အံ့ဖွယ်အရည်အသွေး ၂ ငါးအုပ်စု! ချင်းလင်စံအိမ်မှာ ဒီလိုအလှလေးရှိလား? ၂
Vol. 20 Ch. 295
နောက်တစ်နေ့၌_
ချင်လင်က ဂိမ်းထဲမှပစ္စည်းများကိုစံအိမ်ပို့ပြီးနောက် သဲမြို့တော်ဆီချက်ချင်းသွားပြီး သဲမြို့တော်စျေးထဲတွင် ပလတ်စတစ်ပုံးကြီးများဝယ်လိုက်သည်။
စိတ်မကောင်းစရာဖြစ်လာမှာထက် စိတ်ချရတာပိုကောင်းသည်။
ပြဿနာရှိမရှိအတည်ပြုပြီးတော့မှ သူဝယ်လာသော ငါးထည့်မည့်ပလတ်စတစ်ပုံးကြီးများနှင့် ဂိမ်းထဲဝင်လိုက်၏။ သူကဂိမ်းထဲတွင်လှောင်ထားသောငါးများကိုခပ်ယူပြီး ပုံးထဲတစ်ကောင်ချင်းထည့်လိုက်သည်။ ပုံးတစ်ပုံးပြည့်လျှင်ဂိမ်းထဲမှထုတ်ပြီး ပုံးအသစ်တစ်လုံးနှင့်အစားထိုးသည်။
အရည်အသွေး ၁ နှင့် ၂ သဘာဝငါးအကောင် ၈၀၀ ကျော်ကို ဂိမ်းထဲမှထုတ်ပြီးနောက် ဖုန်းထုတ်ပြီးကျောက်လီယွမ်ကိုခေါ်လိုက်၏။
ငါးအားလုံးကိုဂိမ်းထဲမှထုတ်ပြီးဖြစ်၍ ပြန်သယ်ရတော့မည်။ ကျောက်လီယွမ်က သဲမြို့တော်ဆီလူများခေါ်လာသောအချိန်တွင် သူမှာထားသောငါးများလည်းရောက်လောက်ပြီ။ အားလုံးကိုအတူတူပို့နိုင်မည်။
ရုံချန်းစီရင်စု၌_
ကျောက်လီယွမ်မှာ သယ်ယူပို့ဆောင်ရေးရုံးချုပ်တွင် ဆရာတချို့ကိုရှင်းပြနေသည်_ ''ဒီအတောအတွင်း လူထပ်ခေါ်ထားလိုက်ပါ... ချင်းလင်ဆော့လုပ်ငန်းကို လုံးဝမသိတတ်လို့မရဘူး''
အကြောင်းမှာ ချင်းလင်အစားအသောက်ကုမ္ပဏီက သူတို့သယ်ယူပို့ဆောင်ရေးအဖွဲ့နှင့် ပို့ဆောင်ရေးလုပ်ငန်းအတွက်စာချုပ်ချုပ်ထားခြင်းကြောင့်ပင်။ ချင်းလင်ဆော့စက်ရုံကျယ်ပြန့်လာသည်နှင့်အမျှ သူတို့သယ်ယူပို့ဆောင်ရေးလည်းကျယ်ပြန့်လာပြီး လူသစ်များထပ်ခေါ်ရသည်။


ကျောက်လီယွမ်က ချင်လင်၏ဖုန်းကို ချက်ချင်းကောက်ကိုင်လိုက်သည်_ ''ဥက္ကဌချင်... ဘာများဆောင်ရွက်ပေးရမလဲ?''
သူ့သဘောထားမှာ လေးလေးစားစားပင်။ ဘာပဲဖြစ်ဖြစ် သယ်ယူပို့ဆောင်ရေးလုပ်ငန်းအသက်မွေးဝမ်းကြောင်းအတွက် ချင်းလင်ဆော့အပေါ် လုံးဝအားထားနေရသည်လေ။
''သဲမြို့တော်ကို လူခေါ်ခဲ့ပါဦး... ငါးအကောင်ပေါက် ၁၀၀၀၀၀ နဲ့ အကောင်ကြီး ၃၀၀၀ သယ်ချင်လို့...'' ချင်လင်က ကျောက်လီယွမ်အား သူသယ်ချင်သည်ကိုပြောပြပြီး လိုအပ်သောလူအရေအတွက်ကို သူ့ဘာသာခန့်မှန်းတွက်ချက်စေလိုက်သည်။
ကျောက်လီယွမ်မှာ အချိန်မဆိုင်းရဲ။ ဖုန်းချပြီးသည်နှင့် သူကိုယ်တိုင်ဦးဆောင်ပြီး သဲမြို့တော်ဆီသွားလိုက်သည်။ တစ်ချိန်တည်းမှာ ဂိုဒေါင်တည်နေရာလိပ်စာကိုရလိုက်၏။
ကျောက်လီယွမ်က သူ့လူများအားဂိုဒေါင်ခေါ်လာသောအခါ အထဲတွင်သယ်ယူပို့ဆောင်ရေးယာဉ်များရှိနေသည်ကိုတွေ့ရသည်။ သူတို့က ငါးပါသောငါးမွေးသေတ္တာများချနေကြ၏။
ထိုငါးများမှာ ချင်လင်မှာထားသော ငါးအကောင်ပေါက်နှင့်ငါးကြီးများဖြစ်သည်။
ကျောက်လီယွမ်က ကားပေါ်မှဆင်းပြီး ချင်လင်ဆီချက်ချင်းသွားလိုက်ကာ_ ''ဥက္ကဌချင်... ဒီငါးတွေလား?''
ချင်လင်ကခေါင်းညိမ့်ပြီး ညွှန်ကြားလိုက်သည်_ ''ဒါတွေပြန်သယ်ရမယ်... ဂိုဒေါင်ထဲမှာရှိသေးတယ်''
''ကောင်းပါပြီ'' ကျောက်လီယွမ်ခေါင်းညိမ့်လိုက်သည်။ ငါးပို့ကားများထွက်သွားလျှင် သူခေါ်လာသောလူများအား ငါးအားလုံးကိုထရပ်ကားပေါ်တင်ရန်ညွှန်ကြားလိုက်၏။
အစပိုင်း ချင်လင်မှာထားသောငါးအကောင်ပေါက်နှင့်အကောင်ကြီးများမှာ ဘာမှမဟုတ်သေး။
ကျောက်လီယွမ်က သူ့လူများကိုဂိုဒေါင်ထဲခေါ်သွားပြီး ပလတ်စတစ်ပုံးထဲမှငါးများကိုမြင်လျှင် လန့်ဖျပ်သွားကာ_ ''သောက်... ဒီငါးတွေက''
ထိုပုံးတွေထဲမှငါးအတော်တော်များများမှာ မယုံနိုင်လောက်အောင်ကြီးမားနေသည်။ ကတ်တီ ၂၀ ကနေ ၃၀ လောက်ရှိနိုင်တယ်မလား?
ဥက္ကဌချင်ယူလာသောငါးတွေက လန့်လောက်စရာ။
ကျောက်လီယွမ်၏တပည့်များလည်း ထိုငါးများကိုမြင်လျှင် မယုံနိုင်အောင်ဖြစ်သွားကြသည်။
''ခေါင်းဆောင်ကျောက်... ဒီငါးတွေကကြီးလိုက်တာ''
''ငါးကိုဒီလောက်ကြီးတာ တစ်ခါမှမတွေ့ဖူးဘူး... တွေ့မယ့်တွေ့တော့လည်း အများကြီး’'
''ဒါတွေက သဘာဝငါးတွေထင်တယ်!''
“…”


ဒီလူတွေဒီလိုပုံဖြစ်သွားမယ်ဆိုတာ ချင်လင်ကတွေးမိပြီးသား။ ဒီငါးတွေကိုကိုယ်တိုင်ဂိမ်းထဲမှာဖမ်းပြီး တစ်နေကုန်တည်တည်ငြိမ်ငြိမ်ဖြစ်နေတဲ့ သူကလွဲလို့ပေါ့...
ဒီလောက်သဘာဝငါးအများကြီးနှင့် ချန်ရှန်းဖေလိုသူဌေးကြီးတောင် တည်တည်ငြိမ်ငြိမ်နေဖို့ခက်ဦးမည်။
ကျောက်လီယွမ်ကအံ့အားသင့်စွာနှင့် သူတပည့်များကိုချက်ချင်းလှမ်းအော်လိုက်သည်_ ''မြန်မြန်လုပ်... ပစ္စည်းတွေရွှေ့တဲ့အခါ သတိထားကြ''
ငါးအားလုံးကားပေါ်တင်ပြီးနောက် ချင်လင်လည်း ကျောက်လီယွမ်၏ယာဉ်တန်းနှင့်အတူ သဲမြို့တော်မှထွက်လာပြီး တစ်နာရီကျော်ကျော်အကြာတွင် ရုံချန်းစီရင်စုဆီပြန်ရောက်လာသည်။
စံအိမ်ရောက်ခါနီးတွင် ချန်တပေကိုဖုန်းဆက်ပြီး လူခေါ်ကာ ငါးတွေစောင့်ခိုင်းထားလိုက်၏။
ထို့ကြောင့် ငါးတွေကိုရေလှောင်တမံဆီပို့သောအခါ ချန်တပေမှာသူ့လူများနှင့် အသင့်စောင့်နေသည်။ ကားရပ်ရပ်ချင်း ရှေ့တက်လာပြီး ကျောက်လီယွမ်တို့ကိုပစ္စည်းများကူချပေး၏။
''သူဌေး... သဘာဝငါးတွေအများကြီးပါလား?'' ချန်တပေကကားပေါ်တက်ပြီး အပေါ်မှသဘာဝငါးများကိုမြင်လျှင် အံ့သြသွားသည်။
အချိန်ယူပြီး ပြန်သယ်လာသောငါးများကို ရေလှောင်တမံထဲထည့်လိုက်ကြ၏။
ချင်လင်က ရေပေါ်တံတားဆီလျှောက်သွားလိုက်သည်။ ချန်တပေက လူအင်အားနှင့် ငါးမွေးသေတ္တာထဲမှငါးများကိုနေရာအနှံ့ဖြန့်လိုက်သည်။
ဂိမ်းမှထုတ်သောမိုးမခရွက်ဘဲစားမှော်ပင်မှာ ရေသန့်စေသောအရည်အသွေးရှိသဖြင့် ထိုနေရာရှိရေမှာ လုံးဝကြည်လင်နေသည်။ ရေထဲကူးနေသောငါးများကိုရှင်းရှင်းလင်းလင်းမြင်ရ၏။ အထူးသဖြင့် အရည်အသွေး ၂ သဘာဝငါးကြီးများမှာ တဗွမ်းဗွမ်းကူးခတ်နေကြသည်။
နောက်ပြီး အရည်အသွေး ၂ သဘာဝငါးများအုပ်စုဖွဲ့၍အတူတူကူးခတ်ကြသောအခါ ခမ်းနားသည်ဟူသောခံစားချက်ကိုပေးစွမ်းနိုင်လေသည်။
အလွန်ဆွဲဆောင်မှုရှိသောမြင်ကွင်းဟုလည်းဆိုနိုင်၏။
ဘာပဲဖြစ်ဖြစ် ဒီလိုငါးကြီးမျိုးတွေကရှားပါးသည်ဆိုသော်လည်း ဒီမှာအုပ်စုလိုက်တွေ့နေရသည်လေ။
ရန်သုံ့က ရေပေါ်တံတားပေါ်လျှောက်လာပြီး ချင်လင်ဘေးနားရောက်လျှင်_ ''သူဌေး... ဘဲမစင်ဖောက်ထားတာတွေရပါပြီ''
ဘဲမွေးသူများက ဖောက်ထားသောဘဲမစင်များကို ဂေါ်ပြားနှင့်ရေထဲချကြသည်။
ဘဲမစင်ရေထဲရောက်ပြီး ပြန့်သွားသည်နှင့် ငါးတစ်အုပ်ကလျင်လျင်မြန်မြန်ကူးခတ်လာကာ အစာလုနေသည်ကိုတွေ့ရ၏။
အထူးသဖြင့် ငါးကြီးများဖြတ်ဝင်လာသောအခါ တခြားငါးများအုပ်စုကွဲသွားသည်။ တချို့ရန်လိုတတ်သောငါးကြီးများက ရေပေါ်ကိုယ်တဝက်ဖော်ပြီး တခြားငါးများလန့်အောင် တဖျတ်ဖျတ်ခတ်လိုက်၏။
ဒီမြင်ကွင်းက အရမ်းစိတ်ဝင်စားစရာကောင်းနေပြန်သည်။
ချင်လင်က ရန်သုံ့အားမေးလိုက်သည်_ ''လူတွေက ငါးတွေကိုအစာကျွေးမယ်ထင်လား? ငါးရှိတဲ့ရှုမျှော်ခင်းနေရာတွေမှာ ခရီးသည်တွေကအစာကျွေးကြတယ်မလား?''
''ကျွေးနိုင်ပါတယ်!'' ရန်သုံ့ကခေါင်းညိမ့်လိုက်ပြီးမှ_ ''သူဌေး... ဒါဆိုရင် ဘဲမစင်ကျွေးတဲ့ဝန်ဆောင်မှုပေးမှာလား? အခကြေးငွေနဲ့လား?''
“…” ချင်လင်မှာ ထိုမေးခွန်းကြောင့်ကြောင်သွားသည်။