← Chapters

ဒီစပါးမျိုးစေ့က ဒီမှာဘယ်လိုလုပ်ထွက်လာတာလဲ? ၂

Vol. 20 Ch. 289

ဒီစပါးမျိုးစေ့က ဒီမှာဘယ်လိုလုပ်ထွက်လာတာလဲ? ၂

Vol. 20 Ch. 289

သူ့စကားမဆုံးသေးခင် ကျောက်မိုချင်းကရှက်ရှက်နှင့်ကန်လိုက်သည်။

ချင်လင်က ဂုဏ်ယူပုံနှင့်ပြုံးလိုက်၏။ ကျောက်မိုချင်း၏လက်ရှိပုံစံမှာ ဆွဲဆောင်နိုင်သလောက်ဆွဲဆောင်နေသည်။ အရင်အချစ်မှာအတွေ့အကြုံမရှိသေးပုံနှင့်ယှဉ်လျှင် အခုဆွဲဆောင်မှုရှိသောပုံစံလေးကိုပိုနှစ်သက်ဆဲပင်။

အရင်ခေတ်ဝန်ကြီးချုပ်ကို သူနားလည်သွားပြီထင်သည်။

ကျောက်မိုချင်းလည်း ချက်ချင်းအိပ်ရာထလိုက်၏။ ဒီနေ့စံအိမ်ပြန်ဖွင့်ပြီဖြစ်၍ ဝန်ထမ်းများပြန်လာတော့မည်။ သူမသွားပြီး ဝန်ထမ်းများကိုမနက်ပိုင်းအစည်းအဝေးခေါ်ရမည်။

တချို့အရာများပြန်လည်စီစဉ်ထားရမည်။

ချင်လင်လည်းအိပ်ရာထပြီး မနက်စာစားပြီးလျှင် ဂိုဒေါင်ဆီသွားလိုက်သည်။

စံအိမ်ကပြန်ဖွင့်ပြီ။ ဂိမ်းထဲမှပစ္စည်းများ စံအိမ်ပြန်ရွှေ့ရသည့်နေ့ရက်များပြန်စရတော့မည်။

ပစ္စည်းများကိုစံအိမ်ပို့ပြီးနောက် စံအိမ်မှာအလုပ်ရှုပ်နေလေပြီ။ တဖန်ပြန်ဖွင့်ပြီဖြစ်၍ ဝန်ထမ်းများမှာ အတော်များများပြင်ဆင်ထားရမည်။





ဖုန်းဆက်ပြီးသိပ်မကြာမီ ချန်တပေက ပစ္စည်းများရွှေ့ရန်လူခေါ်လာသည်။

''သူဌေး'' ချန်တပေက ချင်လင်ဆီအပြေးလျှောက်လာသည်။

နှစ်သစ်ပြီးပြန်ရောက်လာမှ သူပိုပြီးအရောင်ထွက်လာမှန်းသိသာသည်။ အရင်ထက်ပိုပြီး လန်းလန်းဆန်းဆန်းရှိနေ၏။

ဘာပဲဖြစ်​ဖြစ် ဒီနှစ်အိမ်အပြန်မှာ မတူခြားနားသောနှစ်တစ်နှစ်ဖြစ်ခဲ့သည်။ အရင်က လုံခြုံရေးအစောင့်တစ်ဦးအဖြစ်အလုပ်လုပ်ခဲ့ပြီး တစ်လယွမ် ၃၀၀၀ ခန့်သာရ၏။ သူ့ဇနီးကသူ့ကိုလူညံ့ဟုထင်ရုံသာမက အိမ်နီးချင်းများကလည်း လုံခြုံရေးအစောင့်လေးဟူ၍အထင်သေးခြင်းကိုခံခဲ့ရသည်။

သို့သော် ဒီနှစ်တော့ အခြေခံလစာနှင့်ကော်မရှင်ခအပြင် သူဌေးဆီမှအထူးဆုကြေးလည်းရသေး၏။ သူ့လစာမှာ ချက်ချင်းယွမ် ၁၂၀၀၀ ကျော်သွားသည်။ ရုံချန်းစီရင်စုမှာ ဒီလိုလစာရတဲ့သူဘယ်လောက်များများရှိလို့လဲ?

နောက်ပြီး အခုသူကချင်းလင်စံအိမ်မှာ လုံခြုံရေးခေါင်းဆောင်။ ချင်းလင်စံအိမ်ကိုမသိတဲ့သူရောရှိလို့လား?

နှစ်သစ်မှာ သူ့ဇနီးကသူ့ကိုအလေးထားရုံသာမက ညဘက်အိပ်ရာထဲချစ်ရည်လူးကြသောအခါ ကိုကြီးပေဟုလည်းခေါ်သေးသည်။

နှစ်သစ်က သူ့ကိုအားဖြစ်စေ၏။

ဒါတွေအားလုံး ဘယ်သူဖန်တီးပေးထားတာလဲ သူသိတာပေါ့။ ဒီနှစ်သူ့သူဌေးအတွက် သူအလုပ်ကြိုးစားရမည်။

''ပစ္စည်းတွေအထဲရွှေ့လိုက်ပါ!'' ချင်လင်က ထိုကိစ္စကိုချန်တပေနှင့်လွှဲထားခဲ့ပြီး မူလခန်းမအနောက်ဘက်ခြံဝင်းထဲတန်းသွားလိုက်သည်။

အရင်ဆုံး အိမ်ဟောင်းမှပြန်ယူလာခဲ့သောရေပုံးကိုကြည့်လိုက်သည်။ အထဲမှာအညှောင့်လေးနှစ်ညှောင့်သာရှိနေဆဲ။

တစ်နည်းဆိုရရင် ထိုမျိုးစေ့နှစ်စေ့မှလွဲ၍ တခြားအစေ့များမအောင်။ စနစ်ကထုတ်ထားတဲ့အထူးမြေကြီးနှင့်ဆိုရင်တောင် ရှန်းရွှေလက်ဆောင်ဆန်မျိုးစေ့ရှင်သန်နှုန်းမှာ အားနည်းနေဆဲပင်။ တခြားဘယ်နေရာမှမစိုက်နိုင်တာ မထူးဆန်းတော့။

ထို့နောက် ချင်လင်ကဂိမ်းထဲမှထုတ်လာသောအထူးမြေကြီးနှင့်ပေါက်ပြားယူပြီး လယ်ကွက်ပုံစံလုပ်ထားသောမြေကိုစတင်ပြုပြင်တော့သည်။

အရင်ဆုံး မူလလယ်ကွက်မြေကို ပေါက်ပြားနှင့်ဆွပြီးဖွလိုက်သည်။ ထို့နောက် အရင်တစ်ဝက်သုံးထားသောအထူးမြေကြီးအိတ်ကိုယူပြီး လယ်ကွက်ထဲအညီအမျှဖြန့်ကာ နှံ့အောင်မွှေလိုက်သည်။

သည်လိုနှင့် ရှန်းရွှေလက်ဆောင်ဆန်မျိုးစေ့တွေစိုက်နိုင်မည်။ မနေ့ကပိုးသတ်ရန်စိမ်ထားသောမျိုးစေ့များကိုထုတ်ပြီးစိုက်မည်။ မနက်ဖြန်မျိုးစေ့ဘယ်လောက်များများအပင်ပေါက်လာမလဲစောင့်ကြည့်မည်။

ရှန်းရွှေလက်ဆောင်ဆန်မျိုးစေ့များချပြီးလျှင် အလုပ်ပြန်ဝင်လာသောဆရာလင်းမှာ အပြေးတပိုင်းရောက်လာပြီး_ ''သူဌေး... ကျုပ်နဲ့လိုက်ပြီး နှစ် ၅၀၀ ဂင်ဂိုပင်နှစ်ပင်ကိုလိုက်ကြည့်ပါဦး''

ဆရာလင်းဖြစ်နေပုံကိုကြည့်ရင်း ချင်လင်ကအကြောင်းရင်းကိုတွေးမိသည်။ ဂင်ဂိုပင်နှစ်ပင်ပုံမှန်မဟုတ်တာ သူလည်းတွေ့သွားပြီထင်သည်။





သူကမသိချင်ယောင်ဆောင်ပြီး ဆရာလင်းနောက်လိုက်၍ နှစ် ၅၀၀ ဂင်ဂိုပင်နှစ်ပင်ဆီရောက်သွား၏။

ဆရာလင်းက အံသြပုံနှင့်_ ''သူဌေး... ဒီအပင်နှစ်ပင်ရဲ့အရွက်တွေထွက်တာ အရမ်းမြန်တယ်... နှစ်သစ်မတိုင်ခင်ကမှ အညွန့်ထွက်တာ... အခုဒီလောက်တောင်ဖြစ်သွားပြီ''

ချင်လင်ကချက်ချင်းအံ့သြချင်ယောင်ဆောင်လိုက်ပြီး_ ''ဆရာလင်း... ခင်ဗျားတကယ်အံ့သြဖို့ကောင်းတာပဲ... ဘယ်လိုလုပ်လိုက်တာလဲ? မဟုတ်မှ ဒီအပင်နှစ်ပင်ကိုကယ်ဖို့အထူးနည်းလမ်းတွေဘာတွေသုံးလိုက်သေးလား?''

''ဘယ်လို?'' ဆရာလင်းကြောင်သွားသည်။

သူလည်းမသိ။

''ဆရာလင်း... သေချာစဉ်းစားကြည့်ပါဦး... အချိန်ကျရင် ခင်ဗျားဒီအပင်ကိုဘယ်လိုကယ်ခဲ့တယ်ဆိုတာ ကျောက်ပြားပေါ်မှာစာရေးထားမယ်'' ချင်လင်က ဆရာလင်းမတုံ့ပြန်နိုင်ခင် လမ်းလျှောက်ထွက်လာပြီး_ ''အခုကျောက်ပြားသွားသယ်ခိုင်းလိုက်မယ်... ကြည့်ရှုတဲ့နေရာလုပ်ဖို့ ပတ်ပတ်လည်နံရံလည်းဆောက်ခိုင်းရမယ်... လီရှစ်မင်စိုက်ခဲ့တဲ့ ဂင်ဂိုပင်ရှုခင်းလိုပေါ့''

ဆရာလင်းက ချင်လင်ထွက်သွားသည်ကိုကြည့်ရင်း သူအတွေးထဲမျောဝင်သွားသည်_ ''ငါဘာနည်းလမ်းတွေသုံးခဲ့တာလဲ? နွားချေးနဲ့မြေသြဇာကိုရောမွှေပြီး အပင်ကိုအားဖြည့်ပေးခဲ့လို့များလား?''

ဂင်ဂိုပင်မှာ အမှန်ပင်မြန်မြန်ဆန်ဆန်ကြီးထွားနေ၏။ ဒီနေ့ကြည့်ရတာ မနေ့ကထက်ပိုပြီး အရွက်တွေဝေနေသည်။ ဒီမှာအကာအရံတွေဆောက်တော့မည်။ ကျောက်စာတင်မည့်ဇာတ်လမ်းလည်းရှိလာမည်။ ဒါဆရာလင်းအတွက်ရွှေအိုးကြီးပင်။

ဒီလိုအလုပ်လေးကရိုးရှင်းသည်။ ရေပေါ်တံတားဆောက်သောအဖွဲ့ကို လက်လွှဲပေးလိုက်ရုံပင်။ ထိုကုမ္ပဏီမှဆောက်သော ရှေးဟောင်းရေပေါ်တံတားနှင့်ရေပေါ်မျှော်စင်မှာ လက်ရာအလွန်ကောင်းသည်။ ကွမ်ရင်ကျန်းဘုရားကျောင်းအခြေခံထားသော ခေတ်ဟောင်းခြံဝင်းတစ်ဝင်းဆောက်ဖို့ လုံးဝမခက်ချေ။

သူ့ရုံခန်းထဲပြန်ရောက်သောအခါ စံအိမ်ထဲတွင်ခရီးသည်များရောက်နေပြီဖြစ်ကြောင်းတွေ့ရသည်။

ဒီအချိန်ရောက်တာ အားလုံးရုံချန်းစီရင်စုဒေသခံများဖြစ်မည်။ နှစ်သစ်၏ဒုတိယမြောက်နေ့တွင် စံအိမ်ခရီးသည်အရေအတွက်မှာ သာမန်အချိန်လိုများမည်မဟုတ်ပေ။

နောက်လေးငါးရက်ကြာမှ နိုင်ငံခြားခရီးသည်များဖြည်းဖြည်းချင်းရောက်လာမည်။

ညနေပိုင်း၌_

ချင်လင်နှင့်ကျောက်မိုချင်းက ကျောက်မိုသားစုအိမ်သွားပြီးညစာစားကြသည်။ နှစ်သစ်၏ဒုတိယမြောက်နေ့ဖြစ်သော်လည်း ယောက္ခမအိမ်မှာထမင်းစားရသောဓလေ့ကိုဆက်လက်ထိန်းသိမ်းထား၏။

ယောက္ခမဖြစ်သောလင်းဖန်ကိုလည်း ဖိတ်ထားသည်ပေါ့။

ချန်ရှောက်က သူ့သားမက်နှင့်သမီးရောက်လာမည်ကိုသိသည်။ သူမ၏မိတ်​ဆွေကောင်းခမည်းခမက်လည်း တစ်ယောက်တည်းဖြစ်နေမည်စိုး၍ သူ့ကိုပါဖိတ်လိုက်၏။ လူများလေ ပိုပျော်စရာကောင်းလေပင်။

နောက်တစ်နေ့တွင် ပစ္စည်းများပို့ပြီးနောက် ချင်လင်က လယ်ကွက်ပုံစံငယ်ထဲချက်ချင်းသွားလိုက်သည်။

လယ်ကွက်ထဲမရောက်သေးခင် အထဲမှမြကျောက်လိုအညှောင့်စိမ်းစိမ်းလေးများ ကျိုးတိုးကျဲတဲထွက်နေသည်ကိုလှမ်းမြင်ရ၏။

ပထမရေပုံးထဲစိုက်ထားသောအပင်များလို ဂိမ်းထဲမှထုတ်လာသောအထူးမြေကြီးနှင့်အားဖြည့်ထားသော ရှန်းရွှေလက်ဆောင်ဆန်မျိုးစေ့မှာ အပင်အနည်းငယ်သာအညှောင့်ထွက်၏။

သို့သော် ဒီလယ်ကွက်ပုံစံထဲတွင် အညှောင့်တချို့တော့ရှိသေးသည်။ နောက်ပြီး ဒီအညှောင့်များက ပတ်ဝန်းကျင်မြေအနေအထားနှင့်သင့်တော်အောင် အလိုက်သင့်ပြောင်းလဲမှုရှိသည်။ ပျိုးထောင်ထားသောမျိုးစေ့များကို အသုတ်လိုက်ခွဲပြီးစိုက်နိုင်သည်။





All Chapters