မြေကြီးအရည်အသွေး: ရှင်သန်နိုင်စွမ်း +၂၊ မျိုးစိတ်တိုးတက်လာမည့်အခွင့်အရေး +၁ (၃)
Vol. 20 Ch. 287
သူ့အလုပ်ပြီးသောအခါ ဂိမ်းထဲထပ်ဝင်ပြီး မြေကြီးနောက်တစ်အိတ်နှင့် ရှန်းရွှေလက်ဆောင်ဆန်မျိုးစေ့များထုတ်ယူခဲ့သည်။ ထို့နောက် အထူးမြေကြီးအိတ်တစ်ဝက်ကိုပါ အိမ်ဟောင်းဆီပြန်ယူလာခဲ့၏။
ဒီမြေကြီးကို စံအိမ်လူပုံအလယ်ပြန်ယူသွားချင်သည်။
လင်းဖန်နှင့်ကျောက်မိုချင်းက ချင်လင်မြေကြီးအိတ်နှစ်အိတ်နှင့်ပြန်လာသည်ကိုမြင်လျှင် အံ့သြစွာကြည့်နေကြ၏။
''ရှောင်လင်... ဘာတွေလုပ်နေတာလဲ? တောင်ပေါ်မှာ မြေသွားတူးတာလား?''
''ဘာတွေလုပ်ခဲ့တာလဲ? ရွှံ့တွေလည်းပေလို့ပါလား?''


ချင်လင်မှာရှင်းမပြနိုင်သဖြင့် ဇာတ်လမ်းဖန်တီးလိုက်ရသည်_ ''ဒီနေ့ ကျွန်တော်တို့မြေကွက်ထဲသွားခဲ့တာ... လယ်ကွက်ဟောင်းဘေးကမြေကြီးက အရမ်းထူးခြားနေတာ သတိထားမိတယ်... မြက်တွေထူထပ်ပြီး အုံထနေတာ... အဲဒါကြောင့် တစ်ချက်ကြည့်ရအောင်နည်းနည်းတူးလာတယ်''
''အရင်ကကျွန်တော်ရခဲ့တဲ့ဆန်မျိုးစေ့တွေကို ပျိုးထောင်လို့မရသေးဘူးလေ... ဒီမြေကြီးနဲ့စမ်းကြည့်မလို့''
လင်းဖန်ကခေါင်းခါလိုက်ပြီး_ ''နှစ်သစ်မှာ လျှောက်လုပ်ချင်သေးတာလား?''
''ဘာကူပေးရမလဲ?'' ကျောက်မိုချင်းကမေးလိုက်သည်။
သူ့ယောက်ျားဒီလိုဒုက္ခခံနေတာ တစ်ခုခုလှုပ်ရှားနေမှန်းသူမသိသည်။ ဘာပဲဖြစ်ဖြစ် စံအိမ်ထဲကအတော်များများ သူ့ကြောင့်ဖြစ်လာတာလေ။
ချင်လင်ကခေါင်းညိမ့်ပြီး ကျောက်မိုချင်းကိုမှာလိုက်သည်_ ''ကိုယ့်ကို ပန်းကန်လုံးသေးသေးရှာပြီး ရေနဲ့ဆေးရည်ထည့်ပေးပါဦး... ကိုယ်မျိုးစေ့စိမ်ချင်လို့... ဆေးရည်က ဦးလေးရွှေ့ကန်းကိုမေးလိုက်... သူ့မှာရှိလိမ့်မယ်''
သူကရှန်းရွှေလက်ဆောင်ဆန်ကိုစိမ်ကာ ပိုးသတ်ပြီးမှအညှောင့်ဖောက်မည်။
သာမန်ဆန်မျိုးစေ့များမှာ အပင်ပေါက်ရန်အတွက် ပတ်ဝန်းကျင်အပူချိန်မြင့်မားဖို့လိုသည်။ သို့သော် ဂိမ်းမှထုတ်သောရှန်းရွှေလက်ဆောင်ဆန်မျိုးစေ့မှာ ရာသီဥတုနှင့်အပူချိန်သက်ရောက်မှုမရှိသဖြင့် အပူချိန်ထိန်းချုပ်ရန်သိပ်မလိုပေ။
''ဟုတ်ပြီ!'' ကျောက်မိုချင်းကခေါင်းညိမ့်ပြီး မီးဖိုချောင်ထဲဝင်ကာပြင်ဆင်လိုက်သည်။
ချင်လင်က အထူးမြေကြီးနှစ်အိတ်ကိုချပြီးနောက် ပေါက်ပြားနှင့်ရေပုံးကိုင်ကာ အိမ်ဟောင်းအနောက်ဘက်သွား၍ မြေတူးပြီးရေလောင်းလိုက်သည်။ နောက်ဆုံး ဂိမ်းထဲမှအထူးမြေကြီးနည်းနည်းထည့်ကာနှံ့အောင်မွှေပြီး လယ်ကွက်ပုံစံဖန်တီးလိုက်၏။
သူအလုပ်ပြီးသောအခါ ကျောက်မိုချင်းမှာ သူ့အတွက်ပြင်ဆင်ထားပြီးဖြစ်သည်။ သူလည်း ရှန်းရွှေလက်ဆောင်ဆန်မျိုးစေ့ထုတ်ပြီး ပိုးသတ်လိုက်၏။
၆ နာရီအတွင်း စိုက်ပျိုးနိုင်သည်။
နေ့လယ်ပိုင်းတွင် ချင်လင်က ရှန်းရွှေလက်ဆောင်ဆန်မျိုးစေ့ထုတ်ပြီး ရေပုံးထဲမြေကြီးထည့်ကာစိုက်လိုက်၏။


သာမန်အခြေအနေတွင် စပါးမျိုးစေ့များမှာ နှစ်ရက်မှလေးရက်အတွင်း အပင်ပေါက်နိုင်သည်။
နောက်ပြီး သူစောင့်ရုံသာရှိတော့၏။
ညပိုင်းနှစ်သစ်ပွဲတော်ချိန်တွင် အိမ်အားလုံးမှာ မီးထွန်းထားကြသည်။ ချင်လင်နှင့်ချင်ရန်မိသားစုလည်းစုဝေးနေကြ၏။
ညစာစားပြီးနောက် ချင်ရန်က ချင်လင်နှင့်ကျောက်မိုချင်းကိုဖဲကစားရန်ဆွဲခေါ်လာသည်။ ပုံမှန် ၄ ယောက်ဝိုင်းဖြစ်၏။ သူနှင့်ကျောက်မိုချင်းကတစ်ဖက်၊ ချင်ရန်နှင့်လျောင်လီကတစ်ဖက်။ နှစ်ယောက်နှစ်ယောက်စုံတွဲဂိမ်းနှင့်တူသည်။
သူတို့ဘေးတွင် သူ့အမေနှင့်အန်တီရွှေ့ကန်းက စကားလက်ဆုံကျနေပြီး တစ်ယောက်ချွေးမကိုတစ်ယောက်က ချီးကျူးနေကြ၏။ နွေဦးပွဲတော်ကာလကိုကြည့်ရင်းပြုံးရွှင်နေကြသည်။ ထို့နောက် သူတို့နှစ်ဦးက နွေဦးပွဲတော်ကာလကို အရင်လောက်မကောင်းတော့ကြောင်းပြောဆိုနေကြပြန်သည်။
မိသားစုနှစ်စုမှာ ညသန်းခေါင်မတိုင်ခင်အထိ ကိုယ့်အခန်းကိုယ်မပြန်ကြ။
နောက်တစ်နေ့မှာ နှစ်သစ်၏ပထမဆုံးရက်ဖြစ်သည်။ ပူဇော်ပွဲတသီကြီးကျင်းပပြီးနောက် ရွာထဲရှိမိသားစုများစုဝေးပြီး အချင်းချင်းစကားစမြည်ပြောချိန်လည်းဖြစ်နေသည်။
ဒီနှစ်ချင်လင်က သူ့အမေနှင့်ကျောက်မိုချင်းကို ပူဇော်ပွဲကျင်းပရန် ဘိုးဘေးခန်းမဆီခေါ်လာရာ တမူထူးခြားနေသည်ဟုခံစားရ၏။
အားကျသော၊ မနာလိုသော အကြည့်များနှင့်။
လက်တွေ့ကျကျဆိုရလျှင် တစ်ချိန်က သူတို့မိသားစုကိုကဲ့ရဲ့ရှုတ်ချခဲ့သူများလည်း အရင်ကဘာမှမဖြစ်ခဲ့သလို ရှေ့ထွက်လာပြီး လှိုက်လှိုက်လှဲလှဲနှုတ်ဆက်နေကြသည်။
ဖြစ်ချင်တော့ သူ့မှာတခြားအရည်အချင်းမရှိသော်လည်း အတိတ်ကိုမှတ်မိနိုင်စွမ်းက ဝိုးတိုးဝါးတားမဟုတ်။ အပေါ်ယံတွင် တစ်ဖက်လူကိုပြုံးပြသော်လည်း သူ့စိတ်ထဲမှာ ဒီလိုလူမျိုးကဘာမှအရေးမပါ။
တစ်ဖက်တွင် သူတို့အများစုမှာ နည်းနည်းရှက်နေကြဆဲပင်။ အရှက်မရှိဘဲလာနှုတ်ဆက်မည်မဟုတ်သောကြောင့် ဆိုးဆိုးဝါးဝါးတုံ့ပြန်ရန် ဟန်ဆောင်ပြုံးလည်းပြုံးစရာမလိုချေ။
နှစ်သစ်၏ပထမဆုံးနေ့ပူဇော်ပွဲအပြီးတွင် အဝေးမှအပြေးတပိုင်းပြန်လာသောရွာသားများမှာ သုတ်သုတ်သုတ်သုတ်နှင့် ရွာမှပြန်ထွက်ကြရသည်။ အသက်ဝင်နေသောရွာလေးမှာ တဖန်တိတ်ဆိတ်သွားပြန်သည်။
ချင်လင်နှင့်ချင်ရန်က သူတို့ပူဇော်ပွဲအပြီးတွင် နေ့လယ်ရောက်နေပြီ။ သူတို့လည်း ရုံချန်းစီရင်စုကိုပြန်ဖို့စီစဉ်ကြရသည်။
ချင်လင်က ဂိမ်းထဲမှထုတ်လာသောအထူးမြေကြီးကို ကားပေါ်တင်လိုက်၏။ ရှန်းရွှေလက်ဆောင်ဆန်မျိုးစေ့စိုက်ထားသောရေပုံးကိုသယ်လိုက်သောအခါ သူ့မျက်နှာမှာချက်ချင်းအံ့သြရိပ်သမ်းသွားသည်။
မြန်လှချည်လား?