ဒီစပါးမျိုးစေ့က ဒီမှာဘယ်လိုလုပ်ထွက်လာတာလဲ?
Vol. 20 Ch. 288
ချင်လင်မှာ အနည်းနှင့်အများဆိုသလိုစိတ်လှုပ်ရှားနေသည်။ အောင်အောင်မြင်မြင်မစိုက်ပျိုးနိုင်ခဲ့သောရှန်းရွှေလက်ဆောင်ဆန်မျိုးစေ့က အပင်ပေါက်လာပြီတဲ့။
အညှောင့်လေးနှစ်ခုပဲဆိုရင်တောင် သတ္တုတွင်းကတူးရတဲ့ သီးနှံများရှင်သန်နိုင်စွမ်း +၂၊ မျိုးစိတ်တိုးတက်နိုင်စွမ်း +၁ ရှိတဲ့မြေကြီးက ရှန်းရွှေလက်ဆောင်ဆန်မျိုးစေ့အတွက် တကယ်အာနိသင်ရှိတာပင်။
နောက်ပြီး ပုံမှန်ဆို စပါးမျိုးစေ့အပင်ပေါက်ဖို့က နှစ်ရက်မှလေးရက်ကြာတတ်သည်။ အနည်းဆုံးတော့ အပင်ပေါက်ဖို့နှစ်ရက်အချိန်ယူရမည်။
ဒီမျိုးစေ့က မနေ့ကမှစိုက်ထားတာ။ ဒါပေမဲ့ တစ်ရက်အတွင်းအပင်ပေါက်လာပြီတဲ့။
ဂိမ်းမျိုးစေ့ကိုကအပင်ပေါက်ဖို့မြန်တာလား၊ ဒါမှမဟုတ် မျိုးစိတ်တိုးတက်နိုင်စွမ်း +၁ အရည်အသွေးရဲ့ထိရောက်မှုလား သူသိချင်မိသည်။
သို့သော် သေချာတာတစ်ခုက ချင်လင်တောင့်တနေတဲ့လက်ဆောင်ဆန်က နောက်ဆုံးတော့ ပေါ်ထွက်လာမယ့်အခွင့်အရေးရှိပြီ။
ရေပုံးထဲတွင် မျိုးစေ့အပင်ပေါက်နှစ်ညှောင့်သာရှိပြီး ရှင်သန်နိုင်စွမ်းနည်းသေးသော်လည်း ထိုနှစ်ညှောင့်မှာရှင်သန်နေပြီး ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေရှိနေသည်။
ဒါဆိုရင် သူတို့ပျိုးထောင်ထားတဲ့မျိုးစေ့နဲ့ ရုံချန်းစီရင်စုမြေနေရာပတ်ဝန်းကျင်လုံးဝအလိုက်သင့်ဖြစ်အောင် သူလုပ်နိုင်မည်။
နောက်ထပ်ရှန်းရွှေလက်ဆောင်ဆန်မျိုးစေ့များအပင်ဖောက်ပြီး အသုတ်လိုက်ပျိုးထောင်နိုင်ဖို့ အထူးမြေကြီးလည်း သူ့မှာရှိသေးသည်။
အဲဒီအချိန်ကျရင် ဂိမ်းထဲကရှန်းရွှေလက်ဆောင်ဆန်ကို သူလိုချင်သလောက်ထုတ်ယူနိုင်ပြီ။


အဓိကအကျဆုံးမှာ သူ့ရှန်းရွှေလက်ဆောင်ဆန်က ရှန်းရွှေဘက်မှဆန်ထက် အရည်အသွေးပိုမြင့်ပြီးပိုကောင်းသည်။
အချိန်ကျရင် အားလုံးပါးစပ်အဟောင်းသားဖြစ်သွားလိမ့်မယ် ဟုတ်တယ်မလား?
အထူးသဖြင့် ရှန်းရွှေပေါ့။
ချင်လင်မှာ စမ်းကြည့်ဖို့စိတ်စောနေ၏။
သူကရေပုံးကိုကားဆီသယ်လာပြီး ကားထဲထည့်၊ ကားပေါ်တက်ကာ ရုံချန်းစီရင်စုကို ချင်ရန်နှင့်အတူပြန်မောင်းလာခဲ့သည်။
ရုံချန်းစီရင်စုပြန်ရောက်သောအခါ ညနေရောက်နေပြီ။ ချင်လင်က သူ့အမေနှင့်ကျောက်မိုချင်းကိုအိမ်ပြန်ပို့ပြီး စံအိမ်ကိုလောလောလောလောနှင့်မောင်းလာခဲ့သည်။
ရှန်းရွှေလက်ဆောင်ဆန်မျိုးစေ့ကိုစိမ်ပြီး ပိုးသတ်မည်။ ဒါမှမနက်ဖြန်မနက်စောစောစံအိမ်လာပြီး လယ်ကွက်အတုကိုအထူးမြေကြီးနှင့်ပြုပြင်ကာ ရှန်းရွှေလက်ဆောင်ဆန်မျိုးစေ့စိုက်နိုင်မည်။
ကားပါကင်တွင် ကားထိုးပြီးနောက် တံခါးဝတွင်လုံခြုံရေးတာဝန်ကျနေသောအစောင့်ကထွက်လာပြီး ရိုရိုသေသေနှုတ်ဆက်သည်_ ''သူဌေး!''
ချင်လင်ကမေးလိုက်၏_ ''စံအိမ်မှာ တစ်ခုခုဖြစ်သေးလား?''
လုံခြုံရေးအစောင့်က ချက်ချင်းပင်_ ''စိတ်မပူပါနဲ့ သူဌေး... စံအိမ်မှာ အားလုံးပုံမှန်ပါပဲ''
''ဟုတ်ပြီ!'' ချင်လင်ကခေါင်းညိမ့်ပြီး ကားထဲမှအထူးမြေကြီးနှင့်ရေပုံးထုတ်ကာ စံအိမ်ထဲဝင်ပြီး မူလခန်းမဆီဦးတည်သွားလိုက်သည်။
ပစ္စည်းများချပြီးနောက် ကောင်တာမှဆေးရည်ယူကာ အရင်ဂိမ်းထဲမှထုတ်လာသောရှန်းရွှေလက်ဆောင်ဆန်မျိုးစေ့တစ်သုတ်ကိုစိမ်လိုက်၏။
ထို့နောက် ဖရဲမျိုးစေ့များပျိုးထောင်ထားသော အစိမ်းရောင်မှန်လုံအိမ်ဆီ လျှောက်သွားလိုက်သည်။
အစိမ်းရောင်မှန်လုံအိမ်ထဲတွင် ဖရဲနွယ်ပင်များအကြား ဖရဲသီးကြီးများကိုတွေ့နိုင်သည်။
ဒီနှုန်းအတိုင်းဆို ထင်မထားတာတွေဖြစ်မလာရင် မြေဧက ၅၀၀ စာချုပ်ထပ်ချုပ်ပြီးတဲ့အခါ ဂိမ်းကထုတ်တဲ့ဖရဲသီးပထမအသုတ်စိုက်ဖို့ မျိုးစေ့တွေရလာမည်။
အရည်အသွေး ၂ မျိုးစေ့ထွက်မထွက် သိချင်မိသည်။ ပျိုးထောင်ထားသောအရည်အသွေး ၂ မျိုးစေ့မှာ ဂိမ်းမှထုတ်သောအရည်အသွေး ၂ နှင့်မတူ။ မြေအစစ်နှင့်အလိုက်သင့်ဖြစ်ပြီးသား အရည်အသွေး ၂ ဖြစ်သည်။ သို့ဖြစ်၍ စိုက်ပျိုးသောဖရဲသီးမှာလည်း အရည်အသွေး ၂ ရှိပြီး လျော့ကျသွားမည်မဟုတ်ချေ။
ဒါကမျှော်လင့်စောင့်စားစရာပင်။
ထို့နောက်ချင်လင်က နှစ် ၅၀၀ ဂင်ဂိုပင်နှစ်ပင်ဆီလျှောက်သွားပြီး အခြေအနေတစ်ချက်ကြည့်လိုက်သည်။


အနားရောက်လေလေ အံ့အားသင့်ရလေလေပင်။
နှစ်သစ်မရောက်ခင်ကြည့်ခဲ့တုန်းက ဒီဂင်ဂိုပင်နှစ်ပင်မှာ အညွန့်ပြန်ထွက်ရုံသာရှိသေးသည်။ နှစ်သစ်ရောက်ပြီးတော့ သစ်ပင်နှစ်ပင်၏ကိုင်းများမှာ ရှည်ထွက်နေလေပြီ။
အရင်အညွန့်ထွက်ခါစအရွက်များမှာ အရိပ်ပင်ကျနေပြီဖြစ်ပြီး အုံ့အုံ့ဆိုင်းဆိုင်းပင်။ နောက်သိပ်မကြာခင် ဒီဂင်ဂိုပင်နှစ်ပင်က စိမ်းလန်းစိုပြေလာနိုင်သည်။
ဒီကြီးထွားနှုန်းက လုံးဝပုံမှန်မဟုတ်။
မနက်ဖြန်အလုပ်ပြန်ဆင်းတဲ့အခါ ဆရာလင်းအား ဒီဂင်ဂိုပင်နှစ်ပင်ကိုဘယ်လိုပြုစုခဲ့တဲ့အကြောင်း၊ ဘယ်နည်းလမ်းတွေ ဘာကုန်ကြမ်းတွေသုံးခဲ့တယ်ဆိုတဲ့အကြောင်း ရေးခိုင်းရမည်။
ဒီကြီးထွားနှုန်းက ဒါနှင့်ဆိုင်ရမည်။ ဒါဆရာလင်းကြောင့်။ သံသာပင်ကြောင့်မဟုတ်။
ချင်လင်က ဆရာလင်း၏အစီအစဉ်ကိုပုံချဖို့တွေးလိုက်ပြီး မူလခန်းမဆီပြန်လာခဲ့သည်။ ခြံဝင်းထဲရောက်ရောက်ချင်း ရန်သုံ့အသံကိုကြားရ၏_ ''ကျန်းကွေ့ကျူ... မနေ့ကကိုယ်တင်ထားတဲ့အမှတ်တရတွေကိုသဘောကျလား?''
ကျန်းကွေ့ကျူက ကောင်တာပေါ်တွင်ရှဉ့်မွေးဖြီးပေးနေရင်း အလိုက်သင့်ဖြေလိုက်သည်_ ''ကျွန်မက ဒီလိုပဲနှိပ်လိုက်တာ''
ရန်သုံ့က ချက်ချင်းပင်_ ''မင်းကဒီလိုပဲလုပ်လိုက်တာဆိုပေမဲ့ ကိုယ်ကတော့ မင်း like ပေးတယ်ဆိုပြီး ပျော်လိုက်ရတာ''
ကျန်းကွေ့ကျူက ရန်သုံ့ကိုစနိုးစနောင့်ကြည့်ရင်း_ ''ဒါဆိုရင် Like ကိုအခုချက်ချင်းပြန်ဖြုတ်လိုက်မယ်''
ချင်လင်မှာ ရန်သုံ့၏အီစီကလီစကားများကိုနားထောင်ပြီး နည်းနည်းမတင်မကျဖြစ်သွားသည်။ ဒီနေ့ခေတ်ကြီးထဲမှာ မိန်းကလေးတွေကို စကားချိုချိုလေးတွေလိုက်ပြောတဲ့ယောက်ျားတွေရှိသေးလို့လား?
ဒီနည်းက ဒိတ်အောက်နေပြီ။
သူဌေးတစ်ယောက်အနေနှင့် အသိစိတ်ရှိရှိတခြားဘက်မှရှောင်သွားပြီး တစ်ကိုယ်တည်းသမားနှစ်ယောက်ကိုမနှောင့်ယှက်တော့ပေ။
စံအိမ်မှပြန်ထွက်လာသောအခါ မှောင်နေပြီဖြစ်၍အိမ်ပြန်လာခဲ့သည်။ လင်းဖန်နှင့်ကျောက်မိုချင်းက ညစာပြင်ထားသည်။
ညစာစားပြီးသည်နှင့် ကျောက်မိုချင်းကိုအခန်းထဲဆွဲခေါ်လာခဲ့၏။ တံခါးလော့ချပြီး သူ့လက်ညိုးကိုကျောက်မိုချင်းနှုတ်ခမ်းပေါ်တင်ကာ_ ''ဒီညတော့ မင်းကတိတည်ရမယ်''
''ရှင်ကျွန်မကို ဒီလောက်တောင်အနိုင်ကျင့်ချင်နေတာလား?'' ကျောက်မိုချင်းကနီရဲနေသောမျက်နှာနှင့်ပြန်ကြည့်လိုက်သည်။ ဒီလိုလှည့်စားတာပထမဆုံးအကြိမ်ဖြစ်၍ ပြင်းပြင်းထန်ထန်သာခြောက်လှန့်လိုက်ရ၏_ ''သတိထားနော်... ရှင့်ကိုတကယ်ကိုက်မှာ''
''မင်းခံနိုင်မယ်မထင်ပါဘူးကွာ'' ချင်လင်က ပိုင်ပိုင်နိုင်နိုင်ပြုံးလိုက်သည်။
…
နောက်တစ်နေ့မှာ နှစ်သစ်၏ဒုတိယနေ့ဖြစ်သည်။ လွန်ခဲ့သောလေးငါးနှစ်က ယောက္ခမဆီသွားပြီး ထမင်းစားကြသောနေ့ဖြစ်သည်။ အခုတော့ အလုပ်လုပ်ရမည့်နေ့ဖြစ်လာပြီ။
ရုံချန်းစီရင်စုမှာ တဖန်အသက်ဝင်လာပြန်သည်။ မနက်စောစောတွင် လမ်းပေါ်ရှိဆိုင်များပြန်ဖွင့်ထားကြပြီ။
ချင်းလင်စံအိမ်လည်း ဒီနေ့ပြန်ဖွင့်ပြီ။
ချင်လင်မှာ မနေ့ညကကျောက်မိုချင်း၏ဝန်ဆောင်မှုကိုသဘောကျနှစ်ခြိုက်သော်လည်း မနက်စောစောထလာရသည်။ သူကနိုးနေပြီဖြစ်သောကျောက်မိုချင်းကို စပ်ဖြဲဖြဲနှင့်ကြည့်ရင်း_ ''ကိုယ်သိပါတယ်... မင်းမခံနိုင်ဘူးလို့... ဒါကိုယ်တို့ရဲ့ပထမဆုံးအကြိမ်... နောက်တစ်ကြိမ်...''