက အရေးပါသည့်နေရာမဟုတ်သလို အရေးပါသည့်အစိတ်အပိုင်းလည်း မဟုတ်ပေ။ ထိုနေရာက အစွန်အဖျားနေရာတစ်ခုဖြစ်ပြီး ဆေးသိုလှောင်ရုံနှင့်အလွန်နီးကပ်သည်။

အရိပ်လွှမ်းခြုံနေသည့်နေရာသို့ရောက်ရှိလာပြီးနောက် ရန်ကျောက်ကဲစိတ်ထဲ အနည်းငယ်တုန်လှုပ်သွားသည်။

“ဒီနေရာကဖိအားက အတော်ပြင်းထန်တာပဲ...”

ဤနေရာတွင် သဏ္ဌန်မရှိသောစွမ်းအားတစ်ခုရှိနေပြီး ရန်ကျောက်ကဲ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရ လှည့်ပတ်မှုကို ဖိနှိပ်ထားသည်။

သက်ရောက်မှုကို ပယ်ဖျက်ရန်အတွက် ရန်ကျောက်ကဲက သူ၏ လေးနက်သောသိုင်းပညာရပ်များကို တိတ်တဆိတ် လှည့်ပတ်လိုက်သည်။

ဤသို့သောနေရာမျိုးတွင် တစ်ယောက်ယောက်နှင့်တိုက်ခိုက်ရမည်ဆိုပါက အပြင်မှာတိုက်ခိုက်ရသည်ထက် ပိုပြီးပင်ပန်းနွမ်းနယ်ကာ စွမ်းအားကုန်ခမ်းလွယ်မည် ဖြစ်သည်။

“ဒီနေရာက ဆေးရနံ့က အရမ်း ရိုးစင်းလွန်းတယ်”

ဆေးရနံ့ကို ရှူရှိုက်လိုက်သည်နှင့် ဤနေရာ၏ ပုံမှန်မဟုတ်သောခံစားချက်က ပိုမိုနက်ရှိုင်းလာသည်။

ရန်ကျောက်ကဲက သဏ္ဌန်မရှိသောစွမ်းအားကို အာရုံခံစားရင်း မည်သည့်တုံ့ပြန်မှုမှ မပြုလုပ်ဘဲ အမှောင်ထုဗလာနယ်ထဲတွင် ဆက်လက်လမ်းလျှောက်လာသည်။

သူက ပတ်ဝန်းကျင် လှုပ်ရှားမှုအခြေအနေများကို သတိထားနေရင်း ရုတ်တရက် ခြေလှမ်းများ ရပ်တန့်လိုက်သည်။

အဘယ်ကြောင့်ဆိုသော ဗလာနယ်ထဲတွင် တံခါးတစ်ချပ် တွေ့ရှိရသောကြောင့်ဖြစ်ပြီး ထိုတံခါးကို အသာဆွဲဖွင့်လိုက်သည်။

ဤအခန်းက ဆေးလုံးများကို သန့်စင်သော ဆိတ်ငြိမ်ခန်း ဖြစ်၏။

တံခါးဖွင့်ပြီးနောက် ရန်ကျောက်ကဲ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။

အထဲတွင် လူတစ်ယောက်ရှိနေလေသည်။

သို့သော် “လူသေတစ်ယောက်” ဖြစ်၏။

ရန်ကျောက်ကဲ၏ ပထမဆုံးတုံ့ပြန်မှုမှာ သူ၏သတိထားခြင်းကို အမြင့်ဆုံးအဆင့် မြှင့်တင်လိုက်ခြင်း ဖြစ်၏။ အခန်း အတွင်းနှင့်အပြင်မှ ရန်သူချဉ်းကပ်လာမည်လား အသင့်အနေအထား စောင့်ဆိုင်းနေလိုက်သည်။

ရန်သူ၏အငွေ့အသက်မရှိသလို ထိုသူမှာလည်း အမှန်တကယ် အသက်မရှိတော့ကြောင်း အတည်ပြုပြီးသည်နှင့် ရန်ကျောက်ကဲ ထိုရုပ်အလောင်းနံဘေးသို့ လျှောက်သွားလိုက်သည်။

ထိုသူက ပိန်ပါးသောခန္ဓာကိုယ်ဖြင့် ချောမောသောရုပ်သွင်ကိုပိုင်ဆိုင်ထားသော အဘိုးအိုတစ်ယောက်ဖြစ်သည်။ အမှန်တကယ်ပင် ကျန်းမာပုံရပြီး အရမ်းလည်း အိုမင်းနေခြင်း မရှိပေ။

မျက်လုံးများမှိတ်ထားသည့် သူ၏အမူအရာက အိပ်ပျော်နေသည့်အလား ထင်မှတ်ရသည်။

ယခင်က ရန်ကျောက်ကဲ ထိုသူကို တွေ့မြင်ဖူးသည်။

ထိုစဉ်အချိန်ကတော့ ထိုသူမည်သူမည်ဝါဖြစ်ကြောင်း ရန်ကျောက်ကဲ မသိရှိဘဲ နောက်ပိုင်းမှ ထိုသူ၏အမည်ကို သိရှိခဲ့ခြင်းပင်။

အထက်ဘုံကမ္ဘာ ၊ ခွန်လွန်တောင် ၊ မြောက်ဖေးတောင်ထွတ်ရှိ ထိုက်ချင်အဆက်အနွယ်ဖြစ်သော ပိုးသားဧကရာဇ် ‘ဖုယွင်ချီ’ ၏ ဂိုဏ်းတူအစ်ကို ဖြစ်သည်။ သူက သိုင်းသူတော်စင် နဝမအဆင့် ၊ အမတကူးပြောင်းခြင်းနှောင်းပိုင်းအဆင့်ဖြစ်ပြီး သူ၏အမည်မှာ “ကွမ်းချင်းဘိုးဘိုး” ‘ရန်ချီ’ ဖြစ်၏။

အရင်ကတော့ သူက အထက်ဘုံကမ္ဘာတွင် နာမည်ကျော်ကြားသူတစ်ယောက် ဖြစ်သည်။

ယခင်အချိန် ဘုံခုနစ်ဆင့်ဆေးလုံးကမ္ဘာတွင် ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုအားရယူရန် ‘ဖုထင်’ တို့အုပ်စုအား ဦးဆောင်လာသူလည်း ဖြစ်၏။ သို့သော် သူက ထောင်ချောက်အတွင်းကျရောက်သွားပြီး သူနှင့်အတူပါလာသည့် အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်နှစ်ယောက် ၊ စန့်ချင်အဆက်အနွယ်မှ တန်ခိုးစွမ်းအားရှင် (၃)ယောက်နှင့်အတူ ပျောက်ကွယ်သွားခဲ့ရသည်။

ယခုတော့ ကြည့်ရသည်မှာ ထို ပျောက်ကွယ်သွားသူများအားလုံး သေဆုံးသွားကြပြီ ဖြစ်ဟန်တူသည်။

ရန်ကျောက်ကဲက ခဏမျှ ဝမ်းနည်းခြင်းအထိမ်းအမှတ်ငြိမ်သက်နေပြီးနောက် ခပ်တိုးတိုးလေသံဖြင့်...

“ခွင့်လွှတ်ပေးစေချင်ပါတယ်”

ပြောပြီးသည်နှင့် သူက လက်တစ်ဖက်ဆန့်ထုတ်ကာ ရန်ချီ၏ လက်ကောက်ဝတ်ပေါ်သို့ တင်လိုက်သည်။

ရန်ချီတွင် သွေးခုန်နှုန်းမရှိတော့သော်လည်း ရန်ကျောက်ကဲ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရကတော့ သူ၏ကိုယ်တွင်းသို့ ဝင်ရောက်သွားနိုင်ဆဲ ဖြစ်၏။

ချက်ချင်းဆိုသလိုပင် ရန်ချီ၏ ခန္ဓာကိုယ်ထဲမှ လျှို့ဝှက်ဆန်းကျယ်သော စွမ်းအားတစ်ခုကို သူ ခံစားလိုက်ရသည်။

ထိုစွမ်းအားက အန္တရယ်မရှိပေ။

သို့သော် ရန်ကျောက်ကဲ ထိုစွမ်းအားနှင့် ထိတွေ့မိသည်နှင့် ထိုအရာက ထိန်းချုပ်နိုင်စွမ်းလုံးဝမရှိတော့ဘဲ ရန်ချီ၏ခန္ဓာကိုယ်တစ်ခုလုံး ပျက်ဆီးသွားတော့မည့်အလား ဖြစ်ရသည်။

ရန်ကျောက်ကဲက ထိတ်လန့်သွားခြင်းမရှိဘဲ ချက်ချင်းပင် ထိုစွမ်းအားကို ဖိနှိပ်ထားလိုက်၏။

“သူ သေသွားတာ အတော်ကြာနေပြီ ၊ ဒါပေမဲ့ သူခန္ဓာကိုယ်က ပုပ်ဆွေးမသွားဘူး ၊ ဒါက သူ့ရဲ့ သိုင်းသူတော်စင် နဝမအဆင့် တန်ခိုးစွမ်းအားကြောင့်မဟုတ်ဘူး ၊ သူခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ဒီ ထူးဆန်းတဲ့စွမ်းအားကြောင့်ပဲ”

ရန်ကျောက်ကဲ တွေးလိုက်သည်။

“မဟုတ်လို့ကတော့ သူ့ခန္ဓာကိုယ်... ပျက်သွားတာကြာပြီ!"

ရုပ်အလောင်းက ပျက်ဆီးခြင်းမရှိသေးပေ။

သို့သော် သူ၏ခန္ဓာကိုယ်ထဲမှ အသွေးအသား ၊ သွေးကြောဆုံချက် ၊ ကလီစာ ၊ ဆံပင်များအားလုံက ကြေမွနေပြီဖြစ်လေရာ ရန်ကျောက်ကဲအရှေ့မှ အဘိုးအိုက သဲရုပ်တုတစ်ခုပမာ ဖြစ်နေပေပြီ။

သူ့ကိုယ်တွင်းမှ ထူးဆန်းသော စွမ်းအားသာ ရှိမနေလျှင် သူ၏ရုပ်အလောင်းက ဖုန်မှုန့်ဖြစ်သွားပေလိမ့်မည်။

ရန်ကျောက်ကဲသာ ထိုစွမ်းအားကို အချိန်မီ မဖိနှိပ်နိုင်ခဲ့ပါက အဘိုးအို၏ရုပ်အလောင်း လုံးဝ ပြိုကျပျက်ဆီးသွားပေလိမ့်မည်။

ထူးဆန်းသည်မှာ...

ထိုစွမ်းအားနှင့် ထိတွေ့မိသည်နှင့် ချက်ချင်းပင် ရေခဲပမာ အေးစက်သည့်ရောင်ဝါကို ရန်ကျောက်ကဲ ထပ်မံခံစားလိုက်ရခြင်းပင် ဖြစ်ပေတော့၏။

All Chapters